Thursday, August 26, 2010

သူရယ်... ကိုယ်ရယ်.. ပင်လယ်ကြီးရယ်...


ဟိုးအရင်တစ်ပတ်က ခရီးထွက်ဖြစ်ခဲ့တယ်. အရင်တစ်ပတ်က ပြန်ရောက်တယ်.

ခရီးစဉ်အကြောင်း စာရေးမယ် ရေးမယ် တကဲကဲ လုပ်နေပါသော်လည်း မုဒ်က မကပ်တာနဲ့ စာတစ်လုံးမှ ထွက်ကျမလာဘူးဖြစ်နေတယ်ဗျာ. မရေးတာလည်း ကြာပြီဆိုတော့ စာတစ်လုံးတစ်လုံး ရေးရမှာကိုပဲ ရှက်ကိုးရှက်ကန်းဖြစ်နေသလိုလို… အင်း… ခက်ရချည်ရဲ့…


အဲဒါနဲ့ပဲ မနေ့ကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အလုပ်ကပြန်ရောက်တာနဲ့ အိတ်ကို အခန်းထဲ ၀ုန်းခနဲပစ်ထည့်၊ ဖိနပ်ကို ဖိနပ်စင်ပေါ် ပစ်ကန်ထည့်လိုက်ပြီး ရေခဲသေတ္တာအပေါ်ထပ်ကို ဆွဲဖွင့်ပြီးသကာလ စိတ်အပြောင်းအလဲ ဖြစ်စေမယ့် စားဖွယ်ရာလေးတစ်ခုကို ဆွဲလိုက်ပါတော့တယ်.

ဘာလဲဟုတ်စ….
 
ပီ.အာရ်.အေ.တီ.အေ ပါ..

ဟုတ်… ပလာတာပါ. (prata)

ဘာရယ်တော့မဟုတ်ဘူးဗျ. စိတ်ကူးပေါက်လာတာနဲ့ ဆီကို ခါတိုင်းထက် နည်းနည်းလေးပိုထည့်လိုက်တယ်. ရွရွလေး ကြော်စားမယ်ဆိုပြီးတော့ပေါ့.

ဒါက ပုံ ၁ ပါ. မကြော်ရသေးခင်အခြေအနေပေါ့.


ဒါကတော့ ကြော်နေဆဲ..



ဒါကတော့ ကြော်ပြီးသကာလ အနေအထားပေါ့ဗျာ..


ပလာတာ ကြော်နေရင်းနဲ့ သူမကို သွားသတိရလိုက်သေးတယ်. ကုလားစာကြိုက်တယ်ဆိုတဲ့ သူမ ကျွန်တော်ကိုယ်တိုင် ကြော်ကျွေးတဲ့ ပလာတာကြွပ်ကြွပ်ရွရွလေးကို နှစ်ခြိုက်တိမ်မူးစွာနဲ့ပဲ စားနေမလားရယ်ပေါ့.

တဆက်တည်းမှာပဲ ငယ်ငယ်တုန်းက ကိုယ်ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် သွားသတိရလိုက်မိသေးတယ်.

အဲဒီ့ကားကို မှတ်မိကြမလားမသိဘူး. စစချင်းမှာပဲဗျာ. ပင်လယ်ကြီးကို မျက်နှာမူပြီး ထွန်းအိန္ဒြာဗိုက အော်ပြောတယ်.

“မယ်မဒီ…. နင့်ကို ငါမုန်းတယ်…နင့်ကို ငါသိပ်မုန်းတယ်.”

အဲဒီ့မှာပဲ နောက်တစ်ခန်းမှာကျတော့ မေသန်းနုထင်တယ်. ပင်လယ်ကြီးကိုပဲ ကွိုင်ထပ်ရှာပြန်တယ်..
(နာမည်ကောင်းကောင်းမမှတ်မိပါ.ဆောရီးကိုပဲသုံးလိုက်တော့မယ်.)

“ဆောရီးးးးးးးး… နင့်ကို ငါသိပ်မုန်းတယ်…နင့်ကို ငါသိပ်မုန်းတယ်.”

အဲ့မှာ စတွေ့တာပဲ…

ပြောချင်တာက မုန်းတဲ့အကြောင်းမဟုတ်ဘူး. ချစ်တဲ့အကြောင်း ဟတ်ဟတ်.

ဒါပေမယ့် အဲဒီ့ဇာတ်ကားကိုများ ပရိသတ်မှတ်မိလေမလားလို့ အစဖော်ပေးတာပါ.

အဲဒီ့ကားထဲမှာ လွင်မိုးက စာရေးဆရာပေါ့ဗျာ. မြို့ထဲမှာ တိုက်ခန်းလေးတစ်ခန်းငှားနေတယ်. သူက ထွန်းအိန္ဒြာဗိုကို သူ့တိုက်ခန်းလိုက်လည်ဖို့ ဖိတ်ခေါ်တဲ့အခန်းလေးကို ပြောချင်တာပါ…

“ကိုယ့်ဆီ လိုက်လည်ပါလား”

ထွန်းအိန္ဒြာဗိုက ဘာလဲပေါ့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ လွင်မိုးက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ပုံနဲ့ မထိတထိလေးပြောလိုက်တယ်.

“မင်းကို ကိုယ်ကောင်းကောင်းဧည့်ခံမှာပါ. ကိုယ် ကော်ဖီကောင်းကောင်းဖျော်တတ်တယ်ကွ” တဲ့လေ..

လွင်မိုးလည်း အဲဒီ့လိုနဲ့ မေသန်းနုကို သူ့တိုက်ခန်းအလည်ခေါ်ပြန်ရော… အဲဒီ့ကတည်းက ကျွန်တော်က တေးထားတာ.

ငါတစ်နေ့ ကိုယ့်တိုက်ခန်းလေးနဲ့ ကိုယ်နေရရင်…

ငါတစ်နေ့ ကမ္ဘာကျော်ဘက်ဆဲလား စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ရင်…

ငါတစ်နေ့ ငါစိတ်ဝင်စားတဲ့ ကြောင်မလေး (အဲလေ. ကောင်မလေးကို) ငါ့အခန်းအလည်ခေါ်ခွင့်ရခဲ့ရင်…

ရင်…
ရင်..
ရင်… ပေါ့ဗျာ.

ဖုန်းလာတာမဟုတ်ပါဘူး. ဒါတွေသာဖြစ်ခဲ့ရင် ဆိုရင်ပေါ့ဗျာ. အဟတ်..ဟတ်..

အဲဒီ့မှာတင် သူများနဲ့မတူတဲ့ အတွေးလေးက တစ်ချက်ဝင်လာခဲ့တယ်.

ခုဆို ကျွန်တော့်ကိုလည်း အတိုင်းအတာတစ်ခုထိ ဘလော့ဂါတစ်ယောက်အဖြစ် လက်ခံကြတယ်ပေါ့ဗျာ. အဲ. သွယ်ဝိုက်သောအားဖြင့် ကိုယ့်ကိုယ်ကို တိုက်ရိုက်ပြောထည့်လိုက်ရရင်တော့ နည်းနည်းပါးပါးလူသိများတဲ့ စာတစ်အုပ်မှ မထုတ်ရသေးသော စာရေးဆရာပေါက်စပေါ့ဗျာ. ဟတ်ဟတ်. (သူများတွေပြောနေရင် မပြည့်စုံမှာစိုးလို့ ကိုယ့်ကိုယ်ကိုပဲ ဟိမ၀န္တာချီးမွမ်းခန်းဖွင့်လိုက်တော့တယ်.)

စိတ်ကူးကြည့်လိုက်မိတယ်.

မြန်မာပြည်ပြန်ရောက်လို့ သူမနဲ့ ဆုံတွေ့ခွင့်ရခဲ့ရင်ပေါ့.

ရန်ကုန်မြစ်ကမ်းဘေးက ခုံတန်းလျားလေးဘေးမှာ ကျွန်တော့်ရဲ့ ပလာတာ (အဲလေ. ပါဂျဲရိုး) ကားအသစ်စက်စက်ကြီးကို ငြိမ့်ငြိမ့်လေးထိုးရပ်.

ကားမှန်လေးကို အသာလေးချပေးလိုက်ပြီး သူမဖက်ကို မခို့တရို့လေးလှမ်းကြည့်.

သူမက လေတိုက်တဲ့ဖက်ကို ခေါင်းလေး အသာလေးစောင်းလိုက်ပြီး ဆံနွယ်လေးတွေကို ညာဖက်လက်ကလေးနဲ့ အသာအယာသပ်တင်..

သူမ လည်ပင်းမှာစည်းထားတဲ့ ပရာဒါ လည်စည်းလေးက လေထဲမှာ တလွင့်လွင့်.

သုတ်ခနဲဆောင်ယူလာတဲ့ လေပြည်လေးနဲ့အတူ ဘားဘယ်ရီ (Burberry) ရေမွှေးနံ့လေးက ကားလေးထဲမှာ သင်းပျံ့နေ…

အဲဒီ့မှာပဲ ကျွန်တော်က သူမမျက်နှာဖူးရွရွလေးကို မြတ်နိုးခြင်းပေါင်း ထောင်သောင်း ကုဋေကုဋာများစွာနဲ့ ဂေါ်ရှိုးရှိုး(အဲလေ. စိုက်ကြည့်လိုက်ရင်း)

“ကိုယ့်ဆီလိုက်လည်ပါလား ဘေဘီ..”

သူမက မပွင့်တပွင့်လေးပြုံးပြီး ကျွန်တော့်ဖက်လှည့်အကြည့်မှာ ကျွန်တော်ကလည်း လွင်မိုးထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ကြည့်လိုက်ရင်း

“မင်းကို ကိုယ် ဧည့်ခံမှာပါ… ကိုယ် ပလာတာကောင်းကောင်းကြော်တတ်တယ်ကွ..”

ကောင်မလေး ခိုက်သွားမှာသေချာတယ်နော်..

ဟတ်ဟတ်..

အခိုက်လွန်ပြီးတော့… “သူရယ်… ဟိုလေ နံပြားရောဖုတ်တတ်လားဟင်” ဆိုလို့ကတော့ သေပြီဆရာ..

ကဲဗျာ.. စကားပြန်ဆက်မယ်နော်…

စိတ်ရှည်လက်ရှည်နဲ့ နှစ်ချပ်တိတိကြော်ပြီးတော့ ကုလားဝေ့ရွက်လေးဖြူးထားတဲ့ ကုလားပဲဟင်းလေးကို မိုက်ကရိုဝေ့ဖ်ထဲ ပစ်ထည့်ပြီး ၃ မိနစ်လောက် အပူပေးလိုက်ပါတယ်.

အဲဒီ့နောက်မှာတော့ သရက်သီးဖျော်ရည်အေးအေးလေးကို ရှန်ပိန်ခွက်လေးထဲ အသာလေးငှဲ့ထည့်လိုက်ပြီးတော့ မယ်မဒီရယ်၊ ဆောရီးရယ်၊ ပင်လယ်ကြီးရယ်ကို မျက်စိထဲ မြင်ယောင်ရင်း သူမ ကျွန်တော့်ဆီလိုက်လည်မယ့် တစ်နေ့ (သို့မဟုတ်) သူမနဲ့ ကျွန်တော် သီးသီးသန့်သန့်လေးတွေ့နိုင်မယ့် တစ်နေ့လေးကို စိတ်ကူးလေး ယဉ်နေလိုက်တော့တယ်.


Y.

(ဘာစာရေးရေး ထွက်ကျမလာဘူးဖြစ်နေလို့ ရေးချင်ရာရေးထည့်ပစ်လိုက်တာပါ. စာမြည်းလို့ပဲ သဘောထားလိုက်ပေးပါဗျာ နော့. ;D )

28 comments:

သဒ္ဓါလှိုင်း said...

ဘယ်လိုပဲဖြစ်ဖြစ် ကိုရန်အောင်ရဲ့
ပရာဒါ..အဲလေ ပလာတာကို ချစ်တဲ့သူနဲ့အတူ
စားခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ်..။

ခင်မင်စွာ
သဒ္ဓါလှိုင်း

Soe Mya Nandar Thet Lwin (Borros Roxo) said...

အရင်က ရန်အောင့် အရေးအသား ခံစားမှု့ရသကို ဒီပိုစ့်မှာ ပြန်ရလိုက်တယ်။

ကိုရန်အောင် ပလာတာ ကောင်းကောင်း မကြော်တတ်သေးပါဘူး။ အပေါ်ယံတွေက မည်းတူး နေတယ်။

အဲဒီ ပလာတာမျိုးကို ကြော်ရင် ရွှေရောင်သန်းအောင် ကြော်တတ်မှ ပလာတာ ကောင်းကောင်းလို့ ခေါ်တယ်။ ဟတ် ဟတ် ဟတ် :P

ပိုစ့်ရဲ့ ခေါင်းစဉ်ကို "သူရယ်... ကိုယ်ရယ်.. ပလာတာကြော်ရယ်" လို့ ပေးရင် ပိုပြည်စုံသွားမယ်။

အချိန် ရရင်ရသလို မုဒ် ဝင်ရင်ဝင်သလို စာတွေ ဆက်ရေးစေချင်ပါသည်။

ခင်တဲ့
နန္ဒာ (SMNTL)

chit said...

ဒီလိုကျော်ပုံနဲ့တော့ ဘေဘီ အိမ်လာလည်မှာမဟုတ်ဘူး အစ်ကိုရေ.... လချမီးပဲပါချင်ပါလာမယ် (ပလာတာကြော်နည်းသင်ပေးမလို့လေ) ဟိ....

chit said...

ဆောရီး တော့ ဟုတ်ဝူးလေ မာကျူရီ ထင်တယ်

:P said...

ဆောရီးနာမည်က မာကျူရီတဲ့...

စင်ကာပူမှာလည်း အဲ့ဒီပလာတာ အထုပ်တံဆိပ် အတိုင်းရောင်းတယ်....။

chit said...

ပင်လယ်ပြင်နှင့်ကောင်းကင်ပြာ ထင်တယ် ဇာတ်ကားနာမည်က ဦးဆောရီးရေ...ဟတ် ဟတ်

ကိုဇော် said...

ဟုတ်သဗျို့...ပင်လယ်ပြင် နှင့် ကောင်းကင်ပြာ ပါ။

ဒီမှာ ကိုရန်အောင် . . .
ပလာတာကြော်တတ်ဖို့ဆိုတာ လက်ညှိုးကလေး ကွေးတတ်ရတယ်ဗျ အဲလေ...ဘာမှလည်း မဆိုင်ဘူး။

ပလာတူးလေးက စားလို့ ကောင်းမဲ့ပုံပါပဲ။
( ပလာတူး ဆို၍ ငါးမဟုတ်ပါ :P )

ကိုရီး{ကိုကြီး} said...

အစ်ကို ပလာတာတူးနေလို့ ကောင်မလေး ဖုသွားဦးမယ် :))))
ကမ်းနားသွားဖို့ စိတ်မကူးလေနဲ့.....
လေဆိုး လေညစ်တွေကပဲ ကလူကျီစယ်ကြပါလိမ့်မယ်
မှောင်မှောင် မည်းမည်းနဲ့ ဂွင်ချောင်းနေတဲ့ သကောင့်သားများနဲ့တွေ့ရင် "ဒီမှာ... ကိုရန်အောင်..
ရှိတာအကုန်ထုတ် ဘိန်းထုတ် (အဲ... ဘိန်းမုန့်) ဆိုရင်တော့" ဒွတ်ခ။
ကျန်းမာရေး ဂရုစိုက်ပါ ဘရားသားရေ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

မေဓာဝီ said...

၁) ပလာတာက ဆီအများကြီး ထည့်ဖို့မလိုပါ။
၂) တော်အောင်ကျူး (တူးအောင် ကြော်) ဖို့လဲ မလိုပါ။
၃) နံပြားရော ဖုတ်တတ်လားဆိုရင် အဆင်ပြေအောင် ရယ်ဒီမိတ် နံပြား ဆောင်ထားပါ။

အစစ အဆင်ပြေပါလိမ့်မည်။

ပုံ
မဓဝ

နွေဆူးလင်္ကာ said...

စာမြည်းရင်း ပလာတာပါ မြည်းသွားတယ် ... ရတယ်ဟုတ် ..

မြတ်မွန် said...

ကိုရန်အောင်ကောင်မလေးက အမိုက်စားပဲ..
ပရာဒါ လည်စည်းလေးနဲ့ ဘားဘယ်ရီ (Burberry) ရေမွှေးနံ့လေးဆိုတော့..အကောင်းစားတံဆိပ်တွေကြီးပါပဲလား..
ကိုရန်အောင်ကြိုက်တဲ့ နံမည်တွေနဲ့တူတယ်..:P

ပလာတာက ခါးသက်သက်အရသာလေးဖြစ်နေမှာ မြင်ယောင်မိတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် အစ်ကိုရေ ပလာတာက နည်းနည်းများ တူးနေသလားလို့
ဒီပုံစံဆို အစ်ကို့ကောင်မလေး အလည်လိုက်လာချင်ပါ့မလား..
မီးတူးတာလေးပြပြီး သနားအောင် များ လုပ်နေတာလား မသိနော်...
ရန်ကုန်မြစ်ကမ်းဘေးက မြင်ကွင်းလေးကိုတော့ မျက်စိထဲ မြင်ယောင်မိပါတယ်..
ကဗျာဆန်လိုက်လေချင်း ...း)

Rita said...

သိပ်လည်း ပျောက်မနေပါနဲ့ဦး။

Talkii said...

ပလာတာ ကြော်ရင်း မ အကြောင်းတွေးနေမှတော့ တူးပြီပေါ့။း)

ကျွန်တော်ကတော့ ပလာတာကြော်ပြီး ကွေကာအုပ်နဲ့ လွေးတယ်။

. said...

သြော်.. မ အကြောင်းတွေးနေတာလား။ :) ဘေဘီ မဟုတ်ဖူးပေါ့။

Vista said...

မည်းမည်းကြီး နင့်ကိုနာမုန်းတယ်ဆိုမှ ဒွတ်ခနော်

Yan said...

>အုံးလား အားလုံးကို စာပေါင်းပြန်လိုက်တယ်ဗျာ.

(၁) ဆောရီးနေရာမှာ မာကျူရီလို့ ပြင်ဖတ်ပေးပါ
(၂) ပလာတာကို အလယ်မှာ ပျော့ပြီး ဘေးနားလေးမှာ ကျွတ်ကျွတ်လေးဖြစ်အောင် ကြော်ပေးပါဆိုလို့ အဲလိုလေးကြော်ထားပေးတာပါ. ဘေဘီအကြိုက်ပေါ့. ဟတ်ဟတ်.
(၃) မတွေ့ဖြစ်တာကြာပေမယ့်လည်း အရင်လို နွေးထွေးနေဆဲဖြစ်တဲ့အတွက် မိတ်ဆွေသူငယ်ချင်းတွေအကုန်လုံးကို ယောရောရှိယောရောရှိ... မရောလည်းရှိ ရောလည်းရှိ.း)

အားလုံးပဲ တိတ်ကဲဗျာ...

Y.

Andrew said...

“ကိုယ့်ဆီလိုက်လည်ပါလား ဘေဘီ..”

သူမက မပွင့်တပွင့်လေးပြုံးပြီး ကျွန်တော့်ဖက်လှည့်အကြည့်မှာ ကျွန်တော်ကလည်း လွင်မိုးထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ကြည့်လိုက်ရင်း

“မင်းကို ကိုယ် ဧည့်ခံမှာပါ… ကိုယ် ပလာတာကောင်းကောင်းကြော်တတ်တယ်ကွ..”

ကိုရန်အောင်ကတော့ကိုရန်အောင်ပါပဲဗျာ :))

ကိုရင်နော်ခင်လေးငယ် said...

အယ်.............

:P
:)
:D

WWKM said...

ပလာတာမဲမဲတူးတူးကို ဘေဘီက ကြိုက်ပါ့မလား။။ :)
စာတွေမဖတ်ဖြစ်တာကြာပြီ ဆြာရန်ရေ..
အဆင်ပြေပါစေ။

B & A said...

နံပြားဖုတ်နည်းလေးလဲလေ့လာထားပါဦး...
ကြိုတင်ပြင်ဆင်ထားတော့ နောက်မကျဘူးပေါ့ဂျာ... ကိုရန်အောင်ကြီး စာများများရေးနိုင်ပါစေ..ဖတ်ရတာအရသာရှိတယ်.

Unknown said...

ဦးရန်ရဲ့ ကောင်မလေးတောင်ဖြစ်လိုက်ချင်တယ်
ဒါပေမဲ့ ညလေးက
ပလာတာမည်း၂ရီးကိုတော့ကြိုက်ဘူး
ဦးရန်ရဲ့ ခံစားချက်လေးတွေကို ကြိုက်တယ်

lwin said...

ပလာတာ တူးတူးကြီးမကြိုက် ပါဘူးဆို တူးတူးကြော်တော့ထားတော့ ဘေဘီ အိမ်လိုက်မလည်တော့ဘူး...ကုလားဆိုင်မှာ ဘဲဝယ်စားတော့မယ်...ဘေဘီ ကိုရန် အိမ်မလိုက်တော့ဘူး...

သော်တာဆန်း said...

ပလာတာအကြောင်းပြောမှ ပဲပလာတာစားချင်လိုက်တာ...ဒီမှာရှိတာက သကြားပလာတာနဲ့ နို့ဆီပလာတာ...

စာခြောက်ရုပ် said...

မာကြူရီ ပါ ကိုရန်အောင်ရယ်.. ကောင်မလေးက ပါဂျရို မပေးရင် အိမ်ပေါ်က ပြန်မဆင်းဘူး ဆိုမှ..ဒွတ်ခရောက်မယ်..

lwinlay said...

လုပ်ပီးသားပလာတာထုပ်ကိုကြည့်လိုက်တာ..စာရေးသူက.စလုံးမှာနေတာဖြစ်ရမယ်ဟုတ်တယ်ဟုတ်

cho kha said...

:D :D

Chaos said...

ဒီပို့စ်လေး ဖတ်ပြီး တော်တော်ရီလိုက်ရတယ် ကိုပရာတာ :)