Saturday, August 31, 2013

မက်တာမော်ဖိုးဆစ် ကောက်ကြောင်း



Thursday, August 29, 2013

အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ်

“လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူနဲ့ခရီးအတူတူ ထွက်ကြည့်” တဲ့။ ခရီးတူတူထွက်တဲ့ အခါကျတော့မှ အဲဒီ့လူဟာ ကြုံလာသမျှ အခက်အခဲတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူလား၊ ခြူသံပါအောင် ညည်းညူပြစ်တင်ပြီး ဇီဇာကြောင်တတ်သူလား ဆိုတာတွေကို သိလာနိုင်သလို  ထကြွလုံ့လရှိမရှိ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိမရှိ၊ တစ်ဖက်သားအပေါ် စိတ်စေတနာကောင်း ထားမထား စတာတွေကိုပါ အကဲခတ်လေ့လာနိုင်ပါတယ်တဲ့။ ဘလော့ဂါမသက်ဝေကတော့ သူနဲ့အတူတူ ခရီးတူတူထွက်ဖို့ မဖြစ်နိုင်တဲ့ အဝေးက လူတွေအကြောင်းကို လှမ်းပြီး စနည်းနာချင်ပုံ ပေါက်ပါတယ်။ ပညာသားပါပါနဲ့ သူတို့တွေရဲ့ အိတ်တွေဖာတွေကို သွန်ခိုင်းမှောက်ခိုင်းပါလေတော့တယ်။ အထဲမှာ ဘာတွေများ ရှိမလဲဆိုပြီးတော့ပေါ့လေ။