Saturday, March 17, 2007

Yanni (or) Master of Sensation...

ဒီညတော့ မအိပ်ခင် Yanni ရဲ့ Piano လက်သံလေးကို နားထောင်ချင်လာတာနဲ့ youtube website ကိုသွားပြီး ရှာကြည့်ပါတယ်။ အရင်တုန်းကလည်း ခဏခဏသွားကြည့်နေကြပါပဲ။
ဒီတစ်ခါတော့ Video အသစ်တစ်ခုတင်ထားတာကို တွေ့ရတယ်။ နားထောင်ပြီးပြီးချင်းပဲ ကြိုက်သွားတာနဲ့ ကျွန်တော့်ရဲ့ ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ… အရင် ကျွန်တော်နားထောင်ပြီးတာတွေထဲက ကြိုက်တာတွေကိုပါ ပြန်တင်ပေးလိုက်တယ်. ခံစားသက်ဝင်နိုင်ကြပါစေဗျာ…


Yanni အကြောင်းအသေးစိတ်သိချင်ရင် ဒီ website မှာ သွားကြည့်ပါ…

http://en.wikipedia.org/wiki/Yanni

http://www.yanni.com/

အကြမ်းဖျင်းပြောပြရရင်တော့ သူက ဂရိနိုင်ငံသားပါ။ University of Minnesota, U.S.A မှာ Psychology နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတော့ သူဝါသနာပါတဲ့ Piano နဲ့ပဲ ဂီတလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။ ဂီတကို ဆရာအကူအညီမပါဘဲ သူ့ဘာသာသူ သင်ကြားတတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်…

လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Music Concert ကြီးတွေလုပ်ပြီး ပိုက်ဆံသောက်သောက်လဲ ၀င်နေတဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်နေပါပြီ…

ကျောင်းပညာထက် ၀ါသနာပါရာကို တစိုက်မတ်မတ်လုပ်ပြီး အောင်မြင်သွားကြတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပေါ့ဗျာ…

Reflections of Passion



RainMaker...(Very Famous Song!)


Aria


Nostalgia


Deliverance


Standing in Motion



Love is All


Almost a Whisper


Reflections of Passion (MTV Version)

2 comments:

Hay Mar said...

Cool, brother.

Thet Htoo@Myat Lone said...

ကိုရန်အောင်ရေ။ အကိုနဲ့ကျွန်တော် အကြိုက်ချင်း တူနေပြီဗျို့။ Yanni လို Orchestra ပုံစံ ဂီတနဲ့ ကျွန်တော် သိပ်အကျွမ်းမ၀င်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ Live at Acropolis ထဲက Keys to Imagination ကိုတော့ အဲဒီ Album ထဲမှာ အကြိုက်ဆုံးပဲခင်ဗျာ။