Veni, Vidi, Vici!
I came, I saw, I conquered!
(Julius Caesar)

Thursday, May 15, 2008

သာသနာ့ဥသျှောင်ဆရာတော်များ၏ အစာငတ်ခံ ဆန္ဒပြပွဲ ပထမနေ့....



၂၀၀၈ ခုနှစ်၊ မေလ (၁၅ - ၁၆) ရက် ကြာသပတေး၊ သောကြာနေ့တွင် ကုလသမဂ္ဂရုံးရှေ့၌ သာသနာ့ဥသျှောင် ဆရာတော်များက ဦးဆောင်ကာ အသံတိတ်တရားထိုင်၍ မြန်မာနိုင်ငံတွင်း သေဆုံး ဒုက္ခရောက်နေကြသော ပြည်သူများအား ပြည်တွင်းပြည်ပမှ ထိရောက်စွာ ၀င်ရောက်အကူအညီပေးနိုင်ရန် အစာငတ်ခံဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ပါသည်။

အမျိုး၊ ဘာသာ၊ တိုင်းပြည်ကို ချစ်မြတ်နိုးကြကုန်သော ဒကာဒကာမများအားလုံး သာသနာ့ဥသျှောင်နှင့်အတူ…

(၁) နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံး ဒုက္ခများခံစားနေရသည်ကို ကုလသမဂ္ဂမှ ဒုက္ခသည်များထံ အမြန်ဆုံး အရောက်သွား၍ ထိရောက်စွာ အကူအညီပေးရန်၊

(၂) ပြည်တွင်းပြည်ပမှ စေတနာရှင် အကူအညီပေးသူများအား စစ်အစိုးရက တားဆီးပိတ်ဆို့နေမှုကို ရပ်ဆိုင်းရန်၊

(၃) ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပြည်သူများအား အသက်ရှင်ရေးအတွက် လုပ်ဆောင်နေမှုများအပေါ် အနှောင့်အယှက်ပေးခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသွားမည် ဖြစ်ပါသည်။

နေရာ။ ။

United Nations
1st Ave & 43rd Street
Manhattan, New York

အချိန်။ ။

3 pm to 6 pm (Thursday)
1 pm to 6 pm (Friday)

နေ့ရက်။

May 15, 2008 (Thursday)
May 16, 2008 (Friday)

ဆရာတော်ဦးဝိလာသ
ဒုတိယ ဥက္ကဋ္ဌ ဆရာတော်
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
နယူးယောက်။ ။











ဓာတ်ပုံတွေကို ဘားမားပွိုင့် ဘလော့ဂ်မှ ရယူပါတယ်.

Read More...

0 Friendly Neighbors:

Wednesday, May 14, 2008

သံဃာတော်များ အစာငတ်ခံ ဆန္ဒပြကြမည်....







For immediate release Contacts: Ashin Nyaka 347-665-5323
May 15, 2008 Ashin Candobhasacara 716-512-3801

BURMESE MONKS FAST IN ALARM AND GRIEF FOR CYCLONE VICTIMS
WHO ARE BEING STARVED THROUGH WILLFUL GOVERNMENT NEGLECT
Petition the United Nations to Take Action on Increasing Burmese crisis

When: Thursday, May 15th 3-6pm
Friday, May 16th, 9am-6pm

Where: Ralph Bunch Park 43rd St. and 1st Ave.

Visuals: 15 maroon robed Burmese monks and their supporters fasting, meditating and praying for Burma. Banners and signs.

What: 15 Burmese monks, members of the International Burmese Monks Organization, and their supporters will fast outside of the United Nations on May 15 -16th. Their goal is to persuade the United Nations to get unrestricted aid into Burma immediately. A number of the monks, relocated to the US from Burma after the monk-led protests last fall was brutally suppressed by the military junta, will be participating.

“We are not eating because our people are not eating. They are starving while the world waits and the Burmese generals steal the food aid. Maybe when the United Nations sees hungry people outside their doors, they will act more decisively,” said Ashin Nyaka, who is a visiting professor at Columbia University. The monk said they will not take food from Thursday morning until Saturday morning.

The monks petition the United Nations to take a more active, immediate role in getting supplies to cyclone victims before more die. They request the UN to act immediately to ensure that the victims are receiving the international aid that is amassed outside Burma’s borders. As one Burmese journalist inside Burma said, “One day’s delay can cause the loss of hundreds of lives.”

Twelve days after Cyclone Nargis hit the southern Burmese coast, Burma faces further crisis as the junta refuses to acknowledge the immensity of the disaster and the at least 2 million people who are on the brink of starvation and an epidemic of disease. The junta is refusing to give visas to many international aid workers and much of the donated food and supplies are not being delivered to victims. There are many accounts of the military siphoning off food to feed its soldiers, and supplies being sold on the black market.

UN Secretary General Ban Ki Moon addressed the crisis this way on Monday, "We are at a critical point. Unless more aid gets into the country very quickly, we face an outbreak of infectious diseases that could dwarf today's current crisis.” Food aid delivered so far amounts to about one tenth of what is needed.

The monks delivered a letter to Mr. Ban asking him to go to Burma himself to assess the situation. They are also asking the UN Security Council to respond to this crisis with stronger diplomacy and even under the “responsibility to protect” of the UN charter.
________________________________________
International Burmese Monks Organization 84-32 Apt. #2A Grand Ave Elmhurst, NY 11373
Phone & Fax: (718) 426-3959 Email: ibmohq@gmail.com www.burmesemonks.org

###

Read More...

0 Friendly Neighbors:

Monday, May 12, 2008

လဲရာသူခိုးထောင်းခံနေရသော မြန်မာပြည်သူများ.....

ဒီပို့စ်လေးကို ကြိုက်လို့ ပြန်ပြီးတော့ ဖော်ပြလိုက်ပါတယ်. ရေးသူကတော့ ကိုအောင်သူငြိမ်းပါ. ရွက်မွန်ဘလော့ဂ်မှာ တင်ထားတာပါ.

စနစ်တကျ ရေးသားပြုစုထားတဲ့ ဒီပို့စ်လေးထဲမှာ ယထာဘူတကျကျ ဆွေးနွေးဝေဖန် အကြံပြုထားတာလေးတွေကို တွေ့ရပါတယ်. ဒါကြောင့် စာဖတ်ပရိသတ်တို့ စဉ်းစားဆင်ခြင်နိုင်အောင် ပြန်လည်ဝေမျှဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်

ရွက်မွန် - အောင်သူငြိမ်း

ကြိမ်မီးအုံးပြည်သူများနှင့် အသိဉာဏ်သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များ ကြောင့် မြန်မာပြည်သူများ ထပ်မံနစ်နာကြရဦးမည်။

နာဂစ်ဆိုက်ကလုန်းမုန်တိုင်းအပြီးတွင်မှ စစ်အစိုးရ၏ညံ့ဖျင်းချက်နှင့် သဘောထားသေးသိမ်မှု၊ အာဏာရူးမှုတို့ကို လူအများ ပို၍ ထင်ထင်ရှားရှား သိလာကြရသည်။ မုန်တိုင်းတိုက်ခတ် ဖျက်ဆီးခံလိုက်ရပြီးနောက် ဖြစ်ပျက် နေသည့် အခြေ အနေ သတင်းများ ကို မြင်နေကြားနေရသည်မှာ ရင်နှင့်မမျှ၊ တခါတရံ မြန်မာပြည်သူတို့အဖို့ ကြေကွဲခံစားရဖန် များလွန်း၍ နောက်ထပ် ခံစားစရာ ရင်ပြင်၊ ကျစရာ မျက်ရည် ကျန်ပါဦးမည်လားဟုတောင် တွေးမိပါသည်။ ယခုအခြေအနေက ကြိမ်မီးအုံးဟု မြန်မာပြည်သူများ တင်စားပြောဆိုလေ့ရှိသည့် တမြေ့မြေ့ ကြေကွဲစရာ အဖြစ်ဆိုးမျိုးဖြစ်သည်။ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများကို စစ်အစိုးရက ဆက်၍ ဖိထောင်း နေသည်။ ဖြတ် ၄ ဖြတ်မဟုတ်။ ဖြတ် ၅ ဖြတ်ဟု ဆိုရတော့ မည် ထင်သည်။ မြန်မာစစ်အစိုးရက ပြည်သူတို့ကို ရန်သူသဖွယ် သဘောထားကာ ယခု နိုင်ငံတကာက အကူအညီပေးမည် ဆိုသည်ကိုပင် ဖြတ်တောက်နေသည်။

စစ်အစိုးရက ပေးမည့်အကူအညီများ၊ ငွေများသာ သူ့ထံအပ်ပါ။ သူ့တွင် လုပ်ဆောင်နိုင်သော ပညာရှင်၊ အင်အား အရင်း အမြစ် ရှိသည်ဟု ဆိုနေသည်။ နိုင်ငံတကာ အလှူရှင်များက ဆုပ်စူး၊ စားရူးအခြေအနေ။ စစ်အစိုးရက အေးဓါးပြတိုက်နေသည်။ ကပ်ဘေးဒဏ်သင့် ပြည်သူများကို အကြောင်းပြ၍ လှူဖွယ်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ရန်၊ အာဏာ တည်ဆောက် ရန် ကြိုးပမ်းနေသေးသည်။ နိုင်ငံတကာရှိ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးအပ်သည့် အဖွဲ့အစည်းများက ဤသို့ ပေးလိုက်ရိုးထုံးစံ မရှိပါ။ သူတို့တွင် လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများ ရှိသလို၊ စစ်အစိုးရကဲ့သို့ မျက်နှာလွှဲ ခဲပစ် လုပ်တတ်သူများ မဟုတ်ကြပါ။ ထိုမျှမက မြန်မာစစ်အစိုးရက မစွမ်းဆောင်နိုင်သည့် ယာဉ်၊ ပစ္စည်း၊ ကရိယာ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်ပေါင်းစုံ နိုင်ငံတကာ မိသားစုများတွင် ရှိနေကြပါသည်။ ဤသို့သော အကူအညီများကို ပစ်ပယ်၍ ငါတကောကော နေသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်ပါတော့သည်။

နာဂစ်မုန်တိုင်းပြီးနောက်မှ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များကို စူးစိုက် ကြည့်ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ် အခြေအနေနှင့် ပတ်သက်၍ သတင်းများ သိလိုသောကြောင့် ဖြစ်သည်။ သတင်းများကြည့်ဖြစ်လေ၊ ဒေါသ ဖြစ်လေဖြစ်နေ ရသည်။ စစ်အစိုးရ သတင်းမီဒီယာများ ထုတ်လွှင့်နေသည်က မိမိသိလိုသည့် အချက်များ တခုမျှ မပါဝင်ပါ။ လွန်ခဲ့သည့် ၂- ရက်ခန့်က အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးလုပ်သည်ကို ပြသည်။ ဤ ကော်မီတီ က ဖွဲ့ထားသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး၊ ကျန်ဝန်ကြီးများ၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန်များ အပါအ၀င် ကော်မတီဝင်ပေါင်း ၃၀ ခန့်ပါသည်။ စာရွက်ပေါ်တွင် ရပ်ကွက်/ ကျေးရွာများအထိ ကော်မတီ အဆင့်ဆင့် ရှိသည်ဟု ဆိုသည်။ သင်တန်းများလည်း အကြိမ်ကြိမ်၊ အဆင့်ဆင့်တွင် ပေးပြီးဟုဆိုသည်။ လက်တွေ့တွင် မည်မျှထိရောက်သည်ကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။ လွန်ခဲ့သည့် ၂- ရက်ခန့်က ကျင်းပသည့် အစည်းအဝေးတွင်လည်း မိမိသိလိုသည့် သတင်းအချက်အလက်များကို သူတို့ မဖော်ပြခဲ့ကြ ပါ။ လူမည်မျှ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးဟု ထပ်မံ အသစ်ခန့်မှန်းပါသနည်း။ မဖော်ပြခဲ့ပါ။ အိုးအိမ်မဲ့ ပျက်စီးဆုံးရှုံးရသူ များ မည်မျှ ရှိသနည်း။ ဤအချက်ကို လည်း သတင်းတွင် မထုတ်ပြန်ပါ။ ထို့အပြင် ယာယီဒုက္ခသည်စခန်း မည်မျှ ရှိသနည်း။ ထိုစခန်းများတွင် ခိုလှုံနေထိုင်ကြသူ မည်မျှ ရှိသနည်း။ ဤအချက်များကိုလည်း မတွေ့ခဲ့ရပါ။ တွေ့ရသည်က ရုပ်မြင်သံကြား အောက်ခြေတွင် ပြေးနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ယခု အစိုးရသတင်းထုတ်လွှင့်ချက်များကို ယုံကြည်ကြရန်ဟူသည့် စာတမ်း ဖြစ်သည်။

ထို့အပြင် မြင်ကြားနေရသည်က ၀န်ကြီးများ တန်းစီထွက်၍ ဟန်ရေးပြနေပုံ ဖြစ်သည်။ ဒုက္ခရောက်သူများကို ဆက်ဆံနေ သည် မှာ လည်း လူသားမဆန်လှပါ။ ဒုက္ခသည်ဆန် ရဖို့အရေး ပြန်ကြားရေးဝန်ကြီးဆိုသူ ကျော်ဆန်းက ဟန်ပါပါ မိန့်ခွန်း ပေးနေ သည်ကို နားထောင်နေကြရသည်။ ကြုံ့ကြုံ့လေးထိုင်ပြီး ကျေးဇူးတော် တင်ကြရသေးသည်။ ဤအရေးကို အမျိုးသားအရေး သဘောထားကူညီရန်နှင့် ကူညီလိုသူများက ဒေသ အသီးသီးရှိ ကြံ့ဖွံ့ရုံးများသို့ လှူဒါန်းကြရန် ဆိုလာသည်။ အလှူခံပုံက သင်းသည်။ ဤအဖွဲ့ကို လူမုန်းနေသ၍ ဤနည်းဖြင့်ဆိုလျှင် အလှူငွေ မည်မျှ ထက်သန်စွာလှူကြမည်ကို တွက်ဆနိုင်ပါသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကလည်း အလုပ်မဟုတ်သည်များကို လုပ်သည်။ ရေဘေး၊ လေဘေးသင့် ပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးသည်မှာ သင့်သောကိစ္စဖြစ်သည်။ ပုသိမ်ရှိ စစ်ဌာနချုပ်သို့ ကိုယ်တိုင် သွားထိုင်၍ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ကိုယ်စား ကြီးကြပ်နေသည်။ ထားပါတော့။ သို့သော်လည်း ရဟတ် ယာဉ်ပေါ် ပစ္စည်းထမ်းတင်သည့် အထိ လုပ်နေသည်ကို ရုပ်မြင်သံကြားတွင် ပြနေ သည်။ ဤသည်မှာ သူလုပ်ရမည့် အလုပ် မဟုတ်တော့ပါ။ ထို့အပြင် ခေါက်ဆွဲခြောက်၊ ရေဗူးအချို့၊ ငွေကြေးအချို့ ထောက်ပံ့ ပေးရုံဖြင့် ဖူလုံပြီဆိုသော ပြသမှုမျိုး လုပ်နေသည်မှာ ပို၍ မသိသား ဆိုးရွားနိုင်နေပါတော့သည်။ အမှန်တကယ်တွင် ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေး (sustainable recovery) သဘောသဘာဝကိုလည်း မြန်မာစစ်ဗိုလ်ချုပ် များက သိရှိထားဟန် မတူပါ။

ဤအခြေအနေတွင် စစ်အစိုးရက လူသားချင်းစာနာမှု အကူအညီဆိုသော ကိစ္စနှင့်ပတ်သက်၍ နားလည် သဘောပေါက်ခြင်း မရှိပုံ၊ နိုင်ငံတကာ အကူအညီနှင့် ပတ်သက်၍ ပို၍ သဘောပေါက် နားလည်မှု မရှိပုံ ထင်ရှားလာပါတော့သည်။ ပညာရှင်များက ဖော်ပြထားကြရာတွင် သဘာဝကပ်ဘေးဒုက္ခဆိုသည်မှာ လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်စပ်နေမှု၊ သဟဇာတဖြစ်မှု ကျိုးပျက်စီးသွားခြင်းဖြစ်သည်။ သို့အတွက် ကြောင့်လည်း ဒေသခံပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ပိုမိုကြီး လေးသည့် ကူညီပံ့ပိုးမှုများ လိုအပ်လာပါသည်။ ဤအခြေအနေကို ယာယီ အရေးပေါ် အကူ အညီဖြင့် ဖြေရှင်းပေးရုံမျှဖြင့် မရ တော့ပါ။ ဒေသဆိုင်ရာရှိ လူထုများ၏ ရှင်သန်ရပ်တည်ရေး စွမ်းအင် (Local coping capacity) များလည်း ကျဆင်းသွားပြီ ဖြစ်ရာ၊ ပို၍ အားစိုက် ပံ့ပိုးရန် လိုနေပါတော့သည်။ ဆိုလိုသည်မှာ သဘာဝကပ်ဘေး များကြောင့် လူများသေဆုံးမှု များလာ သည်။ မိသားစုများ ပြိုကွဲကြရသည်။ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်။ မြန်မာ ပြည်၏ စပါးကျီဟု ခေါ်ဆိုနေသော ဧရာဝတီတိုင်းတွင် ဆိုပါစို့။ ဤမုန်တိုင်း ပြီးပြီးချင်း လူအများသေဆုံးရပြီ ဖြစ်ရာ လုပ်အားရှင် အများအပြား ဆုံးရှုံးသွားပါသည်။ ထို့အပြင် ပြန်လည်ရှင်သန်ရန်အတွက် လယ်မြေများလည်း ဆားငံရေ၀င် ပျက်စီးရပြန်သည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ ခန့်မှန်းချက်အရ နောက်ထပ် စိုက်ရာသီ ၂- ခု၊ ၃- ခုတိုင် ဤလယ်များ ပြန်စိုက်ရ ရဖွယ် မရှိပါ။ ကျွဲ-နွားများ ဆုံးရှုံးရသည်။ ၀မ်းစာစပါး၊ မျိုးစပါး များ ဆုံးရှုံးရသည်။ ထို့အပြင် သဘာဝပတ်ဝန်း ကျင် ပျက်စီးသွားမှုကို မူလအတိုင်း မည်သည့်အချိန်တွင် ပြန်ဖြစ်လာမည်ကို တွက်ဆ၍ပင် မရနိုင်တော့ပါ။ ဤအခြေအနေတွင် ဤလူထုများအတွက် ပြန်လည် ထူထောင်ရေး ဆိုသည် မှာ ကြီးလေးသည့် ကိစ္စ ဖြစ်ပါသည်။ အရင်းအမြစ်၊ ကျွမ်းကျင် မှု များစွာ လိုပါသည်။

ထိုမျှမကပါ။ သဘာဝဘေးဒဏ် ခံလိုက်ရသည့် ဒေသများသည် ချက်ချင်း ဆင်းရဲသွားကြပါသည်။ လက်ငင်းတွင် ပင် လုယက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နိုင်ပါသေးသည်။ ရရှိသည့် အကူအညီများ ထိန်းချုပ်နိုင်ရေး အတွက်လည်း ပဋိပက္ခများ ပိုမို ပြင်းထန်လာတတ်ပါသည်။ ထို့အပြင် ဤပြည်သူများ၏ ၀ယ်နိုင်အား (Purchasing power) လည်း ကျဆင်းသွားသောကြောင့် ဈေးကွက်များလည်း ပျက်စီးရပါသည်။ ထိုမျှမက အခြား အချက်များလည်း လိုက်လာပါ လိမ့်ဦးမည်။ လူများက အလုပ်အကိုင် မရှိတော့သည့် နေရာ၊ အရပ်မှ ပြောင်းရွှေ့မှုများ ပိုမို များပြားလာမည်။ လူကုန်ကူး ရောင်းချမှုများ၊ လူသားချင်း ရောင်းစား၍ အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤအနေအထားမျိုးတွင် နစ်နာဖွယ် အရှိဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပါသည်။ အမျိုးသမီးများမှာ အိမ်ထောင်ရပ်တည်ရေး အတွက် အဓိကရုန်းကန်ရသူများ ဖြစ်သောကြောင့် ကပ်ဘေးဒုက္ခနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာချက်၊ ဆွေးနွေးချက်များလည်း များစွာ ရှိနေပါသည်။ ဤအနေ အထားမျိုးတွင် အမျိုးသမီးများကို အခွင့်အရေး မြှင့်တင်ပေးရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရလေအောင် စောင့်ရှောက် ကာကွယ် ပေးရမည့် ကိစ္စများလည်း ရှိနေပါ သေးသည်။

ဖြစ်တတ်သည့် အတွေ့အကြုံတခုမှာ လူအများ သဘာဝကပ်ဘေးကြီးများ သင့်ကြရပြီးနောက် စိတ်ကျန်းမာရေး နှင့် ကိုယ် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ကြရခြင်းပင် ဖြစ်ပါသည်။ လေ့လာနေသူများအဆိုအရ ဆူနာမီ လှိုင်းကြီး ရိုက်ခတ်ခံရ ပြီးနောက် ၎င်းဒေသများတွင် စိတ်ပိုင်းဆိုင်ရာအရ အနည်းနှင့် အများဆိုသလို အနာတရ၊ စိတ်ဒဏ်ရာရခဲ့ကြပါသည်။ ဤစိတ်ဒဏ်ရာများ၏ မျိုးဆက်အလိုက် ကူးစက်၍ ရေရှည်သက်ရောက်နိုင်ပုံ များကိုပင် လေ့လာဆန်းစစ်နေကြပါသည်။ အဖြေ အတိအကျ မရှိကြသေးပါ။ သို့သော်လည်း သေချာသည် ကတော့ ဤသို့ ကပ်ဘေးဒုက္ခကြီးများ ကြုံခဲ့ရ၊ မိသားစုဝင်များ သေကွဲ၊ ရှင်ကွဲ ကွဲကြရသူများအဖို့ စိတ်ဒဏ်ရာများ ရရှိနိုင်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ (counselling) လိုအပ်လာခြင်း ဖြစ်သည်။ ထို့အပြင် အခြားလူထုကျန်းမာရေး ပြဿနာများ ရှိပါသေးသည်။ စစ်အစိုးရက ဤမျှ စဉ်းစားထားပုံ မပေါ်ပါ။

ဤသို့သော ဘက်စုံအရေးများကို ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြားလိုပါသည်။ ၀င်ရောက် ကူညီ ဆောင်ရွက်ပေးမှုနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ပြုနိုင်ရန် အချက်အလက်များ၊ Dataများ လိုပါသည်။ ထို့နောက်တွင်မှ လက်ငင်းအကူ အညီများနှင့် ရေရှည် အကူအညီများကို တွက်ချက်နိုင်ကြမည် ဖြစ်သည်။ (immediate and long-term effective aid) ဤသို့သောလုပ်ငန်းများ အားလုံးကို အစိုးရကသာ ဦးဆောင်၍ အကုန်လုံး ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာ ပါသည်။ လိုအပ်နေသည့် အရင်းအမြစ်များ မရှိသလို၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်မှုများလည်း ရှိမနေပါ။

စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ် ၄-၅ စီးမျှနှင့် အကူအညီများ ရောက်လာသည်ကို ဂုဏ်ယူ ဖော်ပြနေသည်။ သူတို့ မိတ်ဆွေကောင်းရထားဟန် ပြုနေသည်။ ထိုပစ္စည်းများကို ထိထိရောက်ရောက် ဖြန့်ပေးမည် ဆိုသော်လည်း၊ မိမိ တွေ့ရ သလောက် ရဟတ်ယာဉ် ၇ စီးခန့်သာ ပျံဝဲ ပစ္စည်း သယ်ပို့နေကြသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင် နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။

ယခုအချိန်တိုင် မြန်မာနိုင်ငံအတွက် အကူအညီပေးမည်ဟု ကတိပြုထားကြသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ မျှသာ ရှိပါသေးသည်။ သို့သော် ဤအကူအညီ အများစုကိုသော်မှ စစ်အစိုးရ ပိတ်ဆို့ဟန့်တား ထားမှုများကြောင့် လက်ခံမရနိုင် ဖြစ်နေကြပါသေးသည်။ ၂၀၀၄ ခုနှစ် ဆူနာမီအပြီးတွင် နိုင်ငံပေါင်း ၁၁-ခု ကပ်ဘေးဒဏ် ခံစားလိုက်ရ၍ လူပေါင်း ၂၂၀, ၀၀၀ ခန့် သေကြေခဲ့ရပါသည်။ သို့သော်လည်း ဆူနာမီဖြစ်ပြီး ၁၂ ရက်အတွင်းမှာပင် နိုင်ငံတကာအကူအညီပေးရေး ညီလာခံကို ခေါ်ယူနိုင်ခဲ့ပြီး၊ နိုင်ငံ ၁၉ ခုက ဒေါ်လာ သန်း ၄ထောင် လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါသည်။ ဆူနာမီကပ်ဘေး ဒဏ်သင့်ခံရသူ လူတဦးချင်းက ပျမ်းမျှအားဖြင့် အကူအညီ ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ကြား ရရှိခဲ့ကြပါသည်။

အခြားနိုင်ငံများတွင်လည်း အကူအညီရရှိရေးအတွက် လုံးပမ်းခဲ့ကြပြီး၊ နိုင်ငံတကာက ရက်ရောထက်သန်စွာ လှူဒါန်းခဲ့ကြပါ သည်။ အီရန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ဘမ် ငလျှင်ကြီး (Bam earthquake) တွင် နိုင်ငံတကာက ဒေါ်လာ သန်း ၁,၅၀၀ လှူဒါန်းခဲ့ကြသည်။ (ဤငလျှင်တွင် လူ ၂၆,၀၀၀ သေဆုံးပါသည်။) ၁၉၉၉ ခုနှစ်က ဟွန်ဒူးရပ်စ် နိုင်ငံတွင် မစ်ခ်ျ ဟာရီကိန်း မုန်တိုင်းကြုံခဲ့ရာ နိုင်ငံတကာက ဒေါ်လာ သန်း ၃, ၀၀၀ အကူအညီပေးခဲ့ပါသည်။ (ဤဖြစ်ရပ်တွင် လူ ၁၀,၀၀၀ သေဆုံးပါသည်။) ၁၉၉၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်လည်း နိုင်ငံတကာက အကူအညီအဖြစ် ဒေါ်လာ သန်း ၉၀၀ ပေးအပ်ခဲ့ပါသည်။ (ဤရေကြီးမှုတွင် လူ ၁,၀၀၀ သေဆုံးပါသည်။) ဤကိစ္စများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ရရှိသည့် အကူအညီ ကတိပြုထားငွေ ဒေါ်လာ သန်း ၄၀ ဆိုသည်မှာ နည်းလွန်းလှပါသည်။ (ယခုမုန်တိုင်းဒဏ်တွင် သေဆုံးရသူ အစိုးရ စာရင်းအရ ၂၂,၀၀၀ နှင့် ပြင်ပခန့်မှန်းချက်များအရ ၁၁၀,၀၀၀ သေဆုံးရသည်ဟု ဆိုနေပါသည်။)

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါ သည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ်သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံးခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။ ဤ နိုင်ငံတကာ ညီလာခံအောင်မြင်စေရန်လည်း မြန်မာစစ်အစိုးရဖက်က လိုက်လျော အပေးအယူလုပ်ရမှုများလည်း ရှိနိုင် သည်။ အထူးသဖြင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စများ ဖြစ်သည်။ မြန်မာပြည်သူများ ကောင်းစားရေးအတွက် မျှတသော တောင်းဆိုမှုများလည်း ဖြစ်သည်။ စစ်အစိုးရ ကိုယ်၌က ဒီမိုကရေစီစနစ်ကို သွားတော့မည်ဟု ပြောဆိုနေချိန်တွင် ဤအချက်က ပြဿနာ မဟုတ်တော့ပါ။

ထို့အပြင် နိုင်ငံတကာက သဒ္ဒါစိတ် ယိုဖိတ်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများတွင် အချိန်ပြည့် မြင်တွေ့နေရခြင်း (widespread real-time coverage) ဖြင့် အလှူရှင်အများကို ပို၍ တိုက်တွန်းနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ ဖြစ်စေရန်မှာ သတင်းမီဒီယာဌာနများကို လွတ်လပ်စွာ သွားရောက်ထိတွေ့ခွင့် ပေးရန်လည်း လိုအပ်နေပါသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ငွေချေးယူရနိုင်သည့် နေရာများလည်း ရှိနေပါသေး သည်။ မကြာသေးမီကပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အစားအစာဈေးနှုန်းများ ကမ္ဘာတခုလုံး တွင် မြင့်တက်လာမှုကြောင့် အထူးထိခိုက်နစ်နာဖွယ်ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ် ရှိနေပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အဓိကအားဖြင့် ချေးငွေပုံစံဖြင့် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို တိုးတက်စေရန်၊ ချဲ့ထွင်နိုင်ရန် ကူညီပံ့ပိုးမည် ဖြစ်ပါသည်။ သို့သော်လည်း ဤချေးငွေ ရနိုင်ရေးမှာ မြန်မာ စစ်အစိုးရတွင် ပြဿနာရှိနေပါသေးသည်။ ယခင်မဆပ်ဘဲ ကျန်နေသော ကြွေးဆိုးများပြဿနာပင် ဖြစ်သည်။

ဤမျှသာမကပါ။ မြန်မာ အစိုးရတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ဖြစ်စေရန်နှင့် နိုင်ငံရေးအရ အလိုဆန္ဒ ရှိရန်လည်း လိုအပ်နေပါသေးသည်။ အိမ်နီးချင်း နိုင်ငံများ၏ အကူအညီမျှသာ မဟုတ်ပါ။ ကုလသမဂ္ဂနှင့် အင်အား ကြီးနိုင်ငံများ ၏ နိုင်ငံအရ လိုလားထောက်ပံ့ပေးလိုမှု ဆန္ဒရရှိအောင် ဆွဲဆောင်စည်းရုံးရန်လည်း လိုအပ်နေပါ သေးသည်။ ယခု အမေရိကန်ပြည်ထောင်စုက ကူညီမည်ဆိုသည်ကိုပင် ပိတ်ပင်ငြင်းပယ်မှုများ ပြုနေပြန်သည်။ ၀န်ကြီး ချုပ်လုပ်နေသူ ဗိုလ်ချုပ်သိန်းစိန် ယခုကာလတွင် အခြေပြုရမည့် နေရာက ပုသိမ်မဟုတ်ပါ။ နိုင်ငံတကာနှင့် ကုလသမဂ္ဂစင်မြင့်များတွင်သာ ဖြစ်ရပါမည်။ မြန်မာပြည်သူများ အတွက် အကူအညီရရှိရေး ဆွေးနွေးပွဲ၊ ကွန်ဖရင့် စားပွဲဝိုင်းများ၌သာ ဖြစ်ရပါလိမ့်မည်။ ယခုတော့ ဤသို့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ ညံ့ဖျင်းပုံ၊ အမြင်တိုပုံဖြင့် မြန်မာပြည်သူများအဖို့ ခံရဖို့ချည်းသာ ဖြစ်နေပါ တော့သည်။

အောင်သူငြိမ်း

Read More...

0 Friendly Neighbors:

ပရမတ်...




ဘယ်သူလုပ်နေသလဲ…
ဘာတွေလုပ်နေသလဲ…
ဘယ်ကိုရောက်မှာလဲ…
ဘယ်လိုယုံရမှာလဲ…

ဖန်တရာတေနေအောင်မေးကြ
ရေးကြ တွေးကြ ဆဲကြ ဆိုကြ
နှိမ့်ချပုတ်ခတ်ကြ နာမည်ယူပြောဆိုကြ
ဇမ္ဗူတလူ လူတွင်ကျယ်လုပ်ပြ
အရည်မရ အဖတ်မရ ငြင်းခုန်ကြ
အဖြေမထွက်ကြ အသေသတ်ကြ
ဟိုမှာတော့ အစာပြတ်နေကြ၊ ရေငတ်နေကြ…

ဒါတွေမေးနေတဲ့အချိန်မှာ
အပြစ်မဲ့ လူသားတစ်ယောက် သေဆုံးလွင့်ပျောက်သွားနိုင်တယ်

ဒါတွေ ရေးနေတဲ့အချိန်မှာ
ကလေးငယ်တစ်ယောက် ရေထဲမှာ ကယ်သူမဲ့ မျောပါသွားနေနိုင်တယ်

ဒါတွေ တွေးနေတဲ့အချိန်မှာ
လာကယ်မယ့် စက်လှေကို စောင့်နေတဲ့ မိန်းကလေးတစ်ဦး သစ်ပင်ထက်က လိမ့်ကျသွားနိုင်တယ်.

နိုင်ငံရေးလုပ်တယ် မလုပ်ဘူး
လုပ်စားတယ် မလုပ်စားဘူး
ပါဝါရှိတယ် ပါဝါမရှိဘူး
ငါ့နိုင်ငံရေးမှတ်တမ်းမျက်နှာစာတွေ ဒီလောက်ထူတယ်
နင့်လို နုမှည့်မဟုတ်ဘူး
ဒီလို ငြင်းခုန်ဘေးတီးနေရင်း
ငါတို့ ရွှေမြန်မာပြည် အညွန့်ကျိုးနေရပြီ…

မင်းလည်းမင်းလုပ်နိုင်တာမင်းလုပ်
ငါလည်း ငါလုပ်နိုင်တာ ငါလုပ်မယ်.
သူလည်း သူလုပ်နိုင်တာ သူလုပ်ပါစေ.

နိုင်ငံရေးသမားလည်း လူပဲ
စစ်ဗိုလ်လည်း လူပဲ
ကျောင်းသားလည်း လူပဲ
တော်လှန်ရေးသမားလည်း လူပဲ

လူရဲ့တန်ဖိုးကို ပညတ်တွေနဲ့ မတိုင်းတာနဲ့
ရင်ဘတ်ထဲက ပရမတ်ကို မြင်အောင်ကြည့်
စစ်ဗိုလ်ဆိုတိုင်း လူဆိုးလို့ မသတ်မှတ်နိုင်သလို
ဒီမိုသမားဆိုတိုင်းလည်း အထင်ကြီးလို့ မရဘူး

အခွင့်အရေးသမားဟာ အခွင့်အရေးကိုပဲ မျှော်တယ်
တကယ်လုပ်သူဟာ လုပ်စရာရှိတာကိုပဲ လုပ်တယ်.

တစ်ယောက်နဲ့တစ်ယောက် နှိမ့်ချကြ
ပုတ်ခတ်ကြ၊ မအေနှမတိုင်းထွာဆဲရေးကြ
အိုးမည်းသုတ်ခံထားရတဲ့ အိမ်ကြက်တွေ
လည်စင်းခံရမယ့် ရက်ကို အတူတူချီတက်သွားကြ…

မင်းနဲ့ငါ လမ်းကြောင်းမတူပေမယ့် ဦးတည်ချက်တူတယ်
ဒါဆို မင်းပါးစပ်ကိုပိတ်
ကိုယ့်လိပ်ပြာကိုယ်ငုံ့ကြည့်လို့
နှလုံးသားထဲက မနာလိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေကို
နာဂစ်နဲ့ ဆေးကြောပြလိုက်ပါဦး…

မင်းလုပ်နိုင်တာ မင်းလုပ်
မင်းလုပ်တာကို သမိုင်းက မော်ကွန်းထိုးမယ်
မင်းကိုယ်တိုင်တော့ ၀င်ရေးဖို့ မကြိုးစားနဲ့

လုပ်မပြနဲ့
တကယ်လုပ်ကြ…

ဒေါသထွက်နေရုံ၊ ခံပြင်းနေရုံ၊ မကျေမနပ်ဖြစ်နေရုံ ၀မ်းနည်းပူဆွေးနေရုံနဲ့ မပြီးပါဘူး... မှောင်လှချည်လားလို့ ငြီးတွားအပြစ်တင်နေမယ့်အစား ကျွန်တော်တို့ရဲ့ လက်ထဲက ဖယောင်းတိုင်လေး တစ်တိုင်စီလောက်ကို ထွန်းညှိလိုက်ကြရအောင်....

မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ..

Read More...

9 Friendly Neighbors:

Sunday, May 11, 2008

အသက်ရှည်ကျန်းမာဖို့ လှူကြစို့...













အို… ကံသာအမိ ကံသာအဖ
ကံသာပဲ အစိုးရ
မိုးကသည်းထန် လေမိုးမာန်ပြင်း
ချဉ်းနင်းတိုက်ပွေ
တို့အသည်းတွေ နေစရာမရှိ ကြွေပါဘိလေ…



အမိဧရာမြေ မချိဝေဒနာပွေ
သားလေလင်ဆုံး အမျိုးသုဉ်းလို့ အတိပြာဝေ
တတွေတွေ ဖြေမပြေ အမေ့မျက်ရည်….



လှိုင်းကြီးမိုးထန် သောင်းလုံးယံသော်
စံပျော်လိပ်ပြာ ၀ဲတန်မှာလျှင်
ကြင်သူနဲ့ဝေး ဝေး အဝေးပေါ့ရှင်



အို အချင်းမိတ်ဆွေ… အို သွေးချင်းတို့ရေ
ကြားရက်သေးရဲ့လား မြင်ရက်သေးရဲ့လားလေ…
အမိမြန်မာပြည် အသက်အသက်တွေ ညက်ညက်ချေ
သဘာဝဘေးဒဏ် ခါးစည်းခံကာကြေ





ကျန်နေသူ တို့မျိုးတို့ဆွေ
အသက်ရှည် ကျန်းမာဖို့ လိုပေ
ပေးဝေလှူဒါန်း ဆွမ်းဆန် ဆေးငွေ ပြည့်စုံပါစေ
တစ်ကမ္ဘာလုံးဟာ အမျိုးတွေ ဗုဒ္ဓဟောပါသလေ



ကူညီမယ်မဟုတ်လား မိတ်ဆွေ သူတော်ကောင်းတို့ရေ
ပေါင်းစုတက်လှမ်း နိဗ္ဗာန်မြန်းနိုင်အောင်ခေါ်နေ….







Acknowledgement:

ဓာတ်ပုံတွေကို ခါတော်မီ ၀က်ဘ်ဆိုက်မှ တဆင့် ကူးယူဖော်ပြပါတယ်.

သီချင်းကို သာသနာ့ဥသျှောင် ဘလော့ဂ် မှ တဆင့်ရယူဖော်ပြပါတယ်.

ဒေါင်းလုပ်လုပ်ပြီး ပြန်လည်မျှဝေပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ် ခင်ဗျာ...

ဒီမှာ ဒေါင်းလုပ်လုပ်ပါ.

မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ ဆိုတဲ့ Pamphlet လေးနှစ်ခုကတော့ ဒီဇိုင်နာ ကိုမျိုးရဲ့ လက်ရာကို ကိုမျိုးချစ်မြန်မာက အီးမေးလ်မှတဆင့် ပေးပို့ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ...

ပေးပို့လှူဒါန်းလိုသူများအတွက် သာသနာ့ဥသျှောင်အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ သာသနာ့ဥသျှောင် ဘလော့ဂ်မှာ တင်ထားတဲ့ PayPal Donation Button လေးမှတဆင့်ဖြစ်စေ ပေးပို့လှူဒါန်းနိုင်ပါတယ်.