Monday, March 12, 2007

How to apply Colleges using Common Application?

ဒီတစ်ခါတော့ ကျောင်းလျှောက်တဲ့ Process ကို အကျယ်ချဲ့ပြီး ပြောပြပါမယ်။ ကျောင်းတစ်ခုစီမှာ သူတို့ရဲ့ Application Form တစ်ခုစီရှိပြီးသားပါ။ ဒါပေမယ့် လျှောက်တဲ့ ကျောင်းသားတွေ အချိန်ကုန်သက်သာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းတော်တော်များများက “Common Application” ဆိုတဲ့ Form ကိုလက်ခံကြပါတယ်။ Form ကိုတစ်ခါပဲဖြည့်လိုက်၊ ပြီးရင် အဲဒီ့ Form ကိုလက်ခံတဲ့ ကျောင်းတွေ အားလုံးကို တစ်ခါတည်း လိုက်လျှောက်လို့ရတယ်။

ဟုတ်ကဲ့။ Online မှာပဲ ဖြည့်ပြီး online မှာပဲ တင်လို့ရပါတယ်။ ဒါပေမယ့် register လုပ်ပြီး Account တစ်ခုဖွင့်ဖို့လိုပါတယ်။ Account က ကြိုက်သလောက်ဖွင့်လို့ရပါတယ်။ Free ပါ။ Account တစ်ခုကို ကျောင်း ၂၀ လျှောက်လို့ရပါတယ်။ ကောင်းတာတစ်ခုက ကိုယ်လျှောက်လိုက်တဲ့ ကျောင်းက ကိုယ့်ရဲ့ Common Application Form ကို Print ထုတ်လိုက်တာနဲ့ ကိုယ့်ရဲ့ Email ကို အကြောင်းကြားပါတယ်။ ဘယ်ကျောင်းကတော့ Print ထုတ်လိုက်ပါပြီပေါ့။ Form ပျောက်မှာတို့၊ မပြည့်မစုံ ဖြစ်မှာတို့ကို မပူရတော့တာ သိပ်ကောင်းတဲ့ အချက်တစ်ခုပါ။

ဒါက မူရင်း Home Page ပါ။
http://www.commonapp.org/

ဒါကတော့ Download လုပ်လို့ရမယ့် Form တွေရဲ့ Link ပါ။
Download Forms Here!


ဒါကတော့ Common Application ကို လက်ခံတဲ့ ကျောင်းတွေရဲ့ List ပါ။ ကိုယ်စိတ်ဝင်စားနေတဲ့ ကျောင်းက Common Application လက်ခံလား၊ လက်မခံဘူးလားဆိုတာကို ဒီနေရာမှာ ၀င်ကြည့်လို့ရပါတယ်။ Find College by Name or by State ဆိုတဲ့ Box လေးထဲမှာ ရိုက်ပြီး ရှာလိုက်ရုံပါပဲ။

Common Application Schools List


EA တို့ ED တို့ အကြောင်းကို ကျွန်တော် ရှင်းပြပြီးခဲ့ပြီနော်။ မသိလိုက်သေးသူများ အရင် Post တွေကို ပြန်လိုက်ဖတ်ပါ။ ဒါမှမဟုတ် “Applying Colleges in USA (All-in-one File to Download)” ဆိုတာမှာ သွားဖတ်ကြည့်ပါ။

Website ထဲမှာ ကိုယ့်ဘာသာကိုယ် explore ထပ်လုပ်ကြည့်ပါဦး။ ဥပမာ. Frequently Asked Questions တို့လို section မျိုးလေးတွေက အစပေါ့.။ Form ကိုတော့ ကိုယ့်ဘာသာကိုယ် အစမ်းအရင်ဖြည့်ကြည့်ပြီးတော့မှ Internet လာသုံးတဲ့နေ့မှာ နည်းနည်းချင်း upload ပြန်လုပ်သွားလိုက်တာ ပိုကောင်းပါတယ်။ ဒါဆိုရင် Internet Hours တွေ သိပ်မကုန်တော့ဘူးပေါ့ဗျာ။ အရင်ဆုံးဖတ်ကြည့်လိုက်ပါဦး။ ဒါမှ ကျွန်တော်နောက်ပိုင်းရေးတဲ့ Post တွေအကြောင်းကို နားလည်လာလိမ့်မယ်။

ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြပြီးရေးသွားပါမယ်။ ကျောင်းလျှောက်တဲ့ Process က ကျောင်းစရိတ်ကိစ္စထက် အများကြီးပိုပြီး ရှုပ်ထွေးပါတယ်။ ဒီတော့ကြိုတင်ပြင်ဆင်ကြပါလို့ ကျွန်တော် ထပ်ပြီးတိုက်တွန်းလိုပါတယ် ခင်ဗျာ…

5 comments:

Monika Sobočan said...

OK I have to do the aplications in 2 years, but they really are disturbing and disorientating. So have fun with them :)

Yan said...

Yeah, application process is daunting and frustrating! BTW, where do you go and which grade are you in right now? Just out of curiosity... :D

Hay Mar said...

Hay Maung Yin,

I would love to study in US one day.
May be doctorate in Medical Anthropology, but not now.
Btw, don't neglect your study, by blogging a lot!

မင်းသားကြီးလို့ ခေါ်ပါတယ် said...

Hi Ko Yan Aung,
Thank you very much for your information.

Yan said...

>Khitpyaing....
Thanks for dropping by my blog and appreciating my post. I am a big fan of Khitpyaing too. You can use my posts at your will!

Best regards,
Y.