Friday, March 30, 2007

ကော်မတီ နောက်ဆက်တွဲ သတင်းများ

ကျွန်တော်ရေးလိုက်တဲ့ ကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းခြင်းဆိုတဲ့ ပို့စ်လေးအပေါ်ကို feedback တစ်ချို့ပြန်လာတယ်ဗျ။ အဲဒါကြောင့် ကျွန်တော် ဒီစာကို ရေးဖြစ်တာပါ။

ကျွန်တော်တို့ စာအုပ်ထုတ်ဖို့ ကိစ္စကို ဖိုရမ်မှာ အကြေအလည် ဆွေးနွေးကြတယ် ဆိုတာ မြန်မာ ဘလော့ဂ်ဂါ ဖိုရမ်မာများ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဖိုရမ်ကို လာရောက်ဆွေးနွေးတဲ့ သူတွေထဲကမှ Volunteer များကို ခေါ်ခဲ့တာလည်း မှတ်မိကြမှာပါ။ စာရင်းပေးလာတဲ့သူများ ကိုမှတ်ထားပါတယ်။ ပြီးတော့ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးတဲ့ member များကို လည်း စာရင်းထဲမှာ မှတ်ထားပါတယ်။ အဲဒီ့စာရင်းကို မူတည်ပြီးတော့ ဒီ အဖွဲ့ဝင်တွေကို ဖွဲ့တာပါ။

တစ်ချို့ အဖွဲ့ဝင်တွေဆီကို email သော်လည်းကောင်း၊ PM သော်လည်းကောင်း ပို့ပါတယ်။ အကြောင်းပြန်သူရှိသလို မပြန်တဲ့သူတွေလည်း ရှိပါတယ်။ အကြောင်းမပြန်တဲ့သူများကို ကျွန်တော့်ရဲ့ သဘောနဲ့ စာရင်းထဲ ကောက်ထည့်လို့ မသင့်တော်ပါဘူး။ ပါဝင်စေချင်တဲ့ ဘလော့ဂ်ဂါတစ်ချို့ ရှိပါတယ်။ အကြောင်းမပြန်တော့ မထည့်ဖြစ်ပါဘူး။

ခုဆိုရင် ကျွန်တော်တို့လုပ်နေတာက ဘလော့ဂ် ၂ ခုပါ။ စာမူဘလော့ဂ်နဲ့ သတင်းပြန်ကြားရေး ဘလော့ဂ်ပါ။ Volunteer တွေ၊ တကယ်ကို လုပ်ပေးနိုင်မယ့်သူတွေ၊ မြန်မာဘလော့ဂ်ဂါ လောကကို ကောင်းကျိုးပြုချင်သူတွေ တကယ်ကို လိုအပ်နေပါသေးတယ်။ စာရင်းဆက်ပေး လို့ရပါတယ်။ ခုလို လာရောက်ကမ်းလှမ်းတဲ့သူတွေကို အမြဲတံခါးဖွင့်လျက်ပါဗျာ။

အဖွဲ့အစည်းတစ်ခုကို လူတွေ အများကြီးနဲ့လုပ်တဲ့ အခါမှာ ရည်ရွယ်ချက်လည်း ကောင်းရမယ်၊ လူလည်း ညီရမယ်လေ မဟုတ်ဘူးလား။ အားလုံးကို တကယ်ကို ကြိုဆိုပါတယ်။ သတင်း ဘလော့ဂ်မှာလည်း volunteer များ အလိုရှိကြောင်း ကြေငြာထားပါတယ်။

"bloggermedium@gmail.com" ကိုပို့ပေးနိုင်ပါတယ်။ သင့်တော်ရာနေရာမှာ တာဝန်လေးတွေ ခွဲပေးပါမယ်။ အယ်ဒီတာအဖွဲ့ကို အတည်ပြုဖွဲ့ပြီးသွားရင်ဘလော့ဂ်ပေါ်မှာ နာမည်လေးတွေ ကြေငြာထားပေးပါမယ်။ အရမ်းကို ပျော်စရာကောင်းတဲ့ အများအကျိုးဆောင်ဝန်ဆောင်မှုလေး ဖြစ်လာမယ်လို့ ကျွန်တော် လုံးဝယုံကြည်နေတယ်ဗျာ။ ဒါကြောင့် မြန်မြန်သွက်သွက်လေးသာ စာရင်းပေးထားကြပါ။

စာအုပ်ထုတ်ဝေဖို့ ကော်မတီဖွဲ့တာတွေမှာတော့ စာပေနောက်ခံ အားကောင်းတဲ့သူတွေ၊ နည်းပညာပိုင်းမှာ ကောင်းကောင်းနားလည်သူတွေ၊ စာအုပ်ထုတ်ဝေရေး လမ်းကြောင်းတွေကို နားလည်သူတွေကို အဓိကထားပြီး ဖွဲ့ထားတာပါ။ မနေ့က ကိုဇင်ကိုလတ်က စာပြန်ပါတယ်။ ကိုနေဘုန်းလတ်ကို စာမူရွေးချယ်ရေးအဖွဲ့မှာ ထည့်လို့ရပါတယ်တဲ့။ သူပြောပေးပါမယ်တဲ့။ ဟုတ်ကဲ့ပါ ကိုဇင်ကိုလတ်ရေ. ကျွန်တော် သူ့ကို အယ်ဒီတာ အဖွဲ့ထဲမှာ ထည့်လိုက်ပါမယ်။ သူ့လို စာရေးကောင်းတဲ့ ဘလော့ဂ်ဂါတစ်ယောက်ကို ကျွန်တော်တို့ ပါဝင်စေချင်တာပေါ့ဗျာ..

သတင်းဘလော့ဂ်က စာအုပ်ထုတ်ဝေရေးကိစ္စအတွက် တစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ပွဲပြီးမီးသေ သဘောမျိုးလည်း ဘယ်တော့မှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ တစ်ခြားရည်ရွယ်ချက်တွေ ရှိပါသေးတယ်။ နောက်ပိုင်းမှာ media လိုင်းထိ ကူးသွားဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် သတင်းဘလော့ဂ်အတွက် reporter တွေ၊ technician တွေကို အရမ်းကို လိုအပ်ပါတယ်ခင်ဗျာ။ ဆက်လက်စာရင်းပေးကြပါ။

သတင်းဘလော့ဂ်ရဲ့ နည်းပညာပိုင်းမှာ ကိုမျိုးကျော်ထွန်းအပြင် ကိုဝေယံလင်း၊ ကိုဇင်ကိုလတ်နဲ့ နောက်ထပ် စိတ်ဝင်စားသူများကို ထပ်မံ ဖိတ်ခေါ်ပါတယ်။ ဘလော့ဂ်ဂါ online ဂျာနယ်၊ မဂ္ဂဇင်းများကို ဆက်လက် ထုတ်ဝေသွားနိုင်ဖို့ စီစဉ်နေပါတယ်လို့လည်း တစ်စွန်းတစ်စ သတင်းပေးလိုက်ပါတယ်။

လောလောဆယ်မှာ ဘလော့ဂ်ဂါ သိလိနဲ့ အိမွန်စိုးတို့ကို သတင်းဘလော့ဂ်မှာ သတင်းရေးသားတင်ဆက်သူများ အဖြစ်ထပ်မံခန့်အပ်လိုက်ပါတယ်လို့ အားလုံးကို အသိပေးပါတယ် ခင်ဗျာ...


Thursday, March 29, 2007

ကော်မတီ အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း



နာမည်စာရင်းတွေနဲ့ ကော်မတီဖွဲ့စည်းပုံ အကြမ်းဖျင်းပါ. လောလောဆယ် Active မဖြစ်သေးပါဘူး.


ကိုညီလင်းဆက် (India)
ကိုချမ်းမြစိုး (UK)
ကိုမျိုးကျော်ထွန်း (Thailand)
ကိုမြတ်မင်းဟန် (Singapore)
ကိုမင်းကျော် (Finland)
ကိုစေတန်ဂေါ့ဒ် (Myanmar)
ကိုဝေယံလင်း (Singapore)
ကိုကျော်ဇေယျ (Malaysia)
ကိုညီညီသံလွင် (Singapore)
ကိုဇင်ကိုလတ် (Singapore)
ကိုစိုးဇေယျ (Myanmar)
ကိုမျက်လုံး (Myanmar)
ကိုရန်အောင် (US)
မအိမ်ချမ်းမြေ့ (Canada)
မသဉ္ဇာ (Malaysia)
ညလေး (Malaysia)

အားလုံး ၁၆ ယောက်ပါ။

လိုအပ်တဲ့အဖွဲ့တွေက
၁. ရသ၊သုတ စာမူရွေးချယ်ရေး
၂. နည်းပညာပိုင်းဆိုင်ရာ စာမူရွေးချယ်ရေး
၃. ဒီဇိုင်းအပြင်အဆင်
၎. ရန်ပုံငွေ စီမံခန့်ခွဲရေး
၅. စာမူနှင့် သတင်းဘလော့ဂ်များကို ထိန်းသိမ်းကြီးကြပ်ရေး


ကျွန်တော်ဒီလို ဖွဲ့ချင်ပါတယ်
၁. ရသ၊သုတ စာမူရွေးချယ်ရေးအဖွဲ့

ကိုညီလင်းဆက်
ကိုညီညီသံလွင်
ကိုစိုးဇေယျ
ကိုဝေယံလင်း
ကိုရန်အောင်
မအိမ်ချမ်းမြေ့

၂. နည်းပညာပိုင်းဆိုင်ရာ စာမူရွေးချယ်ရေး

ကိုမျိုးကျော်ထွန်း
ကိုမြတ်မင်းဟန်
ကိုမင်းကျော်
ကိုစေတန်ဂေါ့ဒ်
ကိုဝေယံလင်း

၃. ဒီဇိုင်းအပြင်အဆင်

ကိုချမ်းမြစိုး
ကိုမြတ်မင်းဟန်
ကိုညီညီသံလွင်
ကိုစေတန်ဂေါ့ဒ်
ကိုဝေယံလင်း
ကိုကျော်ဇေယျ

၎. ရန်ပုံငွေ စီမံခန့်ခွဲရေး

ကိုစိုးဇေယျ (Local)
ကိုစေတန်ဂေါ့ဒ် (Local)
ကိုမျက်လုံး (Local)
ကိုကျော်ဇေယျ (Global)
ကိုဇင်ကိုလတ် (Global)
ကိုရန်အောင် (Global)

၅. စာမူနှင့် သတင်းဘလော့ဂ်များကို ထိန်းသိမ်းကြီးကြပ်ရေး

ကိုစိုးဇေယျ (စာမူနှင့်သတင်း)
ကိုဝေယံလင်း (စာမူနှင့်သတင်း)
ကိုရန်အောင် (စာမူနှင့်သတင်း)
ကိုဇင်ကိုလတ်(စာမူနှင့်သတင်း)
ကိုကျော်ဇေယျ (သတင်း)
ကိုမျိုးကျော်ထွန်း (သတင်း)
ကိုမျက်လုံး (သတင်း)
မသဉ္ဇာ (သတင်း)
ညလေး (သတင်း)


ဒီအဖွဲ့ဝင်တွေကို ပိုကောင်းအောင် ပြန်ပြီး စီစဉ်ဖွဲ့ပေးတာမျိုးကိုလည်း ကြိုဆိုပါတယ် ခင်ဗျာ.အဖွဲ့ဝင်တွေထဲက ကျွန်တော့်ကို email address မပေးရသေးသူများ aungyan@gmail.com ကို ပို့ပေးကြပါ ခင်ဗျာ. လက်ဖက်ရည်တိုက်ပါမယ်။ ကံစမ်းမဲလေးပေးပါမယ်။ ပြည်ပက ဘလော့ဂ်ဂါများ အတွက် မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် ကိုယ်တိုင်ဝယ် လက်မှတ်စနစ်ချီးမြှင့်ပါမယ်။ ပြည်တွင်းက ဘလော့ဂ်ဂါများအတွက် ကံစမ်းမဲကတော့ ဆိုက်ဘေးရီးယားကို ဆောင်းရာသီ အပျော်စီးသဘောင်္လက်မှတ် ပေးပါမယ်။

အားလုံးကို confirm ဖြစ်ရင် သတင်းဘလော့ဂ်မှာ အတည်ပြု ကြေငြာပါမယ်။

ဧည့်ခံကျွေးမွေး နေရာချထားရေးအဖွဲ့

ကိုဇင်ကိုလတ်က အီတလီ နန်းကြီးသုတ်နဲ့ Appetizer ကျွေးပါမယ်။ (Pasta လို့ ခေါ်ပါတယ်)
ကိုဝေယံလင်းကတော့ ပြင်သစ်ပုံစံ အ၀စား နေ့လည်စာ ကို တည်ခင်းဧည့်ခံပါမယ်။ (ဘူဖေးလို့ ပြောကြတာပဲ)
ညလေးကတော့ ခြေဖျားလေးထောက်ပြီး စကတ်တိုလေးနဲ့ကတဲ့ အနောက်တိုင်းပုံစံ ကကွက်ဆန်းနဲ့ ဖျော်ဖြေပါမယ်။ (ဘဲလေး လို့ သတ်မှတ်တဲ့ အကတစ်မျိုးပါ)

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ…

အရိပ်ကောင်းသောသစ်တစ်ပင်

မဲဆောက်နယ်စပ်မှာ မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့ပြီး ခုချိန်ထိလည်း အားကိုးရာမဲ့သူတို့ရဲ့ အရိပ်အာဝါသသဖွယ် ဆင်းရဲသားပြည်သူတွေကို ကျောသားရင်သား မခွဲခြားဘဲ မိခင်ရင်း အလားစောင့်ရှောက်ကာကွယ်ပေးနေတဲ့ ကျွန်တော် အရမ်းကို လေးစားကြည်ညိုရတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ အတ္တုပ္ပတ္တိစာအုပ်လေး တစ်အုပ်ပါ။

ခေတ်ပြိုင် website ပေါ်ကနေ တွေ့လို့ Download လုပ်ပြီး ကျွန်တော့်ကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ် ခင်ဗျာ…



Donwload: ဒေါက်တာစင်သီယာမောင်

MMBloggerNews.blogspot.com

မြန်မာ ဘလော့ဂ်စာအုပ်ထုတ်ဝေရေးအတွက် စာအုပ်ထုတ်ဝေရေးကော်မတီနဲ့ စာဖတ်ပရိသတ်အကြား ဆက်သွယ်ပြန်ကြားပေးမယ့် သတင်းဘလော့ဂ်တစ်ခုကို ဖန်တီးပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းဘလော့ဂ်အတွက် Volunteer များ အလိုရှိပါတယ်ခင်ဗျာ. စိတ်ပါဝင်စားသူများ သတင်းဘလော့ဂ်တွင်ရေးထားသော Announcement ကို ဖတ်ရှုပြီး bloggermedium@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.

သတင်းအချက်အလက်များကို ကိုယ်တိုင်လည်း ရေးသားပေးပို့နိုင်ပါတယ် ခင်ဗျာ..

ဘလော့ဂ်လိပ်စာကတော့ http://mmbloggernews.blogspot.com/ ဖြစ်ပါတယ်။


ကူညီအားပေးမည့်သူများကို ကြိုတင်ကျေးဇူးတင်ရှိပါတယ်။

Wednesday, March 28, 2007

Footbinding ကို မြန်မာလို ဘယ်လိုပြောပါသလဲ







“Footbinding” ဆိုတာကို မြန်မာလို ဘယ်လို ဘာသာပြန်ပါသလဲ.
Footbinding Shoes ကိုရော ဘယ်လိုဘာသာပြန်ပါသလဲ.
Comment ထဲမှာ ရေးပေးပါခင်ဗျာ
ကျေးဇူးတင်ပါတယ်...

ရန်အောင်

ဘလော့ဂ်မှာ Music Player တင်ချင်သူများအတွက်…

ကိုယ့်ရဲ့ ဘလော့ဂ်မှာ သီချင်းလေးတွေ ထည့်ပြီးလာလည်တဲ့ သူတွေကို Entertainment Center လေးတစ်ခု လုပ်ပေးချင်သူများအတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးပါတယ်ခင်ဗျာ..

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလိုပဲ ဘလော့ဂ်ဂါတွေကတော့ ကိုယ့်ရဲ့ music player ကို အမျိုးမျိုးသော site တွေကို သုံးပြီး တင်ထားတတ်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သီချင်းတင်မယ်ဆိုရင်
၁. ကိုယ်တင်ချင်တဲ့ သီချင်းကို File Hosting Website တစ်ခုခုမှာ အရင်ဆုံး upload လုပ်ရပါမယ်။
၂. အဲဒီ့ သီချင်းတွေရဲ့ URL ကိုယူရပါမယ်
၃. Music Player မှာ သီချင်းတွေရဲ့ URL ကို ထည့်ရပါမယ်။
၎. အားလုံးပြီးသွားတဲ့ အခါမှာ Music Player ရဲ့ URL ကို ကိုယ့်ရဲ့ ဘလော့ဂ်မှာ ထည့်ပေးရပါမယ်.

အဲဒါ Music Player တင်ချင်သူတွေအတွက် အခြေခံ အချက်တွေပါပဲ။ ကျန်တာတွေကတော့ နည်းအမျိုးမျိုးနဲ့ ကွန့်ထားကြတာပါ။ တစ်ချို့ကျတော့ Flash Picture လေးတွေကို Background မှာထားပြီး Music Player လေးတွေ လုပ်တတ်ကြပါတယ်။ ကျန်တာတွေကိုတော့ ဖြည်းဖြည်းချင်း ကြိုးစားသင်ယူသွားပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ…

ဒါကတော့ File Hosting Website တွေထဲက အသုံးများတာ တစ်ချို့ပါ။
www.fileden.com, www.ripway.com, www.filexoom.com

ဒါကတော့ ကျွန်တော်ခုသုံးနေတဲ့ Music Player ရဲ့ Website ပါ.

http://www.myflashfetish.com/

Account တစ်ခုလုပ်ပြီးရင် ကြိုက်တဲ့ Music Player Design လေးတွေကို ရွေးချယ်လို့ရပါတယ်။ ပြီးသွားရင်တော့ ကျွန်တော်ပြောသလိုပဲ သီချင်းတွေကို upload လုပ်၊ URL လာထည့်ပေးပါ။ ရွေးလို့ရနိုင်တဲ့ Music Player လေးတွေရဲ့ sample လေးတွေနဲ့ screenshot တစ်ချို့ကို အောက်ကပုံမှာ ကြည့်ပါ။







တစ်ခြား Music Player တွေကို သုံးချင်လည်းသုံးပါ။ idea ကတော့ တူတူပါပဲ။

ဒါကတော့ ကိုဖိုးချမ်း (CMS) ရဲ့ သီချင်းတင်နည်းပါ။ အင်မတန်ကို ရိုးရှင်းပြည့်စုံကောင်းမွန်ပါတယ်။

http://notes4pc.blogspot.com/2007/01/window-media-player-playlist.html

အားလုံးပြီးသွားရင်တော့ တစ်ခု အကြံပြုချင်ပါတယ်။ ဘလော့ဂ်တစ်ချို့မှာ ၀င်လိုက်တာနဲ့ သီချင်းလေးတွေ တက်လာတာ ကြုံဖူးပါလိမ့်မယ်။ တစ်ချို့က ကြိုက်ပါတယ်။ တစ်ချို့ကတော့ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ပိုကောင်းတာကတော့ လာတဲ့ visitor တွေကို ရွေးချယ်စရာတစ်ခုပေးလိုက်ပါ။ သူနားထောင်ချင်ရင် သူ့ဘာသာသူ click ခေါက်ပြီး ကြိုက်တဲ့ သီချင်းနားထောင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ဒီတိုင်းပဲ စာဖတ်ပြီး သူပြန်သွားပါလိမ့်မယ်။

အဲဒီ့အတွက် Mp3 Player ရဲ့ coding တစ်ချို့ကို ပြင်ပေးရပါမယ်။ ကိုယ်သုံးတဲ့ player အမျိုးအစားပေါ်မူတည်ပြီး ခုကျွန်တော်ပြောမယ့် coding တစ်ချို့ ကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် autostart/autoplay စတာတွေကတော့ တူတူပါပဲ။ မပြောင်းပါဘူး။ ရှာကြည့်ပါခင်ဗျာ…

src="yourfile.mp3" autostart="true" hidden="false" loop="false" width="20%" height="40px"....

၁. autostart="true" (or) autoplay= “true” ဆိုရင် သီချင်းကို Autoplay လုပ်ပါတယ်။ false ပေးလိုက်ရင် မလုပ်တော့ပါဘူး။
၂. hidden="true" ဆိုရင် ကိုယ့်ရဲ့ player ကို hide လုပ်ထားပါတယ်။
၃. loop="true" ဆိုရင် သီချင်းတစ်ပုဒ်တည်းကို ထပ်ခါထပ်ခါ ဖွင့်ပေးနေပါလိမ့်မယ်။
၎. width="20%" , height= “40 px” စတာတွေကတော့ player ရဲ့ Dimension ပါ

ဒီပို့စ်လေးအတွက် မြန်မာဘလော့ဂ်ဂါဖိုရမ်မှ Admin ကြီးနဲ့ ကိုဖိုးချမ်းတို့ ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောကြားလိုပါတယ်ခင်ဗျာ…

အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

Tuesday, March 27, 2007

မိုးစက်တင်လေ...

ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ပရိသတ်အတွက် ပြန်လည် မျှဝေလိုက်ရပါတယ်…



Listen: မိုးစက်တင်လေ

နွေအလယ် နေပူရင် ချစ်ခြင်းသဘောတွေ…
အိုး… တောင်ပြာတန်းရိုး မိုးစက်မှောင်ရင်…
တို့ရဲ့စိတ်တွေ ပြေးသွားခဲ့ပြီ မင်းတစ်ယောက်ရှိတဲ့ဆီ…
မှန်းဆလွမ်းပါသည်…
မညှာမတာ မိုးခက်များ ငါ့ကိုလေ…
ရိုက်နှက်လို့ မသွားအောင် ကူညီလို့ပေးတယ်…
တိမ်လွှာပြင်မိုးသားအောက်က ချစ်တဲ့သူရေ…
ရေပြင်လို ငါ့အထက်ကပ်လျက် ရပ်ခဲ့သူရေ…
သောကဝေ ဒုက္ခမိုးရေတွေ…
မထိခိုက်အောင် ကာဆီးခဲ့သူရေ…
အမည်ပေးလိုက်ချင်တယ်လေ…
မိုးစက်တင်လေ…





နွေအလယ် ပျံကာနေတဲ့ ငှက်ကလေးများတို့ရယ်...
အိုး…ဖြူစင်ရိုးသား စိတ်ထားမြတ်သူ…
ကျွန်တော့်ရဲ့ အပြစ်တွေ သိမ်းထားခဲ့ပြီ သူ့ရဲ့ နှလုံးသားဆီ…
တစ်နေ့တော့ အရောက်လာမည်…
ကြုံရင်ပြောလိုက်ပါ့ ငှက်ငယ်တွေရယ်…
ငါ့တစ်သက်ရဲ့ညတွေ အရုဏ်ကျင်းလင်းနေ…
သံသာပြင်ကမ်းက မိုးစက်တင်လေ…
ရေပူရေချမ်းကမ်းလှမ်းမယ့် မိုးစက်တင်လေ…
သောကဝေ ဒုက္ခမိုးရေတွေ…
ကင်းလွတ်ရာ ဘ၀လေးထဲမှာလေ…
မောင်လိုက်လို့ရှာမယ်မေ…
မိုးစက်တင်လေ…

ဆုံးစမဲ့ လမ်းက မတွေ့ပေမယ့်
မှန်းဆလို့ တမ်းတတွေ့ချင်တယ်..
(မိုးစက်တင်လေ)၃
ဘယ်မလဲ အချစ်ရေ…


Download: မိုးစက်တင်လေ




ဘလော့ဂ်မှာ Navigation Icon လေးတွေ ထည့်ချင်ရင်…


ဘလော့ဂ် တွေရေးတဲ့ အခါမှာ Post တွေများလာတာနဲ့အမျှ ဖတ်တဲ့သူ အဆင်ပြေအောင် ကိုယ့်ရဲ့ post တွေကို သေသေချာချာ စီစဉ်လာရပါတော့တယ်။ Label ခွဲတာတို့၊ ကိုယ့်ရဲ့ Site ထဲမှာ ရှာလို့ရအောင် Search Engine ထည့်ပေးတာတို့ စသဖြင့်ပေါ့ဗျာ။ ဘလော့ဂ် တော်တော်များများမှာ အဲဒီ့ Function တွေကို ကြိုးစားထည့်ပေးထားကြတာကို တွေ့ရပါတယ်။

ဒီတော့ ကိုယ့်ရဲ့ ဘလော့ဂ် မှာ စာဖတ်သူတစ်ယောက်က ရှာဖွေဖတ်ရှုနေရင်းကနေ မူရင်း page ကို ပြန်သွားချင်တာပဲဖြစ်ဖြစ်၊ Previous Page တို့၊ Next Page တို့ကို ဖတ်ချင်တာပဲဖြစ်ဖြစ် ဖတ်ချင်သလို ဖတ်လို့ရအောင် Navigation Icon (လမ်းညွှန်ပုံ) လေးတွေ ထည့်ပေးနိုင်ရင် အရမ်းကို အဆင်ပြေသွားပါလိမ့်မယ်။ ခုကျွန်တော်ပြောချင်တာက အဲဒီ့ icon လေးတွေကို ဘယ်နေရာမှာ ဘယ်လိုထည့်လို့ရနိုင်တယ် ဆိုတဲ့အကြောင်းပါ။

ပထမဦးဆုံး ကိုယ့်ရဲ့ ဘလော့ဂ် ထဲကို sign in ၀င်ပြီး template tab ကိုရွေးပါ။ Edit HTML ကိုဆက်ရွေးပါ။ ပြီးရင် Expand Wiget Templates ဆိုတဲ့ Box လေးကို tick လုပ်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ <b:includable id='nextprev'> ဆိုတဲ့ code လေးကို template ထဲမှာ လိုက်ရှာပါ။ ဒီပုံစံမျိုးလေး တွေ့ရပါလိမ့်မယ်။



အဲဒီ့ code တွေကို အောက်ဖော်ပြပါအတိုင်း အစားထိုးလိုက်ပါ။


<b:includable id='nextprev'>
  <div id='blog-pager'>
    <b:if cond='data:newerPageUrl'>
      <a expr:href='data:newerPageUrl' 
expr:title='data:newerPageTitle' id='blog-pager-newer-link'>
<img src='http://photos1.blogger.com/blogger2/3880/
707811929476148/1600/left.gif
'/></a>
    </b:if>

    <b:if cond='data:olderPageUrl'>
      <a expr:href='data:olderPageUrl' 
expr:title='data:olderPageTitle' id='blog-pager-older-link'>
<img src='http://photos1.blogger.com/blogger2/3880/
707811929476148/1600/right.gif
'/></a>
    </b:if>
      <a class='home-link' expr:href='data:blog.homepageUrl'>
<img src='http://photos1.blogger.com/blogger2/3880/
707811929476148/1600/home.gif
'/></a>
    </div>
  <div class='clear'/>
</b:includable>





ဒါဆိုရင် ကိုယ့်ရဲ့ ဘလော့ဂ်မှာ icon လေးတွေကို ခုလိုတွေ့ရပါလိမ့်မယ်ခင်ဗျာ။



အဲဒီ့ icon လေးတွေကို post လေးတွေရဲ့ ထိပ်မှာပေါ်နေစေချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ template ထဲမှာ တတိယမြောက် စာသားလေးတစ်ကြောင်းကို ထည့်ရိုက်ပေးရပါလိမ့်မယ်။



အဲဒါဆိုရင် ကိုယ့်ရဲ့ ဘလော့ဂ်က ပို့စ်လေးတွေ အပေါ်မှာ ဒီလိုပုံစံလေး ပေါ်လာတာတွေ့ရပါလိမ့်မယ်။



Icon လေးတွေကို အရောင်ပြောင်းပြီး သုံးချင်တယ်ဆိုရင်တော့ left.gif, right.gif, home.gif နေရာတွေမှာ အောက်ပါအတိုင်း အစားထိုးပေးပါ။




မိမိကိုယ်တိုင် ဆွဲထားတဲ့ icon လေးတွေကိုလည်း အစားထိုးသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ icon လေးတွေကို file hosting website တစ်ခုခုမှာ အရင်ဆုံးတင်ထားပြီး URL Link ထုတ်ထားဖို့တော့ လိုပါလိမ့်မယ်။

မှတ်ချက်။
=====

ဒီပို့စ်လေး ကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားထားပါတယ် ခင်ဗျာ...



Monday, March 26, 2007

မြန်မာမှု နေရာတကာ ပြုလို့ရပါ့မလား…

မြန်မာ ဘလော့ဂ်ဂါဖိုရမ်မှာ Blog, Blogging, Blogger စတာတွေကို မြန်မာမှုပြုဖို့ တိုက်တွန်းချက်တစ်ခုကိုတွေ့တာနဲ့ ကျွန်တော် စဉ်းစားမိတာလေးတွေကို တင်ပြလိုက်ပါတယ်….

ကျွန်တော်တစ်ခု စဉ်းစားမိတာ ပြောပြချင်ပါတယ်. ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာစကားမှာ ဝေါဟာရတွေ ကြွယ်ပေမယ့် ဆက်လက်ပြုစုပျိုးထောင်ဖို့၊ စကားလုံးအသစ်တွေ ထပ်ထည့်ဖို့ ပညာရှင်တွေဘက်က ပျက်ကွက်ခဲ့ပါတယ်. အစိုးရဘက်ကလည်း ဒီလိုလုပ်ရကောင်းမှန်း မသိခဲ့ပါဘူး။
တစ်ခြား ဘာသာစကားတွေ (ဥပမာ အင်္ဂလိပ်စာ) ဆိုရင် နှစ်စဉ် စကားလုံး များစွာ ထပ်ထည့်ရပါတယ်.ပြောရတာ နည်းနည်းရှည်သွားပြီး လိုရင်း မရောက်တော့ဘူး.

ဆိုလိုချင်တာက ကျွန်တော်တို့ ကြိုးစားတီထွင်လိုက်တဲ့ စကားလုံး အတွက် အများလက်ခံနိုင်မနိုင်ဆိုတာ နည်းနည်း စဉ်းစားစရာပါ. တစ်ချို့ စကားလုံးတွေက မြန်မာလိုထက် အင်္ဂလိပ်လိုပဲ သုံးလို့ ပိုကောင်းပါတယ်. အထူးသဖြင့် Computer နဲ့ ပတ်သက်တဲ့ Term တွေပေါ့.

Type Writer ကို လက်နှိပ်စက်လို့ နာမည်တပ်လို့ ရပေမယ့် Computer ကို ကွန်ပြူတာ လို့ပဲ မွေးစားစကားလုံး သုံးပါတယ်. အမာထည်၊ အပျော့ထည်လို့ ဘာသာပြန်ဆိုကြပေမယ့် ဘာသာပြန်ကိုသုံးရတာ ပိုပြီး နားလည်ရခက်ပါတယ်. Hardware, Software ကိုပဲ ကျွန်တော်တို့ နားလည်ရလွယ်လို့ နောက်ပိုင်း computer စာအုပ်တွေမှာ ဟာဒ့်ဝဲ၊ ဆော့ဖ်ဝဲလ် ဆိုပြီး တိုက်ရိုက် မွေးစားလိုက်ပါတယ်..Programmer ကိုလည်း ပရိုဂရမ်မာလို့ပဲ တိုက်ရိုက်သမုတ်ပါတယ်.

Blogger, blogging စတာတွေဟာလည်း Computer Term တွေပါပဲ. Blog ဆိုတာ ကြိယာပါ. ကြိယာကို မြန်မာမှုပြုရတာ မခက်ပါဘူး။ စာကြောင်းရှည်သွားတာက လွဲလို့ ကျွန်တော်တို့ ကောင်းကောင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်.

Blogger ဆိုတာကတော့ နာမ်ပါ။ နာမ်ကို အဓိပ္ပါယ် သတ်မှတ်ရတာ စကားလုံး သိပ်များများ စားစား သုံးပိုင်ခွင့်မရှိပါဘူး။ တိုတိုရှင်းရှင်း နားလည်လွယ်ရပါမယ်.

ဒါကြောင့် ကျွန်တော့် အမြင်ကတော့ Blogging ကို ဘလော့ဂ်လုပ်သည်လို့ပဲ ပြန်ပါ. Blogger ကိုတော့ ဘလော့ဂ်ရေးသူ လို့ပြန်ပါ။ Blog ကိုတော့ ဘလော့ဂ်လို့ပဲ ပြန်ပါ။ အဓိပ္ပါယ်ရှင်းရင် ပိုရှုပ်ပါတယ်။ စကားလုံးကို သွယ်ဝိုက်နားလည်သွားပါလိမ့်မယ်။

အဓိက က အသုံးတွင်ကျယ်လာရင် စကားလုံးတွေ ရင်းနှီးသွားပါတယ်

ဥပမာ. စီဒီ၊ စီဒီရွမ်၊ ဗီစီဒီ၊ အမ်ပီသရီး၊ ဟာဒ့်ဒရိုက်ဗ်၊ မမ်မိုရီ ..... အများကြီးပါ... စဉ်းစားလို့ကို မကုန်နိုင်ပါဘူး။ Website ကိုလည်း ၀က်ဘ့်ဆိုက်လို့ပဲ ပြောကြပါတယ်။ ဘယ်လိုမှ Definition တွေကို မြန်မာလို မသတ်မှတ်ပါဘူး။

ပညာရှင်တွေ သိပ်ကို စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ နောက်ဆုံးမှာ မွေးစားစကားလုံးတွေကိုပဲ သုံးဖို့ informally ဆုံးဖြတ်ခဲ့ပါတယ်.

ဒါကျွန်တော့်အမြင်ပါ...

အားလုံးကို ကျေးဇူးတင်ပါတယ်.

IELTS Ebook

IELTS Exam ကို ဖြေဖို့ စဉ်းစားနေသူတွေပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို လက်ဆောင်အနေနဲ့ ပေးချင်တာပဲ ဖြစ်ဖြစ် အသုံးဝင်မယ့် စာအုပ်ကောင်းလေး တစ်အုပ်ပါ…





IELTS WorkBook.pdf

ပြုံးချင်စရာလေးများ (၂)







ပြုံးချင်စရာလေးများ (၁)







Before...

A sixth grade class is doing some spelling drills. The teacher asks Tommy if he can spell 'before.' He stands up and says, "Before, B-E-P-H-O-R."

The teacher says, "No, that's wrong. Can anyone else spell before?"

Another little boy stands up and says, "Before, B-E-F-O-O-R."

Again the teacher says, "No, that's wrong." The teacher asks, "Little Johnny, can you spell 'before'?"

Little Johnny stands up and says, "Before, B-E-F-O-R-E."

"Excellent Johnny, now can you use it in a sentence?"

Little Johnny says, "That's easy. Two plus two be fore."

Sunday, March 25, 2007

Blogger Book အတွက် စာမူများပို့ပေးကြပါ…

စာမူအသစ်တွေ တင်ပေးထားတယ်ဗျ. http://www.mmblogbook2.blogspot.com မှာ ရှိတယ်. အားရင် သွားဖတ်လိုက်ကြဦးနော်. စာရေးကောင်းတဲ့ Blogger တွေရဲ့ စာမူတွေကို စုစည်းဖော်ပြ ပေးထားတာ ဆိုတော့ ဖတ်ရတာ တန်ပါလိမ့်မယ်..

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်လည်း စာမူတွေ ပို့ချင်သပဆိုရင် mmblogbook@gmail.com ကို ပို့ပေးနိုင်ပါတယ်. စာအုပ်ထုတ်ဝေဖို့ အစီအစဉ်က စတင်နေပါပြီ. ပိုက်ဆံတွေလည်း စတင်ကောက်ခံနေပါပြီ. တစ်ယောက်ကို ၃ သောင်းလောက်ထည့်ဝင်စေချင်ပေမယ့် လိုအပ်တဲ့ Amount မရရင်လည်း ပြဿနာ မဟုတ်သေးပါဘူး။ August Deadline မှာ ထွက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ. လိုအပ်တဲ့ ငွေကြေးပမာဏအတွက် ကျွန်တော်တို့ အမာခံ Blogger တစ်ချို့က ကိုယ့်အိတ်ထဲက ခဏစိုက်ပေးထားကြ ပါလိမ့်မယ်။ ကျွန်တော်အပါအ၀င် အမာခံ ၅ ယောက်ရှိပါတယ်။

ကျွန်တော်တို့က publisher ပုံစံမျိုးနေရာကနေ ယူသွားမှာပါ. ဒီတော့ ပိုက်ဆံကိစ္စထက် စာမူကိစ္စကို ပိုပြီး အာရုံစိုက်နေပါတယ်။ ဘယ်သူမဆို ရေးပို့နိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရိုက်နှိပ်မှာ ဖြစ်တဲ့အတွက် ကိုယ့်စာမူကို ကိုယ့်ဘာသာကိုယ်ပဲ အရင်ဆုံး censor ဖြတ်စေချင်ပါတယ်. ပြီးတာနဲ့ ကျွန်တော်ဖော်ပြပေးထားတဲ့ email address ကို ပို့ပေးလိုက်ပါ။

မကြာခင် စာမူရွေးချယ်စိစစ်ရေးကို စတင်တော့မှာ ဖြစ်ပါတယ်။

Saturday, March 24, 2007

ဖုန်ကန်ရာဇီ အလွမ်းပြေ…

စနေ၊ တနင်္ဂနွေ၊ တနင်္လာ… နဲ့ နောက်တစ်ပါတ်ထဲကို ရောက်လာပြန်ပြီ.. အချိန်တွေကလည်း ကုန်လွယ်လိုက်တာဗျာ. ဒါမှမဟုတ် အချိန်တွေကုန်သွားတာကို စောင့်ကြည့်ဖို့ သတိမရနိုင်လောက်အောင်ပဲ ဖြစ်နေခဲ့တာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။

ဒီနေ့မနက်ခင်း အိပ်ယာကနိုးတော့ ကျောင်းရဲ့ email ၀င်စစ်ကြည့်တယ်။ ကျွန်တော်နဲ့ အတူတူပြန်လာမယ့် Professor တစ်ခြားကိစ္စရှိလို့ Conference ကို သွားနိုင်မှာမဟုတ်တဲ့အကြောင်း၊ လိုက်မယ်ဆိုရင်တော့ ဟိုမှာ ညအိပ်မှပဲ အဆင်ပြေမယ်ဆိုတဲ့ အကြောင်း၊ လိုက်မလိုက် အမြန်ဆုံး အကြောင်းပြန်ပေးပါဆိုတဲ့ အကြောင်းဖတ်လိုက်ရတယ်။ အင်းပေါ့လေ. ဘယ်တတ်နိုင်မလဲ။ စိတ်ကို အသာလေး ဒိုင်လျှိုချော့မော့ပြီး “I’m afraid I won’t be able to make it, Professor..” လို့ရိုက်၊ send နှိပ်လိုက်ရတယ်။ ရင်နာနာနဲ့ မေ့ပစ်လိုက်ဆိုတာ ဒါမျိုးနဲ့တူပါတယ်။

သိပ်မကြာပါဘူးဗျာ. ဘော်ဘော်တွေ Online တက်လာကြပါတယ်။ အဲဒါနဲ့ နည်းနည်းလောက် ပွားနေလိုက်သေးတယ်။ သူငယ်ချင်းမလေးတစ်ယောက်က ကချင်လိုသင်ပေးတယ်ဗျ။ စောစောစီးစီးမို့လားမသိပါဘူး။ မှတ်ဥာဏ်ကလည်း ရေရေလည်လည်ကောင်းနေတယ်။ သူသင်ပေးတာတွေကို လိုက်မှတ်လိုက်တာ A4 တစ်ရွက်ခွဲစာတောင် ရလိုက်တယ်။ ကချင်ဇာတ်လမ်းလေးတစ်ပုဒ် ရေးမလို့ နည်းနည်းပါးပါးလောက်ပဲ တတ်အောင်သင်မယ် စိတ်ကူးထားတာ တကယ်ကို စိတ်ပါသွားတယ်ဗျာ…

ကောင်းတော့လည်းကောင်းပါတယ်လေ. Lဆိုင်းဇီလေးကို ကချင်လိုမိတ်ဆက်လို့ရတာပေါ့။ ရေဗက္ကာဝင်းကလည်း ကချင်မလေးပဲမဟုတ်လား။ တတ်ထားတာ အရှုံးမရှိပါဘူး။ နောင်တစ်ချိန် အသုံးချခွင့် ကြုံလာနိုင်တာပဲလေ..

Kaja nga ai i (ကဂျာ ငါ အိုင်အိ) --- နေကောင်းလား
Kaja ai (ကဂျာအိုင်) ---- ကောင်းတယ်
Ngwi pyaw shana rai u ga (ငွီပျော် ရှနာ ရိုင်းအုဂါ) - ကောင်းသောညလေးဖြစ်ပါစေ
Ngai Myanmar kaw nga ai (ငိုင် မြန်မာ ခေါငအိုင်) - ကျွန်တော် မြန်မာပြည်မှာ နေပါတယ်

ကချင်လို ကျွန်တော်၊ငါ ကို Ngai (ငိုင်) လို့ပြောတယ်။ သင် (You) ကိုတော့ Nang (နန်) လို့ပြောတယ်တဲ့။ Ai (အိုင်) ဆိုတာကတော့ “တယ်” လို့ အဓိပ္ပါယ်ရတယ်။ စာကြောင်း အဆုံးသတ် “သည်” လိုမျိုး စကားမှာ ပြောတာပေါ့။ မေးခွန်းမေးရင်တော့ i (အီး) လို့ စာကြောင်း အဆုံးမှာ ထည့်ပြောတတ်တယ်။ ဒါကြောင့် “အီးပေါင်းတစ်ထောင်တတ်ရင် ကချင်စကားတတ်ပြီ” လို့ ပြောကြတာလေ…

ကောင်းတာကိုတော့ Kaja (ကဂျာ) တဲ့။ Very (အရမ်း)ဆိုရင်တော့ Grai (ဂရိုင်) တဲ့ဗျ.
ဒါဆို ကျွန်တော်ရေးပြထားတဲ့ ၀ါကျလေးတွေကို နားလည်ရောပေါ့

ဘာမေးလိုက်တယ်? ချစ်တယ်ကို ဘယ်လိုပြောလဲ ဟုတ်လား။ ထင်ပါတယ်၊ ဒီမေးခွန်းမေးတော့မယ်လို့. ကချင်စကားမသင်ခင်ကတည်းက ချစ်တယ်ဆိုတာကို ရေဗက္ကာဝင်း သီချင်းထဲမှာ ကြားဖူးပြီးသားဗျ. ဘာတဲ့

“နန်ဖဲ့ငိုင် စောရအိုင် … နင့်ကို ငါချစ်တယ်.
ဘိုင်းဝါရစ်ယော… ပြန်လာခဲ့နော်
တတ်အောင် သင်ကွယ် တို့ ဂျိန်းဖောစကား
ကျေးဇူးတင်ပါတယ်.. ကျေးဂျူးကမ္ဘာဆိုင်ရော…” တဲ့ဗျာ.

ခေါင်းလေးကို ဟိုခါသည်ခါ၊ လက်ညှိုးလေးကို ဟိုထိုးသည်ထိုး၊ မျက်လုံးလေးကို ကစားပြီးတော့ ကချင်ဝတ်စုံလေးနဲ့ ဆိုသွားတာ ဘယ်မေ့လိမ့်မလဲဗျာ…

နန်ဖဲ့ (မင်းကို) ငိုင်(ငါ) စောရ (ချစ်) အိုင် (တယ်)

အဲဒါကို နည်းနည်းလေးကွန့်လိုက်မယ်ဗျာ. ကိုယ်မင်းကို အရမ်းအရမ်းကို ချစ်တယ်။ ရေရေလည်လည်ကြွေနေပြီဆိုတာကို ကချင်လိုပြောချင်ရင်

နန်ဖဲ့ငိုင် ဂရိုင်း စောရအိုင်…

ယောင်္ကျားလေးက ဖွင့်ပြောတာဆိုရင်တော့ ဆေးမိထားတဲ့ ပုံစံနဲ့ မျက်လုံးလေးကို တစ်ဝက်လောက်မှေးပြီးပြော…မျက်လုံးလေးတော့ သွားမကစားနဲ့နော်. တစ်ခုခု အမှားအယွင်းတွေဖြစ်သွားရင်တော့ ကိုရန်အောင်ကြီး ဒီလို သင်ပေးလိုက်တယ်လို့ ဘော်လီဘော မပုတ်လိုက်ပါနဲ့. တစ်ခုခုဖြစ်လာရင်လည်း ကျွန်တော်ဘာမှ မတတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့

Ngai nang hte grai tsan ai kaw nga ai
ငိုင် နန် ထဲ့ ဂရိုင်းဆန် အိုင်ခေါ ငါ့အိုင်
ကျွန်တော်က ခင်ဗျားနဲ့ အဝေးကြီးမှာ နေနေရတဲ့ သူမို့ပါဗျာ…


Grai Tsan (အဝေးကြီး)
Ai kaw (မှာ)
Nga ai (နေတယ်)

ကျွန်တော်လည်း ဆက်စဉ်းစားတာပေါ့. မြန်မာမှာ စောရ ဆိုတာ သူခိုးကို ပြောတာ. တကယ်လို့ သူခိုးကြီး ငတက်ပြားသာ ကချင်မလေး အိမ်ကို တက်ခိုးရင် ကချင်မလေးက ”စောရ ငတက်ပြား စောရ ငတက်ပြား” လို့ အော်မှာပဲနော်. ငတက်ပြားကိုချစ်တယ်လို့ ခုနစ်သံချီ ဟစ်နေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် မြန်မာကချင် ချစ်ကြည်ရေး ရာဇ၀င် တွင်သွားနိုင်တယ်.

ကချင်လိုသင်နေရင်းနဲ့ ရီစရာတစ်ခု ဖြစ်သွားသေးတယ်။ စကားလုံးတစ်လုံးတည်းမှာပဲ အသံထွက်မတူရင် အဓိပ္ပါယ်ကွဲသွားတယ်ဆိုတာကို သူကပြောပြပါတယ်။ ဥပမာတဲ့ wa (၀ါ့) လို့ ခပ်ပြတ်ပြတ်ပြောရင် father ကို ပြောတာတဲ့. Wa (၀ါ) လို့ အသံကို ခပ်နှိမ့်နှိမ့် ပြောရင်တော့ pig (၀က်) ကို ပြောတာတဲ့ဗျာ. Wa (၀ါး) လို့ အသံကို နည်းနည်းလေး ရှည်ရှည်လေးပြောလိုက်ရင်တော့ (come - လာသည်) လို့ ဆိုလိုပါသတဲ့ဗျာ..

ကျွန်တော်လည်း နည်းနည်းလောက် ရွှေဥာဏ်တော် စူးရောက်ကြည့်လိုက်တာပေါ့. ဒီစကားလုံးသုံးလုံးကို sentence တစ်ခုလောက်လုပ်ပြီး မှတ်ထားရင်ကောင်းမယ်ဆိုပြီး ဒီလို မေးလိုက်ပါတယ်

“အဖေ့ဝက် ပြန်လာပြီ” ကို ဘယ်လိုပြောမလဲ.

ရီပါတယ်ခင်ဗျာ. အားရပါးရကို ရီပါတယ်။ ပြောရဦးမယ်။ ရီတာကတော့ ဘာသာစကားမရှိဘူးဗျ နော်. အားလုံး တစ်ပုံစံတည်းပဲ ရီကြတယ်။ မကောင်းဆိုးဝါးတောင်မှ ရီရင် Formula ရှိသေးတယ်။

ဝူးထွားဟားလား… ၀ါးထား….. တဲ့
(ငယ်ငယ်တုန်းက အဲလိုမျိုး ရီလိုက်ရင် ကောင်မလေးတွေ လန့်ပြီးပြေးတာပဲ. ခုတော့ အဲလို ရီပြတာတောင်မှ သွားတက်လေးနဲ့ ချစ်စရာလေးလို့ ပြောတဲ့သူက ပြောနေတော့ မခက်ဘူးလားဗျာ. ဒါက စကားချပ်ပါ…)

အဖြေကို သူမ တစ်ချက်စဉ်းစားပြီးတော့ ခုလိုပြောပါတယ်

Wa na wa bai wa ai
ဝါ့ န ၀ါ ဘိုင်း ၀ါး အိုင် တဲ့.

အဲဒီ့မှာ na (န) က “ရဲ့” လို့ အဓိပ္ပါယ်ရပါတယ်တဲ့…

ကျန်တာတွေကိုတော့ ဆက်သင်လိုက်ဦးမယ်။ ထူးထူးဆန်းဆန်းလေးတွေ တွေ့ရင်လည်း ပြန်ပြောမယ်ဗျ သိလား.

ဩော်. သတိပေးဖို့ ကျန်သေးတယ် တစ်ယောက်ယောက်ကများ ကိုယ့်ကို နန်ဖဲ့ငိုင် စောရအိုင်လို့ ပြောရင် Chyeju kabar sai yaw လို့ မပွင့်တပွင့်လေးပြုံးပြီး ပြန်ပြောဖို့ မမေ့နဲ့နော်..

ဗျာ..
ဟုတ်ကဲ့
ကျေးဇူးကမ္ဘာဆိုင်ရော ပါခင်ဗျာ….



ဒါလေးကိုလည်း ကြည့်လိုက်ပါဦးနော်..



ဒါကတော့ ကချင်ရိုးရာ အကလေးတွေပါ.. ကြည့်လို့ကောင်းတယ်ဗျ…
Model ကောင်မလေးနာမည်က Yup Seng Ing တဲ့. ချစ်စရာလေးပဲ. တိုင်းရင်းသူတိုင်းရင်းသားများကို ချစ်မြတ်နိုးတတ်အောင် လေ့ကျင့်သင်ယူနေတာပါဗျာ. တစ်လွဲမတွေးပါနဲ့




Friday, March 23, 2007

မော်ဒန်ဒိုင်ယာရီ…


ဒီနေ့စာမေးပွဲဖြေပြီးတော့ ညနေခင်းက ခဏလေးနားလိုက်တယ်။ ထမင်းတစ်ပန်းကန်ကို ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ၅ နာရီလောက်ကစပြီး စာမူတွေကို Blog ပေါ်မှာတင်ပေး၊ edit နည်းနည်းပါးပါးလုပ်နဲ့ အချိန်တော်တော်ကုန်သွားလိုက်တယ်။ စာမူတစ်ချို့ကို volunteer တွေက ပို့တော့ပို့ထားပါရဲ့၊ ဒါပေမယ့် ဘလော့ခ်ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် ရမရဆိုတာ မပြောထားဘူး။ အဲဒါနဲ့ post တစ်ချို့ကို Draft အနေနဲ့ပဲ သိမ်းထားလိုက်ရသေးတယ်။ စာအုပ်ထုတ်ဖို့ကိစ္စကတော့ တော်တော်လေးကို နီးစပ်လာပါပြီ…

ပြီးတော့ NHL Game ဆော့တယ်။ Hockey ရိုက်ရတာ တော်တော်အရသာရှိတာပဲ။ အပူပိုင်းဒေသက လာတဲ့မြန်မာပြည်သား ပီသပါပေတယ်လို့တောင် ကိုယ့်ကိုယ်ကို တွေးမိလိုက်သေးတယ်. ၂ ပွဲနိုင်ပြီး ၁ ပွဲရှုံးတယ်။ Toronto ကို ရှုံးသွားတာ။ ဒီကောင်တွေက Hockey မှာ ဆရာကြီးတွေပဲ။ Medium အဆင့်နဲ့မို့ နည်းနည်း အသက်ရှုချောင်သေးတယ်။ Hard အဆင့်သာဆိုရင်တော့ ရေရေလည်လည် ကွဲမှာပဲဗျ။


၃ ပွဲလောက်ဆော့ပြီးတော့ ဖိုရမ်ထဲဝင်ကြည့်တယ်။ ဘာမှ ထူးထူးခြားခြား message မတွေ့ရဘူး။ ကိုစိုးဇေယျကြီးကတော့ ခရီးထွက်သွားတယ်လို့ ညက Email ပို့တယ်။ သူငယ်ချင်းတွေရဲ့ Blog တွေကို ၀င်ဖတ်ကြည့်၊ Hi Hi လုပ်လိုက်သေးတယ်။ ကိုဝေယံလင်းနဲ့ ကိုကျော်ဇေယျတို့က mmblogbook2 ကို eot လုပ်ထားပေးတာတွေ့ရတယ်။ ဂွတ်ထ. ဂွတ်ထ..

သူငယ်ချင်းက ဘောလုံးကန်ဖို့လာအဖော်ညှိတာနဲ့ လိုက်သွားလိုက်သေးတယ်။ ဟိုရောက်တော့ အားကစားရုံထဲမှာ ပြေးခုန်ပစ်အဖွဲ့တွေ ပြိုင်ပွဲလုပ်နေတာနဲ့ သွားကြုံရတယ်။ ဒီနေ့ ကျွန်တော်တို့ Fraternity နဲ့ တစ်ခြား Fraternity ဘောလုံးကန်ရမှာလေ. Schedule ဆွဲတာ ညံ့တဲ့ ကျွန်တော်တို့ရဲ့ Soccer Coach ကြီးကိုသာ စိတ်ထဲကပဲ အားရပါးရ ကွိစိကွစလုပ်ပစ်လိုက်တယ်ဗျာ..

ပြန်လာတော့ မိုးနည်းနည်းကျလာတာနဲ့ ခပ်သွက်သွက်လေး ပြေးလာခဲ့ရတယ်။ အိမ်ခန်းထဲရောက်ပြီး ၁၅ မိနစ်လောက်နေတော့ အိုးမိုင်ဂေါ့…
ဂျိန်းတက်တက်ဂျိန်းဆိုသလို မိုးကြိုးတွေလင်းလက်၊ ကောင်းကင် အဇဋ္ဋာ တစ်ခုလုံးမည်းမည်းမှောင်ပြီး ထစ်ချုန်းမိုးတွေ ရွာချလာပါတော့တယ်ဗျာ…
ဘယ်နှာ့ကြီးပါလိမ့်၊ ဆောင်းကုန်ပြီး နွေကူးခါနီးလေးမှာ မိုးတွေဘာတွေ ရွာချလို့ပါလား…
ဟိုတလောက မြန်မာပြည်မှာ နေကြတ်သွားတယ်လေ။ အမိမြန်မာပြည်ကြီး စနေဂြိုဟ်က လွတ်ပြီဆိုပြီး နာမည်ကျော် ဝေဒပညာရှင်ကြီးက ဟောကိန်းထုတ်သွားတာကို သတိရလိုက်မိတယ်။

အင်း… ဒီမိုးရွာတာကတော့ ရွှေပြည်တော်ကြီး အေးချမ်းတော့မယ့် နိမိတ်ပဲ. လောလောဆယ် အရမ်းကို သည်းလာတာကတော့ ငါ့အတွက် တစ်ရေးတစ်မောအိပ်ဖို့ ခွင်ပဲလို့ ပိုင်ပိုင်နိုင်နိုင် သုံးသပ်ပြီးသကာလ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂမုန်းပွင့်က ၀ယ်ခဲ့တဲ့ ဂွမ်းစောင်အနီရောင်ကြီးထဲကို တိုးဝင်ပြီး ကမ္ဘာလောကကြီးကို ခေတ္တ ဘိုင့်ဘိုင့်လုပ်လိုက်ပါတယ်။

ဩော်. သူငယ်ချင်းလေးတစ်ယောက်ရဲ့ Blog က သူမ တင်ထားပါတဲ့ဆိုတဲ့ သီချင်းအသစ်လေးကိုတော့ Download လုပ်ပြီး Windows Media Player နဲ့ Repeat လုပ်ထားလိုက်သေးတယ်။ အိပ်မက်ထဲမှာတော့ ကျွန်တော်က ရွှေမင်းသားပေါ့ဗျာ…

ပြန်နိုးလာတဲ့အချိန်မှာ ပထမဦးဆုံး သတိပြုမိတာကတော့ ကျွန်တော့် မျက်လုံး ၂ လုံးလုံး ပွင့်နေတယ်ဗျာ.. အိပ်ယာပေါ်ကထလိုက်တော့ စောင်ကလည်း အောက်ကိုကွာကျသွားတယ်။ အင်း. ဒါဆိုရင်တော့ ခါတိုင်းလိုပါပဲလေလို့ အားပြန်ရှိသွားတယ်။ ဒီကိုရောက်ခါစက အိပ်ယာနိုးရင် ကိုယ်ဘယ်ကို ရောက်လို့ရောက်နေမှန်းကို မသိဘူး။ ခါတိုင်းလိုပဲ အခန်းအပြင်ကို ထွက်လိုက်တာနဲ့ “ကာလနဂါးလေး နိုးလာပြီလား..” လို့ ပြုံးတုံးတုံးနဲ့ မေးလာမယ့် အမေ့မျက်နှာကို သွားမြင်မိတယ်။
ခုတော့ အပြင်မှာ…
အခန်းရဲ့ အပြင်မှာ…
ကျွန်တော့်ရဲ့ အခန်းလေးရဲ့ အပြင်ဘက်မှာ…ဘယ်သူမှ မရှိကြပါလားဗျာ…

အင်း. မဖြစ်သေးပါဘူးလေ.. စိတ်ကို ဂီယာနည်းနည်း ပြန်တင်ဦးမှပဲ. မျက်နှာသစ်၊ ရေတစ်ခွက်ကို အားရပါးရသောက်ပစ်လိုက်ပြီးတော့ ကျောင်း email ကို ၀င်စစ်ကြည့်တယ်။ Math Professor က reminder message ပို့ထားတာကို တွေ့လိုက်ရတယ်။ ကိုယ့်ကိုယ်ကိုလည်း မမေ့အောင် စာရွက်ပေါ်ချရေးထားလိုက်ရတယ်။ ကျွန်တော် မနက်ဖြန် Indianapolis ကို Math Conference တက်ဖို့သွားရမယ်ဗျ. သိပ်တော့လည်း အထင်ကြီးမနေနဲ့ဦး။ ဟိုလျှောက်သွား၊ ဒီလျှောက်သွား၊ ဟိုလျှောက်ပြော၊ ဒီလျှောက်ပြောပြီးရင် Lunch ကို Free အုပ်မှာဗျ. အစကတော့ အဲဒီ့မှာ ညအိပ်မလို့ပဲ။ ဒါပေမယ့် စနေနေ့ နေ့လည်ခင်း ကျောင်းမှာ နေ့လည်စာစားပွဲတစ်ခုကို တက်ရဦးမှာဆိုတော့ ဟိုတယ်မှာ ညအိပ်ဖို့ အခွင့်အလမ်းလေးကို ရင်နာနာနဲ့ မေ့ပစ်လိုက်ရတော့တယ်ဗျာ..မနှစ်ကလည်း ကျွန်တော်တစ်ခါသွားဖူးတယ်ဗျ. ညဘက်အိပ်တဲ့ ဟိုတယ်မှာ ပြည်နယ်တစ်ခုလုံးက ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဖွဲ့ စကားပြောရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေရော အားလုံးခင်ဖို့ကောင်းတယ်။ Asian ကောင်မလေးတွေဆိုရင် ကျွန်တော်တို့လို့ Asian Type လေးတွေကို မြင်တာနဲ့ မျက်လုံးလေးက ခပ်မြန်မြန်လေး scan ဖတ်သွားတာမျိုးရှိသေး။ မခို့တရို့လေးနဲ့ ရှိုးသွားတဲ့ အကြည့်လေးတွေက နယူတန်ရဲ့ ဥပဒေသ ၃ ချက်ကိုတောင် မေ့သွားစေနိုင်တယ်. ပြောရင်းနဲ့ကို ရင်တွေခုန်လာပြီဗျာ… အဝေရာလေးတစ်လုံးလောက် ငုံလိုက်ဦးမှပဲ..

ဓာတ်ပုံတွေ ရရင်ရိုက်ခဲ့မယ်. တင်တော့ မတင်ပေးသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပုဗ္ဗေစအခြေမလှသူမို့ပါဗျာ..တစ်ပုံလောက်တော့ တင်ပေးကြည့်မယ်. တော်ကြာ ဘကြီးအောင်ညာတယ်လို့ ပြောနေကြမှာစိုးလို့(ညက မင်းအောင် သီချင်းနားထောင်တာ နည်းနည်းများသွားတယ်…ဟဲဟဲ) ဘကြီးအောင်ဆိုတဲ့နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ရဲ့ last name ကို ယူထားသေးတယ်ဗျာ. မမိုက်ပါဘူး…

တစ်ခါတစ်လေတော့လည်း ခုလိုမျိုး Daily Activities ကို ပေါက်တတ်ကရ ရေးလိုက်ရတာ အရသာရှိသဗျ…

ကဲ..ကဲ. အားလုံးကို Good night ဗျာ…

သတင်းထူးတစ်ခု…




ဒီသတင်းကိုဖတ်လိုက်ရတာ အိပ်ချင်နေတဲ့ မျက်စိတွေတောင် ပြူးထွက်သွားတယ်. တစ်ခါမှ မကြားဖူးဘူးဗျာ. တော်တော်ခံစားရရှာမှာပဲလို့ ကိုယ်ချင်းစာဖို့တောင် တော်တော်စဉ်းစားယူရလိမ့်မယ်…

Thursday, March 22, 2007

စိတ်ကူးယဉ်အိပ်မက်

မျက်စိကို မှိတ်လိုက်တယ်
တစ်စုံတစ်ရာ ငါ့ဆီကို ရွေ့လာနေတာကို ခံစားမိတယ်
မျက်စိကို ဖွင့်ပြီးကြည့်လိုက်ချင်တယ်.
ဖွင့်ကြည့်မိမှ တကယ်မရှိတာဖြစ်နေမှာကိုလည်း ငါစိုးရိမ်နေမိတယ်.
ခံစားချက်ကို ထိန်းချုပ်ပြီး ဖြစ်ပေါ်လာတဲ့ ရင်ခုန်သံကို စောင့်ကြည့်နေလိုက်တယ်.
အတွေးထဲမှာ ပျောက်သွားတယ်
ဟာ. မလုပ်လိုက်ပါနဲ့ကွာ
လျှပ်စီးလက်တာထက်မြန်မယ့် အရှိန်အဟုန်မျိုးနဲ့ ငါ့ရဲ့ မျက်ခွံ နှစ်ခု ဝေးကွာသွားခဲ့တယ်
အပြင်မှာလည်း ဘာမှ မရှိပါလား..

Wednesday, March 21, 2007

Blog စာအုပ်ထုတ်ဝေရေးအတွက် Game Plan!


ကျွန်တော် Gtalk မှာ ကိုစိုးဇေယျ၊ ကိုဇင်ကိုလတ်၊ ကိုဝိုင်ချို (ကိုကျော်ဇေယျ) တို့နဲ့ စာအုပ်ကိစ္စကို ဆွေးနွေးဖြစ်ခဲ့ပါတယ်. ဒါကတော့ ကျွန်တော့်ရဲ့ idea တစ်ချို့ပါ.
Volunteer များအနေနဲ့ ပြည်တွင်းကလား၊ ပြည်ပကလားဆိုတာကို ကျွန်တော့်ကို အသိပေးစေချင်ပါတယ်. ဒါမှ အလုပ်လုပ်ရတာ ပိုလက်တွေ့ကျမှာမို့ပါ...

Group 3 ခုဖွဲ့ပါမယ်.

1. Local Group
2. Global Group
3. Campaign Group

Local Group

1. Ko Soezeya
2. Ko SaturnGod
3. MYTH59
4. Whoever wants to join...

Global Group

1. Ko Zin Ko Latt
2. Ko Wine Cho (Kyawzayya)
3. Ko Myo Chau Htun
4. Ko Myat Min Han
5. Ko Wai Yan Lin
6. Yan Aung
7. Whoever wants to join...

Campaign Group

1. Nyalay
2. Ko Shwe Mann
3. ACE
4. All members from both Local and Global Group
5. Whoever wants to join...

Responsibilities (တာဝန်ဝတ္တရားများ)

1. Local Group

- ရန်ပုံငွေ ကောက်ခံရေးနှင့်ထိန်းသိမ်းရေး
- စာမူစိစစ်ရွေးချယ်ရေး
- စာအုပ်ထုတ်ဝေရေးနှင့် ဆင်ဆာကိစ္စ

2. Global Group

- ရန်ပုံငွေ ကောက်ခံရေး၊ ထိန်းသိမ်းရေးနှင့် ပြည်တွင်းသို့ အခက်အခဲမရှိ ငွေလွှဲနိုင်ရေး
- စာမူစိစစ်ရွေးချယ်ရေး

3. Campaign Group

- Local and Global Bloggers တွေရဲ့ Blog တွေကို လိုက်ကြော်ငြာရေး
- ကိုယ်နဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင်မှာ Seminars/Advertisements လုပ်ရင်း လူသိများအောင် ကြော်ငြာရေး
- စာရေးကောင်းသူ Blogger များကို စည်းရုံးနိုင်ရေး


Communication (Group များ အကြား ဆက်သွယ်မှု)


Group ကို ၃ ခုခွဲထားရတာက ကိုယ့်ရဲ့ လုပ်နိုင်မယ့် အတိုင်းအတာနဲ့ အင်အားပေါ် မူတည်ပြီး လက်တွေ့ဆန်ဆန် စဉ်းစားပေးထားတာပါ. တာဝန်တွေကို လိုသလို ထပ်ဖြည့်သွားပါမယ်. member တို့က အကြံဥာဏ်ဝိုင်းပေးကြပါ. ကျွန်တော် update အမြဲ လုပ်ပေးသွားပါမယ်. တစ်ခုခုကို လုပ်ချင်ရင် စလုပ်လိုက်တာ အကောင်းဆုံးမို့ ကျွန်တော် စလုပ်ပေးလိုက်ပါပြီလို့သာ မှတ်ယူပေးစေချင်ပါတယ်.

အချက်အလက်တွေ၊ Communication System တွေကို ပိုပိုကောင်းလာအောင် ၀ိုင်းဝန်းစဉ်းစားဖို့လိုပါတယ်.
ဘယ်သူမဆို ၀င်ရောက်ဆွေးနွေးပေးစေလိုပါတယ်.

ကျွန်တော်တို့ Group 3 ခုလုံးက တစ်ခုနဲ့ တစ်ခု အတူတူလက်တွဲပြီးလုပ်သွားကြမှာပါ.
စာမူရွေးချယ်ဖို့ကိစ္စကို ကျွန်တော် နောက်တစ်ခေါက်ထပ်ဆွေးနွေးပါမယ်.

ဒါက အကြမ်းဖျင်း Data ပါ. ၀ိုင်းဝန်းဝေဖန်အကြံပြုပေးကြပါ...

Manuscripts (စာမူကိစ္စ)

၁. စာအုပ်ကို ၆ သိန်းနဲ့ ၈ သိန်းဝန်းကျင် ကုန်ကျမယ် ခန့်မှန်းပါတယ်
၂. တစ်ယောက်ကို ၃ သောင်း အချိုးကျထည့်ဝင်ရမယ်ဆိုရင် ကျွန်တော်တို့ Blogger ၂၀ ကနေ ၂၇ ယောက်ထိလိုပါတယ်.
၃. စာအုပ်ကို စာမျက်နှာ ၁၆၀ ပါချင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းပါတယ်.
၎. အဲဒီ့အတိုင်းဆိုရင် Blogger တစ်ယောက်ကို ၆ မျက်နှာကနေ ၈ မျက်နှာ အကြမ်းဖျင်းရပါမယ်.
(နိုင်ငံရေးဦးတည်ချက်တွေ ဘာညာသာရကာတွေအတွက်တော့ ၄~၅ မျက်နှာပေးရပါမယ်...)


Reality (လက်တွေ့ အခြေအနေများ)

၁. Blogger တစ်ချို့က ကိုယ့်ရဲ့ စာမူကို ထည့်ဖို့၊ ရေးဖို့ တုံ့နှေး၊ မ၀ံ့မရဲ ဖြစ်နေကြတယ်.
၂. တစ်ချို့ကတော့ ကိုယ့်စာမူလေးတော့ပါချင်တယ်၊ ဖြစ်မှဖြစ်ပါ့မလား. ဆိုတဲ့ အခြေအနေမှာ ရှိနေပါတယ်
၃. တစ်ချို့ကတော့ တကယ်ကို စိတ်မ၀င်စားတာပါ.

Limitations (အကန့်အသတ် အတားအဆီးများ)

ကျွန်တော် Backward Thinking လုပ်ပြချင်ပါတယ်.

၁. ကျွန်တော်တို့ စာအုပ်ထုတ်ဝေနိုင်ဖို့အတွက် ပိုက်ဆံလိုပါတယ်
၂. ပိုက်ဆံရဖို့အတွက် Blogger တွေရဲ့ support နဲ့ interest လိုပါတယ်
၃. အဲဒီ့ support နဲ့ interest ရဖို့အတွက် ကျွန်တော်တို့ဘက်က ဖြစ်န်ုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကို ပေးဖို့လိုပါတယ်၊ ခင်ဗျားတို့ ရေးန်ုင်ပါတယ် ဆိုတဲ့ အားပေးမှုကိုလည်း လိုအပ်ပါတယ်
၎. အဲလိုပေးန်ုင်ဖို့အတွက် ကျွန်တော်တို့မှာ သတင်းပြန်ကြားရေးလို့ ခေါ်ရမယ့် စာမူလက်ခံမယ့် Blog လိုပါတယ်. (Create လုပ်ပြီးပါပြီ. စာမူတွေတော့ သိပ်မတင်ရသေးပါ.)
၅. အဲဒီ့ Blog ကို လူသိများအောင် Campaign Group က လုပ်ရပါမယ်. တစ်ခြား member တွေကလည်း individually လုပ်နိုင်ပါတယ်
၆.စာမူ Blog ကို ၀င်လာကြည့်တဲ့ Blogger တွေ ချက်ချင်းစိတ်ဝင်စားသွားအောင် ကျွန်တော်တို့ဘက်က တစ်စုံတစ်ရာကို အကောင်အထည်ဖော်ပြနိုင်ထားဖို့လိုပါတယ်. (ဒီကိစ္စက ကျယ်ပြန့်ပါတယ်. အသေးစိတ် ထပ်ဆွေးနွေးဖို့လိုပါတယ်)
၇. ဒီလို ဆွဲဆောင်နိုင်ဖို့အတွက် စာမူတွေလိုပါတယ်.

Conclusion:(အနှစ်ချုပ်)

၁. ဒါကြောင့်မို့ ကျွန်တော်တို့ စာမူရွေးချယ်တဲ့ အပိုင်းကို မသွားခင် စာမူရဖို့ အပိုင်းကို အရင် ဦးတည်ပြီး တစ်ချိန်တည်းမှာပဲ Blogger များများပါဝင်လာအောင် ကြိုးစားပါမယ်
၂. အဲလို တစ်ပြိုင်တည်း ကြိုးစားနေစဉ်မှာပဲ Blog ပေါ်မှာတင်ထားတဲ့ စာမူတွေကို ၀ိုင်းဝန်းအကဲဖြတ် ရွေးချယ်ကြပါမယ်. လူများများ ၀င်ဖတ်လေ. အကြံဥာဏ်ပိုပြည့်စုံလေဖြစ်ပြီး အကြံပေးတဲ့သူတွေလည်း ကျွန်တော်တို့ရဲ့ စာအုပ်ထုတ်ဝေရေး အစီအစဉ်မှာ စိတ်ဝင်စားလာပါလိမ့်မယ်.
၃. စိတ်ဝင်စားပြီး ပါဝင်ဖို့ ကမ်းလှမ်းလာသူများကို Locally/Globally ပိုက်ဆံကောက်ပါမယ်.


Brainstorming (၀ိုင်းဝန်း အကြံပြုစဉ်းစားရန်)

၁. Blog စာအုပ်အတွက် ပိုက်ဆံထည့်တဲ့သူပဲ စာမူထည့်သင့်ပါသလား
ပိုက်ဆံမထည့်သူတွေကရော စာမူထည့်နိုင်လား။
ဘယ်လို ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ.
ဘယ်ဟာက ပိုပြီး လက်တွေ့ဆန်မလဲ.
Win-Win Situation က ဘာဖြစ်မလဲ.

၂. စာမျက်နှာ ဘယ်လောက်ပါဝင်သင့်သလဲ

၃. ဘယ်လို Categories တွေကို ဘယ်လိုစံနှုန်းတွေနဲ့ လက်ခံရွေးချယ်မလဲ.


မှတ်ချက်
=====
ဒါက အကြမ်းဖျင်း Game Plan ပါ. ထပ်ပြောပါရစေ. မပြည့်စုံသေးပါဘူး. ကျွန်တော်တို့ ၀ိုင်းဝန်းစဉ်းစားဖို့လိုပါတယ်.
ဒါပေမယ့် စဉ်းစားနေတဲ့ အချိန်မှာပဲ စာမူတွေကို လက်ခံရရှိနိုင်ဖို့ လိုပါတယ်. အချိန်ဖြုန်းရာ မရောက်အောင်လို့ပါ.
ဒီတော့ ကိုယ်ရေးပြီးသားပဲဖြစ်ဖြစ်၊ ခုမှ စရေးမှာပဲဖြစ်ဖြစ် ရေးဖြစ်အောင်ရေးကြပါလို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်..

ဟုတ်ကဲ့. ဘာရေးရမှာလဲ.
လောလောဆယ် ကိုယ်တကယ် Feel လာတာကိုသာ ရေးပါ. ကျွန်တော်တို့ စာမူကို ပရိသတ်နဲ့ပဲ ရွေးမှာပါ. ကျွန်တော်တို့ မရွေးပါဘူး။ ဒီစာမူ ပါသင့်မပါသင့်ကို Feedback ပေါ်မူတည်ပြီး ရွေးသွားမှာပါ. ကျွန်တော်လည်း ကြိုးစားရေးနေပါတယ်. Technology ပိုင်းနဲ့ ပတ်သက်လို့ တစ်ချို့ member တွေ ရေးပြီးသားရှိရင် သွားပြီးတင်ပေးစေချင်ပါတယ်.
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရောင်းကောင်းချင်ရင် ဆိုင်ကိုလည်းလှအောင်ပြင်ရမှာမို့ပါ. မူပိုင်းကို ပိုကောင်းသည်ထက်ကောင်းအောင် ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးစားသွားပါမယ်. ဆိုင်လေးလှအောင်တော့ အားလုံး ၀ိုင်းကူပေးကြပါလို့ ကျွန်တော် နှိုးဆော်လိုက်ရပါတယ် ခင်ဗျား...
ဒါမှလည်း ကျွန်တော်တို့ ရှေ့ဆက်လုပ်ဖို့ အားအင်တွေ ပိုရလာမှာပေါ့ဗျာ မဟုတ်ဘူးလား..

ဒီစာအုပ်ကလည်း အမြတ်ကြေးငွေအတွက် တစ်စွန်းတစ်စမှ မပါပါဘူး။ လူငယ်တွေအတွက် လူငယ်တွေက ပေးတဲ့ ပညာအလင်းတန်းလေး တစ်ခုပါ.

ကွန်ဖြူးရှပ်ပြောသလိုပဲ.

မှောင်လှချည့်လားလို့ စောဒကတက် ငြီးငြူနေမယ့်အစား သင်ကိုယ်တိုင် မီးအိမ်လေးထွန်းပေးလိုက်ပါလား... တဲ့.

ဟုတ်ကဲ့ ဒီ ဘလော့ခ်စာအုပ်လေးဟာ ကျွန်တော်တို့လူငယ်တွေက ထွန်းညှိပေးလိုက်မယ့် ဖန်မီးအိမ်လေးတစ်လုံးပါပဲ..


Volunteer အသစ်များကိုလည်း တံခါးဖွင့်ကြိုဆိုနေလျက်ပါ. ကျွန်တော်တို့ Blogger တွေက ညီရင်းအစ်ကို မောင်ရင်းနှမတွေလိုပဲ ဆက်ဆံရေး နွေးထွေးပါတယ်...

ဒါကတော့ လက်ရှိ ကျွန်တော်တို့ရဲ့ စာမူတွေကို လက်ခံဖော်ပြပေးမယ့် Blog လေးပါ.
ဟုတ်တယ်. သိပ်ရောင်းအားမကောင်းသေးဘူး. member တို့က ၀ိုင်းကူမှာကို မျှော်လင့်နေရှာတယ်ဗျာ...

http://mmblogbook2.blogspot.com/


အားလုံးကို ကျေးဇူးတင်ပါတယ်.

Tuesday, March 20, 2007

ကျွန်တော် ဖတ်မိသောဟာသတစ်ချို့

ဒါကတော့ ဖိုရမ်မှာ ကိုမျက်လုံးလေးရေးထားတဲ့ ဟာသလေးတွေပါ.

စိတ်ရောဂါကု ဆေးရုံတစ်ခု. . .
------------------

လူနာ "ဆရာ၊ ဆရာ၊ ကျွန်တော့်အခန်းထဲက ကောင် ရေဇလုံထဲနှစ်ပြီး သူ့ကိုယ်သူ သေကြောင်းကြံလို့ပါ"

ဆရာဝန် "ဟေ၊ ဒါဆိုအခုသွားမှ"

လူနာ "မပူပါနဲ့ဆရာ၊ ကျွန်တော်သူ့ကို ကယ်လိုက်ပါပြီ"

ဆရာဝန် "ဟုတ်လား။ မင်း တော်တော်နေကောင်းလာပြီပဲ၊ ဒီအတိုင်းဆို ဆေးရုံကဆင်းဖို့ သိပ်မလိုတော့ဘူး၊ အခုဟိုကောင် ဘယ့်နှယ်နေသေးလဲ"

လူနာ "ကျွန်တော် သူ့ကိုယ်ပေါ်က ရေတွေစစ်သွားအောင် လည်ပင်းမှာ ကြိုးနဲ့ချည်ပြီး မျက်နှာကျက် ပန်ကာမှာ ချိတ်ခဲ့တယ်ဆရာ"



Question
--------

"ကလင် ကလင် ကလင်"

"ညကြီး အချိန်မတော်ဘယ်သူလဲဗျာ"

"ဒေါက်တာ၊ ကူညီပါဦး၊ ကျွန်မသားလေး ခဲဖျက်မျိုချလိုက်လို့"

"ဟင်၊ ခင်ဗျားအခုဘာလုပ်နေလဲ"

"ကျွန်မ Correction Pen နဲ့ဖျက်နေရတာပေါ့ဆရာ"

ဒါကတော့ ဖိုရမ်မှာပဲ ညလေးရေးထားတဲ့ ဟာသလေးတစ်ပုဒ်ပါ.

ကောင်လေး - ငါ့ကိုယုံပါကွာ၊ မင်းဟာ ကမ္ဘာပေါ်မှာ ဒုတိယ စိတ်အချမ်းသာဆုံးသူဖြစ်ရမယ်လို့ ငါအာမခံပါတယ်...

ကောင်မလေး - ဘာလို့ ပထမ မဟုတ်တာလဲဟင်...

ကောင်လေး - မင်းရှိနေရင် ကမ္ဘာပေါ်မှာ ပထမစိတ်အချမ်းသာဆုံးသူဟာ ငါမို့လို့ပါကွာ...

မပြေသောအလွမ်း


မပြေသောအလွမ်း
=========


ရွက်ဝါကြွေ နွေအကူး
လေရူးပွေ လတန်ခူးမှာ
ပွင့်ဖူးလာ ပိတောက်ဦးတွေနဲ့
ပျော်မြူးလာ အတာသင်္ကြန်ပွဲ
မြန်ပြည်မှာ တူစုံတွဲ
နွှဲချင်သကွဲ့လေး။

တွေး၍သာမျှော်
ဆွေးလျက်ပါနော်
တို့တတွေမှာ ပြည်ကျော်လှမ်းသည်မို့
ဆွေးမပြေသာ ခွေယိုင်နွမ်းတော့တယ်
ခိုင်ရွှေဝါ ပိတောက်ပန်းရယ်
လွမ်းရချည်သေး။ ။


ရန်နိုင်ထွန်း


သူငယ်ချင်းတစ်ယောက်က email နဲ့ ပို့ပေးလိုက်တာကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ. ကျွန်တော့်သူငယ်ချင်းနာမည်က ကျွန်တော်နဲ့ တော်တော်တူတယ်ဗျ. ကိုရန်မင်းအောင်တဲ့…
မိတ်ဆက်ချင်ရင်ပြောနော့…

ကြားဖူးနားဝ နိုင်ငံတကာ ဟာသများ…


ရိုက်စစ်စရာတောင်မလိုဘူး…
==============

လူတစ်ယောက်ဟာ ကားမောင်းနေစဉ်မှာ သူ့နောက်က ရဲကားလိုက်လာတာနဲ့ ရပ်ပေးလိုက်ရတယ်. ပြတင်းပေါက်မှန်ကိုချပြီးတော့ ကားမောင်းသူက ရဲကိုပြန်မေးတာပေါ့.

ကားမောင်းသူ။ “ဘာများပြဿနာရှိလို့လဲ ဆရာ”

ရဲအရာရှိ။ “No. No. ဘာမှ ပြဿနာမရှိပါဘူး. ခင်ဗျားကားမောင်းသွားတာ အရမ်းကိုကောင်းမွန်ပါတယ်. ဒါကြောင့်မို့ Safe Driver Award အနေနဲ့ $ 5000 ဆုချမလို့ပါ. ချီးကျူးပါတယ်ဗျာ. ဒါနဲ့ ဒီဆုကြေးငွေကို ခင်ဗျားဘာလုပ်မယ် စိတ်ကူးထားလဲဗျ.

ကားမောင်းသူက ခဏလောက်စဉ်းစားပြီးတော့

“အင်း. ကားလိုင်စင် သွားလျှောက်မယ်လို့ စဉ်းစားထားပါတယ်..”

အဲဒီ့အချိန်မှာပဲ ကားနောက်ခန်းမှာ ထိုင်နေတဲ့ အမျိုးသမီးက ရဲအရာရှိကို အော်ပြောသတဲ့။

“ဆရာ. သူပြောတာတွေကို အရေးစိုက်မနေပါနဲ့. သူကမူးရင်အဲလိုပဲ ပေါက်ကရလေးဆယ် လျှောက်ပြောတတ်တယ်..”

အဲလိုပြောနေစဉ်မှာပဲ နောက်ခန်းမှာထိုင်နေတဲ့ နောက်ထပ် ယောင်္ကျားတစ်ယောက်က လှမ်းပြောသတဲ့။
“ငါ မင်းတို့ကို ပြောသားပဲ. ခိုးလာတဲ့ကားကိုမောင်းရင် ဒီလောက်ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူးလို့”

အဲလိုချီတုံချတုံပြောနေစဉ်မှာပဲ ကားနောက်ခန်းအံဝှက်ထဲကနေ အသံခပ်အုပ်အုပ်ထွက်လာသတဲ့။

“ပော့ ငါတို့ နယ်စပ်ကို ကျော်ပြီးသွားပြီလား..”

****************************************

ရွှေဥာဏ်တော်စူးရောက်လိုက်ပုံက…
===================

ဗိုက်ကြီးသည် အမျိုးသမီးတစ်ယောက်ဟာ Coma လို့ခေါ်တဲ့ရောဂါကြောင့် ၆ လလောက် မေ့မျောနေခဲ့ပါတယ်. သူမပြန်လည်သတိရလာတဲ့အချိန်မှာ သူမဟာ ကလေးမွေးပြီးသွားပြီဆိုတာကို သိလိုက်ရတယ်.

စိတ်အရမ်းပူပန်သွားပြီးတော့ သူမကလေးအကြောင်းကို ဆရာဝန်ကို မေးသတဲ့.

ဆရာဝန်။ ။ “စိတ်မပူပါနဲ့ အန်တီရယ်။ အန်တီက ယောင်္ကျားလေးနဲ့ မိန်းကလေး အမြွှာပူးလေးမွေးတာဗျ. ကလေးတွေအားလုံး နေကောင်းကြပါတယ်. အန်တီ့ရဲ့ အစ်ကိုလာပြီး နာမည်တွေဘာတွေတောင် ပေးသွားသေးတယ်ဗျ.

အမျိုးသမီး။ ။ “ဘာပြောတယ်. ကျွန်မ အစ်ကိုလာသွားပြီး နာမည်ပေးသွားတယ်ဟုတ်လား. သွားပါပြီရှင်. သူက နလပိန်းတုံးရှင့် ဒါနဲ့ မိန်းကလေးကို ဘယ်လို နာမည်ပေးသွားလဲ.”

ဆရာဝန်။ ။ “Denise လို့ နာမည်ပေးသွားပါတယ်”

အမျိုးသမီး။ ။ “မဆိုးပါဘူး. ဒီတစ်ခါတော့ ကျွန်မထင်တာ မှားသွားပြီ။ ဒီနာမည်လေးကို ကျွန်မ ကြိုက်တယ်. ယောင်္ကျားလေးကိုရော ဘာနာမည်ပေးသွားလဲရှင်…”

ဆရာဝန်။ ။ “Denephew လို့ပေးသွားပါတယ်ခင်ဗျာ…”

Monday, March 19, 2007

သင်္ကြန်စာ

ဒီနှစ်အတွက် သင်္ကြန်စာပါ. စင်ကာပူမှာနေတဲ့ ကျွန်တော့် မွေးစားညီမလေးက မနေ့ညကပဲ ပို့လိုက်တာပါ…
ခံစားကြည့်လိုက်ကြပါဦး…

သင်္ကြန်စာ

စောင်လေးတစ်ပိုင်းကပေးတဲ့ သံဝေဂ


တစ်ခါတုန်းက ဂျပန်ပြည်မှာပေါ့လေ ထုံးစံတစ်ခုရှိတယ်တဲ့.
အသက်ကြီးလာတဲ့ အဘိုးကြီး အဘွားကြီးတွေကို တောထဲက ဂူတစ်ဂူထဲမှာ သွားထားရသတဲ့ဗျာ. ဆင်းရဲလို့ ပါးစပ်အပိုတစ်ပေါက်ကို မကျွေးနိုင်တဲ့ သဘောပေါ့ဗျာ..

အဲ. ရွာတစ်ရွာမှာပေါ့လေ. သားလုပ်တဲ့သူကို သူ့ရဲ့ မိန်းမက ငြူစူစောင်းမြောင်းသတဲ့. သူ့ရဲ့ အိုမင်းချိနဲ့နေတဲ့ အဖေဖြစ်တဲ့သူကို တောထဲမှာ သွားမပစ်ဘဲ အိမ်ပေါ်မှာ ခေါ်တင်ပြီးကျွေးထားလို့ သူတို့ ဆင်းရဲနေရတာပေါ့… သိတယ်မဟုတ်လား. နားမီးတောက်အောင်ကို နားပူနားဆာလုပ်တာပေါ့ဗျာ.

နောက်ဆုံးမှာတော့ သားဖြစ်တဲ့သူလည်း မခံနိုင်တော့တာနဲ့ အဖေအိုကြီးကို တောထဲမှာ သွားပစ်ဖို့ ကြံရတော့တာပေါ့. အစားအသောက်တစ်ချို့နဲ့ လိုလိုမယ်မယ်သုံးနိုင်မယ့် ပစ္စည်းလေးတွေကို သေသေချာချာထုတ်ပိုးပြင်ဆင်နေတာပေါ့ဗျာ…

အဲဒီ့အချိန်မှာ အဘိုးကြီးဟာ သူ့ရဲ့ မြေးလေးနဲ့ ဆော့နေရှာသတဲ့. ဒါပေမယ့် သူ့ရဲ့ ကံကြမ္မာကို သူရိပ်မိသွားတဲ့ အချိန်မှာတော့ မျက်ရည်ဝဲနေတာပေါ့ဗျာ. သူချစ်တဲ့ မြေးလေးနဲ့ တစ်သက်လုံး ခွဲရတော့မယ်လေဗျာ..

မြေးလေးက အဘိုးကိုမေးတာပေါ့. အဘိုးလုပ်တဲ့သူကလည်း ကြည့်ကောင်းအောင်ဖြေရှာသတဲ့. အဘိုးဆီက ကျေနပ်လောက်တဲ့ အဖြေကို မရတော့ မြေးလုပ်တဲ့သူကလည်း သူ့ရဲ့ အဖေဆီကိုသွားပြီးမေးတာပေါ့.

“ဖေဖေ.. ဖိုးဖိုးကို တောထဲမှာ သွားပြီး တစ်ယောက်တည်းထားခဲ့မလို့ဆို…”

အဖေလုပ်တဲ့သူကလည်း မျက်နှာမကောင်းလျက်က ခေါင်းညိတ်ပြရှာသတဲ့.
ကလေးငယ်လည်း တစ်ချက်မှိုင်သွားသတဲ့.
ကလေးငယ်က သူလည်း အဖိုးကို လိုက်နှုတ်ဆက်ချင်တယ်လို့ ခွင့်တောင်းပြီး တောထဲကို အတူလိုက်ခဲ့သတဲ့..

***************************

ဒီလိုနဲ့ သားအဖသုံးယောက်လည်း တောထဲကို ထွက်သွားကြသတဲ့
အဖိုးလုပ်တဲ့သူကို ထားခဲ့မယ့်နေရာကိုလည်းရောက်ရော ကလေးငယ်ရဲ့ အဖေဟာ နေရာထိုင်ခင်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ရှင်းလင်းသုတ်သင်သတဲ့. ပစ္စည်းတွေကို နေသားတကျ ထားပြီးတဲ့နောက်မှာတော့ အဖိုးအတွက် အိပ်ယာကို ကလေးငယ်ရဲ့ အဖေလုပ်တဲ့သူဟာ သေသေချာချာ ပြင်ဆင်ပေးသတဲ့. နောက်ဒီလိုလုပ်ခွင့်မှ မရှိတော့တာကိုး.

ဂွမ်းစောင်လေးတစ်ထည်ကို သပ်သပ်ရပ်ရပ်လေး ဖြန့်ခင်းနေတာကို ကလေးလေးက မြင်လိုက်တဲ့ အချိန်မှာ ဒီလိုပြောသတဲ့…

“ဖေဖေ. အဲဒီ့ဂွမ်းစောင်ကြီးကို တစ်ပိုင်းပိုင်းထားလိုက်ပါလား..”

“ဘာလို့လဲ သားလေးရဲ့…”

“သားတို့မိသားစုက ဆင်းရဲတယ်လေ. အဖိုးအတွက်လည်း ဒီလောက်ကြီးတဲ့ စောင်ကြီး မလိုလောက်ပါဘူး။ တစ်ပိုင်းကို ဖြတ်ပြီး သားအတွက် သိမ်းထားပေးရင် သားကြီးလာတဲ့နောင်တစ်ချိန် အဖေ့ကို တောထဲမှာ ဒီလိုလာထားရင် အသုံးဝင်မှာပေါ့…”

အဖေလုပ်တဲ့သူဟာ ဘာမှ မပြောနိုင်ရှာတော့ပဲ မျက်ရည်တွေ တွင်တွင်ကြီးသာ ကျလာတော့သတဲ့…..

အဲဒီ့နောက်မှာတော့ သူဟာ ကလေးငယ်ရဲ့ လက်ကိုဆွဲ. အဖိုးကို ကျောပိုးပြီး ခိုင်မာပြတ်သားတဲ့ ခြေလှမ်းတွေနဲ့ အိမ်ကို ပျော်ပျော်ပါးပါး ပြန်လာခဲ့ကြပါတော့တယ်…


မှတ်ချက်။
=====
စာသားများ မတိကျပါ. ဖတ်ခဲ့ဖူးသော ပုံပြင်လေးအား မိမိကိုယ်ပိုင်ဟန်ဖြင့် ပြန်လည် တင်ပြထားခြင်းသာဖြစ်ပါသည်…

ရန်အောင်…

ညီမလေးအတွက် စိတ်ပူနေတဲ့ မိုးမိုးအင်းလျား…

မိုးမိုးအင်းလျားက မေးပါတယ်.
“ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား” တဲ့.
ဘာလို့မေးတာလဲ. ဘယ်လိုဇာတ်လမ်းတွေရှိနေလဲ ဆိုတာသိချင်ရင်တော့ download လုပ်ပြီး ဖတ်ကြည့်လိုက်တော့နော်.




Download Link:

ညီမလေး...

Saturday, March 17, 2007

Yanni (or) Master of Sensation...

ဒီညတော့ မအိပ်ခင် Yanni ရဲ့ Piano လက်သံလေးကို နားထောင်ချင်လာတာနဲ့ youtube website ကိုသွားပြီး ရှာကြည့်ပါတယ်။ အရင်တုန်းကလည်း ခဏခဏသွားကြည့်နေကြပါပဲ။
ဒီတစ်ခါတော့ Video အသစ်တစ်ခုတင်ထားတာကို တွေ့ရတယ်။ နားထောင်ပြီးပြီးချင်းပဲ ကြိုက်သွားတာနဲ့ ကျွန်တော့်ရဲ့ ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ… အရင် ကျွန်တော်နားထောင်ပြီးတာတွေထဲက ကြိုက်တာတွေကိုပါ ပြန်တင်ပေးလိုက်တယ်. ခံစားသက်ဝင်နိုင်ကြပါစေဗျာ…


Yanni အကြောင်းအသေးစိတ်သိချင်ရင် ဒီ website မှာ သွားကြည့်ပါ…

http://en.wikipedia.org/wiki/Yanni

http://www.yanni.com/

အကြမ်းဖျင်းပြောပြရရင်တော့ သူက ဂရိနိုင်ငံသားပါ။ University of Minnesota, U.S.A မှာ Psychology နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတော့ သူဝါသနာပါတဲ့ Piano နဲ့ပဲ ဂီတလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။ ဂီတကို ဆရာအကူအညီမပါဘဲ သူ့ဘာသာသူ သင်ကြားတတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်…

လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Music Concert ကြီးတွေလုပ်ပြီး ပိုက်ဆံသောက်သောက်လဲ ၀င်နေတဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်နေပါပြီ…

ကျောင်းပညာထက် ၀ါသနာပါရာကို တစိုက်မတ်မတ်လုပ်ပြီး အောင်မြင်သွားကြတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပေါ့ဗျာ…

Reflections of Passion



RainMaker...(Very Famous Song!)


Aria


Nostalgia


Deliverance


Standing in Motion



Love is All


Almost a Whisper


Reflections of Passion (MTV Version)

“တွေးသူများ” ကို ဆက်တွေးသူများ

ကျလိ…ကျလိ…ကျလိ…
ဘယ်က စာကလေးကျွန်တော့် အခန်းထဲ ၀င်လာပါလိမ့်လို့ တစ်ချက်ကြောင်သွားသေးတယ်။ နောက်မှ သိလိုက်တယ်. ဩော်. ညက ကျွန်တော့်ရဲ့ ဟန်းဖုံးကို Ring Tone အသံပြောင်းထားတာပဲ. အသက်ကလေးနည်းနည်းရလာတော့ လူက မှတ်ဥာဏ်သိပ်မကောင်းချင်တော့ဘူးဗျာ. ငယ်ငယ်တုန်းကတော့ မှတ်ဥာဏ်သိပ်ကောင်းတယ်လို့ မောင်နှမတွေ၊ သူငယ်ချင်းတွေက ချီးကျူးခဲ့ကြဖူးတယ်.

ခုတော့လည်း မှတ်ရတာတွေသိပ်များလာလို့ ခေါင်းထဲက memory တွေ မနိုင်ချင်တော့ဘူးနဲ့တူတယ်။ အချိန်ရရင် အသုံးမကျတော့တဲ့ ခံစားချက်တွေကို လျှောက်ပြီးသိမ်းမှတ်ထားတတ်တဲ့ ဦးနှောက်ကို နည်းနည်းလောက်ပြန်ပြီး Format ပြန်ချရဦးမယ်။

နံပါတ်ကို တစ်ချက်ကြည့်လိုက်တော့ Unknown Number တဲ့. ဘယ်သူများပါလိမ့်…

“ဟဲလို”

“ပေား. Good Morning ကိုရန်အောင်. ဘာတွေလုပ်နေလဲ”

ဒီအသံကို ဒါပထမဆုံး ကြားဖူးခြင်းပင်ဖြစ်သည်။ ရိုင်းသွားမည်စိုး၍ ဘာမျှဆက်မမေးသေးဘဲ Follow လိုက်ပေးလိုက်သည်။

“Morning ပါဗျာ. ခုလေးတင် မနက်စာ စားပြီးတယ်ဗျ. အစ်မက..ဟို..ဘယ်သူလဲ မသိဘူးနော်…”

“ဟားဟား…ဆောရီး.. ကျွန်မလည်း ၀မ်းသာအားရနဲ့သာ နှုတ်ဆက်လိုက်တာ. ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့သွားတယ်… ကျွန်မ Mayvelous ပါ… Fiji က Blogger လေ…
မှတ်မိပြီလား..”

“What? Mayvelous? You gotta kidding me! ဘယ်ကဘယ်လို ကျွန်တော့်ဖုံးနံပါတ်ရပြီး ဘယ်နေရာကနေ ဘယ်လိုဆက်နေတာလဲ…ဘယ်မှာလဲ… New York မှာလား”

“အမယ်လေး..မေးခွန်းတွေကများလှချည်လား. ဘယ်ကစဖြေရမှန်းတောင် မသိတော့ဘူး..
အိုကေ. One by one ပြောမယ်. ကျွန်မဒီကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောက်တယ်. Seminar လာတက်တာ.. ၃ ပါတ်လောက်ကြာလိမ့်မယ်. ခု အိမ်ကနေထွက်ပြီး လမ်းပေါ်ထွက်ဆက်နေတာ. ဖေဖေ့အသိတစ်ယောက်အိမ်မှာ တည်းတယ်. ဖုံးနံပါတ်ကတော့ ကိုရန်အောင်က Facebook မှာတင်ထားတာပဲ ကိုယ့်ဟာကိုယ်မေ့နေပြီလား.. ဒီအိမ်က ဦးလေးကြီးရဲ့ သားကဒီမှာ ကျောင်းတက်နေတာလေ. အဲဒါသူ့ Account ကနေတစ်ဆင့် ကိုရန်အောင့် Profile ကို ၀င်ကြည့်လိုက်တာ…ဟုတ်ပြီလား… Mystery solved?...”

“ဟုတ်ပြီ. ဟုတ်ပြီ. ခုမှပဲ ရှင်းသွားတော့တယ်. ဒါဆိုရင် ညက ကျွန်တော့် Blog မှာ Cbox ထဲမှာ လာအော်သွားတာ New York ကနေ အော်နေတာပေါ့လေ…ဟုတ်လား”

“ဟုတ်ပါ့ရှင်.ဟုတ်ပါ့။ ခုဖုန်းဆက်တာလည်း အဲဒီ့ကိစ္စပဲ. မိတ်ဖြစ်ဆွေဖြစ်လည်းဖြစ်သွားအောင်၊ အဲဒီ့ ကိုတာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စကိုလည်း နည်းနည်းလောက် ဆွေးနွေးစရာရှိတာနဲ့ ဖုန်းကောက်ဆက်လိုက်တာ. Email ပို့ရင် တော်ကြာ Junk Mail Box ထဲဝင်သွားမှာစိုးလို့လေ..”

“Gotcha! အိုကေ. ဘယ်မှာဘယ်လိုတွေ့ချင်လဲ.”

“ကျွန်မကဒီနေ့ ၁၀ နာရီမှာ United Nations ဘက်ကို သွားစရာရှိတယ်. အဲဒါတစ်ခါတည်း ထွက်လိုက်မလားလို့”

“အဆင်ပြေသားပဲဗျ. ကျွန်တော်လည်း ဒီနေ့ကျောင်းဘက်ကို မသွားခင် New York Library မှာ စာဝင်ဖတ်မလို့. UN နဲ့ Library က လမ်းကြောင်းသင့်ပါတယ်. By the way, New York ရောက်ဖူးလား. ကိုယ့်ဘာသာကိုယ် သွားတတ်တယ်ပေါ့..”

“အင်း ၂ ခေါက် ၃ ခေါက်လောက်တော့ ရောက်ဖူးပါတယ်. သိပ်ပြီးတော့ ထွေထွေထူးထူး အပြောင်းအလဲမှ သိပ်မရှိတာ. Subway ရထားစီးတတ်ရင် ဘယ်နေရာသွားသွားရောက်တယ်လေ.ဟုတ်တယ်မလား.”

“ဟုတ်ပါ့ဗျာ. ဒါဆိုရင် ဒီလိုလုပ်. Grand Central Station အပြင်ဘက် UN ဘက်ကိုသွားတဲ့ Bus ကားဂိတ်နားမှာ ၉ နာရီမှာ စောင့်နေလိုက်. ခု ၈ နာရီခွဲ ဆိုတော့ အဲဒီ့ကို ၉ နာရီ မထိုးခင် ကျွန်တော်ရောက်နေလိမ့်မယ်..အိုကေတယ်နော်..”

“အိုကေ. အဲဒီ့နေရာ ကျွန်မသိတယ်..ကောင်းတယ်..ကောင်းတယ် အဲဒီ့မှာ ၉ နာရီတွေ့မယ်..”

“Alright, see you there at 9! Bye!”

“Bye!”

*************************************************

Grand Central Station အပြင်ဘက်ကို ထွက်လိုက်တော့ ထုံးစံအတိုင်း လူအုပ်ကြီးက အရှိန်နဲ့ ဦးတည်ချက်အမျိုးမျိုးကို စီးမျောနေကြသည်။ Bus ကားဂိတ်ဘက်ကို ကြည့်လိုက်တော့ လူနည်းနည်းရှင်းနေသည်။ ခုလေးတင်ကားတစ်စီးထွက်သွား၍ လူအကုန်ပါသွားခြင်းဖြစ်မည်ထင်သည်။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးဖို့ ၅ မိနစ်လောက်တော့လိုနေသေးသည်။

လမ်းထောင့်မှာရှိနေသော သတင်းစာပုံးလေးထဲမှ AM New York သတင်းစာကို ထုတ်ယူလိုက်ပြီး Bus ကားဂိတ်ဘက်သို့ သွက်သွက်လေးကူးလိုက်သည်။ လမ်းတစ်ဖက်သို့ရောက်ရောက်ချင်း ငှက်ကလေးက ထအော်ပါတော့သည်။

“ဟဲလို”

“ဟဲလို ကိုရန်အောင် ကျွန်မရောက်ပြီ. ကိုရန်အောင်ရော ရောက်ပြီလားလို့ လှမ်းဆက်လိုက်တာ”

“ဟုတ်ကဲ့ ကျွန်တော် ကားဂိတ်ဘက်ကို ခုလမ်းလျှောက်နေပါတယ်. မမေက ဘယ်နေရာမှာလဲ”

“Oh! I can see you now! ရပြီ. ကျွန်မ ကိုရန်အောင့်ကို လှမ်းတွေ့နေရပြီ”

“အိုကေဗျာ. ကျွန်တော်ကတော့ မမေကို မတွေ့ရသေးဘူး”

စကားပြောရင်း ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်လိုက်တော့မှ လမ်းတစ်ဖက်မှ ကူးလာနေသော မမေကို ကျွန်တော် တွေ့လိုက်ရပါတယ်. အပြင်မှာတွေ့ရသော မမေနှင့် Blog Profile ထဲမှ မမေ သိပ်မကွာခြားပါ. ထို့ကြောင့်လည်း ကျွန်တော် လွယ်ကူစွာ မှတ်မိခြင်းဖြစ်ပါသည်…

“ရောက်နေတာ ကြာပြီလား ကိုရန်အောင်”

“သိပ်မကြာသေးပါဘူး.ခုတင်ရောက်တာပဲ”

“အိုကေ. ဘယ်သွားပြီး စကားပြောမလဲ. ကိုရန်အောင်က New Yorker ကြီးဆိုတော့ ဒီနေရာတွေ ကျွမ်းမှာပေါ့”

“အဲလောက်ကြီးလည်း မဟုတ်သေးပါဘူးဗျာ. ဟိုဘက် Block မှာ MacDonald ရယ်၊ Starbuck Coffee ဆိုင်ရယ် ရှိတယ်. ဘယ်ဆိုင်ထိုင်ချင်လဲ.”

“MacDonald ထိုင်ရအောင်လေ. ကျွန်မလည်း မနက်စာ ဟုတ်တိပတ်တိ မစားခဲ့ရသေးဘူး”

“Okay then!”

*************************************************

ဆိုင်ထဲတွင်လူသိပ်မရှုပ်၍ တော်သေးသည်။ နို့မို့ဆို စကားပြောဖို့နေနေသာသာ၊ ကိုယ့်အသံပင် ကိုယ်မကြားရဖြစ်နေပေလိမ့်မည်။ လမ်းဘက်ကို မျက်နှာမူနေသော ထောင့်တစ်ခုမှ စားပွဲတွင် မမေကို ၀င်ထိုင်စေလိုက်သည်။

“ကိုရန်အောင်. ကျွန်မကျွေးမယ်နော်.”

“နေပါ. မမေရာ. မမေက ဧည့်သည်ပဲ. ကျွေးချင်ရင်တော့ ကျွန်တော် Fiji ကို လာလည်မှပဲကျွေးတော့လေ..ဟားဟား..”

“Fiji ထိလာစရာမလိုပါဘူးရှင်. နောက်တစ်ခေါက်ကျရင် ကျွန်မကျွေးမယ်. ဟုတ်ပြီလား.ခုလောလောဆယ် သိပ်အငြင်းအခုန် မလုပ်ချင်ဘူး ခဏနေငြင်းစရာတွေ အများကြီးရှိလို့ ရှုပ်ကုန်မှာစိုးလို့..”

တော်တော်လည်းနောက်တဲ့ မမေ။ မမေအတွက် Hamburger နဲ့ Coffee၊ ကျွန်တော့်အတွက် Coffee တစ်ခွက်ကိုမှာပြီး လင်ဗန်းထဲတွင်ထည့်၍ စားပွဲဆီသို့ပြန်လာခဲ့သည်။

“ကဲ.ပြောပါဦးဗျာ. ဘာ seminar လာတက်တာလဲ”

“UNEP ကလုပ်တဲ့ International Seminar on Environmental Accessibility ကို လာတက်တာပါ.”

“UNEP ဆိုတာက....”

“UNEP ဆိုတာက United Nations Environment Programme ကိုပြောတာပါ. ဒီကိုလာဖို့ အားလုံးကို သူတို့ပဲ Sponsor လုပ်တာလေ…”

“Good တယ်ဗျာ. ကျွန်တော် ဒီမှာသာနေတာ. အဲဒါတွေ တစ်ခုမှ မသိဘူး…”

“ဩော်. ကိုယ့် Field နဲ့ ကိုယ်ပဲလေ. ကိုရန်အောင်ရဲ့. ကိုရန်အောင် သိတာတွေနဲ့ ကျွန်မတို့သိတာတွေ မတူသလိုပဲပေါ့…ဟုတ်တယ်မလား…”

“ဟုတ်ပါပြီဗျာ..ကျွန်တော့်ရဲ့ Blog ကို ဘယ်လိုတွေ့တာလဲ ပြောပါဦး..”

“Myanmar Blogger Directory ထဲမှာလည်း ပါတယ်… ပြီးတော့ သူငယ်ချင်းတွေရဲ့ Cbox ထဲမှာလည်း ကိုရန်အောင့် Address ကိုတွေ့တယ်လေ. ဒီလိုပဲ သူများတွေရေးတဲ့ Blog တွေလိုက်ဖတ်ကြည့်ရင်း တွေ့တာပဲ.. ကိုရန်အောင်လည်း ကျွန်မရဲ့ Blog ကို ဘယ်လိုတွေ့လဲ..”

“ဟဲဟဲ.. Same answer…”

“ဩော်. တော်တော်ကို စဉ်းစားပြီးတော့ကို ဖြေလိုက်တာပဲနော်..”

“ဟားဟားဟား..”

အံ့ဩစရာကောင်းလောက်အောင် ကျွန်တော်နဲ့ မမေတို့ရဲ့ တွေ့ဆုံမှုက ငယ်သူငယ်ချင်းများ ပြန်တွေ့သည့်ပုံစံမျိုး နွေးထွေးနေခဲ့လေသည်…

*************************************************


“ကဲ. မမေက ကျွန်တော့်ရဲ့ post ထဲက စာကို ဘယ်လိုမြင်တာလဲ ပြောပါဦး..”

“ဒီလိုလေ ကိုရန်အောင်ရဲ့ “ကိုတာနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း” ဆိုတဲ့ post မှာ ဒီလို ရေးထားခဲ့တယ်နော်…

Seven Habits for Highly Effective People
1. Be proactive
2. Begin with the end in mind
3. Put first things first
4. Think win/win
5. Seek first to understand, then to be understood
6. Synergise
7. Sharpen the saw

အဲဒီ့မှာ နံပါတ် ၅ ကို ကိုရန်အောင်က ဒီလို ဘာသာပြန်ထားတယ်လေ..
“ကိုယ်က အများကို နားလည်ရန်၊ ကိုယ့်ကို အများက နားလည်ရန် ကြိုးစားတယ်”..တဲ့. အဲဒါ နည်းနည်းလောက်ထောက်မနေဘူးလား…

ကျွန်မမြင်တာက ကိုယ်က သူများကို နားလည်အောင် ကြိုးစားမှ၊ သူများကိုယ့်ကို နားလည်မယ်။ အဲဒါကိုပြောတာ. သူတို့ ၂ ခုက အဓိပ္ပါယ် မတူကြဘူးလို့ ကျွန်မထင်တယ်.”

“ဟုတ်ကဲ့. ဆက်ပြောပါ. ဒါပေမယ့် ကျွန်တော်တစ်ခုတော့ အရင်ကြိုပြောထားချင်ပါတယ်. အဲဒီ့စကားတွေကို ကျွန်တော် ဘာသာပြန်တာမဟုတ်ပါဘူး. ဆရာကိုတာရဲ့ မူရင်းစာအုပ်ထဲကအတိုင်း ကူးချထားတာပါ.. ကျွန်တော်လည်း မမေတွေးသလိုတွေးမိပါတယ်။ ဒါပေမယ့် ဆရာကိုတာ ရှင်းပြထားတာကို ပြီးရင် ကျွန်တော် ကိုးကားပြီးပြောပြမယ်နော်. လောလောဆယ် မမေပြောတာကို အရင် နားထောင်ချင်ပါတယ်…”

“ဟုတ်ပြီ. ကျွန်မမြင်တာကဒီလိုပါ..
"လူတွေက ကိုယ်ကသူများကို နားလည်အောင် မကြိုးစားကြဘဲနဲ့ ကိုယ့်ကိုသာ သူများတွေက အရင် နားလည်အောင်ကြိုးစားနေကြတယ်။ ဒါကြောင့်မို့လည်း သူ့ကိုယ်နားမလည်၊ ကိုယ့်သူနားမလည်နဲ့ ဆက်ဆံရေးတွေက ပိုရှုပ်ထွေးနေတယ်လေ. ဒါကြောင့်မို့ ကိုယ့်ကို သူများတွေက နားလည်စေချင်ရင် သူများတွေကို ကိုယ်က အရင်နားလည်ပေးသင့်တယ်" လို့ ကျွန်မထင်တာပါ.

ဆရာကိုတာရေးထားတာက

"For you to understand others, others gotta(try to) understand you."

အဲဒီ့ အဓိပ္ပါယ်ဖြစ်နေတယ်လေ. ကိုယ်ကသူများတွေဆီက အရင် မျှော်လင့်သလိုမျိုးကြီးဖြစ်နေတယ်. သိပ်သဘာဝမကျဘူး။ အဲဒါကို ကျွန်မ နည်းနည်း အားမလိုအားမရ ဖြစ်မိတာပါ

ကိုရန်အောင်ကရော ဘယ်လိုမြင်လဲ.”

“အိုကေ. ကျွန်တော့်အမြင်ကို မပြောခင် ဆရာကိုတာရဲ့ ရှင်းလင်းချက်ကို ကျွန်တော်ကိုးကားချင်ပါတယ်။ အဲဒီ့စာပိုဒ်ကို ကျွန်တော် မမေနဲ့ စကားပြောတဲ့အခါ ထည့်ပြောလို့ရအောင် ဒီမနက်တင် ဖုန်းပြောပြီးပြီးချင်း ကူးယူလာခဲ့တယ်. ကျွန်တော်ဖတ်ပြမယ်နော်…”

“ကိုယ်က အများကိုနားလည်အောင်၊ အများပြောတာကို ကိုယ်ကနားထောင်တတ်ရတယ်။ ဒါပေမယ့် လူအများစု နားထောင်တာဟာ၊ နားလည်အောင် နားထောင်တာမဟုတ်ပါ။ တုံ့ပြန်ဖို့သာ နားထောင်ကြတာ။ လူနည်းနည်းကသာ ကိုယ်ချင်းစာ အကြင်နာစိတ်နဲ့ နားထောင်တတ်တာ။ အဲဒီ့လူနည်းစုကသာ တစ်ခြားလူရဲ့စိတ်ကို သိဖို့၊ တစ်ခြားလူရဲ့ ကမ္ဘာထဲကို လိုက်ကြည့်ဖို့၊ တစ်ခြားလူရဲ့ ခံစားချက်ကို နားလည်ဖို့၊ ခံစားမှုအတွက်၊ အဓိပ္ပါယ်အတွက်၊ အပြုအမူကို သိနားလည်ဖို့အတွက် နားထောင်နိုင်ကြပါတယ်။

ကိုယ့်ကို အများကနားလည်ဖို့ ကြိုးစားချင်ရင်တော့ ဂရိဒဿနက စကားသုံးလုံးကို သတိရှိနေရလိမ့်မယ်။ အဲဒါကတော့ အီသို့စ်၊ ပသို့စ်၊ လိုဂို့စ် (Ethos, Pathos, Logos) ဆိုတဲ့ စကားလုံး သုံးလုံးပါ။

အီသို့စ်ဆိုတာ ခင်ဗျားရဲ့ ပုဂ္ဂလဂုဏ်ရည်၊ ပသို့စ်ကတော့ ကိုယ်ချင်းစာ အကြင်နာ၊ လိုဂို့စ်ကတော့ ယုတ္တိပါ။ စာရိတ္တ၊ အကြင်နာ၊ ယုတ္တိလို့ အစဉ်လိုက်မှတ်ရမှာပါ။ လူအများ ကိုယ့်ကို နားလည်ဖို့အတွက် ကိုယ့်ယုတ္တိကို အရင်ရှင်းပြနေကြတယ်။ တကယ်တော့ ကိုယ့်ပုဂ္ဂလဂုဏ်ရည်နှင့် ကိုယ်က သူ့အပေါ်ထားရှိတဲ့ ကိုယ်ချင်းစာ အကြင်နာစိတ်က အရင်လာရမှာ။ ယုတ္တိတွေ ပြောနေရုံမျှနှင့် မအောင်မြင်နိုင်ပါ…”


“ကျွန်တော်က ဒါတွေထိမရေးဖြစ်လိုက်ခဲ့ရတာက စာဖတ်သူကို အမြည်းသဘောပဲပေးပြီး ကျန်တာကို သူတို့ဖာသာ ဆက်ဖတ်စေချင်လို့ပါ။ ဒါပေမယ့် အမှတ်မထင်ဘဲ အဲဒီ့ နံပါတ် ၅ က ဘာသာပြန်ရတာ အဓိပ္ပါယ် ၂ ခွလာထွက်နေတယ်။ ကျွန်တော် သတိထားမိလိုက်တယ်။ ဒါပေမယ့်လည်း မူရင်းစာရေးသူရဲ့ အာဘော်ကို ကျွန်တော့်အနေနဲ့ ဒီတိုင်းပဲ ချပြလိုက်ချင်တယ်။ မမေက ခုလို အားတက်သရော ထောက်ပြဆွေးနွေးလာတော့ ကျွန်တော် အရမ်းဝမ်းသာတာပေါ့ဗျာ…

ကဲ. ဒီတော့ ဆရာကိုတာရဲ့ စာပိုဒ်လေးကို ဖတ်ကြည့်ရင် မမေ မရှင်းတာတွေ ရှင်းလောက်ပြီထင်ပါတယ်ဗျာ..”

“အင်း. ရှင်းတော့ရှင်းသွားပါတယ်. ဒါပေမယ့် ကိုရန်အောင်ရဲ့ ကိုယ်ပိုင်အယူအဆကို ကျွန်မသိချင်သေးတယ်။ ဒီတိုင်းကြီးတော့ ကျွန်မကို ဆရာကိုတာနဲ့ လွှဲမထားခဲ့နဲ့လေ…”

“ဟားဟားဟား..ကောင်းပါပြီဗျာ..မမေက တော်တော်ကို ပညာတတ်ပီသတာပဲ. မရမကကို မေးတာပဲ.”

“ဩော်. ဒီလိုတော့လည်းမဟုတ်ရပါဘူး. Reasoning is the foundation of maturity လို့ ကျွန်မမှတ်သားခဲ့ဖူးတယ်လေ. ဒါကြောင့် စဉ်းစားတဲ့အခါမှာလည်း Critical Thinking ပုံစံမျိုးဖြစ်အောင် ကျွန်မစဉ်းစားတယ်. အရောင်တွေ၊ ဖွဲ့နှောင်မှုတွေအောက်က တတ်နိုင်သလောက် လွတ်မြောက်အောင်စဉ်းစားတယ်. ဒါမှ စစ်မှန်တဲ့ အမှန်တရားနဲ့ ပိုပြီးနီးစပ်မယ်လေ. ဒါက ကျွန်မရဲ့ Personal Opinion ပါ..”

“ဟုတ်တယ်ဗျာ. That’s absolutely right! ကျွန်တော်လည်း အဲဒီ့အတိုင်းပဲ ကျင့်သုံးတယ်. ဒီတော့ စကားကိုပြန်ကောက်လိုက်ရရင်. ဆရာကိုတာရှင်းပြထားတာကို ကျွန်တော် ဥပမာလေးတစ်ချို့နဲ့ သက်သေပြချင်တယ်..”

“သိပ်ကောင်းတဲ့ idea ပဲရှင်. ဆက်ပြောပါ…”

“ကိုယ်က အများကိုနားလည်အောင်၊ အများပြောတာကို ကိုယ်ကနားထောင်တတ်ရတယ်။ ဒါပေမယ့် လူအများစု နားထောင်တာဟာ၊ နားလည်အောင် နားထောင်တာမဟုတ်ပါ။ တုံ့ပြန်ဖို့သာ နားထောင်ကြတာ။ လူနည်းနည်းကသာ ကိုယ်ချင်းစာ အကြင်နာစိတ်နဲ့ နားထောင်တတ်တာ။ အဲဒီ့လူနည်းစုကသာ တစ်ခြားလူရဲ့စိတ်ကို သိဖို့၊ တစ်ခြားလူရဲ့ ကမ္ဘာထဲကို လိုက်ကြည့်ဖို့၊ တစ်ခြားလူရဲ့ ခံစားချက်ကို နားလည်ဖို့၊ ခံစားမှုအတွက်၊ အဓိပ္ပါယ်အတွက်၊ အပြုအမူကို သိနားလည်ဖို့အတွက် နားထောင်နိုင်ကြပါတယ်..”

အဲဒီ့စာပိုဒ်မှာပဲကြည့်.“တုံ့ပြန်ဖို့သာ နားထောင်ကြတာ” တဲ့. ဘယ်လောက်သပ်ရပ်တဲ့ စာသားလေးလဲ.

ဟုတ်တယ်ဗျ. လူတွေကနားထောင်တဲ့ အခါမှာ ဘယ်နေရာရောက်ရင်တော့ ငါထင်ထားလေးတွေကို ဘယ်လို ထည့်ပြောလို့ရပြီဆိုတဲ့ မျှော်လင့်စိတ်နဲ့ နားထောင်တာ. တစ်ချို့လူတွေဆို နားသာထောင်နေတာ၊ ပါးစပ်က လှုပ်ရွလှုပ်ရွနဲ့၊ ၀င်ပြောဖို့ကိုသာစောင့်နေတာ။ တစ်ဖက်လူရဲ့ စကားကို ဖွင့်ထားတဲ့ စိတ်နဲ့ နားမထောင်တတ်ကြဘူး။ အဲဒီ့မှာ သူ့ရဲ့ အတ္တ (Ego) ကို တွေ့နေရပြီ.လူတစ်ယောက်ကပြောတာကို ကိုယ်ချင်းစာအကြင်နာစိတ်နဲ့ နားမထောင်တတ်တဲ့သူတွေကြောင့် လူမှုဆက်ဆံရေးမှာ အထင်အမြင်လွဲမှားမှုတွေ၊ “ငါ့ကို ဘယ်သူမှ နားမလည်ကြဘူး” ဆိုတဲ့ ခံစားမှုမျိုးတွေ လူတွေမှာ ဖြစ်လာရတာပေါ့…


ဆက်ပြောရရင်တော့ “လူနည်းနည်းကသာ ကိုယ်ချင်းစာ အကြင်နာစိတ်နဲ့ နားထောင်တတ်တာ..” ဆိုတဲ့ စကားလိုပဲ ကိုယ်ချင်းစာစိတ်နဲ့ နားထောင်တတ်သူ၊ အကြင်နာစိတ်နဲ့ နားထောင်တတ်သူက တော်တော်ကိုရှားတယ်.

ဒါပေမယ့် ချန်ထားလို့မရတဲ့ နောက်ထပ်ပြဿနာ တစ်ခုကိုလည်း ထည့်ပြောချင်တယ်ဗျ. တစ်ချို့လူတွေကျတော့ အတ္တကိုက တော်တော်ကိုကြီးကြတယ်။ ကိုယ်ကချည်းပဲပြောမယ်။ နားထောင်ဖို့ဆိုတာကို သူတို့ တစ်ခါမှ ထည့်မစဉ်းစားတတ်ခဲ့ကြဘူးနဲ့တူပါတယ်။ အဲလို လူစားမျိုးရဲ့စကားကိုချည်းပဲ ကိုယ်ချင်းစာစိတ်နဲ့နားထောင်နေရတဲ့ အခါမှာလည်း နားထောင်ရသူအတွက် တရားမျှတမှုမရှိတော့ဘူး။

ဘာလို့လဲ။
အပေးအယူလုံးဝမှ မရှိတာ.. ကိုယ်ကချည်းပဲယူမယ်ဆိုတော့ ပြဿနာဖြစ်လာပြီပေါ့။ အဲလိုလူစားမျိုးတွေကိုလည်း လောကကြီးက အလိုလိုဒဏ်ခတ်တတ်ပါတယ်။ ဘယ်လိုခတ်လဲဆိုတော့ သူတို့ရဲ့ ဘ၀တွေကို အထီးကျန်ဆန်ပေးလိုက်တယ်လေ။ သူတို့မှာ အဖော်ဆိုတာ တစ်ဖြည်းဖြည်းနည်းသွားတယ်။ နောက်ဆုံးမှာ တစ်ချို့တွေဆိုရင် ပစ္စည်းဥစ္စာတွေ ပြည့်စုံပါရဲ့နဲ့ စိတ်ချမ်းသာမှု မရတာ ဒီအချက်ကို သူတို့လျစ်လျူရှုခဲ့လို့ပဲ.

စိတ်ပညာစကားလုံးတစ်ခုကို အဌားယူသုံးရရင် သူတို့က သူတို့ကိုယ်သူတို့ Centralized လုပ်ပစ်လိုက်ကြလို့လေ။ ဆိုလိုတာက လောကကြီးမှာ သူတို့သာ ဗဟိုချက်မ၊ သူတို့သာ အရေးအကြီးဆုံးဆိုတဲ့ အတ္တသိပ်လွန်ကဲသွားလို့ပေါ့။

ဒီတော့ အဲလိုလူစားမျိုးတွေနဲ့ အပေးအယူမျှအောင် စကားပြောဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတစ်ခုကတော့ အဲလိုလူစားမျိုးတွေကို သူတို့ရဲ့ အမှားကို နားလည်သဘောပေါက်ဖို့ အချိန်တစ်ခု ပေးထားရတယ်။ အဲဒီ့အချိန်ကိုရောက်မှာ ဒက်ခနဲ ကိုယ်လိုချင်တဲ့ အချက်ကို ပြောပြီး သူ့အမှားကို သူမနာအောင် စေတနာရှေ့ထားပြီး ပြောပြလိုက်ရတယ်။

အဲဒီ့မှာ သူတို့ပြောင်းလဲသွားတတ်ကြတာပဲ။ အဲဒါသူတို့ဘ၀ရဲ့ အလှည့်အပြောင်း (or) Turning Point ပဲဗျ။ တစ်ချို့ကျတော့လည်း သေသည်ထိ ကိုယ့်အတ္တကို အဖော်လုပ်သွားတာတွေလည်းရှိတာပေါ့လေ…

ဒီတော့ နောက်ထပ်စကားတစ်လုံးကို ထပ်ရှင်းရတော့မယ်. “အတ္တ” တဲ့.
ကျွန်တော်တို့ အတ္တကင်းလို့မရပါဘူး။ ရှိရပါမယ်။ အတ္တရှိမှ အောင်မြင်ချင်စိတ်တွေ ရှိလာဖြစ်လာရတာပါ. ဒါပေမယ့် ကိုယ်ထားတဲ့ အတ္တဟာ ကောင်းမွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဦးတည်ထားဖို့ကတော့ တော်တော်ကို သတိထားဖို့လိုတယ်။

“ငါ့ကိုယ်ငါ အတော်ဆုံးဖြစ်အောင် ကြိုးစားမယ်.
ငါ့သားသမီး၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံကို သူများတွေထက်သာအောင် ကြိုးစားပြမယ်.
Blog တွေထဲမှာ ငါ့ရဲ့ Blog ကို အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် လုပ်ပြမယ်…”

ဒါတွေဟာလည်း အတ္တတွေပါပဲ. အပြစ်မရှိပါဘူး။ ပိုကောင်းတဲ့ဘက်ကို ဦးတည်နေမှာမို့လို့ပါ။ ကျွန်တော်တို့ ဖြစ်နေတာက အတ္တဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ အပျက်ဘက်ကို တွေးမိနေတတ်ကြလို့ပါ…ဒါကြောင့်တစ်ခါတစ်လေကျရင် အင်္ဂလိပ်လို ထည့်ပြောရတာက အဓိပ္ပါယ်ကို ပိုထိရောက်စေသလိုမျိုးဖြစ်တတ်တာကို ခံစားမိဖူးကြမှာပါ…

အဲဒီ့ အတ္တက သိပ်လွန်ကဲလာပြီး သူများတွေအတွက်ကို ထည့်မစဉ်းစားနိုင်လောက်အောင် ဖြစ်လာရင်တော့ ခင်ဗျားရဲ့ အတ္တဟာ အရုပ်ဆိုးသွားပြီ. အဲဒါ point ပဲ. လူမှာ အတ္တ လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ကောင်းအောင် ပြုပြင်မြှင့်တင်ချင်စိတ်ကို မွေးဖွားပေးနိုင်တဲ့ တွန်းအားတစ်ခုလိုတယ်။ ဒါပေမယ့် အဲဒီ့ တွန်းအားဟာ တစ်ခြားလူတွေရဲ့ အကျိုးစီးပွားကို မထိခိုက်မနစ်နာစေရဘူး..အဲဒါ ကျွန်တော်ပြောချင်တဲ့ အတ္တအကြောင်းပဲ.

ဒီတော့ ဆရာကိုတာရေးခဲ့သလိုပဲ
“ကိုယ်က အများကိုနားလည်အောင်၊ အများပြောတာကို ကိုယ်ကနားထောင်တတ်ရတယ်…”
ကိုယ့်ရဲ့ အတ္တကို အတိုးအလျှော့လုပ်တတ်ဖို့လိုတယ်။ ကိုယ်လည်းပြောပိုင်ခွင့်၊ ငြင်းဆန်နိုင်ခွင့်ရှိသလို တစ်ဖက်လူမှာလည်း အဲဒီ့အခွင့်အရေးရှိသင့်တယ်လို့ သိထားပြီး စကားပြောတတ်ဖို့လိုတယ်။

အဲဒီ့အချိန်မှာ ဘာဖြစ်လာမလဲ.
သူတို့နှစ်ယောက်ကြားမှာ အင်မတန်မှ လှပတဲ့ နားလည်မှုတစ်ခု ဖြစ်ထွန်းလာမယ်လေ.
Mutual Understanding ဆိုတာ ဒါပဲ. “ခင်ဗျားနဲ့ ကျွန်တော်နဲ့ အမြင်တူစရာမလိုဘူး။ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် အတူတကွ ယှဉ်တွဲရပ်တည်နိုင်တယ်” ဆိုတဲ့ အခြေခံ အချက်ပဲ အဲဒီ့အချက်ဟာ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ဖက် စတဲ့ ဆက်ဆံရေးတွေ အတွက်သာမက နိုင်ငံ အချင်းချင်း ဆက်ဆံရေးတွေ အထိ သက်ရောက်မှုရှိတယ်..


နောက်ဆုံးမှာ ဆရာကိုတာပြောသွားတဲ့ စကားလေးတွေကို ပြန်ကြည့်လေ.

“လူအများ ကိုယ့်ကို နားလည်ဖို့အတွက် ကိုယ့်ယုတ္တိကို အရင်ရှင်းပြနေကြတယ်။ တကယ်တော့ ကိုယ့်ပုဂ္ဂလဂုဏ်ရည်နှင့် ကိုယ်က သူ့အပေါ်ထားရှိတဲ့ ကိုယ်ချင်းစာ အကြင်နာစိတ်က အရင်လာရမှာ။ ယုတ္တိတွေ ပြောနေရုံမျှနှင့် မအောင်မြင်နိုင်ပါ…”


ဒါပဲ. မမေ…
ကိုယ်ကိုယ်တိုင်က သဘောထားကို စပြောင်းလိုက်ဖို့လိုတယ်။ ကိုယ်က သူများကို အရင်နားလည်ဖို့လိုတယ်ဆိုတဲ့ မမေပြောတဲ့ အချက်ကို ကျွန်တော် မငြင်းပါဘူး။
ဒါပေမယ့် သူများကို နားလည်ဖို့ထက် ကိုယ့်ကိုယ်ကို နားလည်ဖို့ ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။

သူများတွေကို တမင်နားလည်ပေးဖို့ ကြိုးစားနေစရာမလိုပါဘူး။ ကိုယ့်အကြောင်းကို ကိုယ် သေသေချာချာ နားလည်နိုင်အောင် ကြိုးစားပြီး တစ်ခြားသူတွေကို ကိုယ်ချင်းစာစိတ်နဲ့ ပြန်မြင်တတ်တာက လုပ်ရတာ ပိုလွယ်ကူလိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ ပိုပြီးတော့လည်း သဘာဝကျတယ်၊ လက်တွေ့ဆန်နိုင်တယ်လေ.

ကျွန်တော်တို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူအမျိုးမျိုးအစားစားတွေ ဆက်တွေ့နေရဦးမှာပါ. ကိုယ်ကလည်း အဲဒီ့ အမျိုးအစားတွေထဲက တစ်မျိုးပါပဲလေ. အားလုံးကို လိုက်နားလည်နိုင်တာကတော့ အကောင်းဆုံးပေါ့. ဒါပေမယ့် ကိုယ့်ကိုယ်ကို နားလည်တတ်ဖို့က အဓိကအချက်ပဲလို့ ကျွန်တော်မြင်ပါတယ်…

ဗုဒ္ဓဘာသာရှုထောင့်က ပြောရရင် ဘုရားရဟန္တာတွေ အာသဝေါကုန်ခမ်းဖို့ တရားကျင့်တဲ့ အခါမှာ ဘာကို ရှုကွက်ထားသလဲ

ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုပဲ အဓိက ရှုကွက်ထားပါတယ်. ဟုတ်တယ်နော်…
ကိုယ့်ခန္ဓာရဲ့ ဖြစ်ပျက်တွေကို အလုံးစုံ သိမြင်အောင်နိုင်ပြီးနောက်မှာ အာသဝေါကုန်ခမ်းပါတယ်။ အဲလို အရဟတ္တမဂ်ကို ဆိုက်ရောက်ပြီးသွားတဲ့နောက်မှာ သူ့ကို တစ်ခြားဘယ်အရာကမှ မလွှမ်းမိုးနိုင်တော့ပါဘူး…
သူဟာလည်း လောကကြီးကို ကောင်းစွာ ရှုမြင်နားလည်နိုင်တဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်သွားပါတော့တယ် အရဟတ္တမဂ်ရတဲ့ ပုဂ္ဂိုလ်ချင်းတူတာတောင် ပစ္စေကဗုဒ္ဓါဆိုတဲ့ တရားဟောပြနိုင်စွမ်းမရှိတဲ့ ဘုရားဖြစ်တာမျိုးရှိနေသေးတယ်နော်. တရားဟောနိုင်ဖို့အတွက် ပညာပါရမီ တစ်ခုထပ်လိုလာပြန်ရောဗျ.

ဒါကိုလိုရင်းကောက်ရရင် ကိုယ်ကိုယ်တိုင်ကို နားလည်ပြီးနောက် ကိုယ်ချင်းစာတရားကို အရင်းပြုပြီး တစ်ခြားလူပုဂ္ဂိုလ်သတ္တ၀ါတွေကို နားလည်နိုင်အောင်ကြိုးစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီ့မှာမှ တစ်ခါ ကိုယ်နဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ လူတွေရဲ့ အမူအကျင့်တွေ အကြောင်းကို ကောင်းကောင်းလေ့လာမှတ်သားထားခဲ့မယ်ဆိုရင် သူတို့ကို ကိုယ့်ဘက်ပါအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ ပညာကိုပါ တတ်မြောက်လာနိုင်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်…

“တကယ်တော့ ကိုယ့်ပုဂ္ဂလဂုဏ်ရည်နှင့် ကိုယ်က သူ့အပေါ်ထားရှိတဲ့ ကိုယ်ချင်းစာ အကြင်နာစိတ်က အရင်လာရမှာ”
ဆိုတဲ့ နောက်ဆုံးစာသားလေးက သိပ်ပြီးတော့ကို အဓိပ္ပါယ်ပြည့်ဝနေပါတယ်ဗျာ…

အဲဒီတော့ မမေမြင်တာက သူများကို ကိုယ်ကနားလည်အောင် အရင်ကြိုးစားမှ ကိုယ့်ကို သူများတွေက နားလည်မယ်

ဆရာကိုတာ မြင်တာက ကိုယ့်ကိုယ်ကို အရင်နားလည်ပြီး သူများတွေကို နားလည်အောင် ကြိုးစားသင့်တယ်

ကျွန်တော်မြင်တာက ကိုယ့်ကိုယ်ကို အရင်နားလည်အောင် ကြိုးစားပြီး ကိုယ်ချင်းစာစိတ်တစ်ခုနဲ့ အခြားသူတွေရဲ့အကြောင်းကို နားလည်အောင် ကြိုးစားသင့်တယ်…

စာသားလေးတွေက နည်းနည်းပဲ ကွဲပါတယ်။ ဒါပေမယ့် အဲဒီ့ကွဲသွားတဲ့ အဓိပ္ပါယ်မှာကိုပဲ မတူညီတဲ့ ချဉ်းကပ်ပုံလေးတွေကို သတိထားမိရင် တွေ့ပါလိမ့်မယ်..

ကျွန်တော်တို့ နားထောင်တတ်ဖို့လိုပါတယ်ဗျာ…”

“ဟား... ကိုရန်အောင်က ဘာသာရေးတွေအထိပါ ဆွဲခေါ်သွားတော့ ကျွန်မတောင် ဘာဆက်ပြောရမှန်း မသိတော့ဘူး… ဟုတ်တယ် ကိုရန်အောင်. ကျွန်မတို့တွေက ကိုယ်ပြောချင်တာကိုပဲ ရှေ့တန်းတင်နေပြီး ကိုယ်လုပ်တာကိုပဲ အမှန်လို့ အချိန်တော်တော်များများမှာ ယူဆနေခဲ့ကြတယ်။ တစ်ဖက်လူကို နားလည်မှုပေးသယောင်ယောင်နဲ့ တကယ်တော့ ကိုယ့်ရဲ့ အမြင်တွေကို သူ့ခေါင်းထဲ ရိုက်သွင်းပေးဖို့ အခွင့်အလမ်းကို ရှာနေခဲ့ကြတယ်။ ဒါဟာ အဖော်မဲ့ဖြစ်စေတဲ့ လမ်းစတွေပဲ.

ဒါပေမယ့် ကိုရန်အောင်. ကျွန်မစကားကပ်တယ်လို့တော့ မထင်ပါနဲ့.
ကိုယ်ကသာ နားလည်ပေးနေပြီး ကိုယ့်ကို ဘယ်သူမှ နားမလည်ပေးဘူး။ ကိုယ်မှန်တယ် ဆိုတာကိုလည်း သေချာပေါက်သိနေတယ်။ အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ…”

“Good question! ဘာသာရေးဘက်မှာ အကောင်းဆုံး ဥပမာတစ်ခုရှိတယ်။
“သံဃာ့အား ဘုရားမလွန်ဆန်သာ” တဲ့. ။ ဖြစ်ရပ်တစ်ခုမှာ ဘာတွေ့ရလဲဆိုတော့ သံဃာတွေ ဂိုဏ်းဂဏတွေကွဲကြတယ်။ ဘုရားရဲ့ စကားကို ဘယ်သံဃာကမှ နားမ၀င်ကြတော့ဘူး… ဘုရားက ဘာလုပ်တယ်ထင်လဲ.
သူတစ်ပါးတည်း တောထဲကိုထွက်သွားတယ်ဗျ.

အဲဒါကျွန်တော်ပြောခဲ့တဲ့ အချက်ကို သွားအထောက်အကူဖြစ်နေတယ်.
ဘယ်လိုမှ ပြောမရတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ကြုံလာရင် သူတို့ကို ရင့်ကျက်မှုရလာအောင် အချိန်တစ်ခုပေးလိုက်ရတယ် ဆိုတာလေ.
ဘုရားမရှိတော့တဲ့နောက်မှ ဘုရားရဲ့ တန်ဖိုးကို သံဃာတွေ နားလည်လာပြီး ဘုရားကို ပြန်လည် တောင်းပန်ပင့်ဆောင်ကြရသတဲ့ဗျာ…

နောက်ဖြစ်ရပ်တစ်ခုမှာတော့ မြင်းတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ပုဏ္ဏားတစ်ယောက် (နာမည်သိပ်မမှတ်မိတော့ဘူးဗျာ..) နဲ့ ဘုရားပြောဆိုဆွေးနွေးကြတဲ့ အခန်းမှာပေါ့…

မြတ်စွာဘုရား။ ။ အသင်ပုဏ္ဏား. သင်ကား မြင်းများကို လေ့ကျင့်သင်ကြားပေးရာတွင် ဆရာတစ်ဆူဟု ငါကြားသိရသည်။ သင်၏ မြင်းများထဲတွင် မည်သို့မျှလေ့ကျင့် သင်ကြားပေး၍မရသော မြင်းမျိုးများ တွေ့ဖူးပါသလား။ အကယ်၍ တွေ့ခဲ့သော် သင်ဘယ်သို့လေ့ကျင့်ပေးသနည်း..

ပုဏ္ဏား။ ။ အရှင်ဘုရား. တပည့်တော်တွေ့ဖူးပါသည်။ ထိုသို့သော မြင်းမျိုးနှင့်တွေ့လျှင် ၄င်းအား ကျွန်ုပ် သတ်ပစ်ပါသည်.

မြတ်စွာဘုရား။ ။ အဘယ်ကြောင့်နည်း…

ပုဏ္ဏား။ ။ ကျွန်ုပ်၏ နာမည်ကို ဖျက်ဆီးမည့် မြင်းမျိုးဖြစ်သောကြောင့် ဖြစ်ပါသည်…

မြတ်စွာဘုရား။ ။ သင့်အား မြင်းပိုင်ရှင်မှ တရားစွဲဆိုခြင်း မပြုပေလော…

ပုဏ္ဏား။ ။ မပြုပါ. အရှင်ဘုရား. အဘယ်ကြောင့်ဆိုသော် မြင်းအား လာရောက်အပ်နှံစဉ်ကပင် တစ်စုံတစ်ရာ ချွတ်ချော်မှုကြောင့် လေ့ကျင့်ပေးနေစဉ် မြင်းသေဆုံးခဲ့ပါက လျော်ကြေးငွေ ပေးရန်မလိုဟု ကနဦး သဘောတူညီချက်ရယူထားပြီးဖြစ်၍ပါ အရှင်ဘုရား…

မြတ်စွာဘုရား။ ။ ကောင်းလေစွ. ပုဏ္ဏား. ကောင်းလေစွ. သင်၏နာမည် ဂုဏ်သတင်းကျော်စောခြင်းမှာကား အကြောင်းသင့်ပေစွ..

အဲလိုပြောပြီး မြတ်စွာဘုရားက ဆိတ်ဆိတ်နေတော်မူတယ်တဲ့.
ပုဏ္ဏားကလည်း စဉ်းစားတာပေါ့. အကြောင်းတစ်ခုခုတော့ ရှိရမယ်လို့တွေးပြီး ခုလို ပြန်မေးသတဲ့…

ပုဏ္ဏား။ ။ အရှင်ဘုရားရဲ့ သာသနာတော်အတွင်းမှာရော မည်သို့မျှ ပြောဆိုဆုံးမ၍ မရသည့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များရှိပါသလား အရှင်ဘုရား…

မြတ်စွာဘုရား။ ။ ရှိပေ၏. အသင်ပုဏ္ဏား…

ပုဏ္ဏား။ ။ သို့ဖြစ်လျှင် အရှင်ဘုရား အနေနှင့် မည်သို့ ဆက်ဆံပါသနည်း။

မြတ်စွာဘုရား။ ။ ငါလည်း သူ့ကို သတ်ပစ်၏…

ပုဏ္ဏားကား ဤသို့တွေးလေ၏.
“ဘုရားရှင်သည် ပါဏာတိပါတာကံကို မည်သို့မျှ ကျူးလွန်ခြင်း မပြုရာ. အဓိပ္ပါယ်ရှိရာ၏” လို့ တွေးပြီး

ပုဏ္ဏား။ ။ အကျယ်ချဲ့တော်မူပါဘုရား…

မြတ်စွာဘုရား။ ။ ထိုသို့သော အကြင်ရဟန်းအား ငါသည် ဥပေက္ခာပြုတော်မူလေသည်။ ထိုသို့ပြုခြင်းအားဖြင့် ထိုပုဂ္ဂိုလ်အားသတ်သည်ဟု ငါဆို၏။

လို့ ပြန်လည်ဖြေကြားတော်မူပါတယ်ဗျာ.

ဒီတော့ ဘုရားတောင်မှ ပြောဟော ဆုံးမလို့မရတဲ့ လူမျိုးတွေ လောကကြီးမှာ ရှိပါတယ်။ ဒီလိုလူမျိုးတွေနဲ့ တွေ့တဲ့ အခါမှာ သူတို့ဆီက နားလည်မှုကို မျှော်လင့်စောင့်စားနေလို့ မောသွားရုံပဲရှိပါမယ်။ သူတို့ကို ဥပေက္ခာပြုပြီး ကိုယ့်ဘ၀ထဲက သတ်ပစ်လိုက်ရပါမယ်လို့ ကျွန်တော် ဆိုလိုချင်တာပါ…

“Wow. Wow Wow. ကိုရန်အောင်က ဇာတ်နိပါတ်တွေ တော်တော်နိုင်နင်းတာပဲ. ဘယ်တုန်းကဘယ်လိုလေ့လာထားခဲ့တာလဲ…”

“ကျွန်တော်ငယ်ငယ်တုန်းက ဘုရားစင်ပေါ်မှာ တင်ထားခဲ့တဲ့ ရွှေဥဒေါင်းရဲ့ “ဗုဒ္ဓစာပန်းချီ” အတွဲတွေကို မြတ်မြတ်နိုးနိုးဖတ်ခဲ့ဖူးတယ်ဗျ. နည်းနည်း အရွယ်ရောက်လာတော့လည်း လက်လှမ်းမီရာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်လေးတွေကို ဖတ်ရှုမှတ်သားခဲ့တယ်။ ခုတော့လည်း ထုတ်သုံးဖို့ အချိန်ရောက်လာတာပေါ့ဗျာ. မမေကိုလည်း ကျေးဇူးတင်ပါတယ်. ခုလို ကျွန်တော့်ကို ပြန်လည် digest လုပ်ဖို့ အခွင့်အရေးပေးလို့လေ...

ကဲ. မမေရေ. ၁၀ နာရီလည်းထိုးတော့မယ်. ကျွန်တော်တို့ ဒီနေရာမှာ ရပ်လိုက်ကြရအောင်လားဗျာ. နော်..”

“ဟုတ်ပါ့ရှင်. စကားကောင်းနေလိုက်တာ. နာရီတောင် မကြည့်မိဘူး. ခုလို အချိန်ပေးရှင်းပြပေးတဲ့ အတွက်ရော. Blog မှာ Ebook လေးတွေ တင်ထားပေးတဲ့ အတွက်ရော အရမ်းကျေးဇူးတင်ပါတယ်ရှင်. ဆက်လက်ကြိုးစားသွားပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်…”

“ဟုတ်ကဲ့. ကျွန်တော်ကတိပေးပါတယ်. မမေ မပြန်ခင် ထပ်တွေ့ကြပြီး စကားဆက်ပြောကြသေးတာပေါ့ဗျာ…

Have a nice day, Ma May!”

“Same to you and good luck, Ko Yan Aung!”



မှတ်ချက်။
=====
မမေ တကယ်တော့ နယူးယောက်ကို မလာခဲ့ပါ.
စိတ်ကူးထဲတွင် ခံစားရေးဖွဲ့ထားခြင်းသာ ဖြစ်ပါသည်.
ဒါကတော့ မမေရဲ့ Website ပါ. သွားလည်လိုက်ကြပါဦးနော်…

http://www.mayvelous.com/


ဒီ post လေးကို Download လုပ်ထားချင်ရင်တော့...

Thinking About Thinkers...

Friday, March 16, 2007

ကိုတာနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

ထုံးစံအတိုင်း မအိပ်ခင် စာအုပ်တစ်အုပ် ကောက်ကိုင်မိပြန်တယ်။ ကြိုက်နှစ်သက်မိတဲ့ စကားစုလေးတစ်ချို့ကို ပြန်လည် ဖော်ပြလိုက်ပါတယ်…

Seven Habits for Highly Effective People
1. Be proactive
2. Begin with the end in mind
3. Put first things first
4. Think win/win
5. Seek first to understand, then to be understood
6. Synergise
7. Sharpen the saw

အောင်မြင်စွမ်းဆောင်နိုင်သူတို့၏ ဓလေ့စရိုက် ၇ မျိုး
၁. အဦးအစပြုတတ်တယ်
၂. အဆုံးထိစိတ်ကူးပြီး အဲဒီ့စိတ်ကူးနှင့် အလုပ်လုပ်တယ်
၃. ဦးဆုံးလုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးလုပ်တယ်
၎. သူနိုင်၊ကိုယ်နိုင် စဉ်းစားတယ်
၅. ကိုယ်က အများကို နားလည်ရန်၊ ကိုယ့်ကို အများက နားလည်ရန် ကြိုးစားတယ်
၆. စုပေါင်းသတ္တိကိုသိတယ်
၇. ဓားထက်အောင်သွေးနေတယ်

စတီဖင်ကိုဗေး၏ “Seven Habits For Highly Effective People” စာအုပ်မှကောက်နုတ်ချက်
(ကိုတာ၏ ”တွေးသူများ” စာအုပ် စာမျက်နှာ ၂၆ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်…)

တစ်ခြားမှတ်သားမိသော စကားများ…


လူတွေဟာ လောကကြီးကို သူ့ “အရှိ” အတိုင်း မြင်တာမဟုတ်။ သူမြင်တတ်သလိုသာမြင်တာလို့ သဘောပေါက်ရင်၊ ကွဲပြားတာဟာ ဓမ္မတာလို့ ဘ၀င်ကျရမှာပါ။

တစ်စုံတစ်ယောက်က ခင်ဗျားနှင့် သဘောချင်းမတိုက်ဆိုင်ရင် “ဩော်… ခင်ဗျားက ရှုထောင့်တစ်မျိုးမှ ကြည့်တာကိုး” လို့ ပြောရင်ကောင်းပါတယ်။ သူနဲ့လိုက်ပြီး သဘောတူစရာတော့ မလိုပါ။ ဒါပေမယ့် သူ့ကိုတော့ ခင်ဗျားနားလည်သွားတယ်။ သဘောတူနိုင်မယ့် တတိယရှုထောင့်တစ်ခု ပူးပေါင်းရှာဖွေနိုင်ပါတယ်။ နှစ်ယောက်စလုံးအတွက် ကောင်းတဲ့ အဖြေတစ်ခုကို တွေ့လေ့ရှိပါတယ်။

အောင်မြင်ခြင်းအတွက် ဘုံသတ္တိက ဘာပါလဲဆိုရင် ဦးဆုံးလုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးလုပ်နိုင်တဲ့ သတ္တိပင်ဖြစ်၏။ ဇွဲနဘဲနဲ့ ဘယ်လိုပဲလုပ်လုပ်၊ ကံဘယ်လောက်ကောင်းကောင်း၊ အဆက်အသွယ် ဘယ်လိုရှိရှိ၊ အရင်လုပ်ရမယ့် အလုပ်ကို အရင်မလုပ်ရင် မအောင်မြင်နိုင်ဘူး။ အောင်မြင်သူတိုင်းမှာ ရှိတဲ့ အရည်အသွေးတစ်ခုက ဦးဆုံးလုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးလုပ်ခြင်းပင် ဖြစ်သည်။

အချိန်ခန့်ခွဲတယ် ဆိုတာလည်း အခေါ်လွဲနေတာ။ အချိန်ကို ခန့်ခွဲလို့ရတာမဟုတ်၊ ကိုယ့်ကိုယ်ကိုသာ ခန့်ခွဲလို့ရတာ။ အချိန်နဲ့ အရာဝတ္တုတွေကို ခန့်ခွဲစီမံဖို့ မကြိုးစားရာ၊ အဆက်အစပ်နှင့် ရလဒ်ကိုသာ ကြည့်ရမှာ…။ ဘယ်အရာကများ ကျွန်တော့်ဘ၀ကို အကောင်းအမွန် ပြောင်းလဲစေမလဲ၊ ခပ်ကြီးကြီးပြောင်းလဲစေမယ့် ကိစ္စလေးတွေကို ရွေးလုပ်နိုင်ရင် စွမ်းဆောင်အောင်မြင်တဲ့သူ ဖြစ်မှာ ဧကန်ပါပဲ။

ချာချီ၊ လီနင်၊ ရုစဗဲ့ စသူများသည် တိုက်ရိုက်ခေါင်းဆောင်များဆိုလျှင် ပရင့်စတန်တက္ကသိုလ် အခန်းတစ်ခုအတွင်းမှ ဂဏန်းတွက်နေသူ အိုင်းစတိုင်းသည် သွယ်ဝိုက်ခေါင်းဆောင်ဖြစ်သည်။

…….၊ ………၊ ……..၊ တို့သည် တိုက်ရိုက်ခေါင်းဆောင်များဆိုလျှင် ကမ္ဘာတစ်လွှားမှ ပညာများကို ကြိုးစားသင်ယူနေကြသော မြန်မာလူငယ်မျိုးဆက်သစ်တို့သည် သွယ်ဝိုက်ခေါင်းဆောင်များ ဖြစ်ကြ၏ဟု ဆိုပါက လွန်မည်မထင်ပါ….

Download Link:
တွေးသူများ - ကိုတာ

အညတရ ဘလော့ခ်ဂါတစ်ယောက်၏ တစ်နေ့တာ…

နယူးယောက်မြို့ရဲ့ ဆောင်းကားကုန်ခဲလှပေစွ...
ဆောင်းကုန်တော့မည်ဟု ထင်ထားခဲ့သည့် သူ့အတွေးတို့ကား Starbuck Coffee ဆိုင်မှ ထွက်လိုက်သည့်ခဏ ကွယ်ပျောက်သွားခဲ့ရသည်..
Lexington လမ်းမကြီးပေါ်တွင် တစ်ဖွဲဖွဲကျနေသော နှင်းပွင့်လေးများက ဒီညတော့ အရိုးကွဲအောင် အေးဦးမည်ဟု ကြေငြာနေသယောင်ယောင်...

NorthFace ကုတ်အင်္ကျီကို ခေါင်းဆောင်းထုတ်ဝတ်လိုက်ရင်း၊ ဇစ်ကို လည်ပင်းအထိရောက်အောင် ဆွဲတင်ကာ အင်္ကျီအိတ်ထဲလက်ထည့်ရင်း လမ်းကို ခပ်သွက်သွက်လျှောက်လိုက်သည်... လမ်းဘေးက ချောင်လေးတစ်ခုမှာတော့ အိမ်ရာမဲ့အဖွားအိုတစ်ဦး စောင်ခပ်နွမ်းနွမ်းလေးခြုံလျက် အိပ်နေရှာသည်။ သူဘယ်လိုမှ စိတ်ထဲမှတင်းထားလို့မရတော့ပါ.

ဘောင်းဘီအိတ်ထဲလက်နှိုက်စမ်းကြည့်လိုက်တော့ ကော်ဖီဆိုင်မှပြန်အမ်းလိုက်သော အကြွေစေ့တစ်ချို့... ဒါပေမယ့် ဘောင်းဘီအိတ်ထဲထည့်ထားသောလက်ကို ပြန်ထုတ်လိုက်ရင်း သူ့လက်ကို NorthFace အင်္ကျီအိတ်အတွင်းဘက်နှိုက်လိုက်သည်။ ပြန်ထုတ်လိုက်တော့ သူ့လက်ထဲမှာ အစိမ်းရောင်ငွေစက္ကူတစ်ချပ်...
သူ့ကို အံ့အားသင့်စွာမော့ကြည့်နေသော အဖွားအို၏မျက်လုံးများအားသူကြာကြာ ရင်ဆိုင်ကြည့်နိုင်စွမ်း မရှိပါ...
အားယူကာပြုံးပြလိုက်ရင်း ဆက်ထွက်လာခဲ့သည်....

သူသည် သူရဲကောင်းတစ်ယောက်တော့မဟုတ်.
သို့သော် ရဲရင့်သင့်သည့်အချိန်တွင်ရဲရင့်၏..
သူသည် ပြည့်စုံကြွယ်ဝနေသူ တစ်ယောက်တော့မဟုတ်.
သို့သော် သူသည် ကြင်နာတတ်သော နှလုံးသားကို မွေးမြူတတ်သူတစ်ဦးဖြစ်သည်..
သူ့တွင်မိတ်ဆွေများများစားစားသိပ်မရှိပါ.
သို့သော် ခင်မိသူတိုင်းကိုတော့ သူကတန်ဖိုးထားဆက်ဆံတတ်သည်…
သူဆိုသည်ကား....


************************

ခင်မင်သူတစ်ချို့က သူ့ကို ဇွဲ ဟုခေါ်ကြသည်..နာမည်ရင်းကတော့ ဇွဲမာန်...နယူးယောက် မှာကျောင်းတက်နေသည်...သချာင်္အထူးပြု တတိယနှစ်ကျောင်းသား.. ဒီနေ့သူ အချိန်ပိုင်းအလုပ်လုပ်ပြီး ပြန်လာခြင်းဖြစ်သည်..အိမ်ကိုပြန်ချင်စိတ်က တားမရအောင်ဖြစ်နေသည်
အဘယ်ကြောင့်နည်း...

မြေအောက်ရထားဘူတာရုံမှအထွက် ဆောင်းလေအေးအေးက သူ့ကို ပွေ့ဖက်ကျီစယ်လေသည်။ သူကား လူသာအအေးခံမည်။ နှလုံးသားတော့ အအေးမခံဝံ့သောကြောင့် ခေါင်းကိုခပ်ငိုက်ငိုက်ထားကာ လည်ပင်းကိုလေမတိုးအောင် ကာကွယ်လိုက်သည်။ ဒီလိုကာကွယ်နေရင်းကပင် သူ့ရဲ့ နှလုံးသားအေးစက်နေခဲ့သည်မှာ ကြာပါပြီ…

အိမ်တံခါးဖွင့်ဖွင့်ချင်း ကုတ်အကျီင်္မချွတ်ခင်ပင် သူ့ရဲ့ Laptop ကို အရင်ဖွင့်လိုက်သည်။ ထို့နောက် password ကိုမြန်မြန်ရိုက်ထည့်။ Windows XP စာတမ်းပေါ်နေစဉ်မှာပင် သူအင်္ကျီမြန်မြန်လဲလိုက်သည်။ ညစာကတော့ အပြင်မှာပဲဒီညစားခဲ့သည်မို့ စိတ်မပူရတော့...

Firefox Browser ကိုဖွင့်ပြီး Myanmar Blogger Forum Website ကိုဝင်၊ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ Blog ကိုဖွင့်ပြီး မည်သူတွေကများ မည်သို့သော Comments လေးများ သူ့ရဲ့ Cbox ထဲမှာရေးခဲ့သလဲဆိုတာကို ခပ်သွက်သွက်ဖတ်လိုက်သည်။ Reply Message လေးများ ပြန်ရိုက်ပြီးသည်နှင့် Blogger Forum Website ကို Tab နှိပ်ပြီး ပြောင်းကြည့်လိုက်သည်…

Wow. So many new messages…
ဘယ်ကစဖတ်ရမည်လဲ စဉ်းစားလိုက်တော့ ထုံးစံအတိုင်းသူတာဝန်ယူရေးသားနေသော ကဗျာ ကော်နာကို အရင် ဖွင့်ဖြစ်သည်။ ကဗျာကော်နာထဲတွင် ကဗျာ အသစ်ကလေးများကို member များက အားတက်သရောရေးထားသည်များကို တွေ့လိုက်ရတော့ သူအရမ်းပျော်သွားသည်။

တစ်ခြားဘယ်မှသွားမဖတ်သေးဘဲ member များရေးထားသော ကဗျာလေးများကိုပြန်စာရေးသည်။ ကြိုးစားပြီး ကာရန်လေးများရှာကာ ကဗျာလေးများကို ဖွဲ့ဆိုနေစဉ်ခဏ၌ ကမ္ဘာကြီးကိုရော၊ သူ့ကိုယ်သူပါ ခေတ္တမေ့လျော့သွားခဲ့သည်…

ထို့နောက် Education Corner ကိုသွားကာ ကျောင်းများအကြောင်း member များမှရေးထားသည်များကို လိုက်ဖတ်ဖြစ်သည်။ member တစ်ချို့က ရုံးမှနေရင်း post လေးများကို ရေးသည်ဖြစ်သည့်အတွက်ကြောင့် အင်္ဂလိပ်လိုသာရိုက်ထားသည်များကို မြန်မာလိုဘာသာပြန်၊ စာကြောင်းလေးများကို အရောင်လေးများထည့်ပြီး ဖတ်ချင်စဖွယ် ပြင်ဆင်ပြီး ခပ်မြန်မြန်ပင် Post Reply Message များရိုက်ထည့်လိုက်သည်…

Ebook Corner တွင်တော့ သူငယ်ချင်းညီအစ်ကိုလိုခင်နေကြသော member တစ်ချို့က Ebook အသစ်များကို ကြိုးစားတင်ထားကြသည်ကိုတွေ့လိုက်ရတော့ သူ့ရင်ထဲမှာ လှိုက်ခနဲ ၀မ်းသာသွားသည်။ တင်ထားသည့် Ebook နာမည်များကို Word ထဲတွင်ရိုက်ထည့်၊ Copy and Paste လုပ်ပြီး Ebook Corner ပထမစာမျက်နှာမှာ စာအုပ်နာမည်များကို update လုပ်၊ Member များကို ကျေးဇူးတင်သည့် message လေးများကို ရိုက်ထည့်ပြီး နောက်တစ်နေရာသွားကြည့်သည်။

News Corner တွင်တော့ member တစ်ယောက်မှ ရွှတ်နောက်နောက်ရေးထားသည်များကို ဖတ်ရင်း ရီလိုက်ရသေးသည်။ Admin ကြီးကို ၀ိုင်းနောက်နေကြသည့် member များထဲတွင် သူလည်း တစ်ဦးအပါအ၀င်ပင်…


ကြည့်ပါဦး. မနေ့က World News Corner ထဲဝင်၍

“Admin ကြီး မကြာမီ မင်္ဂလာဆောင်တော့မည် ဖြစ်ကြောင်း၊ သတို့သမီးမှာ ချယ်လ်ဆီးဘောလုံးကလပ်ပိုင်ရှင် အေဘရာမိုဘစ်ခ်ျ၏ သမီးထွေးလေး မေကလျာပျိုမျစ်ခ်ျ ဖြစ်ကြောင်း…” သူရိုက်ထည့်ခဲ့သည်…

ဟုသူရိုက်ထည့်ခဲ့သည်…

ဒီနေ့ Forum News Corner ထဲ ၀င်ကြည့်လိုက်တော့ member တစ်ယောက်က ဒီလိုရေးထားပြန်သည်...

“Chelsea Club ပိုင်ရှင် အေဘရာမိုဘစ်ခ်ျနှင့် သူ့ဇနီးတရားဝင် ကွာရှင်းပြတ်စဲကြတော့မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ Admin ကြီး၏ မင်္ဂလာဆောင်အား ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း….”

သြော်..ဥာဏ်ရွှင်ပါပေ့ဗျာ…ချစ်စရာကောင်းတဲ့ သူ့ရဲ့ သူငယ်ချင်းတွေ အများကြီးရှိတဲ့ ဒီ Forum မှာ သူပျော်မွေ့တာ တကယ်တော့ အဆန်းမဟုတ်တော့ပြီ…

Lobby ထဲဝင်၍ မြန်မာ ဘလော့ခ်စာအုပ်ထုတ်ဝေရေးအစီအစဉ်မှာ ၀င်ရောက်ဆွေးနွေးထားကြသည်များကို ဖတ်ရင်း သူ၏ အကြံပြုချက်များ၊ တိုက်တွန်းချက်များကို ခပ်သွက်သွက်ရိုက်ထည့်လိုက်သည်…

အခြား Topic များကို လိုက်ဖတ်၊ Reply ပြန်ရင်း နာရီကိုကြည့်လိုက်တော့ ည ၈ နာရီထိုးနေပြီ…
Computer ကို သီချင်းဖွင့်ထားခဲ့ရင်း သွေးပူလေ့ကျင့်ခန်းနည်းနည်းလုပ်လိုက်သည်။ ရေချိုးခန်းထဲက မှန်ကိုကြည့်လိုက်တော့ သူ့ဆံပင်တော်တော်ရှည်နေသည်ကို သတိထားမိလိုက်သည်…

“အင်း ဒီ Weekend ကျမှ ဆံပင်သွားညှပ်ရဦးမယ်..”
Highlight ထည့်ထားသော သူ့ဆံပင် နီညိုရောင်လေးများကို ရှုပ်ယှက်ခက်သွားအောင် ထိုးဖွလိုက်ရင်း ရေချိုးကန်ထဲဆင်းစိမ်လိုက်သည်။
မျက်စိကိုမှိတ်၊ အကြောများကိုလျှော့ပြီး တစ်နေကုန် ပင်ပန်းလာခဲ့သော စိတ်ကို ခေတ္တ အနားပေးလိုက်သည်…
အာရုံထဲတွင်တော့ အဆင်ပြေမှုများနှင့် အဆင်မပြေမှုများကို လင်းလိုက်မှောင်လိုက်နှင့် တွေ့မြင်နေရသည်…


************************

ရေမိုးချိုးပြီးချိန်တွင်မှာတော့ ၈ နာရီခွဲလုချေပြီ။
ကျောပိုးအိတ်ကိုဖွင့်၊ Physics စာအုပ်ကိုကောက်ကိုင်ရင်း ဒီနေ့သင်လိုက်သည့်စာတစ်ချို့ထဲမှ မရှင်းသည့်အချက်များကို ခဏပြန်ဖတ်နေလိုက်သည်။ Formula များကို Flash Card ပေါ်တွင်ချရေး၊ Homework problem များကို တတ်နိုင်သလောက် ကြိုးစားတွက်ချက်ကြည့်ရင်း စိတ်ကို စာထဲခဏနှစ်ထားလိုက်သည်…
ထူးအိမ်သင်၏ “အရိပ်စစ်” သီချင်းက သူ့ရဲ့အခန်းထဲမှာ ဆွေးမြည့်စွာ ထွက်ပေါ်နေသည်…

၁၂ နာရီထိုးခါနီးတွင် သူ့ Alarm Clock က ထမြည်လေတော့သည်…
သြော် Break Time ပေပဲ..
ရေခဲသေတ္တာထဲမှ Coke တစ်ဗူးကို ဖောက်သောက်လိုက်ရင်း Computer ရှေ့ပြန်ထိုင်ဖြစ်သည်။ Ebook အသစ်ကလေးများတင်ရင်း၊ စိတ်ထဲမှာ ရေးချင်လာသော အကြောင်းအရာလေးများကို ချရေးရင်း post အသစ်လေးတွေကို သူဖန်တီးနေခဲ့သည်။
သူငယ်ချင်းများ၏ Blog လေးများကိုလည်း အပြေးအလွှားသွားရောက်ဖတ်ရှုဖြစ်လိုက်သေးသည်…
Blogger Forum ထဲပြန်ဝင်၊ စာပြန်ရေးရင်း သူ့ Gmail ကို ၀င်စစ်ကြည့်သည်။ တစ်ချို့သော Blog reader များက သူ့ဆီကို email များပို့ထားသည်များကို reply ပြန်ရင်း DVB News ကို ဆက်ဖတ်ဖြစ်သည်…

ည ၁ နာရီထိုးပေပြီ.
စာအုပ်ကိုပြန်ဖွင့်ရင်း မနက်ဖြန်အတွက် ဖတ်စရာရှိသည်များကို ဖတ်ကာ အိပ်ယာကိုသပ်သပ်ရပ်ရပ် ပြန့်ပြန့်ပြူးပြူးဖြစ်အောင် ပြင်ဆင်ပြီးသည့်နောက် သူ့ရဲ့တစ်နေ့တာကို နိဂုံးချုပ်လိုက်သည်။


အိပ်ယာဘေးမှ ပြုံးကြည့်နေသော အမေ့ဓာတ်ပုံအားတစ်ချက်ငေးကြည့်ရင်း သူ၏ မျက်ဝန်းတစ်စုံအား ဖြည်းညှင်းစွာအနားပေးလိုက်လေသည်…..
ဧည့်ခန်းထဲမှ နာရီက ၂ နာရီထိုးပြီဖြစ်ကြောင်း တိုးညှင်းစွာဖြင့် သူ့ကို အသိပေးလေသည်…

ကောင်းသောညပါ ကမ္ဘာလောကကြီးရေ…..