Saturday, April 21, 2007

မြန်မာ-ပါဠိ အဘိဓာန်


မြန်မာ-ပါဠိ အဘိဓာန်ကို ကျွန်တော်မက်မက်မောမော လိုက်ရှာနေခဲ့တာ ကြာပါပြီ. ဒီနေ့တော့ မမျှော်လင့်ဘဲ ကျွန်တော့်ဆန္ဒပြည့်ဝသွားခဲ့တယ်ဗျာ. ဖိုရမ်မှာ kerryht ဆိုတဲ့ member တစ်ယောက်က တင်ပေးထားတာကို တွေ့တွေ့ချင်း Download လုပ်ပြီး ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်ကို ဦးဦးဖျားဖျားလေး ပြန်မျှဝေပေးလိုက်ပါတယ်.

ဒီစာအုပ်ကို ဘယ်သူကမှ ပြန်ရိုက်နှိပ်ဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ခုလိုမျိုး ပညာကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ ဆုတ်ခေတ်ကြီးမှာ ပိုဆိုးပေါ့ဗျာ. ဒါကြောင့် တန်ဖိုးရှိသည့်အရာကို တန်ဖိုးထားရမှန်းသိသူများ အတွက် ရွှေအိုးတစ်လုံးပေးလိုက်ပါပြီဗျို့…

ရေးသားသူကတော့ ဦးဟုတ်စိန်ဖြစ်ပြီး ၁၉၈၁ မှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်. ဦးဟုတ်စိန်ဟာ ဘီအေ (ဂုဏ်ထူး)၊ ဘီအယ်လ် ဘွဲ့ထူးများကို ရရှိထားတဲ့ ခေတ်ပညာတတ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါပဲ။ ဒီစာအုပ်ကို ပြုစုဖို့ နှစ် ၃၀ ကြာ ရင်းနှီးခဲ့ရတယ်လို့ ဆိုပါတယ်. သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ အံ့မခန်းပါပဲဗျာ. ထုတ်ဝေသူကလည်း သူကိုယ်တိုင်ပါပဲ။ မဉ္ဇူသကစာပေက ရိုက်နှိပ်ထုတ်ဝေပါတယ် ခင်ဗျာ…

စာမျက်နှာ ၁၂ မှာ စာအုပ်ရဲ့ Directory Keyword လေးတွေကို Ebook ရေးသားသူက စေတနာဖြင့် ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်. စာမျက်နှာ ၁၃ မှာတော့ ရေးသားသူ ဦးဟုတ်စိန်ရဲ့ပုံကို တွေ့ရပါမယ် ခင်ဗျာ.



ဒီစာအုပ်ဟာ အပျော်ဖတ်စာပေတော့ မဟုတ်ပါဘူး။ ပညာရှင်တွေအတွက် အဖိုးတန် ကျမ်းကိုးစာအုပ်တစ်အုပ်ပါ။ စာဖတ်သူတို့ရဲ့ ပညာတန်ဆောင် ထွန်းလင်းပြောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ…



မြန်မာ-ပါဠိ အဘိဓာန်


7 comments:

Anonymous said...

ကျေးဇူးအထူးပင်တင်ရှိပါတယ်.ကိုရန်အောင်.

နတ္ထိ said...

ဗဟူပကာရော တွံ, ရန်အောင်နာမ မိတ္တ။ ယံ တေ ကတံ၊ တေန မယံ ပမောဒါမ။ သုခီ ဟောဟိ သဗ္ဗဒါ။
အို…မိတ်ဆွေရန်အောင်…အလွန် ကျေးဇူးကြီးပါပေ၏။ အသင် လင့်ခ်ပေးထားသည့် အတွက်ကြောင့် အကျွနုပ်တို့ အလွန် ၀မ်းမြောက်ဝမ်းသာ ရှိရပါ၏။ အမြဲတမ်း အသင် ချမ်းသာပါစေကြောင်း ဆုတောင်းပေးလိုက်ပါ၏။

Unknown said...

အရမ်းကျေးဇူးတင်တယ်
ကိုရန်အောင်လည်း ဘာသာတရားအလွန်ကိုင်းရှိုင်းသူလို့ ထင်ပါတယ်။ လူငယ်တိုင်း ၀င်လေ့လာပါစေလို့လည်း ဆုတောင်းပါတယ်။ ကိုရန်အောင် ကျန်းမာ ချမ်းသာပါစေ။

Unknown said...

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား

Unknown said...

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား

ရဲရင့်မျိုး(ကညင်မြေ) said...

ဘာသာရေးစာပေလေ့လာသူများအကျိုးကြီးပါ၏။

Unknown said...

link ပျက်သွားလို့ အသစ်ပြန်တင်ပေးပါလား