Tuesday, March 20, 2007

မပြေသောအလွမ်း


မပြေသောအလွမ်း
=========


ရွက်ဝါကြွေ နွေအကူး
လေရူးပွေ လတန်ခူးမှာ
ပွင့်ဖူးလာ ပိတောက်ဦးတွေနဲ့
ပျော်မြူးလာ အတာသင်္ကြန်ပွဲ
မြန်ပြည်မှာ တူစုံတွဲ
နွှဲချင်သကွဲ့လေး။

တွေး၍သာမျှော်
ဆွေးလျက်ပါနော်
တို့တတွေမှာ ပြည်ကျော်လှမ်းသည်မို့
ဆွေးမပြေသာ ခွေယိုင်နွမ်းတော့တယ်
ခိုင်ရွှေဝါ ပိတောက်ပန်းရယ်
လွမ်းရချည်သေး။ ။


ရန်နိုင်ထွန်း


သူငယ်ချင်းတစ်ယောက်က email နဲ့ ပို့ပေးလိုက်တာကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ. ကျွန်တော့်သူငယ်ချင်းနာမည်က ကျွန်တော်နဲ့ တော်တော်တူတယ်ဗျ. ကိုရန်မင်းအောင်တဲ့…
မိတ်ဆက်ချင်ရင်ပြောနော့…

1 comment:

Hay Mar said...

Make me cry!