Tuesday, March 13, 2007

မိဘကောင်းတစ်ယောက်ဖြစ်ချင်ရင် ဒါလေးကိုဖတ်ကြည့်ပါ…

ဒီဆောင်းပါးလေးကို ဒီနေ့ပဲ ဖတ်မိတယ်။ သဘောကျလို့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်အတွက် ပြန်လည်မျှဝေလိုက်ရပါတယ် ခင်ဗျာ…

ဒါကျွန်တော် သဘောကျတဲ့ စကားစုလေးတွေပါ…

“ပထမဦးဆုံးအကြိမ် ကြက်ဥကြော်ခိုင်းမယ်ဆိုရင် ကွဲကျကုန်ပါမယ်။ ဆေးသုတ်ခိုင်းရင် ကြမ်းပေါ်မှာ ဖိတ်စင်ပေကျံကုန်ပါမယ်။ ကိစ္စမရှိပါဘူး။ ခွင့်ပြုလိုက်ပါ။ ကျွန်မတို့ရဲ့ အလုပ်က ကူညီဖို့ပါ။ တဖြည်းဖြည်းနဲ့ တာဝန်ယူတတ်အောင် လမ်းညွှန်ပြသပေးရပါမယ်။

ပထမအကြိမ်မှာ မဖိတ်စင်ဖို့၊ ကျမကွဲဖို့ မျှော်လင့်နေရင် သဘာဝမကျပါဘူး။ အရွယ်ရောက်လာခြင်းဖြစ်စဉ်က ကို့ရို့ကားယားနဲ့ မသပ်ရပ်တဲ့ အဖြစ်ပါပဲနော်…”


“No ဆိုတာကို မိဘတွေကပြောဖို့ တော်တော်လွယ်ကူပါပေတယ်။ လျှာဖျားကနေ အလွယ်တကူပဲ ထွက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် အားပေးဖို့၊ ခွင့်ပြုဖို့ကျတော့ ခက်ခဲနေတတ်ပါတယ်။ အကျင့်မရှိဘူးလို့ ပြောရမယ်ထင်ပါတယ်။ မိဘတွေက “Yes” လို့ ပြောဖို့သင်ယူရမှာပါ။

ကလေးရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုအရ Yes လုပ်နိုင်ပါတယ်။ အဲဒီ့နောက်ကလိုက်လာမယ့် ပဲ့တင်သံဖြစ်တဲ့ “ဒါပေမယ့် အခုတော့ မဟုတ်သေးဘူးနော်၊ တစ်နှစ်၊ နှစ်နှစ် စောင့်လိုက်ပါဦး”၊ “သားစုဘူးပြည့်တော့ဝယ်တာပေါ့” ဆိုတာလေးတွေနဲ့ ဆိုရင် သူတို့ စိတ်ဓာတ်တွေမကျတော့ပါဘူး…”


ဆက်ဖတ်ကြည့်လိုက်ပါဗျာ. သိပ်ကို အဖိုးတန်တဲ့ revolutionary idea လေးတွေပါပဲ…
ကိုယ်ငယ်စဉ်ကတည်းက ခုလို ဂရုတစိုက်မှတ်သားထားခဲ့ရင် ကျွန်တော်တို့ မိဘတွေဖြစ်လာတဲ့ တစ်နေ့ကျရင် ကလေးတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနားလည်လာနိုင်ပြီးတော့ သူတို့လေးတွေရဲ့ ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် ကောင်းကောင်း လမ်းညွှန်ပြသပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေမိတယ်ဗျာ…


No comments: