Tuesday, March 27, 2007

မိုးစက်တင်လေ...

ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ပရိသတ်အတွက် ပြန်လည် မျှဝေလိုက်ရပါတယ်…



Listen: မိုးစက်တင်လေ

နွေအလယ် နေပူရင် ချစ်ခြင်းသဘောတွေ…
အိုး… တောင်ပြာတန်းရိုး မိုးစက်မှောင်ရင်…
တို့ရဲ့စိတ်တွေ ပြေးသွားခဲ့ပြီ မင်းတစ်ယောက်ရှိတဲ့ဆီ…
မှန်းဆလွမ်းပါသည်…
မညှာမတာ မိုးခက်များ ငါ့ကိုလေ…
ရိုက်နှက်လို့ မသွားအောင် ကူညီလို့ပေးတယ်…
တိမ်လွှာပြင်မိုးသားအောက်က ချစ်တဲ့သူရေ…
ရေပြင်လို ငါ့အထက်ကပ်လျက် ရပ်ခဲ့သူရေ…
သောကဝေ ဒုက္ခမိုးရေတွေ…
မထိခိုက်အောင် ကာဆီးခဲ့သူရေ…
အမည်ပေးလိုက်ချင်တယ်လေ…
မိုးစက်တင်လေ…





နွေအလယ် ပျံကာနေတဲ့ ငှက်ကလေးများတို့ရယ်...
အိုး…ဖြူစင်ရိုးသား စိတ်ထားမြတ်သူ…
ကျွန်တော့်ရဲ့ အပြစ်တွေ သိမ်းထားခဲ့ပြီ သူ့ရဲ့ နှလုံးသားဆီ…
တစ်နေ့တော့ အရောက်လာမည်…
ကြုံရင်ပြောလိုက်ပါ့ ငှက်ငယ်တွေရယ်…
ငါ့တစ်သက်ရဲ့ညတွေ အရုဏ်ကျင်းလင်းနေ…
သံသာပြင်ကမ်းက မိုးစက်တင်လေ…
ရေပူရေချမ်းကမ်းလှမ်းမယ့် မိုးစက်တင်လေ…
သောကဝေ ဒုက္ခမိုးရေတွေ…
ကင်းလွတ်ရာ ဘ၀လေးထဲမှာလေ…
မောင်လိုက်လို့ရှာမယ်မေ…
မိုးစက်တင်လေ…

ဆုံးစမဲ့ လမ်းက မတွေ့ပေမယ့်
မှန်းဆလို့ တမ်းတတွေ့ချင်တယ်..
(မိုးစက်တင်လေ)၃
ဘယ်မလဲ အချစ်ရေ…


Download: မိုးစက်တင်လေ




6 comments:

နတ္ထိ said...

မိုးရွာရင် မိုးရေချိုးမယ်…စတဲ့ သီချင်းလေးကို သတိအရဆုံးပါ။

Anonymous said...

မိုးစက်တင်လေ နဲ့ အဲဒီအောက်ကပုံနဲ့ ဘာဆိုင်လဲဟင်။ မိုးရွာနေတာတစ်ခုဘဲ ဆက်စပ်လို့ရတယ်။ :)

Yan said...

သီချင်းထဲမှာပါတဲ့ စာသားလေးတွေကို ပိုပြီး ခံစားလို့ရအောင်လို့ Google လုပ်ပြီး အဲဒီ့ပုံလေးကောက်ထည့်ထားတာပါ မသဉ္ဇာရေ. ထီးဆောင်းနေတဲ့ပုံလေးပါရင် ပိုတောင်ကောင်းဦးမှာ. မသဉ္ဇာပဲ ထီးဆောင်းပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေရှိရင်တင်ပေးမယ်လေ…

TZA said...

ဒီသီချင်းကို ကျနော်လည်းအရမ်းကြိုက်ခဲ့ပါတယ်။ ကျေးဇူးပါဗျာ။

Anonymous said...

လွှမ်းမိုး အလွမ်းပြေလား? ရန်အောင်အလွမ်းပြေလား?

weikhine said...

Love the song!
thanks for sharing!

too bad can't download it :(