Monday, October 18, 2010

RAM နည်းနေရင် အလွယ်ကူဆုံး ဘယ်လိုမြှင့်မလဲ.

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကွန်ပြူတာကို ဖက်ပြီးအိပ်တတ်ကြတဲ့ ကွန်ပြူတာသမားစစ်စစ်တွေ အမြဲညည်းညူတောင့်တတတ်တာ တစ်ခုရှိပါတယ်.

Memory မြှင့်လို့ရရင်ကောင်းမယ်. မြှင့်လိုက်ချင်တယ်.

အဲလိုစိတ်ကူးစိတ်သန်းတွေ တခဲခဲနဲ့ ရှိနေပေမယ့်လည်း လူတိုင်း memory မြှင့်တဲ့ဖက်ကို မရောက်နိုင်ကြပါဘူး. အကြောင်းကြောင်းကြောင့်ပေါ့ဗျာ. RAM Card တွေ ဈေးကြီးတာကလည်းတစ်ကြောင်း၊ စက်ကိုဖွင့်ပြီး လုပ်ရမှာလည်း မရဲတာကလည်း နှစ်ကြောင်း၊ အဲ. လက်တွေ့အကျဆုံးပြောရရင်တော့ (ကျွန်တော်အပါအ၀င်ပေါ့) လုပ်ရမှာ ပျင်းနေတာ.. ဟတ်ဟတ်.

ကဲဗျာ. ဘာမှမပူနဲ့... မြန်.လွယ်.ကောင်း နည်းလမ်းလေးတစ်ခုပေးမယ်. ညီအစ်ကိုတို့ရဲ့ RAM မြင့်လွန်းလို့ စိတ်တောင်ညစ်သွားမယ်.

တကယ်တကယ်...း)

ဘယ်လိုလုပ်ရမလဲ ဟုတ်လား...

ဂလိုလုပ်ပါဗျာ..

နံပါတ်တစ်...

အနည်းဆုံး 1 GB လောက်ရှိမယ့် Thumb Drive လေးတစ်ခု ၀ယ်လိုက်ပါ. ရှာလိုက်ပါ. မ၀ယ်နိုင်ရင်လည်း သယ်ရင်းတစ်ယောက်ဆီက ခဏငှားပြီး အပျောက်ရိုက်လိုက်ပါ. (အဲလိုနဲ့ ကျွန်တော့် ဖလက်ရှ် ဒရိုက်ဗ်တွေ ဆုံးလွန်းလို့စိတ်နာတယ်. )

Capacity များလေကောင်းလေဆိုပါတော့ဗျာ. ဒါပေမယ့် သိပ်အများကြီးလည်း မလိုပါဘူး. ကျွန်တော့်မှာတော့ 4 GB Thumb Drive လေးရှိတယ်. (ဒီတစ်ခါတော့ ဘယ်သူ့မှ မပေးတော့ဘူး.း) )

နံပါတ်နှစ်...

အဲဒီ့ Thumb Drive လေးကို ကွန်ပြူတာမှာ တပ်လိုက်ပါ. ကိုယ့်ကွန်ပြူတာမှာ အဲဒီ့ Drive လေးပေါ်လာအောင်စောင့်ပါ. မှတ်ထားလိုက်ပါ. ဥပမာ Drive F: စသည်ဖြင့်ပေါ့ဗျာ.

နံပါတ်သုံး...


တစ်ခြားစက်တွေ ဘယ်လိုနေတယ်တော့မသိဘူး. ကျွန်တော်ကတော့ XP ရော Windows 7 ရောကို သုံးနေတယ် သဘောတရားချင်းအတူတူပဲ. ဒါကြောင့် Vista Users တွေ၊ တစ်ခြား Windows သုံးသူတွေလည်း ကျွန်တော်ခု ဆွေးနွေးမယ့် အိုင်ဒီယာလေးကိုပဲ ကြည့်လိုက်ပါ. လိုက်ရှာကြည့်လိုက်ပါ. အဆင်ပြေပါလိမ့်မယ်.

လောလောဆယ်တော့ XP/Win 7 သမားတွေအတွက်ပဲ ရည်ရွယ်ပြောလိုက်မယ်ဗျာ. နော်. Windows 7 မှာကျတော့ နည်းနည်းလေး ကွဲတယ်. အဲဒါကို ကြားညှပ်ပြီး ဆွေးနွေးပေးသွားပါမယ်.

(၁) My Computer ကို သွားပါ. Right Click နှိပ်ပြီး Properties ကိုသွားလိုက်ပါ.

XP သမားတွေမှာ ဒီလိုပေါ်တယ်.


Windows 7 သမားတွေမှာတော့ ဒီလိုပေါ်တယ်.


(၂) Advanced Tab လေးကို နှိပ်ပါ. (Win 7 သမားတွေအတွက်ကတော့ ဘယ်ဖက် ကော်လန်လေးမှာ ရှိနေတဲ့ Advanced System Settings ဆိုတာလေးကို ရွေးပေးရမှာ ဖြစ်ပါတယ်.) ပြီးရင်တော့ Performance Settings ကို ဆက်သွားပါ.

(၃) Advanced ကို ဆက်နှိပ်ပါ.

(၄) Virtual Memory ဆိုပြီး Pop Up Window လေးတစ်ခု ပွင့်လာပါလိမ့်မယ်. Change ကိုနှိပ်ပါ. အဲဒီ့ထဲမှာမှ ခုနက ကျွန်တော်တို့ရဲ့ Thumb Drive လေးကို ရွေးပေးပါ. ကျွန်တော့်မှာတော့ Drive F လို့ပေါ်ပါတယ်. အဲလိုရွေးလိုက်တာနဲ့ Paging File Size for Selected Drive ဆိုတဲ့ စာကြောင်းလေးအောက်မှာ ကိုယ့်ရဲ့ Thumb Drive လေးပေါ်လာမှာဖြစ်ပြီး Space Available ဆိုတာလေးလည်း ပေါ်လာပါလိမ့်မယ်.

For XP


For Win 7



(၅) Win 7 သမားတွေအတွက်ကတော့ Automatically manage paging file size for all drives ဆိုတဲ့ Box လေးကို Uncheck ပြန်လုပ်ပေးရပါမယ်. XP သမားတွေကတော့ မလိုပါဘူး. ပြီးသွားရင်တော့ Custom Size ကို ရွေုးလိုက်ပါ. Space Available မှာ ပေါ်နေတဲ့ Thumb Drive ရဲ့ storage capacity လေးကို အပေါ်ကွက်လပ်လေးမှာရော အောက်ကွက်လပ်လေးမှာပါ ရိုက်ထည့်ပေးလိုက်ပါ.


(၆) Set ကိုနှိပ်ပါ. Ok ကိုနှိပ်ပါ.

(၇) ကွန်ပြူတာကို Restart ပြန်လုပ်ပါ.

(၈) ၀ါးးးးးးးးးးးးးး သိုင်းကျူး ကိုရန်အောင်. သိုင်းကျူးဘဲထီးမတ်ခ်ျ ကိုရန်အောင်လို့ ၈ ခွန်းပြည့်အောင်ပြောလိုက်ပါ.

(ကျွန်တော်က ၈ ရက်နေ့ မွေးတာမို့လို့လေ. ဟတ်ဟတ်)


အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ချစ်ခင်စွာဖြင့်

ရန်အောင်

မှတ်ချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ရေးသားထားတာ ဖြစ်ပါတယ်.

17 comments:

မြတ်မွန် said...

ကလိပြီးရင် လာပြောမယ်နော် အကို
ခုတော့ ကလိလိုက်အုံးမယ်..အဟဲဟဲ။

ဒေါင်းမင်း said...

ကျွန်တော်ကွန်ပြူတာဝင်းဒိုးကဗီစတာလေ..
ဒါပေမယ့်ကလိကြည့်အုံးမယ်...မရရင်ပြောပြအုံးနော့်

ral said...

သိုင်းကျူး ၈ ဆဗျာ

မြတ်မွန် said...

သိုင်း ၎
ကျူး ၄ပါ အကို..။
ကလိပီးလို့ အားရဝမ်းသာ ခုံပေါက် ပြေးလွားပီး လာပြောတာပါ အကို။

may16 said...

ကျေးဇူးပါ..

ညီလင်းသစ် said...

ကိုရန်အောင်ရေ...ကျေးဇူးပဲဗျာ...၊
ကျနော် အခုတလော အဲဒီလို လုပ်ဖို့စဉ်းစားနေတာဗျ၊ ရေငတ်တုန်း ဘီယာစတေရှင်ထဲရောက်တာပဲဗျာ..၊ :)

စကားမစပ်...Thumb drive ကိုပြန်ဖြုတ်တဲ့အခါရော.. တခုခုပြန်လုပ်ပေးဖို့ လိုသေးလား?

ကိုဇော် said...

သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.
သိုင်းကျူး ကိုရန်အောင်.

၈ ခါ တိတိ ပြောသွားပါတယ်ဗျာ။

tayza said...

ကျွှန်တော်ဆီမှာတော့ space availableမှာပေါ်နေတဲ့ MB ကို အပေါ်အောက်ကွက်လပ်လေးမှာရိုက်ထည့်ပြီးနောက် (set button )နှိပ်လိုက်ရင် enter a maximum page file size that is greater than or equal to the initial page file size,and less than 4096MB.အဲဒီစာပေါ်နေတယ်ဗျကျွှန်တော် thumb drive က8MB ok နှစ်ခါတော့ဆက်နှိပ်လိုက်ရတယ်
ပြီးရင်Ram ကိုသွားကြည့်လိုက်တော့လည်းမတိုးဘူး

White said...

နံပါတ် ၁ အရ ကိုရန်အောင်ဆီက Thumb Drive လာငှားပါတယ်။
ပြီးတော့ နံပါတ် ၈ အတိုင်း သိုင်းကျူး ၈ခါ ပါ။
ကျန်အဆင့်တွေတော့ Thumb Drive ရမှဆက်လုပ်ပါမယ်..။

paisoe said...

thanz * 8

paisoe said...

အကိုရေ..ကျွန်တော်မေးပါရစေ..
လက်တော့တွေမှာ VGA cardကို upgrade လုပ်ချင်တာ..
ဘယ်လိုလုပ်ရမလည်း..
ကျွန်တော်လက်တော့မှာ VGAက သီးသန့်ကပ်ပါမလာဘူး..အဲတော့.
ဘယ်လို မျိုး card ၀ယ်လို့ရမလည်း..GOOGLE မှာတော့ နည်းနည်းရှာကြည့်တယ်..သိပ်မရှင်းလင်းလို့ပါ.
အချိန်ရရင်ပြန်ဖြေပေးပါဦး..

Smart Cookie said...

အရှုးပြော ငပေါယုံဘဲ ကုလားလျှောက်ပြောတာကို အဟုတ်လုပ်တင်တယ် ရန်အောင် မင်းကွန်ပျူတာဗဟုသုတကောရှိရဲ့လား မင်းအင်္ဂလိပ်လိုမတောက်တခေါက်ဖတ်တတ်တာနဲ့ လျှောက်ပြောနေတယ် မင်းဘလော့ပတ်သက်တာရေးတာ အင်္ဂလိပ်လိုမတောက်တခေါက်ဖတ်တတ်တာနဲ့ရေးတာ ရှုးမနေနဲ့ အောက်မှာဖတ်ကြည့်
ဒါက RAM လို့ခေါ်တဲ့ဟာ
Program memory in Windows Mobile devices follows the same concept as Random Access Memory in PCs. Programs and applications within Windows Mobile use this memory to load and run. Technical specification sheets for Windows Mobile devices typically label program memory as RAM or SDRAM.

ဒါက Thumb Drive လို့ခေါ်တဲ့ဟာ
2. Storage memory is similar to a PC's hard drive. This memory saves and stores the files, programs and operating system on the device. Storage memory is comprised of Flash ROM. Storage memory can be adjusted by using Flash storage cards, such as SD, miniSD and MemoryStick Pro cards, if the device is compatible with the card type.

အပေါ်က RAM လို့ခေါ်တဲ့ Random Access Memory (RAM)အလုပ်လုပ်ပုံနဲ့ အောက်က Read-Only Memory (ROM) အလုပ်လုပ်ပုံခြင်းမတူဘူး
ရှုးပြီးလျှောက်ပြောမနေနဲ့

anochar said...

:D :D မောင် ကျော်ထင်
ခများလည်း တော်တော် ဆရာကြီး လုပ်ချင်တယ် ထင်တယ်.. သူများနားလည်အောင် RAM ဆိုတာဘာလဲ Thumb Drive ဆိုတာဘာလဲ ရှင်းပြချင်ရင်လည်း မြန်မာလိုလေး ပြောပါလားဗျ :D .. စေတနာ အမှန်နဲ့ ရှင်းပြချင်တယ် ဆိုရင်လည်း ကိုယ်တင်ထားတဲ့ အဓိပ္ပါယ်တွေကိုလည်း သေချာလေး ပြန်ကြည်ပါအုံးဗျာ.. သေချာတာတော့ ခများတော်တော် ပိန်းတာပဲ.. ခများကိုယ်တိုင်တောင် RAM ကဘာလဲ Thumb Drive ကဘာလဲ ဆိုတာတောင်မသိ့ပဲ အင်တာနက်က သူများတင်ထားတာကို copy ယူပြီး ဆရာကြီး လုပ်တာပေါ့ ဟုတ်လာ :D :D ဟာသပဲ..

ရိုးရာ said...

ဟိုင်း
ကိုရန်အောင်ရေကျွန်တော်လည်း memoryအတွက်စမ်းကြည့်တယ်ဗျ။ ဒါပေမယ့်မရဘူးဖြစ်နေတယ်. ပထမတစ်ခါ 16GBထည့်ကြည့်တယ်ဗျ။အဲ့ဒီတော့တေဇဖြစ်သလိုဖြစ်နေတယ်.dxdiag နဲ့ram တိုးလားကြည့်တော့လည်းမတိုးဘူး။အဲ့ဒါနဲ့4GBတစ်ချောင်းထည့်စမ်းတယ်..နောက်တစ်မျိုးပြောင်းပြောတယ်ဗျ.အဲ့ဒါကThere is not enough space on this drive to create the page file size specified.At least 5 Megabytes of free disk space must left after the page file is created. Specify a smaller page file size or free some disk space.တဲ့.
ကျွန်တော်နားမလည်ဘူးဗျ.ကျွန်တော့laptopကမန်မိုရီနည်းနေတော့တစ်အားလေးနေတယ်ခင်ဗျ..အဲ့ဒါကြောင့်အစ်ကိုblockမှာတွေ့တော့စမ်းကြည့်မိတာပါ..Hardisk က500GBခင်ဗျ..သူ့အထဲမှာလည်းdataကအရမ်းများနေတယ်..အဲ့ဒီတော့မန်မိုရီကမနိုင်တော့ဘူးလို့ထင်မိလို့ပါ..ဒီမှာမန်မိုရီထပ်ထည့်ဖို့က အခက်အခဲဖြစ်နေလို့ပါ.ကူညီပေးပါလို့မေတ္တာရပ်ပါတယ်အစ်ကို.ကျွန်တော့ရဲ့စက်က မန်မိုရီက 700MBပဲရှိတယ်အစ်ကို..စက်ကDriver cd ကလဲမရှိတော့ဘူး..တစ်ခုခုဖြစ်ရင်Driver ပြန်တင်ဖို့ကလည်းမရှိဘူးဖြစ်နေတယ်အစ်ကို.အင်တာနက်မှာဘယ်လိုရှာရမလဲမသိဘူးအစ်ကိုအဲ့ဒါလည်းကူညီပေးပါနော်.

လေးစားစွာဖြင့်
ကိုမင်း

အခြားပို့စ်တွေကိုလည်းဖတ်ဖြစ်တယ်.အရမ်ကောင်းတယ်အစ်ကို.ကျေးဇူးတင်ပါတယ်.ကျွန်တော်တို့က ကွန်ပျူတာပျက်ရင်ဘယ်သွားလို့မှသိပ်မရဘူးအစ်ကို.အရမ်းလဲဈေးကြီးတယ်..ဒီကြားထဲcopy rightကလည်းတစ်မှေင့်..ဒါကြောင့်အစ်ကိုတို့လိုပညာရှင်တွေဝေငှတဲ့စာတွေဖတ်ပြီးကိုယ်တိုင်စမ်းကြည့်တာပါ..

အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်..
ကို၇န်အောင် blog အဓွန့်ရှည်ပါစေ..ဒီထက်အောင်မြင်ပါစေ..
post အသစ်များရှိရင်မေးလ်ကိုပို့ပေးနိုင်ရင်ပို့ပေးစေချင်ပါတယ်ခင်ဗျာ..

anochar said...

hi KO
Direct Diagnostic Tool (dxdiag) ထဲမှာ RAM တိုးသွားလား သွားရှာကြည့်တော့ ဘယ်တွေ့ မှာလဲဗျ.. :D အပေါ် က ကိုရန်အောင် ပြောပြထားတဲ့ ပုံစံက -(RAM အစစ်လိုမျိုး သုံးတာ မဟုတ်ပါဘူး.. computer ထဲမှာ ရှိနေတဲ့ RAM မှာ အလုပ် မနိုင်တော့ဘူးဆိုရင် အဲ့ဒီ့ ram ပုံစံ လုပ်ထားတဲ့ usb memory stick ကခွဲဝေယူပြီး အလုပ်လုပ်ပေးတယ်.. အဲ့ဒီလို သုံးခြင်းအားဖြင့် ခါတိုင်း ပုံမှန်ပဲလုပ်နေကြ အလုပ်တွေက ပိုမိုမြန်ဆန်လာတယ် 512 MB ဒါမှမဟုတ် 1 GB လောက်ရှိတဲ့ stick မျိုးနဲ့ သုံးတာဟာ အကောင်းဆုံးပါပဲ.. 4GB လောက်နဲ့ သွားသုံးရင် computer ပိုလေးသွားတတ်တယ် :D :D

ရိုးရာ said...

ありがと
ကျေးဇူးပဲလူကြီးမင်းရေ
သဘောပေါက်ပြီ.ဟဲဟဲ
ဒါပေါ့တန်ဆေးလွန်ဘေးဆိုတာ.အင်းဒါနဲ့
memory stick or sd cardကိုပြန်ထုတ်လိုက်ရင်ရောအဲ့ဒီfunctionကအလုပ်ဖြစ်သေးလားခင်ဗျာ. ဟဲဟဲ.

ကျေးဇူးကမ္ဘာပါခင်ဗျာ။

anochar said...

xp နဲ့တော့ မသုံးဖူးဘူး window 7 မှဆိုရင်တော့ stick ကို computer ထဲထိုးလိုက်တာနဲ့ သူ့ဖာသာသူ auto အလုပ်လုပ်ပါတယ် 4GB ဖြစ်နေရင်လည်း ဘယ်လောက် သုံးမယ် ဆိုတာကို ကိုယ့်ဖာသာကိုယ် ရွေးချယ်နိုင်ပါတယ်