Wednesday, March 21, 2007

Blog စာအုပ်ထုတ်ဝေရေးအတွက် Game Plan!


ကျွန်တော် Gtalk မှာ ကိုစိုးဇေယျ၊ ကိုဇင်ကိုလတ်၊ ကိုဝိုင်ချို (ကိုကျော်ဇေယျ) တို့နဲ့ စာအုပ်ကိစ္စကို ဆွေးနွေးဖြစ်ခဲ့ပါတယ်. ဒါကတော့ ကျွန်တော့်ရဲ့ idea တစ်ချို့ပါ.
Volunteer များအနေနဲ့ ပြည်တွင်းကလား၊ ပြည်ပကလားဆိုတာကို ကျွန်တော့်ကို အသိပေးစေချင်ပါတယ်. ဒါမှ အလုပ်လုပ်ရတာ ပိုလက်တွေ့ကျမှာမို့ပါ...

Group 3 ခုဖွဲ့ပါမယ်.

1. Local Group
2. Global Group
3. Campaign Group

Local Group

1. Ko Soezeya
2. Ko SaturnGod
3. MYTH59
4. Whoever wants to join...

Global Group

1. Ko Zin Ko Latt
2. Ko Wine Cho (Kyawzayya)
3. Ko Myo Chau Htun
4. Ko Myat Min Han
5. Ko Wai Yan Lin
6. Yan Aung
7. Whoever wants to join...

Campaign Group

1. Nyalay
2. Ko Shwe Mann
3. ACE
4. All members from both Local and Global Group
5. Whoever wants to join...

Responsibilities (တာဝန်ဝတ္တရားများ)

1. Local Group

- ရန်ပုံငွေ ကောက်ခံရေးနှင့်ထိန်းသိမ်းရေး
- စာမူစိစစ်ရွေးချယ်ရေး
- စာအုပ်ထုတ်ဝေရေးနှင့် ဆင်ဆာကိစ္စ

2. Global Group

- ရန်ပုံငွေ ကောက်ခံရေး၊ ထိန်းသိမ်းရေးနှင့် ပြည်တွင်းသို့ အခက်အခဲမရှိ ငွေလွှဲနိုင်ရေး
- စာမူစိစစ်ရွေးချယ်ရေး

3. Campaign Group

- Local and Global Bloggers တွေရဲ့ Blog တွေကို လိုက်ကြော်ငြာရေး
- ကိုယ်နဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင်မှာ Seminars/Advertisements လုပ်ရင်း လူသိများအောင် ကြော်ငြာရေး
- စာရေးကောင်းသူ Blogger များကို စည်းရုံးနိုင်ရေး


Communication (Group များ အကြား ဆက်သွယ်မှု)


Group ကို ၃ ခုခွဲထားရတာက ကိုယ့်ရဲ့ လုပ်နိုင်မယ့် အတိုင်းအတာနဲ့ အင်အားပေါ် မူတည်ပြီး လက်တွေ့ဆန်ဆန် စဉ်းစားပေးထားတာပါ. တာဝန်တွေကို လိုသလို ထပ်ဖြည့်သွားပါမယ်. member တို့က အကြံဥာဏ်ဝိုင်းပေးကြပါ. ကျွန်တော် update အမြဲ လုပ်ပေးသွားပါမယ်. တစ်ခုခုကို လုပ်ချင်ရင် စလုပ်လိုက်တာ အကောင်းဆုံးမို့ ကျွန်တော် စလုပ်ပေးလိုက်ပါပြီလို့သာ မှတ်ယူပေးစေချင်ပါတယ်.

အချက်အလက်တွေ၊ Communication System တွေကို ပိုပိုကောင်းလာအောင် ၀ိုင်းဝန်းစဉ်းစားဖို့လိုပါတယ်.
ဘယ်သူမဆို ၀င်ရောက်ဆွေးနွေးပေးစေလိုပါတယ်.

ကျွန်တော်တို့ Group 3 ခုလုံးက တစ်ခုနဲ့ တစ်ခု အတူတူလက်တွဲပြီးလုပ်သွားကြမှာပါ.
စာမူရွေးချယ်ဖို့ကိစ္စကို ကျွန်တော် နောက်တစ်ခေါက်ထပ်ဆွေးနွေးပါမယ်.

ဒါက အကြမ်းဖျင်း Data ပါ. ၀ိုင်းဝန်းဝေဖန်အကြံပြုပေးကြပါ...

Manuscripts (စာမူကိစ္စ)

၁. စာအုပ်ကို ၆ သိန်းနဲ့ ၈ သိန်းဝန်းကျင် ကုန်ကျမယ် ခန့်မှန်းပါတယ်
၂. တစ်ယောက်ကို ၃ သောင်း အချိုးကျထည့်ဝင်ရမယ်ဆိုရင် ကျွန်တော်တို့ Blogger ၂၀ ကနေ ၂၇ ယောက်ထိလိုပါတယ်.
၃. စာအုပ်ကို စာမျက်နှာ ၁၆၀ ပါချင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းပါတယ်.
၎. အဲဒီ့အတိုင်းဆိုရင် Blogger တစ်ယောက်ကို ၆ မျက်နှာကနေ ၈ မျက်နှာ အကြမ်းဖျင်းရပါမယ်.
(နိုင်ငံရေးဦးတည်ချက်တွေ ဘာညာသာရကာတွေအတွက်တော့ ၄~၅ မျက်နှာပေးရပါမယ်...)


Reality (လက်တွေ့ အခြေအနေများ)

၁. Blogger တစ်ချို့က ကိုယ့်ရဲ့ စာမူကို ထည့်ဖို့၊ ရေးဖို့ တုံ့နှေး၊ မ၀ံ့မရဲ ဖြစ်နေကြတယ်.
၂. တစ်ချို့ကတော့ ကိုယ့်စာမူလေးတော့ပါချင်တယ်၊ ဖြစ်မှဖြစ်ပါ့မလား. ဆိုတဲ့ အခြေအနေမှာ ရှိနေပါတယ်
၃. တစ်ချို့ကတော့ တကယ်ကို စိတ်မ၀င်စားတာပါ.

Limitations (အကန့်အသတ် အတားအဆီးများ)

ကျွန်တော် Backward Thinking လုပ်ပြချင်ပါတယ်.

၁. ကျွန်တော်တို့ စာအုပ်ထုတ်ဝေနိုင်ဖို့အတွက် ပိုက်ဆံလိုပါတယ်
၂. ပိုက်ဆံရဖို့အတွက် Blogger တွေရဲ့ support နဲ့ interest လိုပါတယ်
၃. အဲဒီ့ support နဲ့ interest ရဖို့အတွက် ကျွန်တော်တို့ဘက်က ဖြစ်န်ုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကို ပေးဖို့လိုပါတယ်၊ ခင်ဗျားတို့ ရေးန်ုင်ပါတယ် ဆိုတဲ့ အားပေးမှုကိုလည်း လိုအပ်ပါတယ်
၎. အဲလိုပေးန်ုင်ဖို့အတွက် ကျွန်တော်တို့မှာ သတင်းပြန်ကြားရေးလို့ ခေါ်ရမယ့် စာမူလက်ခံမယ့် Blog လိုပါတယ်. (Create လုပ်ပြီးပါပြီ. စာမူတွေတော့ သိပ်မတင်ရသေးပါ.)
၅. အဲဒီ့ Blog ကို လူသိများအောင် Campaign Group က လုပ်ရပါမယ်. တစ်ခြား member တွေကလည်း individually လုပ်နိုင်ပါတယ်
၆.စာမူ Blog ကို ၀င်လာကြည့်တဲ့ Blogger တွေ ချက်ချင်းစိတ်ဝင်စားသွားအောင် ကျွန်တော်တို့ဘက်က တစ်စုံတစ်ရာကို အကောင်အထည်ဖော်ပြနိုင်ထားဖို့လိုပါတယ်. (ဒီကိစ္စက ကျယ်ပြန့်ပါတယ်. အသေးစိတ် ထပ်ဆွေးနွေးဖို့လိုပါတယ်)
၇. ဒီလို ဆွဲဆောင်နိုင်ဖို့အတွက် စာမူတွေလိုပါတယ်.

Conclusion:(အနှစ်ချုပ်)

၁. ဒါကြောင့်မို့ ကျွန်တော်တို့ စာမူရွေးချယ်တဲ့ အပိုင်းကို မသွားခင် စာမူရဖို့ အပိုင်းကို အရင် ဦးတည်ပြီး တစ်ချိန်တည်းမှာပဲ Blogger များများပါဝင်လာအောင် ကြိုးစားပါမယ်
၂. အဲလို တစ်ပြိုင်တည်း ကြိုးစားနေစဉ်မှာပဲ Blog ပေါ်မှာတင်ထားတဲ့ စာမူတွေကို ၀ိုင်းဝန်းအကဲဖြတ် ရွေးချယ်ကြပါမယ်. လူများများ ၀င်ဖတ်လေ. အကြံဥာဏ်ပိုပြည့်စုံလေဖြစ်ပြီး အကြံပေးတဲ့သူတွေလည်း ကျွန်တော်တို့ရဲ့ စာအုပ်ထုတ်ဝေရေး အစီအစဉ်မှာ စိတ်ဝင်စားလာပါလိမ့်မယ်.
၃. စိတ်ဝင်စားပြီး ပါဝင်ဖို့ ကမ်းလှမ်းလာသူများကို Locally/Globally ပိုက်ဆံကောက်ပါမယ်.


Brainstorming (၀ိုင်းဝန်း အကြံပြုစဉ်းစားရန်)

၁. Blog စာအုပ်အတွက် ပိုက်ဆံထည့်တဲ့သူပဲ စာမူထည့်သင့်ပါသလား
ပိုက်ဆံမထည့်သူတွေကရော စာမူထည့်နိုင်လား။
ဘယ်လို ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ.
ဘယ်ဟာက ပိုပြီး လက်တွေ့ဆန်မလဲ.
Win-Win Situation က ဘာဖြစ်မလဲ.

၂. စာမျက်နှာ ဘယ်လောက်ပါဝင်သင့်သလဲ

၃. ဘယ်လို Categories တွေကို ဘယ်လိုစံနှုန်းတွေနဲ့ လက်ခံရွေးချယ်မလဲ.


မှတ်ချက်
=====
ဒါက အကြမ်းဖျင်း Game Plan ပါ. ထပ်ပြောပါရစေ. မပြည့်စုံသေးပါဘူး. ကျွန်တော်တို့ ၀ိုင်းဝန်းစဉ်းစားဖို့လိုပါတယ်.
ဒါပေမယ့် စဉ်းစားနေတဲ့ အချိန်မှာပဲ စာမူတွေကို လက်ခံရရှိနိုင်ဖို့ လိုပါတယ်. အချိန်ဖြုန်းရာ မရောက်အောင်လို့ပါ.
ဒီတော့ ကိုယ်ရေးပြီးသားပဲဖြစ်ဖြစ်၊ ခုမှ စရေးမှာပဲဖြစ်ဖြစ် ရေးဖြစ်အောင်ရေးကြပါလို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်..

ဟုတ်ကဲ့. ဘာရေးရမှာလဲ.
လောလောဆယ် ကိုယ်တကယ် Feel လာတာကိုသာ ရေးပါ. ကျွန်တော်တို့ စာမူကို ပရိသတ်နဲ့ပဲ ရွေးမှာပါ. ကျွန်တော်တို့ မရွေးပါဘူး။ ဒီစာမူ ပါသင့်မပါသင့်ကို Feedback ပေါ်မူတည်ပြီး ရွေးသွားမှာပါ. ကျွန်တော်လည်း ကြိုးစားရေးနေပါတယ်. Technology ပိုင်းနဲ့ ပတ်သက်လို့ တစ်ချို့ member တွေ ရေးပြီးသားရှိရင် သွားပြီးတင်ပေးစေချင်ပါတယ်.
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရောင်းကောင်းချင်ရင် ဆိုင်ကိုလည်းလှအောင်ပြင်ရမှာမို့ပါ. မူပိုင်းကို ပိုကောင်းသည်ထက်ကောင်းအောင် ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးစားသွားပါမယ်. ဆိုင်လေးလှအောင်တော့ အားလုံး ၀ိုင်းကူပေးကြပါလို့ ကျွန်တော် နှိုးဆော်လိုက်ရပါတယ် ခင်ဗျား...
ဒါမှလည်း ကျွန်တော်တို့ ရှေ့ဆက်လုပ်ဖို့ အားအင်တွေ ပိုရလာမှာပေါ့ဗျာ မဟုတ်ဘူးလား..

ဒီစာအုပ်ကလည်း အမြတ်ကြေးငွေအတွက် တစ်စွန်းတစ်စမှ မပါပါဘူး။ လူငယ်တွေအတွက် လူငယ်တွေက ပေးတဲ့ ပညာအလင်းတန်းလေး တစ်ခုပါ.

ကွန်ဖြူးရှပ်ပြောသလိုပဲ.

မှောင်လှချည့်လားလို့ စောဒကတက် ငြီးငြူနေမယ့်အစား သင်ကိုယ်တိုင် မီးအိမ်လေးထွန်းပေးလိုက်ပါလား... တဲ့.

ဟုတ်ကဲ့ ဒီ ဘလော့ခ်စာအုပ်လေးဟာ ကျွန်တော်တို့လူငယ်တွေက ထွန်းညှိပေးလိုက်မယ့် ဖန်မီးအိမ်လေးတစ်လုံးပါပဲ..


Volunteer အသစ်များကိုလည်း တံခါးဖွင့်ကြိုဆိုနေလျက်ပါ. ကျွန်တော်တို့ Blogger တွေက ညီရင်းအစ်ကို မောင်ရင်းနှမတွေလိုပဲ ဆက်ဆံရေး နွေးထွေးပါတယ်...

ဒါကတော့ လက်ရှိ ကျွန်တော်တို့ရဲ့ စာမူတွေကို လက်ခံဖော်ပြပေးမယ့် Blog လေးပါ.
ဟုတ်တယ်. သိပ်ရောင်းအားမကောင်းသေးဘူး. member တို့က ၀ိုင်းကူမှာကို မျှော်လင့်နေရှာတယ်ဗျာ...

http://mmblogbook2.blogspot.com/


အားလုံးကို ကျေးဇူးတင်ပါတယ်.

2 comments:

Anonymous said...

then pls discuss abt what r the possible pros and cons.

Yan said...

Yes, we are discussing openly about publishing this book in our Myanmar Blogger Forum.
Please visit and discuss there. Your help and suggestion will be greatly appreciated...

http://myanmarbloggers.forum5.com/index.php