Tuesday, November 16, 2010

The Promise





I can write the saddest poem of all tonight.

Write, for instance: "The night is full of stars,
and the stars, blue, shiver in the distance."

The night wind whirls in the sky and sings.

Monday, October 18, 2010

RAM နည်းနေရင် အလွယ်ကူဆုံး ဘယ်လိုမြှင့်မလဲ.

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကွန်ပြူတာကို ဖက်ပြီးအိပ်တတ်ကြတဲ့ ကွန်ပြူတာသမားစစ်စစ်တွေ အမြဲညည်းညူတောင့်တတတ်တာ တစ်ခုရှိပါတယ်.

Memory မြှင့်လို့ရရင်ကောင်းမယ်. မြှင့်လိုက်ချင်တယ်.

အဲလိုစိတ်ကူးစိတ်သန်းတွေ တခဲခဲနဲ့ ရှိနေပေမယ့်လည်း လူတိုင်း memory မြှင့်တဲ့ဖက်ကို မရောက်နိုင်ကြပါဘူး. အကြောင်းကြောင်းကြောင့်ပေါ့ဗျာ. RAM Card တွေ ဈေးကြီးတာကလည်းတစ်ကြောင်း၊ စက်ကိုဖွင့်ပြီး လုပ်ရမှာလည်း မရဲတာကလည်း နှစ်ကြောင်း၊ အဲ. လက်တွေ့အကျဆုံးပြောရရင်တော့ (ကျွန်တော်အပါအ၀င်ပေါ့) လုပ်ရမှာ ပျင်းနေတာ.. ဟတ်ဟတ်.

ကဲဗျာ. ဘာမှမပူနဲ့... မြန်.လွယ်.ကောင်း နည်းလမ်းလေးတစ်ခုပေးမယ်. ညီအစ်ကိုတို့ရဲ့ RAM မြင့်လွန်းလို့ စိတ်တောင်ညစ်သွားမယ်.

တကယ်တကယ်...း)

ဘယ်လိုလုပ်ရမလဲ ဟုတ်လား...

ဂလိုလုပ်ပါဗျာ..

မော်နီတာကို ကြာကြာကြည့်စေနိုင်ဖို့ ဒါကိုသုံးပါ...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.

Tuesday, October 12, 2010

ဖောင်


အပြင်မှာမိုးတွေရွာနေတယ်.

ပြတင်းမှန်တံခါးကို တဖျောက်ဖျောက် ရိုက်ခတ်နေတဲ့ မိုးစက်တွေက တစ်ယောက်တည်းရှိနေချိန်မှာ အတွေးတွေများစေတယ်.

အထူးသဖြင့် အခုလို ညဉ့်နက်သန်းခေါင် အိပ်မပျော်နိုင်သေးဘဲ တိတ်ဆိတ်ခြင်းရဲ့ အရသာကို ခံစားသက်ဝင်နေတဲ့ သက်ရှိလူသားတစ်ယောက်အတွက်ပေါ့..

Thursday, August 26, 2010

သူရယ်... ကိုယ်ရယ်.. ပင်လယ်ကြီးရယ်...


ဟိုးအရင်တစ်ပတ်က ခရီးထွက်ဖြစ်ခဲ့တယ်. အရင်တစ်ပတ်က ပြန်ရောက်တယ်.

ခရီးစဉ်အကြောင်း စာရေးမယ် ရေးမယ် တကဲကဲ လုပ်နေပါသော်လည်း မုဒ်က မကပ်တာနဲ့ စာတစ်လုံးမှ ထွက်ကျမလာဘူးဖြစ်နေတယ်ဗျာ. မရေးတာလည်း ကြာပြီဆိုတော့ စာတစ်လုံးတစ်လုံး ရေးရမှာကိုပဲ ရှက်ကိုးရှက်ကန်းဖြစ်နေသလိုလို… အင်း… ခက်ရချည်ရဲ့…

Thursday, August 19, 2010

From Las Vegas with Nuts.. ;)

Well, well, well, it has been for a while I couldn't update my itinerary. Today's the 5th day of our tour trip and i am writing this post from somewhere in Utah state.

We have already visited Bryce Canyon, Yellowstone National Park, Bear world, old faithful geyser, mammoth hot spring, and many other tourist attractions...

^^^^^^^^^^

Sunday, August 15, 2010

Greetings from california...

How are you doing, guys or girls or ladies or gentlemen or whatever? ;)

This is my very first post written with my mobile. I wish i could write in burmese, but can't do that on my mobile. So, pls put up with my english post.

The first reason i am writing this post is that i'd love to keep in touch with my friends, readers and (of course) my family members as well, while i'm travelling.

Monday, May 10, 2010

ပီတာနှင့် ကျွတ်ဆတ်ဆတ် ညနေခင်း...


အားလုံးပဲ သာပါစ မာပါစခင်ဗျာ.

ကျွန်တော်လည်း ခုတလော တိုင်ပတ်နေလို့ ဘလော့ဂ်ကို ပိတ်ထားပြီး တော်တော်နဲ့ ပြန်မဖွင့်ဖြစ်ဘူး. ဒီနေ့တော့ မဖြစ်ဖြစ်အောင် လုပ်မယ်ဟလို့ ခဲထားပြီးခါမှ အလုပ်ကိစ္စတွေက ပေါ်လာတယ်. အဲဒါနဲ့ပဲ မြို့ထဲကို အပြေးအလွှားပြန်သွား၊ ဒီကြားထဲမှာ ရထားက ပုံမှန်လမ်းကြောင်းက မပြေးလို့ ဟိုပြောင်းဒီပြောင်းနဲ့ မနက်စာရယ်၊ နေ့လယ်စာရယ်ကို ညနေခင်း ၅ နာရီလောက်ကျမှ လမ်းဘေးက ဟော့ဒေါ့ဆိုင်လေးမှာ အုံးဒိုင်းဂွမ်းလိုက်ရတယ်.း)

Tuesday, April 20, 2010

ခုတလော....


ခုတလော ဒီမှာ ရာသီဥတုတွေ မကောင်းပါ. အေးလိုက်. ပူလိုက်. မိုးရွာလိုက်နဲ့ တော်တော်ကို စိတ်လေစရာကောင်းတဲ့ ရာသီဖြစ်နေပါတယ်.

မနက်ခင်းလေးအေးလို့ အနွေးထည်ဝတ်သွားလိုက်ပြီး ခပ်သုတ်သုတ် လမ်းလျှောက်ခဲ့ရပေမယ့် ညနေခင်းကျတော့ မိုးတွေက ရွာနေတတ်ပြန်ရော. ဟော. တစ်ခါတစ်လေကျတော့လည်း လေပြင်းတွေကတိုက်လိုတိုက်၊ ၀တ်မှုန်တွေ လေထဲကို လွင့်ဝဲပြီး ၀ိုက်လိုဝိုက်၊ အဲဒါတွေကို ရှူရှိုက်လိုရှိုက်၊ လည်ချောင်းတွေ အာခေါင်တွေ ယားကျိကျိဖြစ်လို့ ဟတ်ချိုးလို့ ချေပစ်လိုက်လိုလိုက်နဲ့... အင်းးးး


Monday, March 08, 2010

ဩော်... ဩော်... အာစကော်ရယ်....

 

အင်းးးး

အော်စကာဆုပေးပွဲကြီးကတော့ ခမ်းနားထည်ဝါစွာနဲ့ ပြီးဆုံးသွားပါပြီ.

Burma VJ အော်စကာဆုအတွက် စကာတင်ဝင်တယ် ဆိုကတည်းက စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေခဲ့တာ...

တကယ်လို့များ ရသာရလိုက်ရင်.....

တစ်ကမ္ဘာလုံးက ကိုယ့်တိုင်းပြည်ကို အာရုံပိုစိုက်မိလာပြီး...

ငါတို့ ပြည်သူတွေအတွက် မျှော်လင့်ချက်တစ်ခုခု....

Monday, March 01, 2010

အမှတ်တရ ဖေဖော်ဝါရီ....


ဒီလိုပဲ နှင်းတွေသည်းသည်းမည်းမည်းကျနေတဲ့ ဆောင်းညနေခင်းလေးတစ်ခုမှာ ကျွန်တော်သူမကို အမှတ်မထင်တွေ့ရှိခဲ့တယ်.

သူမဟာ ဟန်ဆောင်ခြင်းတွေမပါ၊ မာယာတွေနတ္ထိ၊ ဂုဏ်ပကာသနတွေမရှိဘဲနဲ့ ကျွန်တော့်ဘ၀ထဲကို ရိုးရှင်းစွာနဲ့ တိတ်တိတ်လေး ၀င်ရောက်ခဲ့တယ်.

တကယ်ဆို အဲဒီ့အချိန်က ကျွန်တော်တစ်ယောက် လောကကြီးရဲ့ အပြင်းထန်ဆုံးလို့ခေါ်ရမယ့် လောကဓံတရားတစ်ချို့နဲ့ အပြင်းအထန်စိန်ခေါ်နေခဲ့ချိန်ပေါ့.

ကျွန်တော်မှတ်မိနေခဲ့သေးတယ်. အဲဒီ့နေ့က ပေါ့.

Monday, February 08, 2010

အတောင်ပံများနှင့် (၂)




စွန်တစ်ကောင်ကို ကောင်းကင်ပေါ်လွှတ်တင်ရတာ ငှက်ပျောသီး အခွံနွှာစားရသလောက်တော့ မလွယ်လှပါဘူး.

အထူးသဖြင့် လေငြိမ်နေတဲ့ညနေခင်းမျိုး (သို့မဟုတ်) ကိုယ်စွန်လွှတ်တင်မယ့်နေရာက တိုက်မြင့်ကြီးနားမှာ ဖြစ်နေတဲ့အခါမျိုးဆို ကိုယ့်စွန်လေထဲရောက်အောင်၊ လေကြောင်းမိအောင် လွှတ်တင်ရတာ တော်တော်လေး ပညာသားပါလာပါတယ်. ဒီနေရာမှာ ဝေါဟာရအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အဲဒါကတော့ "စွန်တောက်ခြင်း" ပါပဲ.

စွန်တောက်တာတောင် ပုံစံထပ်ကွဲပါသေးတယ်. စွန်လွှတ်တင်တဲ့အခါမှာ လုပ်တဲ့ စွန်တောက်ခြင်းနဲ့ ကိုယ့်စွန်တစ်စုံတစ်ခုနဲ့ ငြိနေတဲ့အခါမျိုးမှာ လွတ်အောင်လုပ်တဲ့ စွန်တောက်ခြင်းဆိုပြီးတော့ပါ. အဲ. ကျွန်တော် ဒါတွေပြောနေလို့ တကယ့် စွန်ကျောင်းတော်ကြီးများ ရှိနေလားဆိုပြီး တွေးမနေနဲ့ဦးနော်. ဟတ်ဟတ်. ကျွန်တော်တတ်ခဲ့သိခဲ့ဖူးတာလေးတွေကို သိသလို တတ်သလို ပြန်ရေးပြနေတာပဲ ရှိတာပါ. ကဲဗျာ. ဆက်မယ်နော်.

Monday, February 01, 2010

ရင်ထဲက တိုးနယား

တောက်!!!!

ရာရာစစကွာ...

ခံပြင်းလိုက်တာ...

ဟင်းးးးးး ဟင်းးးး ဟင်းးးး

အဲဒီ့ခံစားချက်တွေနဲ့ ကျွန်တော့်ရဲ့ တနင်္ဂနွေဟာ အနားမရ ဖြစ်ခဲ့ရတယ်...

မနက်အစော ၅း၄၅ လောက်ကြီး "ဒုန်းးး ဒုန်းးး ဒုန်းး" ဆိုပြီး အခန်းတံခါးကို လာခေါက်တယ်...

စိတ်ထဲမှာ ထောင်းခနဲဖြစ်သွားတယ်. ဘယ်သူလဲကွာပေါ့...

ကုတင်ပေါ်က လွှားခနဲ ခုန်ဆင်းပြီး တံခါးကို ဆွဲဖွင့်လိုက်တော့မှ...

Tuesday, January 26, 2010

သက်ဆိုင်သူများ သိသာစေရန်.....

အားလုံးပဲ မင်္ဂလာပါ.

(ခေါင်းစဉ်ဖတ်ပြီး လန့်သွားတယ်ထင်တယ်... ဟတ်ဟတ်ဟတ်.)

ကျန်းမာရေး ပြန်လည်ထူထောင်နေဆဲမို့လို့ ဘလော့ဂင်းကို ခေတ္တနားထားတာပါ.

ဒီဇင်ဘာပထမပတ်ထဲမှာ ဆေးရုံတက်လိုက်ရတယ်. အရေးပေါ်ကိုရောက်သွားတာဗျာ. ကျောက်ကပ်မှာ ကျောက်တည်လို့တဲ့...

လမ်းလျှောက်နေရင်းကို ကျောထဲက စူးစူးဝါးဝါးအောင့်တက်လာတာ. ဇောချွေးတွေပြန်လာတယ်. လူတောင် မေ့လဲချင်သလိုလိုဖြစ်သွားတယ်. အဲ... လိုရင်းပြောရရင်တော့ Emergency Room ထဲကို ရောက်သွားတယ်ပေါ့ဗျာ...

အတိုချုပ်ပြောရရင်တော့ အော်ပရေးရှင်း ၀င်လိုက်ရတယ်... :(

Monday, January 04, 2010

အတောင်ပံများနှင့်....(၁)

ကျွန်တော့်ကို မြန်မာပြည်အလယ်ပိုင်းမကျတကျနားလေးမှာ ရှိတဲ့ ရမည်းသင်းဆိုတဲ့ မြို့လေးမှာ မွေးခဲ့တယ်. အင်း. ပြောသာပြောရတာ. မွေးပြီးကတည်းက ပြောင်းလိုက်ရတဲ့ မြို့တွေ မနည်းတော့ဘူး. ရမည်းသင်းဆိုတာ ဖြူသလားမည်းသလား ဆိုတာလည်း မသိတော့ဘူး. ရမည်းသင်းမှာမွေး၊ သထုံမှာ သုံးလေးနှစ်နေ၊ ပြီးတော့ သူငယ်တန်းကနေ ပဉ္စမတန်း အစောပိုင်းထိ ရန်ကုန်မှာကြီး၊ အဲဒီ့နောက်ပိုင်း စစ်တွေရောက်၊ ပြီးတော့ ပဲနွယ်ကုန်း၊ မိတ္ထီလာ၊ မန္တလေး.. အဲဒီ့ကမှ ရန်ကုန်ရွှေမြို့တော်ကြီး ပြန်ရောက်ဆိုတော့ မြန်ပြည်တ၀ှမ်း နာမည်ဆန်းတဲ့ ဘန်နီဘန်း (အဲလေ) မြန်မာပြည်တစ်လွှား တောင်ပြေးမြောက်ပြေး၊ အနောက်ပြေး၊ အလယ်ပြေးနဲ့ နေရာစုံ ကျင်လည်ခဲ့ရဖူးတယ်. ဘယ်ကိုပဲရောက်ရောက် ၀ါလကင်းလွတ်သီတင်းကျွတ်ခါနီးရင် ကျွန်တော်ဘာလုပ်တတ်လဲ သိလား…

ဘုန်းကြီးဝတ်တယ်လို့ မပြောနဲ့.

ဝါကျွတ်ချိန်မို့ အာဝါဟလား ၀ိဝါဟလားလို့လည်း မမေးနဲ့. ကလေးပဲရှိသေးတယ်.း)

ဘာလုပ်လဲဆိုတော့….

အဟင်း..