Friday, March 16, 2007

ကိုတာနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

ထုံးစံအတိုင်း မအိပ်ခင် စာအုပ်တစ်အုပ် ကောက်ကိုင်မိပြန်တယ်။ ကြိုက်နှစ်သက်မိတဲ့ စကားစုလေးတစ်ချို့ကို ပြန်လည် ဖော်ပြလိုက်ပါတယ်…

Seven Habits for Highly Effective People
1. Be proactive
2. Begin with the end in mind
3. Put first things first
4. Think win/win
5. Seek first to understand, then to be understood
6. Synergise
7. Sharpen the saw

အောင်မြင်စွမ်းဆောင်နိုင်သူတို့၏ ဓလေ့စရိုက် ၇ မျိုး
၁. အဦးအစပြုတတ်တယ်
၂. အဆုံးထိစိတ်ကူးပြီး အဲဒီ့စိတ်ကူးနှင့် အလုပ်လုပ်တယ်
၃. ဦးဆုံးလုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးလုပ်တယ်
၎. သူနိုင်၊ကိုယ်နိုင် စဉ်းစားတယ်
၅. ကိုယ်က အများကို နားလည်ရန်၊ ကိုယ့်ကို အများက နားလည်ရန် ကြိုးစားတယ်
၆. စုပေါင်းသတ္တိကိုသိတယ်
၇. ဓားထက်အောင်သွေးနေတယ်

စတီဖင်ကိုဗေး၏ “Seven Habits For Highly Effective People” စာအုပ်မှကောက်နုတ်ချက်
(ကိုတာ၏ ”တွေးသူများ” စာအုပ် စာမျက်နှာ ၂၆ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်…)

တစ်ခြားမှတ်သားမိသော စကားများ…


လူတွေဟာ လောကကြီးကို သူ့ “အရှိ” အတိုင်း မြင်တာမဟုတ်။ သူမြင်တတ်သလိုသာမြင်တာလို့ သဘောပေါက်ရင်၊ ကွဲပြားတာဟာ ဓမ္မတာလို့ ဘ၀င်ကျရမှာပါ။

တစ်စုံတစ်ယောက်က ခင်ဗျားနှင့် သဘောချင်းမတိုက်ဆိုင်ရင် “ဩော်… ခင်ဗျားက ရှုထောင့်တစ်မျိုးမှ ကြည့်တာကိုး” လို့ ပြောရင်ကောင်းပါတယ်။ သူနဲ့လိုက်ပြီး သဘောတူစရာတော့ မလိုပါ။ ဒါပေမယ့် သူ့ကိုတော့ ခင်ဗျားနားလည်သွားတယ်။ သဘောတူနိုင်မယ့် တတိယရှုထောင့်တစ်ခု ပူးပေါင်းရှာဖွေနိုင်ပါတယ်။ နှစ်ယောက်စလုံးအတွက် ကောင်းတဲ့ အဖြေတစ်ခုကို တွေ့လေ့ရှိပါတယ်။

အောင်မြင်ခြင်းအတွက် ဘုံသတ္တိက ဘာပါလဲဆိုရင် ဦးဆုံးလုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးလုပ်နိုင်တဲ့ သတ္တိပင်ဖြစ်၏။ ဇွဲနဘဲနဲ့ ဘယ်လိုပဲလုပ်လုပ်၊ ကံဘယ်လောက်ကောင်းကောင်း၊ အဆက်အသွယ် ဘယ်လိုရှိရှိ၊ အရင်လုပ်ရမယ့် အလုပ်ကို အရင်မလုပ်ရင် မအောင်မြင်နိုင်ဘူး။ အောင်မြင်သူတိုင်းမှာ ရှိတဲ့ အရည်အသွေးတစ်ခုက ဦးဆုံးလုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးလုပ်ခြင်းပင် ဖြစ်သည်။

အချိန်ခန့်ခွဲတယ် ဆိုတာလည်း အခေါ်လွဲနေတာ။ အချိန်ကို ခန့်ခွဲလို့ရတာမဟုတ်၊ ကိုယ့်ကိုယ်ကိုသာ ခန့်ခွဲလို့ရတာ။ အချိန်နဲ့ အရာဝတ္တုတွေကို ခန့်ခွဲစီမံဖို့ မကြိုးစားရာ၊ အဆက်အစပ်နှင့် ရလဒ်ကိုသာ ကြည့်ရမှာ…။ ဘယ်အရာကများ ကျွန်တော့်ဘ၀ကို အကောင်းအမွန် ပြောင်းလဲစေမလဲ၊ ခပ်ကြီးကြီးပြောင်းလဲစေမယ့် ကိစ္စလေးတွေကို ရွေးလုပ်နိုင်ရင် စွမ်းဆောင်အောင်မြင်တဲ့သူ ဖြစ်မှာ ဧကန်ပါပဲ။

ချာချီ၊ လီနင်၊ ရုစဗဲ့ စသူများသည် တိုက်ရိုက်ခေါင်းဆောင်များဆိုလျှင် ပရင့်စတန်တက္ကသိုလ် အခန်းတစ်ခုအတွင်းမှ ဂဏန်းတွက်နေသူ အိုင်းစတိုင်းသည် သွယ်ဝိုက်ခေါင်းဆောင်ဖြစ်သည်။

…….၊ ………၊ ……..၊ တို့သည် တိုက်ရိုက်ခေါင်းဆောင်များဆိုလျှင် ကမ္ဘာတစ်လွှားမှ ပညာများကို ကြိုးစားသင်ယူနေကြသော မြန်မာလူငယ်မျိုးဆက်သစ်တို့သည် သွယ်ဝိုက်ခေါင်းဆောင်များ ဖြစ်ကြ၏ဟု ဆိုပါက လွန်မည်မထင်ပါ….

Download Link:
တွေးသူများ - ကိုတာ

No comments: