Tuesday, August 14, 2007

Zawgyi Widget, EOT, Myanmar Calendar and Backing up your posts


Zawgyi Font, Keyboard Layout နဲ့ Keyboard Installer အားလုံးကို Widget တစ်ခုတည်း အနေနဲ့ ကိုယ့်ဘလော့ဂ်မှာ အလွယ်တကူ တင်လို့ရအောင် ကိုညီညီ (သံလွင်)က ဒီနေရာမှာ ဖန်တီးပေးထားပါတယ်..

သွားရောက်လေ့လာပြီး စိတ်တိုင်းကျ ယူငင်သုံးစွဲနိုင်ကြောင်းပါ ခင်ဗျာ…

EOT အလွယ်တကူလုပ်တဲ့နည်းကိုတော့ မန်းလေးသားကြီး ကိုမောင်လှက ဒီလို ရှင်းပြထားပါတယ်. သူက Blogspot တစ်ခုလုံးကို EOT လုပ်ပစ်လိုက်တာ ဆိုတော့ Blogger Platform သုံးနေတဲ့ ဘလော့ဂ်တိုင်းအတွက် အကျုံးဝင်ပါတယ်. တစ်ခုပဲ ပြောစရာရှိပါတယ်.


@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://maunghla.googlepages.com/ZAWGYIO0.eot);
}

နေရာမှာ http://maunghla.googlepages.com/ZAWGYIO0.eot လို့ သူက တင်ပေးထားပါတယ်. ဒါကို ယူသုံးတဲ့သူတွေ များနိုင်တာကြောင့် ခဏခဏဒေါင်းသွားနိုင်ပါတယ်. ကိုယ့်စိတ်တိုင်းကျ File Hosting Site တစ်ခုမှာ ပြန်တင်ပြီး မိမိတစ်ဦးတည်း အတွက် သီးသန့်သုံးဖို့ အကြံပြုပါရစေ..

မြန်မာပြက္ခဒိန်ထည့်ချင်သူများ အနေနဲ့ကတော့ ဒီနေရာမှာ Feed သွားယူနိုင်ပါတယ် ခင်ဗျာ.

ကိုယ့်ရဲ့ ဘလော့ဂ်ပို့စ်လေးတွေ၊ ကော်မန့်လေးတွေကို Backup လုပ်ထားချင်သူများအတွက် ဘလော့ဂါကြီး ကိုဘုရင့်နောင်က ဒီနေရာမှာ ရှင်းပြထားပါတယ်..

လောလောဆယ် ဒီလောက်ပဲ တွေ့ပါသေးတယ်. ဆက်လက်လေ့လာပြီး ရသလောက် ပြန်လည်မျှဝေသွားပါဦးမယ်.


No comments: