Monday, April 30, 2007

This I Promise You - 'N Sync


ကိုယ့်ရင်ထဲက ဆန္ဒလေးတစ်စုံကို ဒီပုလင်းလေးထဲမှာထည့်ပြီးတော့ မျှောလိုက်တယ်…
ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်ပြီးတော့ မင်းလေးရှိမယ့်နေရာဆီကိုပေါ့….


ဟိုလုပ်ဒီလုပ်နဲ့ အလုပ်တွေ ရှုပ်ချင်ယောင်ဆောင်နေတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ထွက်ပေါက်သီချင်းလေးတစ်ပုဒ်ပေါ့ဗျာ.


This I Promise You - 'N Sync


Ohh ohh...

When the visions around you,
Bring tears to your eyes
And all that surround you,
Are secrets and lies
I'll be your strength,
I'll give you hope,
Keeping your faith when it's gone
The one you should call,
Was standing here all along..


And I will take
You in my arms
And hold you right where you belong
Till the day my life is through
This I promise you
This I promise you

I've loved you forever,
In lifetimes before
And I promise you never...
Will you hurt anymore
I give you my word
I give you my heart (give you my heart)
This is a battle we've won
And with this vow,
Forever has now begun...

Just close your eyes (close your eyes)
Each loving day (each loving day)
I know this feeling won't go away (no..)
Till the day my life is through
This I promise you..
This I promise you..

Over and over I fall (over and over I fall)
When I hear you call
Without you in my life baby
I just wouldn't be living at all...

And I will take (I will take you in my arms)
You in my arms
And hold you right where you belong (right where you belong)
Till the day my life is through
This I promise you baby

Just close your eyes
Each loving day (each loving day)
I know this feeling won't go away (no..)
Every word I say is true
This I promise you

Every word I say is true
This I promise you
Ooh, I promise you...



Sunday, April 29, 2007

စက်ရပ်သတင်း

ိ
စာမူဘလော့ဂ် မှာ မဲစပေးလို့ရပါပြီ. IP ရော၊ Cookies ကိုရောပါ Lock လုပ်ထားပါတယ်. အောင်မြင်ပါတယ်. အားပေးကူညီတဲ့သူတွေ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ် ခင်ဗျာ...

စာမူဘလော့ဂ်၊ သတင်းဘလော့ဂ်နဲ့ Tag Game ဘလော့ဂ် သုံးခုလုံးကို EOT လုပ်ပေးထားပါတယ်. အဆင်မပြေရင်လည်း ပြန်ပြောကြပါဦးလို့ မေတ္တာ ရပ်ခံပါတယ် ခင်ဗျာ...

Tag Game လေးကို တစ်နေရာတည်းမှာ ဖတ်ကြရအောင်လား

ဘလော့ဂါညီအစ်ကိုမောင်နှမများ ပျော်ပျော်ပါးပါး ကစားကြတဲ့ Tag Game လေးကို တစ်နေရာတည်း စုစုစည်းစည်းလေး ဖတ်လို့ရအောင် ဘလော့ဂ် လေးတစ်ခု ဖန်တီးထားပါတယ်.

ပါဝင်ချင်သူများ blogtagger@gmail.com ကို လင့်ခ်ပို့ပေးပါ. ဖြစ်နိုင်ရင် တစ်ခါတည်း Text လေးတွေကို Format လုပ်ပြီးပို့ပေးပါ. ဒါဆိုရင် ကျွန်တော်တို့ဘက်က တစ်ခါတည်း Copy Paste လုပ်ရုံပဲလေ. ဟုတ်တယ်ဟုတ်.

တကယ်လို့ ကိုယ်ရေးထားတဲ့စာထဲမှာ လင့်ခ်လေးတွေပါနေရင်လည်း ပေးဖို့မမေ့နဲ့နော်.. အားလုံးကိုပျော်ရွှင်စေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါပဲ….

ဩော်. ကြည့်စမ်း. မေ့နေလိုက်တာ. အရေးကြီးတာကျန်သွားပြီ. ဘလော့ဂ်လေးရဲ့နာမည်ကို သိချင်မှာပေါ့ဗျာ. ဟုတ်ဖူးလား နာမည်လေးက ထူးဆန်းတယ်ဗျ

www.taggergame.blogspot.com ပါခင်ဗျာ…

Friday, April 27, 2007

မြွေဖမ်းခြင်း

ခေတ်လွန်ကဗျာ



ကဲ….မင်း
ငါ့ကိုချစ်တယ်ဆိုပါစို့
ငါက
မင်းချစ်တာကိုတကယ်လည်းမသိခဲ့တာ
မင်းကလည်း
ငါဘယ်သူ့ကိုချစ်နေလဲဆိုတာ တစ်ခါမှ မမေးခဲ့ဖူးဘဲနဲ့
အင်း…
ဒီလိုဆိုတော့လည်း
မင်းနဲ့ငါ
မြွေဖမ်းကြပြီပေါ့နော်…




အောက်ပါ ခေတ်လွန်ကဗျာ တစ်ပုဒ်ကိုမှီငြမ်းရေးသားပါသည်...


Tuesday, April 24, 2007

နေ့စဉ်သုံးစကားများထဲမှ သတ္တ၀ါလေးများ


သတ္တ၀ါလေးတွေကို စကားပြောတဲ့အထဲမှာ ခိုင်းနှိုင်းပြီး ပုံပေးပြော တတ်ကြတယ်နော်. အဲဒါလေးတွေကို အပျင်းပြေလေး စာရင်းလုပ်ကြည့် ထားတာပါ. ညီအစ်ကိုတို့ သိတာလေးတွေကိုလည်း Comment ထဲမှာ ရေးပေးခဲ့ပါလား. ဒါလေးတွေကို မူတည်ပြီး ဇာတ်လမ်းလေးတစ်ပုဒ်လောက် ရေးမယ်စဉ်းစားထားလို့ပါ… ကျေးဇူးတင်ပါတယ် ကိုကိုမမ ညီလေး ညီမလေးတို့ရေ….


ခုလိုအားတက်သရော ၀င်ရောက်ဆွေးနွေးပေးကြတဲ့ ဘလော့ဂါကိုကို မမများကို ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါ၏.

အကောင်ပလောင်များ ကျန်နေသေးလျှင်လည်း ဒီပို့စ်လေးရဲ့အောက်မှာ ဆက်ပြီးလာမွေးပေးကြပါ. (အကောင်လေးတွေကို ပြောတာနော်.) တော်ကြာ ဘုန်းကြီးအမှုရွာပတ်ပြီး ဖွတ်မရဓားမဆုံးဖြစ်နေခဲ့ရင်တော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့မကာပါနဲ့. (မှန်အောင်ကိုပစ်မှာ)

ပစ်ကာမှ ပစ်ပါပြီဆိုပြီး လက်ပံပင်ဆက်ရက် ကျသလိုအော်ရင်တော့ မျောက်မီးခဲကိုင်မိတာထက် ပိုဆိုးသွားမယ်. ခုဟာက ကုလားသိုက်ကို ၀င်ကိုက်မယ့်ကျားမဟုတ်ဘူး. အကြံကုန်လို့ ဂဠုန်ဆားချက် မယ့်လူစားမျိုးလည်း မဟုတ်ဘူး. ဒီပို့စ်ကို ကမ္ဘာကျော်သွားအောင် ရေးပြမလို့ ကတွတ်ပေါက်က စောင့်တဲ့ ဗျိုင်းလို စောင့်နေတာ. ရေတွင်းထဲက ဖားသူငယ်လေးပါလို့ အမနာပ ပြောမယ်ဆိုရင်တော့ နဂါးတို့မျက်စောင်း အကြောင်းမရွေးဘူးဆိုတာ သိသွားစေရမယ်….

လောလောဆယ်တော့ နှစ်ဦးနှစ်ဘက် ပြေရာပြေကြောင်းလေးနဲ့ပဲ လောကကောင်းကျိုးသယ်ပိုးကြတာပေါ့ဗျာ. ဟုတ်တယ်မလား ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာပေါ့. မြွေမသေ တုတ်မကျိုး နည်းလမ်းက အသင့်တော်ဆုံးပါပဲလေ. ပညာရှာနေတဲ့အချိန်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို နေမှ ပညာပိုရမယ်လို့ ဆရာတစ်ယောက်က မှာခဲ့ဖူးတယ်ဗျ. နေရာတကာ နဂါးမှန်းသိအောင် အမောက်မထောင်သင့်ဘူး. ကိုယ့်ကိုယ်ကိုမှ မထိန်းချုပ်နိုင်ရင်တော့ မျောက်လောင်းမျောက်လောင်းဘ၀ ပြန်ရောက်မှာပဲလေ.. ဘယ်သူက ဘယ်ဝါဆိုတာ တစ်ချိန်ချိန်ကျရင် လယ်ပြင်ဆင်သွားသလို ထင်ရှားလာမှာပဲ မဟုတ်လားဗျ….

ခွေးလှေးခုန်လို့ ဖုန်မထဘူးလို့လည်း မှိုချိုးမျှစ်ချိုး ပြောချင်နေသူများ ရှိမှာပေါ့. ဒါပေမယ့်ဗျာ. ဆင်လည်း ဆင်အထွာနဲ့ ကြွက်လည်းကြွက်အထွာနဲ့ပဲ မဟုတ်လားဗျ. ပညာရှင်ကြီးတွေတောင် ဒီလိုစာသားမျိုးလေးတွေနဲ့ စာမူတစ်ပုဒ်ရေးဖြစ်ဖို့ စဉ်းစားမိဖြစ်ချင်မှ စဉ်းစားမိမယ်. ရေးမိရင်တောင် ကျွန်တော့်လို ပြောင်ချော်ချော်နဲ့ ရီစရာ ဖြစ်အောင်ရေးမှာ မဟုတ်ဘူး။ ဒါဆိုရင်တော့ ဘယ်သူကမှ စိတ်ဝင်တစားဖတ်ဖြစ်မှာ မဟုတ်ဘူးဗျ. မြင်းကောင်းခွာလိပ်ပြီပေါ့ဗျာ.

ကျွန်တော်ကတော့ ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းကို ရောက်အောင် ဖြည်းဖြည်းချင်း ဆွဲခေါ်သွားတတ်တဲ့သူမျိုးပါ. ဒါကြောင့် ငယ်သာငယ် ပင်လယ်ကို ကူးဖြတ်ဖို့ ကြိုးစားနေတဲ့ ပုစွန်ဆိတ်လေးတစ်ကောင်လို့ မှတ်ယူစေချင်ပါတယ်. ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံနေသလို ဖြိုနိုင်ဖို့အင်အားကိုလည်း စုဆောင်းနေသူတစ်ယောက်ပါ. ဆင်ကန်းတောတိုး အလုပ်လုပ်တတ်သူတစ်ယောက် မဟုတ်ဘူးဆိုတာ မှတ်ယူစေချင်ပါတယ်. ဘယ်သူမှ မရေးနိုင်ဘူးထင်လို့ တောမီးလောင် တောကြောင်လက်ခမောင်းခတ်နေတာလည်း မဟုတ်ပါဘူး. တစ်ချို့ကတော့ ထင်မှာပါ. အလုပ်မရှိကြောင်ရေချိုးတယ်ပြောပြီး ငါးခူပြုံးလေးပြုံး နေကြမှာပေါ့. ရပါတယ်ဗျာ.

ဒါဆိုရင်လည်း ခုပဲ ရေးပါတော့လားလို့ ပြောရော့မယ်. ရေးမှာပါခင်ဗျာ. လောလောဆယ်မှာ လိုအပ်တဲ့ ကုန်ကြမ်းလေးတွေ လိုက်လံ စုဆောင်းနေလို့ပါ. တစ်ချိန်တည်းမှာပဲ လိုအပ်မယ့် စကားလုံးလေးတွေကို တစ်ယောက်တည်းမရှာဘဲ မိတ်ဆွေအပေါင်း အသင်းများကိုပါ အကူအညီတောင်းပြီး စုဆောင်းနေတာပါ. ပမာဆောင်ရရင်တော့ ကြက်လည်းမောစေ ယာလည်းညက်စေပေါ့ဗျာ.. လောလောဆယ်မှာတော့ စာမေးပွဲနဲ့ ပျားတုပ်နေတာလည်း ပါပါတယ်.အများကြီးတော့လည်း ထည့်မရေးချင်ပါဘူး. နည်းနည်းလေးပဲ ရေးရင်လည်း ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်သွားမှာပေါ့. ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာစကားက ကျယ်ပြန့်လွန်းတာကိုး… လိုအပ်တဲ့ အတိုင်းအတာတစ်ခုထိ စကားလုံးလေးတွေ စုဆောင်းမိရင်တော့ စရေးပါတော့မယ်. ရော့ပတ္တမြားဆိုမှတော့ ရော့နဂါးပေါ့ဗျာ...

ဟဲဟဲ ဥပမာရေးပြတာနော်. ဒီလောက်ဆို ယုံပြီမဟုတ်လား. ဆက်သာပံ့ပိုးပေးကြပါဦး ကိုကိုမမတို့ရေ… အားလုံးကို လေးစားချစ်ခင်လျက်ပါ ခင်ဗျာ...





ဥပမာလေးတွေ ဖြည့်စွက်ပေးသူများကို နာမည်နဲ့တကွ ဒီပို့စ်လေးမှာ update လုပ်ပေးသွားမယ့်အပြင် ဇာတ်လမ်းလေးပြီးသွားရင်လည်း Credit ပေးထားပါမယ်…

ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး
အလုပ်မရှိ ကြောင်ရေချိုး
ကြောင်ကျကျ
ကြောင်သူတော် ကြွက်သူခိုး

ကျားချောင်းချောင်း
ကျားနာတစ်ကောင်လို
ကျားနဲ့ဆင် လယ်ပြင်မှာတွေ့
ခြင်္သေ့လည်ဆံလို
ငါးကြော်မကြိုက်ကြောင်မိုက်
စားနေကျ ကြောင်ဖား

ကြွက်စုတ်ကျနေတာပဲ
ခိုညည်းညည်း
ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကိုတဲ့ ဖြိုမယ်ကြံ

ပျားအုံတုတ်နဲ့ထိုး
ပျားတုပ်နေတယ်
ဒေါင်းမျိုး၊ ခွေးမျိုး

သမင်လည်ပြန်
သမင်လည်တိုင်

မျောက်ရှုံးအောင်ဆော့
မျောက်အုန်းသီးရသလို
မျောက်မီးခဲ ကိုင်မိသလို
မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့
မျောက်လောင်းမျောက်လောင်းဘ၀ ပြန်ရောက်တာပါပဲ

ဆင်ကြံကြံ
ဆင်သွားရင်လမ်းဖြစ်
ဆင်ဝှေ့ရန်ရှောင်
ဆင်ကန်းတောတိုး
မုန်ယိုနေတဲ့ ဆင်လို
ဆင်မယဉ်သာ
ဆင်ဦးကင်းပုံစံ နဖူးလေး
လယ်ပြင်မှာ ဆင်သွားသလို
ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလို
အမြင်မတော် ဆင်တော်နှင့်ခလောက်
ဆင်လည်းဆင်အထွာ၊ ကြွက်လည်း ကြွက်အထွာ

ကျီးသိုက်ပြိုသလို
ကျီးအာအာ
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်

အောက်ချင်းမောင်နှံ

မြင်းကောင်းခွာလိပ်

ပုစဉ်းရင်ကွဲ
ကတွတ်ပေါက်ကစောင့်နေတဲ့ ဗျိုင်းလို

ဂဏန်းသွားသွားနေတယ်
ယုန်သွားလေးနဲ့ချစ်စရာလေး
ယုန်လေးလိုအပြစ်ကင်းတယ်.

တိုင်ချည်ထားတဲ့ နွားသိုးလို
နွားသိုးကြိုးပြတ်
လယ်ထွန်သွား နွားမေ့
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်
နွားရိုင်းသွင်းချိန်
ကျွဲပါးစောင်းတီး

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲရှိတော့မှာပေါ့
ရေတွင်းထဲက ဖားသူငယ်
ငါးသလဲထိုးပြုံး ပြုံးနေတယ်
ငါးခူပြုံး ပြုံးနေတယ်.
ငါးဇင်ရိုင်း နှုတ်ခမ်းမွှေးနဲ့
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်

ချီးထဲကလောက် ချီးထဲမှာပဲပျော်

သိုးရေခြုံထားတဲ့ မြေခွေး

မိကျောင်းမျက်ရည်ကျပြမနေနဲ့
မိကျောင်းမင်း ရေခင်းပြ

ရည်းစားလူလု အူနု ကျွဲခတ်
သာလိကာကျနေတာပဲ
လှောင်ချိုင့်ထဲက ငှက်ငယ်
အပျံသင်ခါစ ငှက်ငယ်လို

အိမ်မြှောင် အမြီးပြတ်
ဆင်သေနဲ့ကျီးမိုက်

ကြက်မတွန်လို့ မိုးမလင်း
တီကောင်ဆားတို့သလို
လင်းယုန်မျက်စိလို

ပိုးဟပ်ဖြူ
ဖြူကောင်
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး
အစွယ်ကျိုးနေတဲ့ မြွေလို
စပါးကြီးမြွေ ညှို့ခံထားရသလို
မြွေပွေးခါးပိုက်ပိုက်ထားသလို
မြွေမသေတုတ်မကျိုး

ဘီလူးဆိုင်းတီး
ဘီလူး သံပုရာသီး ငုံထားသလို
ဘီလူး သဘက်များစီးသလို

နဂါးတို့မျက်စောင်း အကြောင်းမရွေး
နဂါးမင်းစည်းစိမ်ခံစားနေ
ကာလနဂါး

ကြိုးကြာလည်တိုင်လေးနဲ့
ဇီးသီးသည် မဗျိုင်း
အမိမဲ့သားရေနည်းငါး
ကုန်းပေါ်တင်လိုက်တဲ့ငါးလို တဖျတ်ဖျတ်ဖြစ်နေ

သောင်ပြင်မှာ ကြိုးပြတ်တဲ့ခွေးလို
ဟောင်လွန်းတဲ့ခွေး လူမလေး
ခွေးအိုကြီး လက်ပေးသင်သလို
ခွေးရူးရေကြောက်သလို
ခွေးအကြီးလှည်းနင်း
ဆင်သေနဲ့ မြေခွေးမိုက်

တစ်ဂူတည်း ခြင်္သေ့ နှစ်ကောင် မအောင်းကောင်းဘူး

လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်.
ခဲမှန်ဖူးတဲ့ စာသူငယ်


ဖြည့်စွက်ချက်များ
=========

(ကိုအောင်မော်ဟိန်း)

သမင်မျက်လုံး ကျားအပြုံး

(ကိုနတ္ထိ)

ကြွက်တွင်း။
ဆင်ကျီစားရာ ဆိတ်မခံသာ။
ဝက်ကန်း မစင်တွင်းထဲကျ။
ကျီးကန်းတောင်းမှောက်။
ဒေါင်းယောင်ဆောင်တဲ့ကျီး။
ကြွေတလှည့် ကြက်တစ်ခုန်။
ငါးပိနဲ့ လောက်။
တိုင်ဖျားပုဇင်းနား, ကျီးကန်းချီးပါ။
ဇီးကွက်မျက်ပြူး။
စာကလေး အမွှေးနှုတ်ထားသလို။
ဆိတ်ပါးစပ်။

(မဂျစ်တူး)

ခွေးမြီးကောက် ကျည်တောက်စွပ်

(Thunder)

ရွှေပင်နားတော့ရွှေကျီး .ငွေပင်နားတော့ငွေကျီး

အသားထဲကလောက်ထွက်

ကြက်တူရွေး ကတော်တော်..

(မဟေမာ)

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး။

ကျားဆရာကြောင်
ကြောင်ဆရာကြွက်။

ဆင်သေကိုဆိတ်သားရေနှင့်ဖုံး။ (ဖော်ပြပြီး)

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ။

မီးခိုးကြွက်လျှောက်။


ပို့စ်လေးတွေရှည်နေရင် ဒီလိုလေး ခေါက်ထားလိုက်ပါ...


ကျွန်တော့်ရဲ့ ဘလော့ဂ်မှာ ပို့စ်လေးတွေကို မိတ်ဆက်လေးတင်ပြီးတော့ ကျန်တာတွေကို ဆက်ဖတ်နိုင်အောင် Read More… Collapse ဆိုတာလေး လုပ်ထားတာ အားလုံးအသိပဲ ဖြစ်မှာပါ.

အဲဒါကို အင်္ဂလိပ်လို Peek-A-Boo Post လေးတွေ လို့ခေါ်ပြီးတော့ မြန်မာမှုပြုရရင်တော့ `တူတူရေ၀ါးပို့စ်´ လေးတွေလို ပြန်ဆိုရပါလိမ့်မယ်။ ပုန်းနေရာက ၀ါးဆို ထွက်လာလို့လေ… ဟုတ်တယ်ဟုတ်…

ခဏခဏလာမေးတဲ့ ဘော်ဘော်ဘလော့ဂါများလည်း ပြေလည်အောင်၊ နောက်နောင် မည်သူမဆို ကိုးကားနိုင်အောင်လို့ ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ် ခင်ဗျာ…. Template ကို မွမ်းမံဖြည့်စွက်တာတွေ လုပ်တော့မယ်ဆိုရင် ဘာမှမလုပ်ခင် အရင်ဆုံး Backup လုပ်တာဟာ အလေ့အထကောင်းလေး တစ်ခုပါပဲ။ ဒါကြောင့် Template ကို Backup လုပ်လိုက်ပါ။ ပြီးရင်တော့ စပါပြီ...

အဆင့် (၁)

ဒီ script လေးကို ကူးပြီးတော့ </head>-tag မဆုံးခင်လေးမှာ ထည့်လိုက်ပါ။

<script src="http://yanaung.prospect.googlepages.com/myhacko.js"
type="text/javascript" />

အဆင့် (၂)

Template ထဲမှာ includable id=’post’ ဆိုတာလေးကို ရှာပါ။ ပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Code လေးတွေကို အစအဆုံး အစားသွင်းလိုက်ပါ.


<b:includable id='post' var='post'>
<div class='post uncustomized-post-template' expr:id='"post-" + data:post.id'>
<a expr:name='data:post.id'/>
<b:if cond='data:post.title'>
<h3 class='post-title'>
<b:if cond='data:post.url'>
<a expr:href='data:post.url'><data:post.title/></a>
<b:else/>
<data:post.title/>
</b:if>
</h3>
</b:if>

<div class='post-header-line-1'/>

<div class='post-body'>
<b:if cond='data:blog.pageType == "item"'>
<p><data:post.body/></p>

<b:else/>
<style>#fullpost {display:none;}</style>
<p><data:post.body/></p>
<span id='showlink'>
<p><a expr:onclick='"javascript:showFull(\"post-" + data:post.id + "\");"' href='javascript:void(0);'>Read More...</a></p>
</span>
<span id='hidelink' style='display:none'>
<p><a expr:onclick='"javascript:hideFull(\"post-" + data:post.id + "\");"' href='javascript:void(0);'>Collapse...</a></p>
</span>
<script type='text/javascript'>
checkFull("post-" + "<data:post.id/>");
</script>
</b:if>

<div style='clear: both;'/> <!-- clear for photos floats -->
</div>


.... rest of template code ....




Template ကို Save လုပ်လိုက်ပါ။

အဆင့် (၃)

Setting ထဲက Formatting Tab ကိုသွားပြီး Post-Template နေရာမှာ အောက်ပါစာသားလေးများကို ရိုက်ပါ။

Type your summary here.
<span id="fullpost">
Type the rest of your post here.
</span>


Save လုပ်ပါ။

ပြီးပါပြီ…

ပို့စ်လေးတွေ တင်တဲ့အခါမှာ မိတ်ဆက်သဘောလောက် တင်ပြချင်တဲ့ စာပိုဒ်လေးတွေကို တစ်ပိုဒ်လောက် ဖော်ပြပေးပြီး ကျန်တာတွေကိုတော့ <span id="fullpost"> ရဲ့ နောက်မှာ ထည့်လိုက်ရုံပါပဲ…

လွယ်ပါတယ်နော်…. Read More, Summary Only မထည့်ချင်ဘဲ မြန်မာလို `အကျယ်ဖတ်´၊ `အကျဉ်းဖတ်´ လို့ရေးရင်လည်း ရတာပါပဲ. စိတ်ချမ်းသာ သလိုသာ လုပ်ကြပါ ဘလော့ဂါမောင်နှမတို့ရေ... ကျွန်တော်ကတော့ Summary နေရာမှာ ကွန့်ပြီးတော့ Collapse လို့ လုပ်ထားတယ်ဗျ...

ok

မှတ်ချက်။ ။ ဒီပို့စ်လေးကို အဆင်ပြေအောင် ဘာသာပြန်ပေးထားပါတယ် ခင်ဗျာ...

Update:

ဒီပို့စ်ခေါက်တာလေးကို ပြန်ပြီး update လုပ်ထားပါတယ်. သူ့ Original Coding ကို ကူးထည့်ရင် HTML Tag က မပိတ်ဘူးဆိုပြီး Error အမြဲပြနေတတ်ပါတယ်. အဲဒါကို နည်းနည်း ပြန်ပြင်ပြီး အရင် Coding တွေနေရာမှာ အစားပြန်သွင်းလိုက်ပါတယ်. ခုပြန်လုပ်လိုက်တဲ့ Coding တွေကို တိုက်ရိုက်ကူးထည့်နိုင်ပါတယ်. ဘာမှ ပြဿနာမရှိနိုင်တော့ပါဘူး. တစ်ခုတော့ ရှိပါတယ်.

အဆင့် (၂) အတွက် မိမိရဲ့ ဘလော့ဂ်ဟာ New Blogger Template ကို သုံးနေတာ ဖြစ်ရပါမယ်. Template Tab မှာ Expand Widgets ဆိုတဲ့ Box လေးကို Tick လုပ်ပေးခဲ့ဖို့လည်း မမေ့ပါနဲ့ခင်ဗျာ. လိုချင်တဲ့ ကုဒ်လေးတွေကို အလွယ်တကူရှာတွေ့ချင်ရင်တော့ Template ကို ကော်ပီကူးယူပြီး Microsoft Word ထဲမှာပဲ ဖြစ်ဖြစ်၊ Notepad ထဲမှာပဲ ဖြစ်ဖြစ် Paste ပြန်လုပ်ပါ. ပြီးရင် Ctrl+F ကိုနှိပ်ပြီး လိုချင်တဲ့ စာလုံးလေးတွေကို လိုက်ရှာယူပါ.

ဒီပို့စ်ခေါက်တာကို လုပ်တာ ၁၀ မိနစ်ထက်ပိုမကြာစေရပါဘူး ခင်ဗျာ. အောင်မြင်ကြပါစေ…


Monday, April 23, 2007

စာအုပ်နာမည်ပထမအဆင့် ရွေးချယ်ခြင်း


စာအုပ်နာမည်ရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ မအိမ့်ချမ်းမြေ့ ရြဲ့ပန်တမ်းကို သတင်းဘလော့ဂ်မှာ တင်ထားပါတယ်. မဲကိစ္စကိုအမြန်ဆုံး ကူညီပေးစေလိုပါတယ် ညီအစ်ကိုတို့ရေ. ကျွန်တော် PollDaddy သုံးတာ စာလုံးဝမပေါ်ပါဘူး. တစ်ခြားဘာ Poll ကောင်းကောင်းလေးတွေ ရှိနိုင်မလဲဆိုတာ ကျေးဇူးပြု၍ ကူညီပေးကြပါဦး...

ပြုံးချင်စရာလေးများ (၇)


ပြုံးချင်စရာဓာတ်ပုံလေးများ ကဏ္ဍပါ. လျှပ်တစ်ပြက်ရိုက်ကူးခဲ့တဲ့ သဘာဝကျကျ ရယ်မောစရာ ဖြစ်ရပ်လေးများလည်း ပါသလို အဆီအငေါ်မတည့်တဲ့ ဟာသဖြစ်ရပ်လေးများလည်း ပါဝင်ပါတယ်. နောက်ထပ်ဆက်လက် ဖော်ပြပေးသွားပါဦးမယ် ခင်ဗျာ…








ကျွန်တော့်ရဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုး


ဘာညာရဲ့ Tagging Game ကြီးထဲကို ကျွန်တော်လည်း ဘာညာဘာညာနဲ့ ပါခဲ့ရပြန်ပြီဗျာ. Tagging Game ဆိုတာဘာလဲ ဆိုတာ သိချင်ရင်တော့ ဒီပို့စ်တွေမှာ သွားဖတ်ပါ. Tesla မဂျစ်နဲ့ ဘာညာတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုးပေါ့ဗျာ.

ကျွန်တော့်ရဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုးကတော့

၁. အိပ်တဲ့အခါမှာ ရင်ဘတ်ပေါ်မှာ တစ်ခုခုရှိနေမှ အိပ်တတ်တယ်. ဆောင်းတွင်းဆိုရင်တော့ စောင်ထူထူကြီးခြုံအိပ်တာပေါ့. နွေဆိုရင်လည်း စောင်ပါးပါးလေး တစ်ထည်လောက်တော့ ခြုံအိပ်လိုက်တယ်. ငယ်ငယ်ကအိပ်ရင် ပုဆိုးနားလာချိတ်တာ ခဏခဏဖြစ်ကတည်းက စောင်ခြုံအိပ်တဲ့ အကျင့်ရသွားတာ. ဒါတောင် မနက်ကျရင် နားမှာ လာချိတ်နေတုန်းပဲ. (ဆံပင်တွေကို ပြောတာပါ. ရင်တွေခုန်သွားလား.သွား. ပြောဘူး.)

ရင်ဘတ်ပေါ်မှာ တစ်ခုခုမရှိရင်လည်းရတယ်. ရင်ခွင်ထဲမှာ တစ်ခုခုထားပြီး အိပ်ရင်၊ တစ်ခုခုကို ခွပြီးအိပ်ရင်လည်း အိပ်ပျော်တတ်တယ်. (သဘောပေါက်နော်).

၂. အိမ်သာတက်ရင် အရမ်းကြာတယ်. မဂျစ်လိုပဲ စာအုပ်တစ်အုပ်ဆွဲပြီး အိမ်သာထဲကို ၀င်တာ. အိမ်မှာနေတုန်းက မနက်ခင်းဆို အိမ်သာမတက်ဘူး. နောက်ကလူတွေက တံခါးကို တဒုန်းဒုန်းလာထုလွန်းလို့ သူတို့အားလုံး မရှိတဲ့အချိန်၊ ဒါမှမဟုတ် အိပ်ချိန်တွေလောက်မှ အိမ်သာတက်တယ်. ည ၁၀ နာရီပတ်ဝန်းကျင်လောက်ပေါ့. အိမ်သာထဲက ပြန်ထွက်လာရင် ၁၀ နာရီခွဲလောက်ကတော့ အနည်းဆုံးပဲ. လူလည်းပန်းပြီး ထွက်လာတယ်. (အိမ်သာတက်တာကို. ပင်ပန်းတာပေါ့. ဘာတွေ လျှောက်တွေးနေပြန်ပြီလဲ.)

၃. ခရီးသွားရင် အိမ်သာသိပ်မတက်ဘူး. ရွံလို့ပါ. မှတ်မှတ်ရရ ကျိုက်ထီးရိုးသွားတုန်းက အိမ်သာသွားတော့ လူတွေ အများကြီး တန်းစီစောင့်ရတယ်. ပြီးတော့ အိမ်သာထဲကို ၀င်တော့ ရေကလည်း ၀ယ်ရသေးတယ်နော်. ကိုယ်ဝယ်ထားတဲ့ ရေခွက်လေးကို ရွှေခွက်လေးအလား ကိုင်ပြီးတော့ အိမ်သာထဲကို ၀င်ရတယ်. မှောင်ကလည်း မှောင်. အိမ်သာကလည်း တောင်စောင်းမှာ ဆောက်ထားတော့ လေက တ၀ှီးဝှီးနဲ့ အပေါ်ရော အောက်ရော တိုးပါလေရော. ဟီးဟီး ပြောရင်းနဲ့ကို ရင်တုန်ပန်းတုန်ဖြစ်လာပြီဗျာ…

အိမ်သာတက်ရင် ရေအရမ်းသုံးတဲ့ ကျွန်တော် ကျွတ်စိန်ဖြစ်တာပါပဲဗျာ. တော်သေးတာပေါ့. အပြင်ကလူတစ်ယောက်ကို အကူအညီတောင်းရတယ် အစ်ကိုရေ. ကျွန်တော့်ကို ရေလေးတစ်ခွက်လောက်ခပ်ပေးပါလားဗျာ လို့ (မနောက်ဘူးနော်. တကယ်ပြောတာပါ.) အဲဒီ့အစ်ကိုကြီးကလည်း ဒီကောင်မြန်မြန်ပြီးမှ ငါအိမ်သာတက်ရမယ်လို့ သဘောပိုက်ပြီး ကြည်ကြည်ဖြူဖြူနဲ့ ခပ်ပေးပါတယ်. နောက်တစ်ခွက်ယူဦးမလားလို့တောင် မေးသေး.

ပြန်ထွက်လာတော့ တစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက်တယ်. နောက်ရက် လုံးဝ အိမ်သာမတက်တော့ဘူးလို့. တကယ်လည်း မတက်တော့ပါဘူး. သုံးရက်ခရီးစဉ် အိမ်ပြန်လာတော့ ကားတစ်ချက်ခုန်လိုက်တိုင်း ဖင်ပိတ်ပြီးလိုက်လာရတယ်ဗျာ. (အော်ရီလိုက်စမ်းပါ. ပြုံးရုံလေး ပြုံးမနေပါနဲ့ဗျာ.)

မျက်နှာမှာလည်း ၀က်ခြံဖုတွေထွက်လို့ပေါ့ဗျာ. ပြန်ရောက်တော့မှ ချစ်သူလေးက တယုတယလေး မေးတယ်. ၀က်ခြံတွေ ညှစ်ပေးမယ်တဲ့ အဲဒါနဲ့ပဲ အင်းလျားကန်စောင်းက ပန်းခြံလေးထဲကိုသွားပြီး… (ဩော် ဆောရီးဗျာ. တော့ပစ်လွဲသွားတယ်. ဒါက သက်သက်ဗျ. ဘွာတေးနော်. ဘွာ.ဘွာ)

၎. ပုဆိုးဝတ်ရင် ချက်ပြုတ်မ၀တ်ချင်ဘူး. ဒါပေမယ့် ချက်နားမှာဝတ်ရင်လည်း ပုဆိုးက ကြပ်ထုတ်ထုတ်ကြီးနဲ့ ကိုယ့်ရဲ့ ခါးတွေ တုတ်လာသလိုမျိုး အနေအထိုင်ကြပ်တယ်. ဒါနဲ့ပဲ ပုဆိုးဖြန့်ဝတ်ရင် ချက်တင်လောက်ဝတ်တယ်. ပြီးတော့ လက်မနဲ့ အောက်ကို နည်းနည်းလေး ဆွဲချလိုက်တယ်. အင်္ကျီစကို ဟိုနည်းနည်း ဒီနည်းနည်း ပြန်ဆွဲထုတ်တယ်. မြင်တဲ့သူတွေက ပြောတာပေါ့. `သိပ်ပဲများတာပဲ´ တဲ့. တကယ်ပါဗျာ. မတတ်နိုင်ပါဘူး. ခါးပတ်သာပတ်ထား ဖို့ကောင်းတော့တယ်. ပုဆိုးလည်း ခဏခဏ ကျွတ်တတ်ပါတယ်. (ဟေ့ ဘာရီတာလဲကွ) ခဏခဏ ပြန်ပြင်ဝတ်ရလွန်းလို့ ကျွန်တော် ပုဆိုးဝတ်တိုင်း ကျွန်တော့်ကိုချစ်တဲ့သူလေးက စိတ်ရှည်လက်ရှည်လေး ပြုံးပြီး ရပ်စောင့်ပေးနေတတ်ပါတယ်. ခုတော့လည်း သူလေးနဲ့ ကျွန်တော်နဲ့ Sniff… Sniff… Sniff…
cry

၅. တစ်နေရာရာကို ခဏပဲသွားရင်တော့ သိပ်ခေါင်းမစားဘူး. ခဏခဏ သွားနေရရင်တော့ လမ်းကြောင်းကို အမျိုးမျိုးပြောင်းပြီးသွားတတ်တယ်. စမ်းချောင်းမှာ စာပြတုန်းက ဦးဖီးလမ်းက ကျောင်းသားလေးတစ်ယောက်ကို သင်ပေးရတယ်. သူ့အိမ်ကိုသွားရင် လမ်းအမျိုးမျိုးက သွားတယ်. ရှမ်းလမ်းမှာဆင်းပြီး ဆီဆုံလမ်းဘက်ကနေ ကွေ့ဝင်တတ်သလို၊ ပဒုမ္မာ ကွင်းဘက်ကနေ လမ်းကြိုလမ်းကြားလေးတွေ သုံးပြီးတော့လည်း သွားတတ်ပါတယ်.

လမ်းလျှောက်ရင်လည်း ခြေထောက်ကို တည့်တည့်ထားပြီးလျှောက်တယ်. တစ်ခါတစ်လေ ခြေခွင်ပြီးလျှောက်မိပြီဆိုရင် ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိတတ်တယ်. လမ်းလျှောက်နေတုန်း ဘယ်ဘက် ခြေမျက်စိကို ညာဘက်ခြေထောက်က လာပွတ်မိသွားရင် ညာဘက်ခြေမျက်စိကို ဘယ်ဘက်ခြေထောက်နဲ့ မသိမသာလေး ပြန်ပွတ်လိုက်တယ်. လူသိအောင်တော့ ဘယ်ပွတ်ပါ့မလဲနော်. (ခြေထောက်ပွတ်တာနော်.) အဲလိုလုပ်လိုက်ရမှ ကိုယ့်ကိုယ်ကို ပြန်ပြီး Balance ဖြစ်သွားသလို ခံစားရတယ်. ထူးဆန်းတဲ့ ဆိုက်ကိုပါပဲဗျာ..

၆. ညညသိပ်မအိပ်ဘူး. နေ့နဲ့ညမှားနေတယ်လို့ ထင်ရတယ်လို့တောင် ချစ်မေမေက ပြောသေးတယ်. တစ်ခုခုကို စမိရင် ဆုံးအောင်လုပ်တတ်တယ်. (အကောင်းမထင်နဲ့ဦးနော်. ဆုံးအောင်ဖတ်). Dungeon Siege Game ကို စဆော့တော့ ည ၇ နာရီ. ဆက်တိုက်ဆော့ပစ်လိုက်တာ မနက် ၉ နာရီ အမေက နားရွက်ကိုလာဆွဲမှပဲ ထတော့တယ်. အခန်းတွေလည်း အများကြီး တက်သွားတာပေါ့. ဒါပဲ နောက်ရက် ထပ်မဆော့တော့ဘူး. စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်တယ်ဗျ. တိမ်ပေါ်ရောက်သွားရင်တော့ ကြာကြာမနေချင်ပါဘူး. (ချစ်သူလေးမှ မရှိပဲကို) သိကြားမင်းကလည်း နတ်သမီးလေးတွေ အားလုံးကို Patent လုပ်ထားတယ်လေ. ခက်ချေပြီ.

ဘလော့ဂ်ကိုစလုပ်တော့လည်း ဘာမှမသိဘူး. သူများလုပ်တာကို လိုက်ကြည့်တယ်. စမ်းကြည့်တယ်. မရဘူး. ထပ်လုပ်တယ်. မရပြန်ဘူး. တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ဂ်ကို ၀င်ကြည့်တယ်. သူက ပြောတယ်. ငါ EOT လုပ်ထားတယ်တဲ့. ဟိုက် သေစမ်းဟ. ငါ့မှာတော့ မြန်မာလိုတောင် ဘယ်လိုရိုက်ရမှန်းမသိသေးဘူး. သူက EOT တောင် လုပ်နေပြီ. ဒီညတော့ ငါရအောင် လုပ်မယ်ဆိုပြီး အပီအပြင်ကို Research လုပ်လိုက်ပါတယ်. ရသွားပါတယ်. ပြီးတော့ မြန်မာလို ရိုက်တာကျွမ်းအောင်လည်း KB Layout ကို Print ထုတ်ပြီး လက်တင်ပြီး စိတ်ထဲပေါ်တာမှန်သမျှ လိုက်ရိုက်ပါတယ်.

ဥပမာ.. `ကိုယ်မင်းကို တကယ်ချစ်တာပါကွာ. မင်းက ကိုယ့်ရဲအချစ်တွေကို မမြင်နိုင်ခဲ့ဘူးနော်. ကိုယ့်ကြောင့်မင်းလေးမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ခဲ့ရမယ် ဆိုရင်တော့ ကိုယ်လာရာလမ်းအတိုင်းပဲ ပြန်ပါတော့မယ်ကွာ..´ ဘာညာသာရကာပေါ့ဗျာ….

အဲဒါပဲဗျ စွဲမိစွဲရာ စွဲတယ်ဆိုတာ. အစွန်းနည်းနည်းရောက်ပါတယ်. နောက်တစ်နေ့ကျရင်တော့ တစ်နေ့လုံးခွေပြီး အိပ်နေတတ်ပါတယ်. ထမင်းတောင် မစားဖြစ်တဲ့နေ့တွေ ရှိပါသေးတယ်. (ခေါက်ဆွဲပြုတ်စားနေလို့ပါ…)

၇. တစ်ခုခုကို အစီအစဉ်အတိုင်း မလုပ်ချင်ဘူး. ကျော်လို့ရတာမှန်သမျှ ကျော်ပစ်လိုက်ချင်တယ်. ပြီးမှ လိုတာလေးတွေကိုပဲ လိုသလို ပြန်ပြီး ကြည့်ချင်တယ်. စာဖတ်ရင်လည်း Chapter အစဉ်အလိုက်မဖတ်ချင်ဘူး. စုံထောက်ဝတ္တုဆိုရင်တော့ တစ်လုံးတစ်ပါဒမလွဲ အစီအစဉ်အတိုင်း လိုက်ဖတ်တယ်. ဒါကြောင့်လည်း လူက စာတွေ့မှာ ပိုပိုပြီး အားနည်းလာတယ်ဗျာ. အချစ်မှာလည်း ဒီလိုပဲ. အရင်ဆုံးချစ်ပစ်လိုက်တယ်. ပြီးမှ လိုတာလေးတွေကိုပဲ ပြန်ပြန်ကြည့်တယ်. (ဩော်. ချစ်သူလေးရဲ့ အမှားတွေကို သွန်သင် ဆုံးမပေးတာကို ပြောတာပါဗျာ…)

၈. ကိုယ့်ကိုယ်ကို လူခန့်တစ်ယောက်လို့ ထင်တတ်တယ်. လူတွေအများကြီးထဲသွားရင် ငါ့ကိုတော့ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ဆိုက်ကို ရှိတတ်တယ်. ဒါကြောင့်လမ်းသွားရင် မလုံမလဲတွေ ဖြစ်နေတတ်တယ်ဗျ. အ၀တ်အစားနဲ့ ဆံပင်ကို ဂရုစိုက်တယ်. ဆံပင်ပုံစံ ခဏခဏ ပြောင်းတတ်တယ်. အ၀တ်အစားကို ဈေးကြီးတာ မ၀တ်ချင်ဘူး. စာအုပ်ဆိုရင် ဈေးကြီးလည်း ၀ယ်တယ်.

တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ မြို့ထဲသွားတယ်. Guide လခ ထုတ်ပြီးကာစပဲပေါ့ဗျာ. လက်ထဲမှာ ၃ သောင်းလောက် ပါလာတယ်. သူငယ်ချင်းက စတိုးဆိုင်မှာ ဇစ်ပိုမီးခြစ်တစ်လုံးနဲ့ နေကာမျက်မှန်တစ်လက် ၀ယ်တယ်. ဘယ်လောက်လဲဆိုတာတော့ မမှတ်မိတော့ဘူး. ကျွန်တော်ဘာတစ်ခုမှ မ၀ယ်ခဲ့မိဘူး. ပြီးတော့ ဆူးလေဘုရားလမ်းပေါ်က အရုဏ်ဦး စာအုပ်ဆိုင်ကို ၀င်တယ်. အဲဒီ့မှာ ကျွန်တော်သိပ်ကြိုက်တဲ့ Dictionary စာအုပ်ကို တွေ့လိုက်တယ်. ဆိုင်ရှင်ကလည်း ကျွန်တော့်အကြောင်းသိတော့ ၃ အုပ်ပဲ ကျန်တော့တယ်လို့ ပြောတယ်. ကျွန်တော်ဝယ်ခဲ့ပါတယ်. ဘယ်လောက်လဲသိလား. ၂ သောင်း ၇ ထောင်ပါ…

သူငယ်ချင်းကတော့ ကျွန်တော့်ကို လူထူးလူဆန်းကြီးသဖွယ် ကြည့်လို့ပေါ့. ကျွန်တော် တစ်ကိုယ်လုံးဝတ်ထားတာတွေက ၂၅၀၀ တန် ရှပ်အင်္ကျီရယ်၊ ၂၀၀၀ တန် ချည်ချောလုံချည်ရယ်. မင်နီဘောပင်လေးတစ်ချောင်းရယ်၊ ၁၅၀၀ တန် Leather အတု ပိုက်ဆံအိတ်လေးရယ်နဲ့ ခုလိုမျိုး သုံးထည့်လိုက်တော့ သူလည်း ဖြုံသွားတာပေါ့.

ဟဲဟဲ ဘာရမလဲ. ကျွန်တော်လည်း ရင်ကိုကော့ထားတာပေါ့. ခေါင်းထဲမှာတော့ ဖေမြင့်ရဲ့ စာတစ်ကြောင်းက ပြေးနေတယ်.
`ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ´ တဲ့..

အဲဒါလည်း ကျွန်တော့်ရဲ့ ထူးဆန်းတဲ့ အကျင့်တစ်ခုပါပဲ.

၉. ဘောင်းဘီသိပ်ဝတ်လေ့ဝတ်ထ မရှိပါဘူး. (လုပ်ပြန်ပြီလို့ မပြောနဲ့နော်. ဆုံးအောင်ဖတ်). ကျွန်တော်က ရန်ကုန်မှာနေတုန်းက စာသင်တဲ့ ဆရာတစ်ယောက်လုပ်ခဲ့ဖူးတယ်ဗျ. TOEFL, Grammar, SAT နဲ့ ၁၀ တန်းကျောင်းသားတွေကို သင်တာပေါ့ဗျာ. (ကြော်ငြာဝင်၏) ကိုယ့်ရဲ့ အလုပ်သဘောနဲ့ကိုက်အောင် ပုဆိုးပဲ အ၀တ်များခဲ့တယ်. နောက်ပိုင်း ဘောင်းဘီစမ်းဝတ်ကြည့်တယ်. ရဘူးဗျ. (ကျွတ်မကျပါဘူး) လမ်းလျှောက်ရတာ ရှက်ကိုးရှက်ကန်းနဲ့ ဖြစ်နေတယ်. မဟန်လို့ ပြန်ချွတ်လိုက်ရတယ် (ဘောင်းဘီ)

နောက်ပိုင်းတော့ ပုဆိုးနဲ့ပဲ နေဖြစ်ပါတော့တယ်. လေယာဉ်ကွင်းကို ဆင်းတဲ့နေ့ကတော့ ဘောင်းဘီနဲ့ပေါ့ဗျာ. ခုတော့လည်း ပုဆိုးဝတ်ရင် မနေတတ်တော့ပြန်ဘူး. လူဆိုတာကလည်း တစ်ခုခုကို ကြာကြာလုပ်မိရင် စွဲတာကိုးဗျ နော် (ဩော်. ဘောင်းဘီကိစ္စနော်. တစ်ခြားဟာတွေ လျှောက်တွေးမနေနဲ့)

ကျန်သေးတယ်. ဘောင်းဘီဝတ်ရင် ဘောင်းဘီအိတ်ထဲကို လက်အမြဲနှိုက်ထား တတ်တယ်. ရှက်တတ်လို့ပါ. လက်ကို ဒီတိုင်းချထားရင် ကားယားကြီးဖြစ်နေတယ် ထင်လို့ အိတ်ထဲ လက်နှိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ကျုံ့လိုက်တာပါ. ဘောင်းဘီထဲနှိုက်ထားတဲ့လက်ကိုလည်း ငြိမ်ငြိမ်မထား တတ်ဘူး လှည့်နေတတ်တယ်. (ဟိုးထား စာကျန်သွားပြီ… ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ အကြွေစေ့လေးတွေကို လှည့်နေတတ်တာကို ပြောတာပါ)

၁၀. နောက်ဆုံးထူးဆန်းတဲ့ အကျင့်တစ်ခုကတော့ ဒေါသကြီးပြီးအရမ်းအရွဲ့တိုက် တတ်ပါတယ်. ဒါကြောင့်လည်း ဆုံးရှုံးမှုတွေ ပိုများတတ်သလို သူများတွေနဲ့ မတူထူးခြားစွာလည်း အောင်မြင်ခဲ့ဖူးပါတယ်. ဆံပင်ညှပ်ရင် တစ်ခါစိတ်တိုရပါတယ်. ကျွန်တော့်ဆံပင်ကို ပုံစံကျအောင် ညှပ်တတ်တဲ့ ဆံသဆရာ ခပ်ရှားရှားပါ. ကျွန်တော့်ခေါင်းက ကြီးပြီး ဆံပင်အလွန်သန်ပါတယ်. ရှည်လာရင် ဘေးကို ကားထွက်လာရော. တိုလွန်းရင်လည်း ကြည့်မကောင်းပြန်ဘူး. ဒါကြောင့် ဆံပင်ကို အလယ်မကျ ဘေးမကျ စကခွဲလေးခွဲပြီး အရှည်ထားပါတယ်. လောလောဆယ် ရွှေအိုရောင် ဆိုးထားပါတယ်. စိတ်နည်းနည်းညစ်ရင် ဆံပင်ပုံစံပြောင်းပါတယ်. ဟုတ်ကဲ့. ကျွန်တော်စိတ်ခဏခဏ ညစ်ပါတယ်. ဒါကြောင့် ဆံသဆရာ အလွန်ပျော်ပါတယ်.

တစ်ချို့က ခေါင်းမာတယ်လို့ ပြောတတ်သလို တစ်ချို့ကတော့ ဇွဲကောင်းတယ်လို့ ပြောပြန်ပါတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို သိနေတာတစ်ခုကတော့ ကျွန်တော် ဇွတ်တရွတ်နဲ့ အရွဲ့တိုက်တတ်ပါတယ် ခင်ဗျာ…

ကြောက်တတ်သူများ ရှောင်ကြပါ ရှားကြပါ…

ချစ်တတ်သူများ လာကြပါ လည်ကြပါ…

ကဲကဲ. ဒီလောက်ပါပဲ.

ကျွန်တော် Tag လုပ်ချင်တဲ့ ဘော်ဘော်များကတော့..

အဟမ်းအဟမ်း

၁. မေဓာဝီ (အစ်မကြီးပျင်းနေမှာစိုးလို့ပါ)
၂. မသဉ္ဇာ (Done)
၃. ကိုမျိုးကျော်ထွန်း (Done)
၎. ညလေး (Done)
၅. သဲလေး (Done)
၆. မဟေမာနဲ့(Done)
၇. ကိုဝေယံလင်း (Done)

တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ….


ဒီ Tagging Game ကိုလိုက်ရေးပြီး နောက်ထပ် ဘလော့ဂါ အနည်းဆုံး ၆ ယောက်ကို ထပ်ပြီး Tag တဲ့သူတွေ DV Lottery ပေါက်ပြီး တစ်နှစ်အတွင်းမှာ American Lottery ဆက်ပေါက်တယ်တဲ့ဗျာ.

မရေးမိတဲ့ ကောင်မလေးတစ်ယောက်ဆိုရင် Tom Cruise နဲ့ Brad Pitt တို့က ၀ိုင်းလိုက်လို့ ပတ်ပြေးနေရတယ်ဆိုပဲ. (သူတို့မိန်းမတွေရဲ့ ဘော်လီတွေ ခိုးသွားလို့တဲ့ သူတို့က အဲဒီ့ဘော်လီလေးတွေကိုမှ တမ်းတမ်းစွဲဆိုလားဗျာ.)

မရေးမိတဲ့ နောက်ထပ် ကောင်လေးတစ်ယောက်ကျတော့ သူနဲ့ ရတဲ့ မိန်းမက ညညအိပ်ရင် ရေလည်းမချိုး၊ အရမ်းလည်းဟောက်တတ်တဲ့မိန်းမ ဖြစ်နေတာကို သိလိုက်ရတယ်တဲ့ဗျာ…

ဒါကြောင့် ရေးကြပါ ရေးကြပါ.. ဘော်ဘော် ဘလော့ဂါတို့ရာ…


Sunday, April 22, 2007

မေတ္တာရပ်ခံချက်


Poll ကောင်းကောင်းလေးတစ်ခု အပူတပြင်းလိုအပ်နေပါတယ်. Polldaddy ကို ဇော်ဂျီဖောင့်ထည့်သွင်းတတ်သူများ ရှိရင်လည်း တဆိတ်လောက် ကူညီပေးစေလိုပါတယ်. တစ်ခြားကောင်းတဲ့ Poll Site များသိရင်လည်း ပြောပြစေလိုပါတယ်.

ကျွန်တော်တစ်ယောက်တည်း လိုက်ရှာနေတာ အချိန်မလုံလောက်မှုနဲ့ မပြည့်စုံမှုတွေ ရှိနေလို့ ခုလို အကူအညီတောင်းရတာပါ. မြန်မာဘလော့ဂ် စာအုပ်အတွက် နာမည်များကို မဲခွဲဆုံးဖြတ်နိုင်ဖို့အတွက် ဆိုတာ အားလုံးအသိပဲ ဖြစ်မှာပါ. အရင်သုံးနေတဲ့ BlogPolling က IP Lock လုပ်လို့ကို မရဘူး ဖြစ်နေပါတယ်. IP Lock လုပ်လို့ရတဲ့ Poll Site တွေကျတော့လည်း မြန်မာလို ရိုက်တာ မပေါ်တဲ့ ပြဿနာရယ်. Option အများကြီး လက်မခံနိုင်တဲ့ ပြဿနာတွေရယ် ရှိနေပါတယ်. ဘလော့ဂါ ညီအစ်ကိုမောင်နှမများကို အကူအညီတောင်းပါတယ် ခင်ဗျာ…

Comment ထဲမှာ ၀င်ရေးပေးခဲ့နိုင်ပါတယ်… aungyan@gmail.com ကိုလည်း Email ပို့နိုင်ပါတယ်ခင်ဗျာ...

လေးစားချစ်ခင်စွာဖြင့်

ရန်အောင်.

စာမူဖတ်ရန်စာရင်းခွဲဝေခြင်းနှင့် ဘလော့ဂ်လမ်းညွှန်


စာမူဖတ်ဖို့ခွဲဝေထားကြတဲ့ Listing ကို သတင်းဘလော့ဂ် မှာသော်လည်းကောင်း၊ ကိုစိုးဇေယျ ရဲ့ ဘလော့ဂ်မှာသော်လည်းကောင်း ဖတ်ရှုနိုင်ကြောင်းပါ…

ဘလော့ဂ်လမ်းညွှန်အတွက် ဘလော့ဂ်လိပ်စာအသစ်များကို ကူညီဖြည့်စွက် ပေးနေတဲ့ ကိုမျက်လုံး ရဲ့ ပို့စ်ကိုလည်း တစ်နေရာတည်းမှာ ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ….

ဘာတွေလဲဗျို့…


အိုးမိုင်ဂေါ့ဒ်

ကျွန်တော်ပဲ နားကြားလွဲတာလား တကယ်ပဲလားမသိဘူးဗျာ. နားထဲမှာ သေနတ်သံ ၅ ချက် ကြားလိုက်ရတယ်. အိပ်ချင်နေတဲ့ မျက်စိတွေတောင် ပြူးသွားတယ်. ဆဲတဲ့ အသံတွေလည်း ကြားလိုက်ရတယ်. ဘာတွေလဲဗျာ. စာမေးပွဲနီးလို့ တစ်ယောက်ယောက်တော့ ဖောက်ပြီနဲ့ တူတယ်. မေတ္တာလေးဘာလေး ပို့ပေးကြပါဦးဗျို့…. မီးကို ကမန်းကတန်းထပိတ်ပြီး လမ်းဘက်ကို လှမ်းရှိုးလိုက်တော့ အားလုံးကလည်း ငြိမ်သက်နေတာပဲဗျ. ခု မနက်ခင်း ၄း၁၀ မိနစ် ရှိပြီ...

ဩော်. မနှစ်က ကျွန်တော်တို့ နေတဲ့ အဆောင်ကို အပြင်ကနေ သေနတ်နဲ့ ၃ ချက်ပစ်သွားတယ်ဗျ. မှန်ကွဲသွားတယ်. မှန်က ၂ ထပ်လေ. မှန်မရှိရင်တော့ တစ်ယောက်ယောက်တော့ ကြွပြီဗျ. စကားစပ်မိလို့ ပြောပြတာပါ. ခုတော့ ကျွန်တော်က အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ တိုက်ခန်းဌားနေတယ်လေ….

မနက်ဖြန်ကျရင်တော့ သိရမှာပါ. သေချာတာကတော့ ဒီမှာ ဗျောက်ဖောက်တဲ့ အလေ့အထ သိပ်မရှိဘူးဗျ. ကားဘီးပေါက်တဲ့ အသံနဲ့လည်း မတူဘူး. မသိဘူးဗျာ. ခေါင်းကိုနောက်သွားတာပဲ. ကျည်ကာ အင်္ကျီတောင်ဝယ်ဖို့ လိုပြီနဲ့တူတယ်….

အမေရိကားကို လာချင်တဲ့ ဘော်ဘော်ဘလော့ဂါများ အကူအညီလိုရင် ကျွန်တော့်ကို ပြောနော်. အသက်အာမခံ company မှာ အသိတွေ ရှိတယ်ဗျ.
lol

တစ်ယောက်တည်း ရည်းစားမရှိဘာမရှိနေရတာ ခုလို အသံဗလံတွေ ကြားရင် ရင်ခုန်သံတွေ မြန်လာတယ်ဗျာ. (ကြော်ငြာဝင်တာပါ…)

ငါးသေတ္တာမွှေးမွှေးလေး စားကြမယ်ဗျို့…


စခန်းရဲ့ break time မှာပေါ့ဗျာ. ကျွန်တော် အရမ်းကို ဗိုက်ဆာလာတယ်. တော်သေးတာပေါ့. ဒီစခန်းက ညစာပေးစားလို့. ဟိုတစ်နေ့က ချက်ထားတဲ့ ၀က်သားနဲ့ ပြောင်းဖူးကြော်လည်း ကုန်တာကြာပေါ့. မြန်လွယ်ကောင်း ဘာချက်ရမလဲ စဉ်းစားလိုက်တော့ ငါးသေတ္တာချက်ဖို့ စိတ်ကူးရသွားပါတယ်. ငါးသေတ္တာချက်တာလောက်လွယ်တာ ငါးသေတ္တာပဲ ရှိပါတယ်. ဘာမှ အုန်းစားစရာကို မရှိပါဘူး. ကြက်သွန်ဆီသတ်ပြီး ငါးသေတ္တာ လောင်းထည့်လိုက်ရင် ပြီးရောပဲ. ဒါဖြင့် ဘာလို့ ရေးနေသေးလဲဆိုတော့ ရှင်းပါတယ်. ရေးချင်လို့ကိုရေးတာပါ.

ပန်းချီဆရာကောင်းဟာ ဆေးစက်ကျရာ အရုပ်ထင်အောင်ဆွဲရတယ်။ အနုပညာသမားကောင်းဟာ ကျရာနေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ရတယ်။ ဒီလိုပဲ စာရေးဆရာကောင်းဟာလည်း ကြမ်းပိုးကို လိပ်ဖြစ်အောင်၊ လိပ်ကို ကင်းကောင်ဖြစ်အောင် ရေးတတ်နိုင်ရတယ် ဆိုတဲ့ ပညာရှိထုံး နှလုံးမူပြီး ငါးသေတ္တာချက်တာကို ဖွယ်ဖွယ်ရာရာဖြစ်အောင် ဦးနှောက်ဆေးတဲ့ အနေနဲ့ ရေးပါတယ်ခင်ဗျာ… ဩော် ကျွန်တော်ချက်မှာ ငါးသေတ္တာဟင်းနော်. ကြမ်းပိုးဟင်း မဟုတ်ပါဘူး ခင်ဗျာ….

ကြက်သွန်နီဥ နှစ်လုံးလောက်ကို မပါးမထူ အနေတော်လောက်လေးတွေကို ဓားထက်ထက်လေးနဲ့ တောက်တောက် တောက်တောက်မြည်အောင် လှီးလိုက်ပါ. လက်တော့ မလှီးမိစေနဲ့ပေါ့ဗျာ. လက်ချောင်းလေးတွေကို အထဲကို ကွေးပြီး လှီးရတယ်. ပြီးရင် ဒယ်အိုးကို ပြောင်နေအောင် ရေအေးအေးလေးနဲ့ စင်အောင်ဆေးပြီးတော့ မီးဖိုပေါ်တင်ထားဗျာ. မီးနဲ့ ချက်မှာကိုးဗျ. မီးဖိုပေါ်တင်ရမှာပေါ့နော်…

အဲဒီ့အချိန်လေးမှာပဲငါးသေတ္တာဘူးလေးကို ကင်းကတ်လေးနဲ့ တစ်ပတ်ပြည့်အောင် လှည့်ပြီးဖောက်လိုက်ပါ. ဘာညာရေ… နံပတ် ၁ နည်းနဲ့ လှည့်ဖောက်မှာနော်. နံပါတ် ၃ ဆိုလို့ကတော့ ဟင်းဟင်းဟင်း…

ဆီကို အနေတော်လောက်ထည့်ပြီးရင် ပူအောင်ထားလိုက်ပါ. ပူပြီလား. ပူသေးဘူးဗျ. ထားလိုက်ဦး. ၅ မိနစ်လောက်ဆိုရင် ဆီပူက အငွေ့လေးတွေ ထွက်လာလောက်ပြီ. ထပ်မထားနဲ့တော့နော်. ဆီပူက မီးလောင်တတ်တယ်. အိုကေ. ကြက်သွန်ဖြူနီကို ထည့်ဗျာ. ဆီသတ်ဗျာ. ဒီကြားထဲ ဘာမှ လုပ်စရာ မရှိလို့ ကျွန်တော်ကတော့ ကော်ဖီလေး သောက်နေလိုက်တယ်ဗျ. ပုံမှာ ရှုစားပါ. Dell Computer က ပေးတဲ့ ကော်ဖီခွက်နော်. ဟင်းဟင်း အချဉ်မဟုတ်ဘူး. (ကော်ဖီပါဆိုမှ ဘယ်ချဉ်ပါ့မလဲဗျာ. နော့)


ခဏနေတော့ ကြက်သွန်လေးတွေက ဖြူတစ်ဝက်၊ ၀ါတစ်ခါ၊ နီတစ်လှည့်လေး တွေဖြစ်လာပါပြီ. ဟိုကဗျာလေးထဲကလိုပေါ့ဗျာ.

`တိမ်ညိုမိလ္လာ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက် မရမ်းဖက်၍ တိမ်သက်တံ့ရောင် အာကာဘောင်ဝယ် မှောင်ခဲ့တစ်ခါ ပြာခဲ့တစ်လီ ရီခဲ့တစ်ဖုံ´ ဆိုသလိုပေါ့.

ဟုတ်ကဲ့ ကြက်သွန်အရောင်ကိုပြောနေတာပါ. ဆိုင်သလားလို့ ကုဒ်လုပ်ကြည့်လိုက်တာ.



ဝါတစ်ခါ နီတစ်လှည့်ဆိုရင်တော့ ငါးသေတ္တာဘူးလေးကို ညာဖက်လက်နဲ့ အနေတော်လောက်လေး မြှောက်ကိုင်ပြီး အိုးထဲကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ. အရမ်းလောင်းထည့်ရင် ဘာဖြစ်မလဲ. ဆီပူမှန်ပါလိမ့်မယ်. အမြင့်ကြီးက လောင်းထည့်ရင် ဘာဖြစ်မလဲ. အရှိန်နဲ့ ပြုတ်ကျပါလိမ့်မယ် ခင်ဗျ..

ဟုတ်ကဲ့ ပြီးသွားရင်တော့ အဖုံးလေးအုပ်ထားလိုက်ပါ. ငါးသေတ္တာဘူးထဲမှာ ရေပါပြီးသားပါ. ထပ်ထည့်စရာ မလိုပါ.. ဆားအချိုမှုန့်တောင် အနေတော်လေး လက်ဖ၀ါးလေးထဲကနေ တစ်ဆင့် ထည့်ပေးပေါ့ဗျာ. အပိုပြောတာမဟုတ်ဘူးနော်. အရှိန်လွန်သွားရင် ဟင်းအိုးပျက်ရော..



ကဲကဲ မိနစ် ၂၀ Timer ပေးထားတယ်. အဲဒီ့အတွင်းမှာ ဒီပို့စ်လေးကို အပြီးရိုက်တာ. ဟုတ်တယ်ဗျ. ကျွန်တော် မြန်မာ လက်ကွက်ရိုက်တာ တော်တော် တိုးတက်လာတယ်. ဖျောင်းဖျောင်းဒိုင်းဒိုင်းနဲ့ ဗိုလ်အောင်ဒင်တောင် ကျွန်တော့်စာရိုက်တဲ့ နားမကပ်ရဲဘူး. မမြ၀င်းနားပဲ ကပ်နေတယ်…..

တော်လောက်ပါပြီ. ဒီလောက်ဆို ကြမ်းပိုးလည်း ကင်းကောင် ဖြစ်လောက်ပါပြီဗျာ…

ပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်ခင်ဗျားတို့ကို တော်တော် သံယောဇဉ်ရှိတယ်ဗျာ. ပြတ်လို့ကို မရဘူး. ဒါကြောင့် ခဏ ပြန်လာရေးတာ. ထုံးစံအတိုင်းပေါ့ဗျာ. စကားကြီးသုံးခွန်းကို အသုံးချပြမယ်

မဂျစ်တူး။ ။ မောင်ရန်အောင်. မင်းချက်တဲ့ ဟင်းက ရောသမမွှေကြီးပါကွာ. ကောင်းရော ကောင်းပါ့မလား

ကျွန်တော်။ ။ I’m sure..

မသဉ္ဇာ။ ။ ကိုရန်အောင့် ဟင်းက ကြည့်ရတာ မဆိုးပါဘူး. ပုံလေးကတော့ စားချင်စရာလေးပဲနော်.

ကျွန်တော်။ ။ It’s cool!

ဘာညာ။ ။ တွား… ကိုရန်အောင့်ဟင်းကြီးက ဘာပုံကြီးမှန်းလဲ မသိဘူး. တစ်ခါလာလည်း ကြက်သွန်ဆီသတ်၊ တစ်ခါလာလည်း ကြက်သွန်ဆီသတ်ကြီးနဲ့ပဲ အရောင်လည်း ရှိဘူး.. ကွိကွိ…

ကျွန်တော်။ ။ I don’t care!

ဘိုင့်ဘိုင်ဗျာ..
စားလိုက်ဦးမယ်. ခဏနေ စခန်းထဲ ပြန်ဝင်ရဦးမှာ.


p.s
Flash ဖြုတ်ရိုက်လိုက်တယ် မဂျစ်ရေ.. မြင်ရပြီလား.. စားလို့ကတော့ ကောင်းဗျာ… ထမီစကတ်ဝတ်ထားသူများ ကြိုးလျှော့၍စားကြပါ….

lol

ဘာညာရေ. နံပါတ် ၁ နည်းဖြင့်သာ စားခွင့်ပြုသည်နော်..

ကျန်တဲ့ ဘော်ဘော် ဘလော့ဂါများကိုလည်း ထမင်းစားဖိတ်ပါတယ်. လောက်အောင် ကိုယ့်အခွင့်အရေးကိုယ် တိုက်ယူကြပါ.. ဒန်တန်တန်


ဘလော့ဂါတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်…

ယနေ့မှစ၍ ကျွန်တော် စခန်းဝင်ပါတော့မည်. တရားစခန်းမဟုတ်သည်မှာကား Dead Sure. ဖြစ်၏. Intensive Study လုပ်ရန်အတွက် ကိုယ့်ကိုယ်ကို စခန်းသွင်းပါတော့မည်ဟု ဆိုလိုပါသည်. ယခင်က တစ်ရက်လျှင် ၂ ပို့စ် Average ရေးသားနေသော်လည်း ယခုတွင်မူ ရေးနိုင်မည် မဟုတ်တော့ပါ. အရေးကျဲပါတော့မည်. မည်မျှပင် အလုပ်ရှုပ်စေကာမူ ရယ်မောခြင်းတာဝန်ကိုတော့ ကျွန်တော် မပျက်ကွက်ပါ. ရယ်စရာမောစရာဓာတ်ပုံ၊ ဗွီဒီယိုများတွေ့လျှင်တော့ မျှပါမည်. မတွေ့လျှင်လည်း ကိုယ့်ဘာသာကိုယ် ဂစ်တာတီးရင်း ရယ်နေပါမည်….

စာအုပ်ကိစ္စ ဆက်သွယ်လိုသူများ Email ဖြင့်သာပို့ပါ. Chatting ထိုင်ခြင်းကိုလည်း နားပါပြီ. အမှန်ဆိုရလျှင် ကျွန်တော်ကားဟင်းလည်း ကောင်းကောင်းမချက် တတ်ပါ. ကိုယ်ချက်တတ်သလို ချက်ထားသည်များကို အပျော်သဘော ရေးသားတင်ဆက်ခြင်းမျှသာ ဖြစ်ပါသည်. ကျွန်တော့်ထက် အပုံကြီးချက်တတ်သူများ ရှိပါ၏. သို့သော် သူတို့တွင် ဘလော့ဂ်မရှိပါ. တစ်ချို့ကား ဘလော့ဂ်ရှိ၏. ဟင်းချက်နည်းအကြောင်းရေးရန် စိုးစဉ်းမျှ စိတ်မကူးကြပါ. အနှီ အကြောင်းပြချက်များကြောင့် ကျွန်ုပ်၏ ပြီးစလွယ် ဟင်းချက်နည်းများကို သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ရေးသားပြီး ကင်မရာဖြင့် မှတ်တမ်းတင်ခြင်းသာ ဖြစ်ချိမ့်၏။ ဖတ်သူများ ပျော်ရစေရန် ရည်ရွယ်၏။ သွားရည်ကျစေရန်လည်း ကြိုးစား၍ ဓာတ်ပုံများရိုက်ထား၏…

တစ်ချို့သောသူများကား ကျွန်တော်၏ ဖော်ရွေပျူဌာစွာ ချက်တင်းထိုင်ခြင်းကို နားလည်လက်ခံသော်လည်း တစ်ချို့သောသူများကား အလုပ်မရှိအလုပ်ရှာ၍ သူတို့ကို ၀င်လုံးသည်ဟု ထင်မြင်ကောင်းထင်မြင်နိုင်၏. အားကြီးစိတ်မကောင်းပါ. ကျွန်တော်ဆင်ခြင်သင့်၏ဟူ၍သာ ကိုယ့်ကိုယ်ကို သတိပေးရတော့၏…



ကျွန်တော်ဘလော့ဂ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိ၏ တိမ်မြုပ်နေသော အရည်အချင်းများကို လေ့လာစူးစမ်းသိရှိနိုင်ရန်နှင့် မိတ်ဆွေအပေါင်းအသင်း တိုးပွားစေရန်ဖြစ်၏. ထို့ကြောင့် မည်သို့ပင်အခက်အခဲများ ရှိလင့်ကစား အလုပ်ကိုပုံမှန်လုပ်မည်၊ စာကိုလည်း ပုံမှန်ရေးသွားမည်၊ မိတ်ဆွေအပေါင်းအသင်း များ ကိုလည်း တိုးချဲ့သွားမည်ကား ဧကန်အမှန်ပင်…

ကျွန်တော်သည် Blog Coding ပိုင်းများကိုလည်း သိပ်မသိပါ. CSS, HTML များကို Online တွင် ရှာဖွေဖတ်ရှုလျက်သာ လေ့လာဆည်းပူးနေခြင်းဖြစ်၏. သို့သော် ကျွန်တော် ၃ ခုသိလျှင် ၂ ခုကိုတော့ မျှပါ၏. ကျန်တစ်ခုကိုတော့ ပိုသိအောင် ကြိုးစားနေဆဲ ဖြစ်သောကြောင့် မမျှသေးခြင်းသာ ဖြစ်၏. ကျွန်တော့်တွင် ရည်ရွယ်ချက်ကြီးတစ်ခုရှိ၏. မြန်မာလူငယ်များ ပညာတန်ခိုးဖြင့် တိုးတက်ထွန်းကားစေလို၏. ကျွန်ုပ်တို့၏ မျိုးဆက်တိုးတက်မှ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များ တိုးတက်မည် ဖြစ်၏. ကျွန်ုပ်တို့ ညံ့ဖျင်း ဖင့်နှေးနေလျှင်၊ သို့မဟုတ်. ကယ်တင်ရှင်ကို မျှော်နေလျှင် အချိန်ကားလင့်တော့မည်. သို့ဖြစ်၍ မိမိနှင့် စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေများကို စည်းရုံးကာ ပညာသင်ဆုဖောင်ဒေးရှင်းကြီး တည်ထောင်နိုင်ရန် ရည်ရွယ်ထား၏.

ကျွန်တော့်တွင် အသုံးများသော စကားသုံးခွန်းရှိပါသည်.

1. I’m sure.
2. It’s cool!
3. I don’t care.

အနှီစကားသုံးခွန်းကို အခြေအနေပေါ်မူတည်၍ သုံးစွဲသွားတတ်သည်မှာ ကျွန်တော်၏ ၀သီတစ်မျိုးပင် ဖြစ်၏. ယခုကြုံတွေ့နေရသော စိတ်မကောင်းဖြစ်စရာ ကိစ္စတစ်ချို့တို့ကိုလည်း ထိုထိုစကားများဖြင့်သာ ကျော်လွှားသွားနိုင်အောင် ကြိုးစားသွားမည် ဖြစ်၏..

ဤကား ကျွန်တော်ပြောချင်သမျှ ကျွန်တော့်အကြောင်း တစ်စိတ်တစ်ဒေသပင် ဖြစ်တော့၏… နောက်ဆက်တွဲများ အများကြီး ကျန်သေး၏. ပျင်းမည်စိုး သောကြောင့် ဤတွင် နားပြီ…

အပ္ပာမာဒေန သမ္မာဒေထ…..
မမေ့မလျော့သော သတိရှိကြကုန်လင့်….




Saturday, April 21, 2007

Pet ချစ်တတ်သူများအတွက် ပုံတစ်ချို့


စင်ကာပူက သူငယ်ချင်းတစ်ယောက်က ပို့ပေးလိုက်တဲ့ ပုံလေးတွေပါ. ချစ်စရာလေးတွေမို့ ပြန်တင်ပေးလိုက်တယ်….







မြန်မာ-ပါဠိ အဘိဓာန်


မြန်မာ-ပါဠိ အဘိဓာန်ကို ကျွန်တော်မက်မက်မောမော လိုက်ရှာနေခဲ့တာ ကြာပါပြီ. ဒီနေ့တော့ မမျှော်လင့်ဘဲ ကျွန်တော့်ဆန္ဒပြည့်ဝသွားခဲ့တယ်ဗျာ. ဖိုရမ်မှာ kerryht ဆိုတဲ့ member တစ်ယောက်က တင်ပေးထားတာကို တွေ့တွေ့ချင်း Download လုပ်ပြီး ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်ကို ဦးဦးဖျားဖျားလေး ပြန်မျှဝေပေးလိုက်ပါတယ်.

ဒီစာအုပ်ကို ဘယ်သူကမှ ပြန်ရိုက်နှိပ်ဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ခုလိုမျိုး ပညာကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ ဆုတ်ခေတ်ကြီးမှာ ပိုဆိုးပေါ့ဗျာ. ဒါကြောင့် တန်ဖိုးရှိသည့်အရာကို တန်ဖိုးထားရမှန်းသိသူများ အတွက် ရွှေအိုးတစ်လုံးပေးလိုက်ပါပြီဗျို့…

ရေးသားသူကတော့ ဦးဟုတ်စိန်ဖြစ်ပြီး ၁၉၈၁ မှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်. ဦးဟုတ်စိန်ဟာ ဘီအေ (ဂုဏ်ထူး)၊ ဘီအယ်လ် ဘွဲ့ထူးများကို ရရှိထားတဲ့ ခေတ်ပညာတတ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါပဲ။ ဒီစာအုပ်ကို ပြုစုဖို့ နှစ် ၃၀ ကြာ ရင်းနှီးခဲ့ရတယ်လို့ ဆိုပါတယ်. သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ အံ့မခန်းပါပဲဗျာ. ထုတ်ဝေသူကလည်း သူကိုယ်တိုင်ပါပဲ။ မဉ္ဇူသကစာပေက ရိုက်နှိပ်ထုတ်ဝေပါတယ် ခင်ဗျာ…

စာမျက်နှာ ၁၂ မှာ စာအုပ်ရဲ့ Directory Keyword လေးတွေကို Ebook ရေးသားသူက စေတနာဖြင့် ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်. စာမျက်နှာ ၁၃ မှာတော့ ရေးသားသူ ဦးဟုတ်စိန်ရဲ့ပုံကို တွေ့ရပါမယ် ခင်ဗျာ.



ဒီစာအုပ်ဟာ အပျော်ဖတ်စာပေတော့ မဟုတ်ပါဘူး။ ပညာရှင်တွေအတွက် အဖိုးတန် ကျမ်းကိုးစာအုပ်တစ်အုပ်ပါ။ စာဖတ်သူတို့ရဲ့ ပညာတန်ဆောင် ထွန်းလင်းပြောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ…



မြန်မာ-ပါဠိ အဘိဓာန်


ပြောင်းဖူးအိုးကင်းကြော်နှင့် ၀က်သားအစပ်ချက်

ဒီနေ့တော့ ၀က်သားအစပ်ချက်မယ်ဗျ. ပြောင်းဖူးလည်း ကြော်မယ်. ဧည့်သည်လေး တစ်ယောက်ကိုလည်း ထမင်းစားဖိတ်ထားသေးတယ်. ဘယ်သူလဲဆိုတာ ကိုတော့ နောက်ဆုံး ကျရင်သိလိမ့်မယ်.

ဝက်သားကိုနူးအိနေမှ ကြိုက်တဲ့ ကျွန်တော်ကတော့ ၀က်သားမချက်ခင် နူးနေအောင် အရင်ပြုတ်တယ်ဗျ. နာရီဝက်လောက် အရင်ပြုတ်ထားလိုက်တယ်. နူးအိနေတဲ့ ၀က်သားဟင်း ကိုစားရတာက ဘာနဲ့တူသလဲဆိုတော့ ပါးဖောင်းဖောင်းနဲ့ ချစ်သူလေးကို လက်နှစ်ဖက်ထဲမှာ ညှပ်ပြီး အားရပါးရ အာဘွားပေးရတာနဲ့တူတယ်. ပါးဖောင်းဖောင်းပိန်ပိန် နမ်းရဖို့က အဓိကလို့ ဆိုသူများကတော့ မပြုတ်ပါနဲ့. တစ်ခါတည်းသာ အိုးထဲကို ထည့်ချက်ပါ. Feel ငုတ်ရင်တော့ ကျွန်တော့်နာမည်ကို မတမ်းတပါနဲ့.

lol

အိုကေဗျာ. နည်းနည်း လိုင်းပြောင်းသွားတယ်. ဆက်ပြောမယ် ၀က်သားကို ပြုတ်ထားတဲ့ အချိန်မှာ ကြက်သွန်ဖြူနီကို ဆီသတ်ထားလိုက်တယ်ဗျ. ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပါ။ အလုံးလိုက်ကြီး သွားမထည့်ပါနဲ့. ဆီသတ်ထားတုန်းမှာ အချိန်ကုန်သက်သာအောင် ရေခဲသေတ္တာထဲက ပြောင်းဖူး ၂ ဖူးလောက်ကို ထုတ်ပြီး ဓားနဲ့ ခြစ်တယ်.

အဲဒီ့အချိန်မှာ ဒယ်အိုးထဲက ကြက်သွန်နည်းနည်းလောက် ၀ါစပြုလာပြီ. ဆီသတ်ထားတဲ့ ကြက်သွန်ထဲက နည်းနည်းကို အိုးထဲမှာပဲထားတယ်. ၃ ပုံ ၂ ပုံလောက်ကိုတော့ ၀က်သားဟင်းအတွက် ဖယ်ထားလိုက်တယ်. အိုးထဲမှာ ကျန်နေတဲ့ ကြက်သွန်ကို နည်းနည်း ထပ်တည်ထားလိုက်တယ်. ပြောင်းဖူးကြော်နဲ့ ရောဖို့အတွက်ပါ. ခဏလောက်နေတော့ ခြစ်ထားတဲ့ ပြောင်းဖူးလေးတွေကို အိုးထဲ ရောထည့်လိုက်တယ်။ ဆား၊ အချိုမှုန့် အနေတော် ထည့်လိုက်တယ်။ အဖုံးအုပ်ထားလိုက်ပြီး ပေါင်းတင်သလိုမျိုးလေး ခဏထားလိုက်တယ်။ မွှေပေးဖို့တော့ မမေ့နဲ့ပေါ့ဗျာ.



ဝက်သားပြုတ်ထားတဲ့ အချိန်မှာပဲ ထမင်းအိုးလည်း တည်ထားလိုက်တယ်။ ခုလောက်ဆို ၀က်သားလည်း နည်းနည်း နူးလောက်ပြီလေ. ပြုတ်ထားတဲ့ရေတွေကို သွန်ပြီး ရေသစ်လဲတယ်ဗျ. အဲဒီ့ရေတွေကို ပြန်သုံးလို့တော့ရပါတယ်. ကျွန်တော်ကတော့ ရေကြည်အသစ်လေးတွေ ထည့်ရတာပိုနှစ်သက်လို့ပါ. ရေနည်းနည်း ထပ်ထည့်ပြီးတော့ ဆီကို ထမင်းစားဇွန်း တစ်ဇွန်းခွဲလောက် ထည့်လိုက်ပါတယ်။

ပြီးတာနဲ့ ထုံးစံအတိုင်း ဆီသတ်ထားတဲ့ ကြက်သွန်ဖြူနီကိုထည့်ပါတယ်. ဆား၊ အချိုမှုန့်၊ သစ်ဂျပိုးမှုန့်၊ Meat Tenderer လို့ခေါ်တဲ့ အသားကိုနူးစေတဲ့ အမှုန့်၊ ကုလားလေး မဆလာ၊ အရောင်တင်မှုန့်လေးတွေ ထပ်ထည့်ပါတယ်။ အစပ်ကြိုက်သူများအတွက်ကတော့ ငရုတ်သီးခြောက်လေး ၄~၅ တောင့်လောက် ခြေပြီး ထည့်လိုက်ပါ။ အဖုံးပြန်အုပ်ပြီး တည်ထားလိုက်ပါ။ Timer ကို မိနစ် ၂၀ ပေးထားလိုက်ပါတယ်. ဒါတွေ လုပ်နေတဲ့ အချိန်မှာ ပြောင်းဖူးကြော်အိုးကိုလည်း မကြာမကြာ မွှေပေးပါဦး.



ပြောင်းဖူးကြော်အိုးကို ၈ မိနစ် ၁၀ မိနစ်လောက်နေရင် ချလိုက်လို့ရပါပြီ. သိပ်ကြော်စရာ မလိုပါဘူး. ၀က်သားအိုးကိုတော့ ခဏပစ်ထားလို့ရပါတယ်. ၀ါသနာပါရင် ဟင်းချက်ရင်း သီချင်းလေးလည်း နားထောင်ပေါ့ဗျာ. ကျွန်တော်ကတော့ ထူးအိမ်သင်နဲ့ မို့မို့ရဲ့ မျက်စိမှိတ်ချစ်နေမယ် သီချင်းလေးနဲ့ ငြိမ့်နေခဲ့တာပေါ့ဗျာ. လက်တွေ့မှာတော့ မျက်စိမမှိတ်ရဲပါဘူး. ဟင်းအိုးတွေ တူးကုန်မှာပေါ့. အင်းဘာလိုလိုနဲ့ မို့မို့လည်း မင်္ဂလာဆောင်သွားတာ အတော်ကြာပေါ့လို့တောင် တွေးမိလိုက်သေးတယ်.

ဟင်းအိုးတွေ တည်ထားခဲ့တုန်း Kitchen ကို ပြန်ရှင်း၊ အိုးခွက်ပန်းကန်တွေ ဆေးပါတယ်။ ဗိုက်လည်း ဆာလာပြီဗျ. ပန်းကန်ခွက်ယောက်တွေကို နေရာတကျ ထားသိုပြီးတော့ ၀က်သားအိုးကို မွှေပါတယ်. ရေနည်းနည်းခန်းသွားတာ တွေ့ရတော့ ရေထပ်ထည့်ပါတယ် အမှိုက်အိတ်ကို အသစ်လဲထည့်. ဇွန်းယောက်မတွေကို သပ်သပ်ရပ်ရပ် ပြန်သိမ်းပြီးတော့ ၀က်သားအိုးကို မီးနည်းနည်းလျှော့လိုက်ပါတယ်. ၁၀ မိနစ်လောက်ထပ်တည်ဦးမှာပါ.



ပြီးတာနဲ့ ၀ါသနာပါတားမရ ဆိုတဲ့အတိုင်း ကင်မရာကိုထုတ်ပြီးတော့ ကိုယ့်ရဲ့ လက်ရာလေးတွေကို တဖျတ်ဖျတ်နဲ့ မှတ်တမ်းတင်ပါတော့တယ် ခင်ဗျာ.. ဓာတ်ပုံလေးတွေကို ကွန်ပြူတာထဲ ပြန်ထည့်နေတဲ့ အချိန်မှာပဲ ၀က်သားအိုးလည်း ကျက်ပါပြီ. ထမင်းပေါင်းအိုးဆီကလည်း ချောက်ခနဲ ခလုတ်လေးတက်သွားတာ တော်တော်ကြာပါပြီ.

အိုကေ အိုကေ. ဆွဲလိုက်ကြတာပေါ့ဗျာ..



ထမင်းဟင်းတွေကို ခူးခပ်ထည့်၊ ရေခဲရေ အေးအေးလေးတစ်ခွက်ကို အဆင်သင့်ဘေးမှာထား၊ ကျွန်တော့်ရဲ့ ဧည့်သည်တော်လေးကို စားပွဲပေါ်တင်ပြီးသကာလ မှတ်တမ်းတစ်ချက်တင်လိုက် ပါသေးတယ်. ထို့နောက်တွင်တော့ စားတော်ခေါ်ခန်း စ၏…


Friday, April 20, 2007

စိတ်ကိုရွှင်ပျစွာထားခြင်းသည်လည်း မင်္ဂလာတစ်ပါး…


`ကနေ့လား နက်ဖြန်လား သေကြရမယ့်အတူတူ ကြိုးစားကော ဘာထူးဦးမှာလဲ အလကားပေါ့´ ဟူ၍ပြောလေ့ရှိကြ၏။ အကယ်၍ `ကနေ့နက်ဖြန်´ သေခဲ့သော် တော်သေး၏။ မကြိုးစားပဲ နေလိုက နေပါတော့။ သို့သော် မသေဘဲ အသက်ရှည်နေမည်ဆိုလျှင်…?

`ကနေ့နက်ဖန် သေကြရတော့မှာပဲ´ ဟူသော စကားမှာ စင်စစ် တရားရ၍ ပြောကြသည်မဟုတ်။ ဒုက္ခရောက်မည့်ဘေး ကြောက်ရွံ့၍ ပြောသောစကားဖြစ်ပေသည်။ တရားသံခပ်ပါပါနှင့် ဆင်ခြေပြလျှင် အများ၏ကဲ့ရဲ့ခြင်းမှ လွတ်သည့်ပြင် ချီးမွမ်းခြင်း ခံရလေရဲ့ဟု ကြိုတင်သိနှင့်ကြ၍ ဤသို့သုံးကြ၏။ သေသေချာချာ စဉ်းစားလိုက်သော် ထိုသို့ဆင်ခြေပေးခြင်းမှာ တရားလမ်းကြောင်းမကျသည့်အတွက် မချီးမွမ်းထိုက်သည့်အပြင် ကဲ့ရဲ့ရှုတ်ချဖို့ သင့်တော့ပေသည်။



မိမိ၏စိတ်ကို မိမိကိုယ်တိုင် ကြပ်မတ်၍ မပြုပြင်လျှင် မည်သူမျှလာ၍ ပြုပြင်နိုင်လိမ့်မည် မဟုတ်။ မိမိကိုယ်တိုင် ကြပ်မတ်ပြုပြင်ရန်မှာလည်း မလွယ်လှ။ သို့သော် ခဲခဲယဉ်းယဉ်းကြီးလည်း မဟုတ်။ လွန်လွန်မင်းမင်းကြီးလည်း မခက်လှ။ သေသေချာချာ ကြိုးစားလျှင် မကြာမြင့်မီ အောင်မြင်ထမြောက်နိုင်ပါသည်။ ကြိုးစားပါ။

အိမ်တိုင်းအိမ်တိုင်း၌ ဖြစ်ပျက်နေကြသော စိတ်သောကရောက်ခြင်း၊ ပူပန်ခြင်းတို့ကို သေချာစေ့ငု လိုက်၍ကြည့်လိုက်လျှင် ပစ္စည်းဥစ္စာအတွက်မဟုတ်။ မူလစိတ်ရင်းကိုက မရွှင်ပျခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းတို့ကြောင့် ဖြစ်ရလေသည်။

ဤသို့ စိတ်၏ ထိုင်းမှိုင်းခြင်း ဖြစ်ရသည့် အကြောင်းရင်းသည်လည်း မိမိ၏လုပ်ငန်း၌ စိတ်မ၀င်စားလှဘဲ `ပြီးလျှင်ပြီးရော´ သဘောနှင့် ၀တ်ကျေဝတ်ကုန်မျှ အောက်မေ့လုပ်ကိုင် ကြ၍ဖြစ်ပေသည်။

`တစ်နေ့လာလဲ မဲပြာပုဆိုး၊ တစ်နေ့လာလဲ မဲပြာပုဆိုး´ ဆိုရိုးရှိသကဲ့သို့ တစ်နေ့မှ တစ်နေ့သို့ ကူးပြောင်းအသက်ရှင်လျက်နေရစေကာမူ ရွှင်ရွှင်ပျပျ ရှိလှသည်မဟုတ်။ ဤသို့ရွှင်ပျစွာ မနေတတ်သဖြင့် စိတ်၏ ထိုင်းမှိုင်းခြင်း ဖြစ်ကြကုန်၏။ စိတ်ထိုင်းမှိုင်းကြ၍ပင် အလုပ်အကိုင်၌ နှောင့်နှေး လေးကန်နေကြကုန်၏။

ဤသို့ ဖင့်လေးသဖြင့် အလုပ်မပြီး။ အလုပ်မပြီးသောကြောင့် စိတ်သောကရောက်ရ၏။ သို့်ဖြစ်၍ စိတ်သောက ရောက်ခြင်းသည် အလုပ်အကိုင်ကို ဖျက်ဆီးတတ်သည့် အကြောင်းတစ်ခု ဖြစ်ပေသည်။ သို့နှင့်မပြီးသေး။ ကြီးပွားရေးအတွက် မိမိကြံစည်ထားသရွေ့ ကြိုးစားရန်ဖင့်စား၍ အချိန်လင့်စေ၏။ ကြီးပွားရေး၏ ရန်သူကြီးလည်း ဖြစ်တော့၏။

(စာမျက်နှာ ၇၉-၈၁၊ ဦးထွန်းလှ၏ `ဘာလဲဟဲ့လောကဓံ´ စာအုပ်မှ ကောက်နုတ်ချက်)


ရာဇ၀င်ထဲက မိန်းမသားများ


မြန်မာရာဇ၀င်တွေထဲက အာဂမိန်းမသားများဖြစ်ကြတဲ့ ဘုရင်မကြီး ရှင်စောပုနဲ့ ဖွားစောတို့အကြောင်းရေးထားတဲ့ ရာဇ၀င်နောက်ခံ ဇာတ်လမ်းများပါ. ရာဇ၀င်ဆိုတာနဲ့ သမိုင်းကြောင်းကြီးပါဆိုပြီး တော်တော်များများက မဖတ်ချင်ကြပါဘူး. ဒါပေမယ့် ဒီစာအုပ်လေးတွေကတော့ တစ်မူထူးခြားပါတယ်.

ရှင်စောပုကိုတော့ စာရေးဆရာ ချစ်ဦးညိုက ရာဇ၀င်ထဲကို ကိုယ်တိုင်ရောက်ရှိသွားသလိုမျိုး ဇာတ်အိမ်ဖွဲ့ပြီးရေးသားထားပါတယ်. ဖွားစောကတော့ Maurice Collis ရဲ့ She Was A Queen ကို ဆရာမြသန်းတင့်က ပိုင်ပိုင်နိုင်နိုင် ဘာသာပြန်ဆိုထားတာပါ

ဖတ်ရင်းနဲ့ ကိုယ်တိုင် ပါဝင်ပတ်သက်နေသလို ခံစားမှုမျိုးကို ရရှိလာစေနိုင်တဲ့အထိ ဆရာချစ်ဦးညိုနဲ့ ဆရာမြသန်းတင့်တို့က ပြုစားထားနိုင်ပါတယ်. ဟုတ်မဟုတ်ကိုတော့ ကိုယ်တိုင်ပဲ ဖတ်ရှုအကဲဖြတ်ကြည့်ကြပါတော့ခင်ဗျာ….


ဘုရင်မကြီး ရှင်စောပု



ဧကရီဖွားစော


Thursday, April 19, 2007

ဘလော့ဂါတစ်ယောက်၏ ချက်ပွဲ


ညကပေါ့ဗျာ…

ဘလော့ဂ်မှာ ပြုံးချင်စရာလေးများ စီးရီးကို အပြီးသတ်ပြီးသကာလ Gtalk ထဲ ၀င်လိုက်တယ်.
အဲဒီ့မှာ ကျွန်တော့်ရဲ့ ဘော်ဘော်တွေကို တန်းစီပြီး တွေ့လိုက်တာနဲ့ တွေ့သမျှ ဘော်ဘော်တွေကို chatting ထိုင်ပစ်လိုက်တယ်. ကျွန်တော့်ရဲ့ Chatting တစ်ညတာလေးကို ခံစားကြည့်လိုက်ပါဦး

ကိုစိုးဇေယျက ဘယ်တောင်ပံအထက်မှာပေါ့ဗျာ. လိမ့်ကာလိမ့်ကာနဲ့ပဲ ဘလော့ဂါ Directory လေးကို ကြိုးစားပမ်းစား ပြုစုနေတယ်ဗျ. အလယ်မှာတော့ ဘာညာကိုတွေ့ရပါတယ်. ချက်နေစဉ်အတွင်းမှာလည်း ဘာညာတစ်ယောက် တစ်ကွိကွိနဲ့ တုပ်ကွေး Symptom တွေကို ပြသနေပါတယ်. ပွဲစပြီး ၁၀ မိနစ်အကြာမှာပဲ ဘာညာဆက်မချက်နိုင်တော့ပါဘူး. ၀ိတ်လျှော့နေတာမို့ ထမင်းသွားစားဦးမယ်ပြောပြီး အိပ်မက်တွေပေးကာပေးကာနဲ့ ထွက်သွားပါတယ်. ညာတောင်ပံမှာတော့ ရိုနယ်လ်ဒိုဆံပင်သွင်သွင်ကျိုးသွားလို့ အစားဝင်လာတဲ့ ကိုမျိုးကျော်ထွန်းကြီးက သူ့ဆံပင်တွေကို ကော်စမက်တစ်တွေပွတ်ပြီး ၀င်လာတယ်ခင်ဗျ



ဘယ်တောင်ပံအောက်ဘက် Start Menu ပွဲကြည့်စင်ဘက်မှာတော့ ကိုနေဘုန်းလတ်တစ်ယောက် ဖယောင်းတိုင်လေးထွန်းပြီး ဘလော့ဂင်းလုပ်နေလေရဲ့. သူတို့မြို့နယ်ဘက်မှာ မီးတွေ မလာလို့ညစ်နေတယ်ဆိုတာကိုလည်း ပြုံးစိစိနဲ့ ငြီးနေလေရဲ့ဗျာ.

ညာတောင်ပံက ကိုမျိုးကျော်ထွန်းကြီးရဲ့အောက်မှာတော့ (ဟာ မဟုတ်သေးပါဘူး) ညာတောင်ပံက Language Bar လေးနားမှာတော့ ကိုရဲဇေယျရှိန်ပေါ့ဗျာ. ၁၉ နှစ်သားလေးပါ ခင်ဗျ. ဘလော့ဂါ နယူးဘီလေးအဖြစ် အမြဲတမ်းပြောပြီး ကုဒ်ဒင်းတွေကို အားရပါးရ မေးတတ်သူလေးတစ်ယောက်ပေါ့ဗျာ….

ကဲ..ဒီလောက်ပါပဲ. စိတ်ဝင်စားသူများရှိရင်လည်း စာရင်းပေးပါ. အားလို့ကတော့ အကုန်လုံးကို Desktop ပေါ်မှာကို ဆွဲတင်ပြီး ချက်ပစ်ဦးမှာ…


ပြုံးချင်စရာလေးများ (၆)










ပြုံးချင်စရာလေးများ (၅)











Wednesday, April 18, 2007

အပြင်းစားအတ္တတစ်ခု


ငါ့နှလုံးသားကို ခြတွေစားနေတယ်
ဒါပေမယ့် ငါခုချိန်ထိ မားမားမတ်မတ် ရပ်နေဆဲပဲ

ငါ့ရဲ့ ရဲရင့်မှုတွေကို အမှောင်ထုက ၀ါးမြိုဖို့ ကြိုးစားနေတယ်.
ဒါပေမယ့် ငါဒီအင်အားတွေကို ကြိုးစားတွန်းလှန်နေဆဲပဲ

ငါ့ရဲ့ ဆင်ခြင်တုံတရားတွေကို ကျရှုံးမှုတွေက လှောင်ရယ်နေကြတယ်
ဒါပေမယ့် ငါကတော့ မြဲမြံတည်ကြည်နေဆဲပဲ.

လောကကြီးက အသာတကြည်နဲ့ မပေးအပ်ခဲ့တဲ့ အရာတွေရှိတယ်
ဒါတွေကို ငါရအောင်ယူနေတယ်



ငါဒီနေ့သေသွားနိုင်တယ်
ငါ့ဝိညာဉ်ကိုတော့ ဘယ်အရာကမှ မသတ်နိုင်ဘူး

ငါဒီနေ့ပျောက်ကွယ်သွားနိုင်တယ်.
ငါ့ရဲ့အရိုးတွန်သံကိုတော့ ဘယ်အရာကမှ မဖျောက်ဖျက်နိုင်ဘူး

ငါဒီနေ့ရှုံးနိမ့်သွားနိုင်တယ်
ငါ့ရဲ့ ယုံကြည်ချက်တွေကိုတော့ ဘယ်အရာကမှ မဖြိုလှဲနိုင်ဘူး

ငါ့ခေါင်းမှာ သွေးတွေရဲနေပြီ
ဒါပေမယ့် ငါဦးမော့နေဆဲပဲ…

ငါ့မျက်လုံးတွေေ၀၀ါးနေပြီ
ဒါပေမယ့် ငါ့အသိဥာဏ်တွေ လင်းလက်တောက်ပနေဆဲပဲ…

ငါ့ခြေဖ၀ါးတွေ ပေါက်ပြဲနေပြီ
ဒါပေမယ့် ငါယုံကြည်စွာ မီးလျှံတွေကို နင်းဖြတ်နေဆဲပဲ..




လွမ်း





နွေရာသီရဲ့ သရုပ်သကန်လေးတွေကို ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ မြင်ရတော့ ဟိုတစ်ချိန်တုန်းက ဖြစ်ရပ်လေးတွေကို သတိရတမ်းတမိလာတယ်ဗျာ. အဲဒါနဲ့ ဒီသီချင်းလေးကို အခေါက်ခေါက်အခါခါဖွင့်ရင်း ရင်ထဲက ဝေဒနာလေးတွေကို ကုစားနေလိုက်တယ်.




လွမ်း


ခင်မောင်တိုး


V1:

လွမ်း. ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း
လွမ်း. ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
နွေရာသီ ရွက်ကြွေ မြေပေါ်ပြေးလွှားလို့ လွင့်နေစဉ်မှာ
သူ့တစ်ယောက်ကို သတိတရနဲ့
တမ်းတလို့ လွမ်းမိတယ်လေ…

V2:

ဟိုအစဉ်အချိန်တွေခါ သူရယ်တို့နှစ်ဦး ရင်းနှီးသလို
ပညာရင်းနဲ့ ကျောင်းကြီးရဲ့ အရိပ်အောက်မှာ
ချစ်ကြသူတွေ အဖြစ် ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့ အများက သတ်မှတ်ခဲ့တယ်
ငယ်စဉ်ဟိုတစ်ချိန်က တို့ဘ၀ရဲ့ အတိတ်ဒီဇာတ်အလွမ်း


V3:

လွမ်း. ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း
လွမ်း. ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
ပြန်မြင်ယောင်သေးတယ် နွေလေရူးတိုက်ခတ်မြူးနေစဉ်မှာ
သူ့အကြောင်းကိုတွေးတောရင်း
လွမ်းရတဲ့ နေ့တစ်ရက်ပါလေ…

V4:

ဟိုအစဉ်အချိန်တွေခါ သူရယ်တို့နှစ်ဦးရောက်ခဲ့တယ်
အတူတူလျှောက်ဖူးတဲ့ လမ်းလေးရဲ့ ဘေးတစ်ဖက်မှာ
ပန်းလေးတွေ အရင်အတိုင်း ဖူးပွင့်လျက်ပဲမို့
တို့ရဲ့ရင်ခွင်ထဲ လွမ်းရတဲ့ စိတ်ကြောင့်လေ
မြင်ယောင်ကာနေဆဲ လွမ်းရသူ့အဖြစ်ပုံရိပ်များ…

V3
V4

လွမ်း. ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း
လွမ်း. ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
လွမ်း. ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း
လွမ်း…




Tuesday, April 17, 2007

ရှင်သန်ခြင်းရဲ့ တန်ဖိုး



လူ့သက်တမ်းဆိုတာ အင်မတန်တိုတောင်းပါတယ်နော်. ပုံမှန်အားဖြင့်တောင် တိုတောင်းနေတဲ့ ကာလအတွင်းမှာ ဥပစ္ဆေဒကံဆိုတဲ့ သူတစ်ပါးသတ်လို့ သေရတာမျိုးကလည်း ရှိသေးတယ်လေ.

ခုပဲကြည့်ဗျာ. ဒီနေ့မနက်ခင်းမှာ အေးအေးဆေးဆေး ကျောင်းတက်ဖို့သွားနေတဲ့ Virginia Tech University က အင်ဂျင်နီယာ ကျောင်းသားကျောင်းသူလေးတွေ သူတို့ရဲ့ ကံကြမ္မာကို မသိရှာဘူး. သေနတ်ကိုင်ထားတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ရမ်းကားမှုကြောင့် အဆောင်မှာနေတဲ့ ကျောင်းသား ၂ ယောက် အရင်ဆုံး ပစ်သတ်ခံခဲ့ရတယ်. နောက် ၂ နာရီကြာတော့ Science Building မှာ ထပ်ပစ်တယ်. အဲဒီ့မှာ ကျောင်းသားကျောင်းသူပေါင်း ၃၀ ထပ်သေတယ်။ သေနတ်သမားလည်း သေတယ်။ အားလုံးပေါင်း ၃၃ ယောက် သေတယ်ဗျာ. ဒီနေ့မနက်ခင်းမှာပဲ အားလုံး ဖြစ်ပျက်သွားတာ.




စိတ်မကောင်းစရာကောင်းလိုက်တာဗျာ. ကျွန်တော်စာသင်ခန်းထဲမှာ ရှိနေတုန်း Professor က မင်းတို့ Email တွေ စစ်ကြည့်လိုက်ဦးဆိုတာနဲ့ အဲဒီ့ထဲမှာ ဒီ သတင်းအကြောင်းကို တစ်ကျောင်းလုံးသိအောင် Security Service က ပို့ထားတာ တွေ့လိုက်ရတယ်. အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွားဆုံး စာသင်ခန်းတွင်း ပစ်သတ်မှုကြီးပါပဲတဲ့ဗျာ…

ကျွန်တော်တို့ကျောင်းမှာတော့ ဒါမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး. ကိုယ့်ကိုယ်ကို သတ်သေကြတာတွေတော့ အရင်တုန်းက ဖြစ်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းတော့ မရှိသလောက်ပါပဲ. ကျောင်းသားတစ်ယောက် ဆွဲကြိုးချသေသွားတဲ့ မုခ်ဦးကို အားလုံးက ရှောင်ကြပါတယ်. အဲဒီ့အောက်ကဖြတ်လျှောက်သွားရင် ဘွဲ့မရဘူးဆိုတဲ့ အစွဲရှိပါတယ်.

ကျောင်းကတော့ ကျောင်းသားတွေကို တတ်နိုင်သလောက် ဂရုစိုက်ပါတယ်။ ဒါပေမယ့်နော်. လူတစ်ယောက်ရဲ့စိတ်ဆိုတာ ဘယ်မှန်းလို့ရမှာလဲ. အမျိုးမျိုး ဖြစ်ပျက်ပြောင်းလဲနေတတ် တာမျိုးပဲ

ဒါတွေကို ကြည့်ပြီးတော့ စဉ်းစားမိတယ်ဗျာ.



ဘ၀ဆိုတာ ရခဲပါတယ်. ကိုယ့်မှာ ကြုံတွေ့လာရတဲ့ တင်းကြပ်မှုတွေကို နည်းမှန်လမ်းမှန်နဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဖြေလျှော့တတ်ဖို့ အရမ်းအရေးကြီးတယ်. ဒါတွေကို ဘယ်ကောလိပ်၊ ဘယ်တက္ကသိုလ်ကမှ မသင်ပေးဘူး။ ကိုယ့်ဘာသာကိုယ်ပဲ သင်ယူကြရတယ်။ ဒီတော့ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ ဘ၀ရဲ့ အထုအထောင်းဒဏ်တွေကို ခံနိုင်ဖို့ ခုကတည်းက ကိုယ့်ရဲ့ စိတ်ဓာတ်ကို ရင့်ကျက်ပြည့်ဝအောင် ပြုစုပျိုးထောင်သွားသင့်ပါတယ်. ရှင်သန်ခြင်းရဲ့ တန်ဖိုးကို နားလည်မိဖို့ အရေးကြီးပါတယ်လို့ ကျွန်တော်စဉ်းစားခန်းဝင်နေမိတယ်ဗျာ….

ဘ၀မှာ ဘယ်လောက်ပဲ ရှုံးနိမ့်နိမ့် ပြန်လည်ထူထောင်ဖို့ အခွင့်အရေးဆိုတာ ရှိပါသေးတယ်။ သေဆုံးသွားခဲ့ရင်တော့…..
…………
…………………
………………………


http://news.bbc.co.uk/2/hi/americas/6560685.stm


http://www.cnn.com/2007/US/04/16/morning.terror.ap/index.html



မနက်ကတော့ ပစ်ပြီးကာစမို့လားမသိဘူး. Video Footage တွေ လိုက်ရှာတာမရဘူး. ခုတော့ youtube မှာ တွေ့တာနဲ့တင်ပေးလိုက်တယ်. သေနတ်သံတစ်ချက်ရဲ့အောက်မှာ အပြစ်မဲ့တဲ့ လူငယ်လေးတစ်ယောက် လွင့်ကြွေသွားရသလို ခံစားရတယ်ဗျာ…



ဘယ်လောက်ကြေကွဲစရာကောင်းလဲ.
ကျောင်းသားတွေက Administration Office ကို အပြစ်တင်ပါတယ်. ဘာလို့လဲဆိုတော့ ပထမပစ်ခတ်မှုက မနက် ၇း၄၅ မိနစ်မှာ ဖြစ်ပါတယ်. အဆောင်ကို ၀င်ပစ်တာပါ. ၂ ယောက်သေပါတယ်. နောက်ထပ် ပစ်ခတ်မှုကတော့ ၂ နာရီ အကြာမှာ နောက်ထပ် ၂ ဖာလုံလောက်ဝေးတဲ့ Engineering Building, Norris Hall မှာ ဖြစ်တာပါ. အဲဒီ့မှာ လူသေမှု အများဆုံးပါပဲ. ၃၀ သေပါတယ်.

ကျောင်းသားလေးတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြန်ပြောရာမှာ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်သူတွေက Email လေးတောင် မပို့ကြောင်း၊ ၂ နာရီကွာဟမှုအတွင်းမှာ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်တာနဲ့ပတ်သက်ပြီး ဘာမှ ဆင်ခြေပေးနေစရာ မရှိကြောင်း ပြောပါတယ်.

နောက်ထပ်ဖြစ်ရပ်မှာကျတော့ သေနတ်သမားလာမယ်ဆိုတာကို သိလို့ ကျောင်းသားတွေက တံခါးပေါက်ကို ခုံတွေနဲ့ ပိတ်ထားတယ်တဲ့. သေနတ်သမားက တံခါးကို ဖွင့်ဖို့ကြိုးစားတယ်. အပြင်ကနေ သေနတ်နဲ့ လှမ်းပစ်တယ်. ၂ ချက်ပစ်တယ်. တံခါးပေါက်သွားတယ်. ကျည်ဆံထပ်ဖြည့်တယ်. ဖွင့်ဖို့ထပ်ကြိုးစားတယ်. နောက်ဆုံးမရတာနဲ့ တစ်ခြား classroom တွေကို ဆက်ကူးသွားပြီး အဲဒီ့မှာ ဆက်ပစ်တာတဲ့…

ပြီးတော့ရဲအဖွဲ့က Spokesperson က ပြောတာမှာ သေနတ်သမားက ကျောင်းသားလား၊ အပြင်ကလူလားတော့ မသိဘူး။ ဒါပေမယ့် ကျောင်းရဲ့ အဆောက်အအုံတွေအားလုံးကို နှံ့နှံ့စပ်စပ် သိနေတယ်တဲ့. အဆောက်အဦးထဲဝင်တာတောင် တံခါးပေါက်တွေကို ချိန်းကြိုးတွေနဲ့ ပိတ်ပြီးမှ ၀င်ပစ်တာတဲ့. ထွက်ပြေးတဲ့ ကျောင်းသားတွေကတော့ ပြတင်းပေါက်တွေပေါ်နေ ခုန်ချထွက်ပြေးကြရတယ်. တစ်ချို့တွေ ကျိုးပဲ့ကုန်တာပေါ့. ကောင်မလေးတစ်ယောက်ဆိုရင် အောက်ရောက်ပြီး မထနိုင်တော့ဘူးတဲ့. ကျွန်တော်တင်တဲ့ ဓာတ်ပုံတစ်ချို့ထဲမှာလည်း တွေ့နိုင်ပါတယ်…

George Bush ကိုယ်တိုင် နိုင်ငံတော်ကို မိန့်ခွန်းပြောပါတယ်. ကျွန်တော့်သူငယ်ချင်းတွေကို မေးလိုက်တော့လည်း အားလုံး ကြေကွဲဝမ်းနည်းနေကြတယ်. ဖြစ်ဖြစ်ချင်းတုန်းက ကျွန်တော့်ကို ဖုန်းနဲ့တစ်မျိုး၊ Email နဲ့တစ်သွယ် သတင်းမေး စိတ်ပူပေးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ..

ဒီတစ်ခါ ခေါင်းလောင်းထိုးသံက သိပ်ကို ကျယ်လောင်နေခဲ့တယ်. ရင်ထဲမှာ အချက်ပေါင်းများစွာ မြည်ဟီးပြီး ကျန်ခဲ့တယ်ဗျာ…