Wednesday, March 28, 2007

Footbinding ကို မြန်မာလို ဘယ်လိုပြောပါသလဲ







“Footbinding” ဆိုတာကို မြန်မာလို ဘယ်လို ဘာသာပြန်ပါသလဲ.
Footbinding Shoes ကိုရော ဘယ်လိုဘာသာပြန်ပါသလဲ.
Comment ထဲမှာ ရေးပေးပါခင်ဗျာ
ကျေးဇူးတင်ပါတယ်...

ရန်အောင်

9 comments:

TZA said...

http://photos1.blogger.com/img/183/971/400/bindfoot.jpg
http://photos1.blogger.com/img/183/971/400/bindfoot02.jpg
http://photos1.blogger.com/img/183/971/400/bindfoot03.jpg
၂၀၀၅တုန်းက ဘလော့ဂ်ပေါ်တင်ဖြစ်တဲ့ပုံတွေပါ၊ တီဗွီမှာပြလို့ ကင်မရာနဲ့ရိုက်ထားတဲ့ ပုံလည်းပါတယ်။ မြန်မာလို ခြေစည်းတယ်ပဲ ခေါ်မယ်ထင်တယ်၊ သေချာတာတော့ အဲလိုစည်းထားတဲ့ တရုတ်မကို ခြေသေးမလို့ခေါ်ကြတယ်၊ ဒီတသက်တစ်ယောက်ပဲ တွေ့ဖူးပါတယ်၊ သူငယ်ချင်းရဲ့အဖွားပါ၊ သူမလည်းဆုံးသွားတာ ကြာပေါ့။

Yan said...

ဓာတ်ပုံတွေ နဲ့ ဘာသာပြန်အတွက် ကျေးဇူးပါ ကိုသန့်ဇင်အောင်ရေ.

Anonymous said...

a^caxmufxkyfw,fvdkhyJ ^yefr,fxifygw,f :-?
I wrote in CE collection

Yan said...

Thunder>ခြေထောက်ထုပ်တယ်လို့ပဲ ပြန်မယ်ထင်ပါတယ်…

အကြံပြုဆွေးနွေးပေးတာ ကျေးဇူးပါ Thunder. CE Font ကို မမြင်ရဘူးဗျ Zawgyi ပဲရတယ်.

Thet Oo said...

များလည်းသိဘူးလေ

Yan said...

>thet... များက တကယ်ကို မသိတာလား

Thinzar said...

ဟိုက်ရှာဘား မောင်ရန်အောင်….. နေရင်းထိုင်ရင်း ဘယ်လိုဖြစ်ပြီး အဲဒါကို စိတ်ဝင်စားသွားတာလဲ။ မြန်မာလိုဘယ်လိုခေါ်လဲတော့ သိဝူး။ တရုတ်လိုဘယ်လိုခေါ်လဲ ဆိုတာလဲ မေ့သွားပြီ။
သိသလောက်တော့ ပြောပြမယ်လေ။ တို့အဖွားနဲ့ သူရဲ့အစ်မ တို့က အဲဒီလိုစည်းထားတာ။ ဒီတော့ ခြေထောက်လေးတွေက ၁၂နှစ်သမီး ခြေထောက်လောက်ဘဲ ရှိတယ်။ သူတို့ခေတ်တုန်းက သေးလေကောင်းလေတဲ့။ ချွေးမရွေးတဲ့အခါ ခြေထောက်ကို ဦးစားပေး ကြည့်ရွေးတယ်ဆိုဘဲ။ ဘာကြောင့်လဲဆိုတာ တို့မှတ်မိသလောက်ဆိုတော့ ခြေထောက်သေးလေ သူတို့ချွေးမတွေဟာ အိမ်ကနေ ဝေးဝေးထွက်မပြေးနိုင်လေလို့ ယူဆတယ်တဲ့။ (တရုတ်ချွေးမတွေ အိမ်က ထွက်ထွက်ပြေးကြတယ်နေမယ်။ ယောက္ခမ ဆိုးလို့လေ။) နောက် အကြောင်းအရင်းတွေ ရှိရင်ရှိဦးမှာပါ။

Anonymous said...

ကိုရန်အောင်ရေ........ ခြေထောက်ထုပ်တယ် နှင့် ခြေထုပ်ဖိနပ် လို့ပဲ............ ဘာသာပြန်မယ် ထင်ပါတယ်

Blogger Media said...
This comment has been removed by the author.