Monday, January 28, 2008

အဆင်ပြေတဲ့တစ်နေ့ ပြန်လာရေးပါဦးမယ်. ခုတော့ ခဏနားပါရစေ မိတ်ဆွေတို့ရေ...

ဘာကြောင့်မှမဟုတ်ပါဘူး. ကျွန်တော်နည်းနည်းလောက် အနားယူချင်လို့ပါပဲ. မကြာခင် ပြန်လာမှာပါ.

ထွက်ပေါက်အနေနဲ့ တစ်နေရာမှာတော့ ပို့စ်တွေ တင်ဖြစ်နေဦးမယ်ထင်တယ်ဗျ. တွေ့အောင်ရှာကြနော်. ဟတ်ဟတ်ဟတ်

ထုံးစံအတိုင်းပေါ့ဗျာ.

ပျော်ရွှင် ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ချစ်ခင်လေးစားလျက်

ရန်အောင်

You must exhort yourself,
You must examine yourself.
Being, with mindfulness,
guarded by you yourself,
you will dwell in ease, practitioner.

Those whose minds are well trained
in the factors of full awakening,
who delight, without clinging,
in the renunciation of grasping -
such bright ones, impluses destroyed,
are, in this very world, unbound.

As a rock of single solid mass

cannot be moved by the wind,
so are the skilled unshaken
by praise and blame.

(The Dhammapada by Glenn Wallis)

Tuesday, January 22, 2008

ကိုဖိုးညို၏ အိတ်ဖွင့်ပေးစာတစ်စောင်...

ဆုံဆည်းရာ ဘလော့ဂ်က ကိုဖိုးညိုရေးထားတဲ့ ပို့စ်လေးကို ကျွန်တော်သဘောကျလို့ ပြန်ယူလာခဲ့ပါတယ်.

ခုလိုမျိုး ကျွန်တော့်အမှားကို ပွင့်လင်းရိုးသားစွာ ဘာအရောင်မှမပါဘဲ ညီအစ်ကိုစိတ်ဓာတ်နဲ့ ထောက်ပြပြောဆိုဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဖိုးညို…

ကျွန်တော့်အမှားကို ကျွန်တော်ပြင်ပါမယ်.

ကိုရန်အောင်

ကျနော် ဖိုးညိုပါ။ ကျနော်က ဆုံဆည်းရာ ၀ိုင်းတော်သားလည်းဖြစ်၊ ကျောင်းသားတပ်မတော်သား လက်နက်ကိုင်တော်လှန်ရေးသမားလည်း ဖြစ်ပါတယ်။ တိုက်ရိုက်စကားနဲ့ ပြောရရင် စစ်အုပ်စုကို ထောင်ထားခြားနားနေတဲ့ သူပုန်တယောက်ပါ။
ကျနော် အွန်လိုင်းလောကနဲ့ အဆက်ပြတ်နေတာ ၃ လလောက်ရှိနေပါပြီ။ သူပုန် တယောက်ဟာ သူပုန်အလုပ်ရှိရာ တောထဲ တောင်ထဲမှာပဲနေပါတယ်။ အလုပ်ကိစ္စနဲ့ မြို့ပေါ်ရောက်လာရင်း ကိုရန်အောင်ရဲ့ ဘလော့ကို ၀င်ကြည့်ဖြစ်ပါတယ်။ ကိုရန်အောင်တင်ထားတဲ့ ဇန်န၀ါရီ ၂၀ ရက်စွဲနဲ့ တင်ထားတဲ့ ပို့စ်ကိုဖတ်ကြည်ဖြစ်ရတယ်။ ကျနော်တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်ဗျာ။ ကိုရန်အောင်နဲ့ ဘယ်သူ တွေ၊ ဘယ်လိုဖြစ်ကြလို့ ဒီပို့စ်ကို တင်ထားတယ်ဆိုတာ ကျနော်မသိပါဘူး။ တဦးချင်းကိစ္စကို တဦးချင်း ရှင်းကြတာကောင်းပါတယ်။ တရားကိုယ်သဘောတရားတွေကို တင်လာတော့ စိတ်မချမ်းမြေ့ဖွယ်ရာတွေ ဖြစ်လာရပါတယ်။

လူရယ်လို့ဖြစ်လာရင် လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ တင်ပြခွင့်၊ လွတ်လပ်စွာ ပြောရေးဆိုခွင့် ... စသဖြင့်ပေါ့။ ကျနော်တို့ ဒါကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကျနော်တို့ဟာ လက်နက်ကိုင်ထားတဲ့ ဒီမိုကရက်တစ်တွေပါ။ တခုတော့ ရှိပါတယ်။ လွတ်လပ်မှုဟာ တာဝန်ယူမှုနဲ့ တွဲလျက်ရှိပါတယ်။ ငါတို့ကတော့ လွတ်လွတ်လပ်လပ်ပဲ ဒါလူ့အခွင့်အရေးပဲဆိုတဲ့ ခပ်ညံ့ညံ့ ဆင်ခြေတွေကို ကျနော်တို့ကြားရပေါင်းများနေပါပြီ။ ဒီဘက်နှစ်တွေထဲ ကျနော်တို့ကြားမှာ ရေပန်းစားလာတဲ့ စကားတလုံး ရှိပါတယ်။ နုမှည့်။ နိုင်ငံရေး သဘောတရား၊ တော်လှန်ရေးအတွေ့အကြုံ၊ ဖြတ်သန်းမှု မည်မည် ရရမရှိပဲ ငါ့စကားနွားရ၊ မစားရ၀ခမန်း ထင်တိုင်းကျဲနေသူတွေကို ပြောတဲ့စကားပါ။ လွတ်လွတ်လပ်လပ်ပြော တယ် ဘာဖြစ်သလဲ၊ ဒါငါ့အခွင့်အရေးပဲလို့ ဆင်ခြေပေးသူတွေကို ကျနော်တို့က နုမှည့် စာရင်းသွင်းထား ပါတယ်။

ကိုရန်အောင်ရေ ... လက်နက်ကိုင်တော်လှန်ရေးရဲ့ တရားကိုယ်သဘောတရားတွေကို ကိုယ်တွယ် ပြောဆိုလာခဲ့လေတော့ တာဝန်ခံပေတော့ပေါ့ဗျာ...။

ဒီကနေ့ခေတ်ကို IT ခေတ်ဆိုတာထက် နည်းပညာတွေ တော်လှန်ရေးအသွင်နဲ့ ပေါက်ကွဲ ပြောင်းလဲ နေတာကို ကျနော်တို့ သူပုန်တွေ သုံးသပ်မိပါတယ်။ ဒါ့ကြောင့်လည်း နည်းပညာလောကထဲမှာ သူပုန်တွေရဲ့ အသံတွေကို ကိုရန်အောင်တို့ ကြားနေရတာပေါ့။ ဆုံဆည်းရာဆိုရင် အခိုင်အမာ လက်တွေ့ပါပဲလေ။ ABSDF ကိုယ်တိုင်လည်း www.absdf8888.org ဆိုပြီး ၀ဘ်ဆိုက်ဖွင့်ထားတာပဲလေ။ ကျနော်တို့ အဖွဲ့အစည်း မပြောနဲ့ ဗကပတောင်မှ www.cpburma.org ဆိုပြီး ရှိပါတယ်။ ဒါကို ကိုရန်အောင် သတိထားမိခဲ့ရဲ့လား မသိဘူး။ alquaida တောင်မှ သူတပ်ဖွဲ့ဝင်တွေကို အွန်လိုင်းပေါ်မှာ သင်တန်းပေးနေတယ်လို့ အဆိုရှိပါတယ်။ နည်းပညာခေတ်ဖြစ်တာနဲ့ ကွန်ပြူတာကိုင်နိုင်သူတွေသာ ခေတ်ကို ပြောင်းလဲနိုင်မယ်ဆိုတာတော့ ကျနော်တို့ သဘောမတူနိုင်ပါဘူး။ ကျနော်တို့နိုင်ငံဟာ ခေတ်နောက်ကျပြီး ဆင်ရဲမွဲတေတဲ့နိုင်ငံပါ။ ကွန်ပြူတာမပြောနဲ့ လက်နှိပ်စက်တောင် မမြင်ဘူးတဲ့ သူတွေ တိုင်းပြည်တ၀က်မကများပြားတဲ့ နိုင်ငံပါ ကိုရန်အောင်။ ကွန်ပြူတာကိုင်နိုင်တဲ့ လက်တဆုပ်စာ လူနည်းစုလေးက ခေတ်သမိုင်းကို ပြောင်းလဲနိုင်တယ်ဆိုတာကို ကျနော် ဘယ်လိုမှ ယုံကြည်လို့မရပါဘူး။ လယ်သမား၊ အလုပ်သမား နင်းပြားတွေကသာ ခေတ်သမိုင်းကို ပြောင်းလဲနိုင်တာပါ။ ကျနော်တို့ သူတို့အတွက် အလုပ်လုပ်ပါတယ်။ ကျနော်တို့ သူတို့နဲ့အတူရှိနေပါတယ်။

ကွန်ပြူတာကိုင်နိုင်တဲ့သူမှ ဒီမိုကရေစီအကြောင်း ပြောရမှာလား။ တူကိုင်တဲ့သူလည်း ဒီမိုကရေစီအကြောင်း ပြောခွင့်ရှိပါတယ်။ တံဇင်ကိုင်တဲ့သူတွေလည်း ဒီမိုကရေစီအကြောင်း ပြောရေးဆိုခွင့်ရှိပါတယ်။ ဒေါင်းအလံနဲ့ မောင်းပြန်ကိုင်ထားတဲ့ ကျနော်တို့လည်း ဒီမိုကရေစီအကြောင်း ပြောရေးဆိုခွင့်ရှိရမှာပေါ့။ ကိုရန်အောင် ဒီမိုကရေစီကို တကယ်ယုံကြည်တယ်လို့ ကျနော်တော့ ဘယ်လိုမှ မမြင်သေးဘူး။ ကိုရန်အောင်က စီဘောက်စ်ဖြုတ်မယ်။ ကောင်မန့်တွေ၊ အမြင်တွေလည်း မလိုချင်တော့ဘူးလို့ဆိုလာပါတယ်။ ဒီမိုကရက်တစ် တယောက်ဟာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို ယုံကြည်ရပါမယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေကို လက်ခံနိုင်ရပါမယ်။ ဆုံဆည်းရာက ဘယ်တော့မှ စီဘောက်စ်မဖြုတ်ပါဘူး။ မတူကွဲပြားတဲ့ အမြင်တွေကို သူပုန်တွေ မငြင်းပါယ်ခဲ့ပါဘူး။ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ (ဆိုပါတော့ အခု ကိုရန်အောင်တို့လိုမျိုးပေါ့) ကြုံရ ဆုံရပြန်ရင်လည်း မှန်မှန်ကန်ကန်တုံ့ပြန်ပါတယ်။ ကျနော်တို့ အာဏာရှင်မဆန်ခဲ့ကြောင်း ကျနော်တို့ အချက်အလက်အရ တာဝန်ခံပါတယ်။ ကျနော်တို့ဟာ မွေးရာပါ လွတ်လပ်ခွင့်အရ စစ်အုပ်စုကို လွတ်လပ်စွာ လက်နက်ကိုင်ထောင်ထားခြားနားခဲ့ပါတယ်။ အဲဒီအတွက် ဖြစ်လာမယ့် အကျိုးဆက်အားလုံးကိုလည်း တာဝန်ခံ၊ တာဝန်ယူပါတယ်။

ကိုရန်အောင်ရေ ... လူဆိုတဲ့ အများစုဟာ မိမိကိုယ်ကို ဗဟိုပြုစဉ်းစားလေ့ရှိပါတယ်။ သက်တောင့်သက်သာ နေချင်ကြပါတယ်။ ကိုယ့်အသက်သေမှာကိုလည်း စိုးရိမ်ကြပါတယ်။ ကိုရန်အောင်တို့လို တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းလုပ်နေသူတွေပါလို ကိုယ့်ကိုကိုယ်အဆိုတင်နေသူတွေတောင်မှ တောထဲ၊ တောင်ထဲမှာ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ပါဘူး။ မလုပ်နိုင်ခဲ့လို့လည်း လွတ်ရာလွတ်ကြောင်းမှာ သွားနေခဲ့တာပဲမဟုတ်လား။ ဒါဟာ မြို့နေ၊ ပညာတတ်၊ ဓနရှင်ပေါက်စတွေရဲ့ ယေဘူယျ လက္ခဏာပါပဲ။ စက်တင်ဘာ အုံကြွမှုတုန်းက ကိုရန်အောင်ဘာလုပ်နေသလဲ။ စစ်အုပ်စုကို တိုက်ပွဲဝင်ဖို့လိုတယ်ဆိုပြီး ဘာလိုတော်လှန်ရေးအင်အားစုတွေဆီရောက်မလာသလဲ။ ဘာလို့ လူထုတွေဆီမသွားသလည်း။ ထကြ ပါတော့လား။ ကြွကြပါတော့လား ဆိုပြီး ဘေးတီးပေးတာလောက်နဲ့မရပါဘူး။

လက်နက်ကိုင် တော်လှန်ရေးဆိုတာ စိတ်ထင်တိုင်း လျောက်လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ ကိုရန်အောင် တို့လို လေတွေ မိုးတွေသဲပြီး လက်တွေ့ တော်လှန်ရေးကွင်းထဲဝင်ပြီး တိုက်ပွဲမ၀င်ရဲသူတွေကို တော်လှန်ရေး အတွေးအခေါ် ချပေးရပါဦးမယ်။ လက်တွေ့မပါတဲ့ သဘောတရားဟာ တီဗီမပါတဲ့ အင်တာနာနဲတူပါတယ်။

ကိုရန်အောင်က ဘာမသိညာမသိနဲ့ အရမ်းလျောက်ပြေနေတာကို ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေး လုပ်တယ်ဆိုတာ ဦးတည်ချက်၊ ရည်မှန်းချက်နဲ့ လမ်းစဉ်တွေရှိတယ်။ ကျနော်တို့မှာ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေး လမ်းစဉ်ဆိုတာတွေရှိတယ်။ ဒါတွေကိုမလေ့လာဖူးပဲနဲ့ အရမ်းလျောက်ပြောတော့ အကုန်မှားကုန်တာပေါ့။ ကျနော်တို့ တပ်ဦးက အနာဂတ်ဗမာပြည်ကို ဘယ်လိုတိုင်းပြည်ဖြစ်ချင်တယ်ဆိုတာတွေ အကုန်လုံး ထည့်သွင်း ရေးဆွဲထားပါတယ်။ ရှာဖွေ ဖတ်ရှု့ပါဦး။

တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဟန့်တားထားတဲ့ စစ်အုပ်စုကိုမှ မဖြိုနိုင်သေးပဲနဲ့ ဗမာပြည် ဒီမိုကရေစီရရင် ဘာလုပ်လိုက်မယ်ဆိုတာမျိုးကသင့်လျော်တဲ့ အတွေးအမြင်လို့များ ကိုရန်အောင်ထင်နေ သလား။ တပြည်လုံးငတ်နေတဲ့အချိန်မှာ ကွန်ပြူတာရှေ့ထိုင်ပြီး တိုင်းပြည်တိုးတက်ကြောင်း ထိုင်ပြောနေတာ သင့်လျော်တဲ့ အလုပ်များလားဗျ။

ကျနော်ဒီလောက်ပဲ ရေးပါရစေဗျာ။ လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်ဆိုရင်တော့ ကိုရန်အောင်ရေ ...
သံဓိဌာန်ချ ...
အသက်စွန့်ရန်မကြောက် ...
အခက်အခဲကျော်လွား ...
အောင်ပွဲ အရယူဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားဖို့လိုပါတယ်။

ဖိုးညို (ဆုံဆည်းရာ)

Thursday, January 17, 2008

စပိတ်ဖဲတစ်ချပ်ကို လွမ်းဆွတ်တဲ့ည...

ကျွန်တော်ရေးလက်စ အိပ်မက်နတ်သမီးလေးအတွက် စဉ်းစားအကွက်ချနေရင်း ဘလော့ဂ်တွေ လိုက်လည်ဖြစ်ခဲ့ပြန်ပါတယ်.

အမှတ်မထင်ပါပဲလေ.

မပန်ဒိုရာရဲ့ ပို့စ်လေးနဲ့ ဘာညာပေါက်စလေးရဲ့ ပို့စ်လေးကို ဖတ်မိသွားပြီး ကျွန်တော် အတိတ်တစ်ချိန်က ဘလော့ဂါ ဘ၀ကို အရမ်းတမ်းတလွမ်းဆွတ်သွားခဲ့မိတယ်.

အဲဒီ့တုန်းက ဘလော့ဂါတွေ ဒီလောက်မများသေးပါဘူး. နိုင်ငံရေးအကြောင်းတွေလည်း ဒီလောက်ထိ မရေးခဲ့ကြသေးပါဘူး. ကိုယ်ပိုင် အသိစိတ်နဲ့ ဆော်ဩတာ၊ ရေးတာတွေတော့ ရှိခဲ့ပေမယ့် ခုလိုမျိုး ဆန့်ကျင်ဖက် အမြင်ရှိသူတွေရဲ့ ကလောင်စစ်ပွဲ ဆင်နွှဲရာ ဘလော့ဂ်စစ်မြေပြင် မဟုတ်ခဲ့ပါဘူး…

တစ်ချိန်တုန်းကပေါ့
ငါတို့ပျော်ခဲ့ဖူးတယ်
ဘယ်သူဘယ်ဝါ မခွဲခြားဘဲ
ဂုဏ်အလွှာတွေ မတပ်ဘဲ
လွတ်လပ်ပေါ့ပါးစွာ
အတားအဆီးကင်းမဲ့စွာ
သွက်လက်မြူးတူးစွာ
ကူးလူးဆက်သွယ်ခဲ့ကြဖူးတယ်…
လွမ်းမောဖွယ်ရာ အခိုက်အတန့်လေးတွေ
ဘယ်တော့များမှ ပြန်လည်တောက်ပနိုင်တော့မှာလဲ.
ငါသိပ်လွမ်းတယ်…

မဂျစ်တူးကစလို့နှိုးဆော်
တို့ဘလော့ဂါတွေ စုပေါင်းရေးကြမဟဲ့လို့
သူငါအစပြုလို့ ဥာဏ်တွေညှစ်
စပိတ်ဖဲတစ်ချပ် ထွက်ခဲ့ဖူးတယ်
ဖတ်သူတိုင်းရယ်မော
ပြောသူတိုင်း ရွှင်ကြည်
တို့ဘလော့ဂါတွေ ပွဲစည်ခဲ့ကြဖူးတယ်…

ဘယ်အရာကိုမှ အပြစ်မဖို့ချင်ပါဘူး
သမိုင်းမှာ မေ့ကျန်လို့မရတဲ့ အဖြစ်
စက်တင်ဘာမှာ ဖြစ်ကတည်းက
ငါတို့ဘလော့ဂါတွေ
ဝမ်းနည်းစွာ
ခံပြင်းစွာ
နာကျည်းစွာ
တာဝန်သိစွာ
တက်ကြွစွာနဲ့
တော်လှန်ရေး စစ်ပွဲနွှဲခဲ့ကြတယ်…

ဒီတိုက်ပွဲနဲ့အတူ
ငါတို့ကြားက ယုံကြည်မှုတွေ
ငါတို့ကြားက ယိုင်းပင်းမှုတွေ
ငါတို့ကြားက စောင့်ထိန်းမှုတွေ
ငါတို့ကြားက ပျော်ရွှင်မှုတွေ
အို…
ဒါတွေကို
ငါတို့တကယ်ပဲ စတေးလိုက်ခဲ့ရတယ်…

ငါတို့ဘလော့ဂါခေတ်
ဆန်းသစ်ခဲ့တာ အမှန်ပါ
ဒါပေမယ့်
ချစ်ခြင်းတရားတွေကို
မြေမြှုပ်ပစ်လိုက်ဖို့တော့ မဟုတ်ခဲ့ဘူး..

ဘလော့ဂါတွေ အလျှိုအလျှို
ဟိုဟိုဒီဒီ မှိုလိုပေါက်လို့
တစ်ဦးနဲ့တစ်ဦး စကားလုံးတွေပစ်ခတ်
သပ်လျှိုလို့ ဖြိုခွဲကြ
သီလတွေ မြောင်းထဲရောက်လို့
ကပေါက်တိကပေါက်ချာ ဆဲဆိုနေကြချိန်
မောင်နှမသားချင်း မကြားဝံ့သာတဲ့ စကားလုံးတွေ
အရယ်အပြုံးကင်းမဲ့စွာ စီးဆင်းနေချိန်
ဟန်ဆောင်မှုတွေ ရှေ့တန်းတင်
ဟိတ်ဟန်တွေ အဖော်ပြုလို့
စာရှုသူကို အမိုက်မှောင်တိုက်သွင်းချိန်..

ဒီအချိန်မှာ..
ငါတို့နေခဲ့ဖူးတဲ့
အတိတ်က ဘလော့ဂါတွေဘ၀ကို တမ်းတမိတယ်.

တစ်ချိန်တုန်းကပေါ့
ငါတို့ပျော်ခဲ့ဖူးတယ်
ဘယ်သူဘယ်ဝါ မခွဲခြားဘဲ
ဂုဏ်အလွှာတွေ မတပ်ဘဲ
လွတ်လပ်ပေါ့ပါးစွာ
အတားအဆီးကင်းမဲ့စွာ
သွက်လက်မြူးတူးစွာ
ကူးလူးဆက်သွယ်ခဲ့ကြဖူးတယ်…
လွမ်းမောဖွယ်ရာ အခိုက်အတန့်လေးတွေ
ဘယ်တော့များမှ ပြန်လည်တောက်ပနိုင်တော့မှာလဲ.
ငါသိပ်လွမ်းတယ်…

ကျွန်တော်တို့ ဘလော့ဂါတွေ ပျော်ပျော်ပါးပါး စုပေါင်းရေးသားခဲ့ကြဖူးတဲ့ စပိတ်ဖဲတစ်ချပ်ရဲ့ လျှို့ဝှက်ချက် စုံထောက်ဝတ္ထုလေးကို အမှတ်တရ ပြန်လည်တင်ပြပေးလိုက်ပါတယ်.

မှတ်မှတ်ရရ ဖြစ်သွားအောင်
မဂျစ်ကြီး ရဲ့ ပို့စ်လေးကိုပဲ ပြန်လည်ညွှန်ပြလိုက်ပါတယ်. အဲဒီ့မှာ ရေးထားတဲ့ ကော်မန့်လေးတွေကိုလည်း အားလုံးဖတ်ရှုနိုင်အောင်လို့ပါ.

ကျွန်တော်တို့ မြန်မာဘလော့ဂါတွေ ဒီ့ထက်ပိုပြီး အောင်မြင်တောက်ပနိုင်ကြပါစေဗျာ…

ဒီနေရာမှာလည်း တစ်ထိုင်တည်း ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်. Download လည်းလုပ်လို့ရပါတယ်. အောက်နားလေးမှာ ပါပါတယ်. Download as a PDF (or) Word (or) Plain Text ဆိုပြီးတော့ ထုတ်ပေးထားပါတယ်. ဘလော့ဂါတွေ ဘယ်လိုပျော်ရွှင်စွာ စုပေါင်းရေးသားခဲ့ကြတယ် ဆိုတာလေးကို ဖတ်ရှုခံစားကြည့်လိုက်ကြပါဦးနော့....

Thursday, January 10, 2008

ကွန့်မြူးပျံချီ လေးဆစ်

ဒီတစ်နေ့မှာတော့
ကြည်မွေ့လို့ ရွှင်ပျော်
ကဗျာအာဘော် လန်းသည်နှင့်
ဥာဏ်ကွန့်ကာ ဆန်းမည်ဟု
အားခဲရေးသော်။ ။

လကာင်္ကို အသာပစ်လို့
တေးထပ်နှင့် မွေ့လျော်
လေးဆစ်မှာ သဘောတော်ခွေ့သည်တွေး
ရေးလက်ရည်သွေး။ ။

ရေးစရာ
ပြေးရှာစရာလိုချိမ့်လား
ခွန်းဆိုစကား ပြည့်လျှံအားသည်ကြောင့်
တားမနိုင် အာဝဇ္ဖန်း စုံလုံးကန်းတော့တယ်
ကီးဘုတ်ငယ် လက်သွယ်မွေ့လို့ရယ်
တွေးမိတိုင်းရေး။ ။

(လေးဆစ်)

မင်းရန်အောင်

ဘလော့ဂါသံဝေဂ

ဘ၀င်မကျနိုင်ဘု

ရင်ဝကိုတဲ့ ထုချင်တယ်၊

မှိုင်အတွေး ထိုင်မငေးနိုင်လို့၊

ဒီဘလော့ဂါ အရှုပ်အရှင်းမှာ၊

ပါခဲ့မိတယ်။ ။

သရုပ်သကန်

ဟုတ်မှန်စွာတင်ကာပြ၊

ထောမနာပ ပြုကြတယ်၊

မချယ်လှယ်ဝံ့ပါလေး။ ။

ကြည်ရွှင်စွာ၊

မရေးနိုင်ပါ စိုးထိတ်တာမို့၊

ဒီတစ်ခါ ဘလော့ဂါတွေ ငြိကြရင်ဖြင့်၊

ငါမသိ နှာစေးဟန်ဆောင်ကာပြ၊

ချောင်ကုတ်ကာ ပညာသိုတော့မယ်၊

ပျိုပျိုအို ဘလော့ဂါတို့ရယ်၊

ပြေးဝေါင်ဝေါင်ရှေး။ ။

lol

(ဘလော့ဂ် ဋီကာ လေးဆစ်)

မင်းရန်အောင်

Tuesday, January 08, 2008

အလွမ်းဖြင့်ပူဇော်အပ်သော...

ငါ့ကောင်းကင်မှာ အမြဲသာတဲ့လ
ဒီတစ်ည ကွယ်ပျောက်နေခဲ့ပြီ
ဒါဟာနိမိတ်ပုံတစ်ခုလေလား
ကြိမ်ဖန်များစွာ သေဆုံးခဲ့တဲ့ ပျိုးပင်ငယ်တစ်ခုအတွက်
ဆက်လက်ရှင်သန်ဖို့ မြေဆီလွှာ ရှားပါးခဲ့ပြီထင့်
ရင်နင့်ဖွယ် အဖြစ်မျိုးကိုမှ
ငါဆက်တိုက်တိုးခဲ့ရပြီ…

ငါ့ရင်ခွင်မှာ ပွင့်တဲ့ပန်း
ဒီတစ်ည မလန်းဆန်းနိုင်တော့ပြီ
ဒါဟာ ကျိန်စာတစ်ခုလေလား
မနားတမ်းပြေးလွှားခဲ့ရတဲ့ ခရီးသွားတစ်ယောက်အတွက်
ရေကြည်တစ်ပေါက်တောင် လွင့်ပျောက်ပြီထင့်
မာန်ဝင့်တဲ့ အပြုံးတစ်ခု မတည်ဆောက်နိုင်လောက်အောင်
ငါ့အတ္တမှာ မာနကြွေခဲ့ပြီ…

ငါ့မျက်ဝန်းမှာ စွန်းထင်းတဲ့အလွမ်း
ဒီတစ်ည နစ်မွမ်းခဲ့ရပြီ
ဒါဟာ သင်ခန်းစာနောက်တစ်ခုလေလား
ေ၀၀ါးကြွေလွင့်ခဲ့ရတဲ့ အချစ်များအတွက်
နားခိုရာ အရိပ်တောင် မဲ့ပြီထင့်
ချင့်ချိန်အတွေးနဲ့ မဆုံးဖြတ်နိုင်လောက်အောင်
ငါမိုက်ရူးရဲ ဆန်ခဲ့ပြီ…

ငါ့ချစ်ခြင်းနဲ့ ပျံသန်းမယ့်ငှက်
ဒီတစ်ရက် တောင်ပံကျိုးခဲ့ပြီ
ဒါဟာ အင်အားမဲ့ခြင်းလေလား
ရင်ခုန်ကြည်နူးခဲ့ရတဲ့ နေ့ရက်များအတွက်
နေမင်းသခင် မျက်ကွယ်ပြုပြီထင့်
ပင့်သက်ရှိုက်တိုင်း ရင်ဝမှာ လှိုက်ဖိုလို့
ငါ့မျက်ဝန်းတွေ စိုခဲ့ပြီ…

လသာညမှာပွင့်မယ့်ပန်းကို
မျှော်မှန်းရင်ခုန်လို့ လွမ်းခဲ့ရပေမယ့်
တကယ့်ဘ၀ထဲမှာတော့
ငါဟာ စမ်းတ၀ါးဝါးနဲ့
လမိုက်ညတွေအောက်မှာ ဆက်လျှောက်ရင်း
တစ်ဖက်လှည့်ရပ်နေတဲ့ ပန်းတစ်ပွင့်ရဲ့
အပြုံးရိပ်ငွေ့ငွေ့လေးကို
ဟိုး…. အဝေးကြီးကနေ ငေးကြည့်နေရသူပါလေ…

အလွမ်းဝေဒနာကို မခံစားနိုင်တော့လို့
ရှိသမျှအင်အားကို စုစည်းရင်း
ဝေးရာကို ပျံသန်းကာမှ
မင်းရင်ခွင်ထဲကို လဲပြိုကျနေတဲ့
အချစ်ငှက်တစ်ကောင်ရဲ့
မာနတွေနဲ့ ယစ်ပူဇော်ပါတယ်.
စိတ်ရှိတိုင်း စားသုံးပါလှည့် ချစ်သူ….

(ရေခဲငှက်)

Sunday, January 06, 2008

ဘလော့ဂ်တွင် ဇယားကွက်လေးများ ထည့်သွင်းခြင်း...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ. ကျွန်တော်လည်း နည်းပညာဆောင်းပါးလေးတွေ မရေးဖြစ်တာ ကြာပါပြီ. ခုမှပဲ စိတ်ပြန်လည်လာလို့ ပြန်ရေးဖြစ်တော့မယ်ဗျာ.

ဒီတစ်ခါတော့ ဘလော့ဂ်မှာ ဇယားကွက်လေးတွေ တင်တာကို ပြောပြချင်ပါတယ်. HTML နားလည်ပြီးသားသူတွေရော၊ သိပ်မသိသေးတဲ့သူတွေပါ နားလည်သွားအောင် တတ်နိုင်သလောက် အရှင်းဆုံးပုံစံနဲ့ ဆွေးနွေးသွားပါမယ်.

Table ဆိုတာ ဇယားကွက်လေးတွေပေါ့ဗျာ. ရှင်းပါတယ်နော်.

lol

ဇယားကွက်လေးတွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဥာဏ်ရှိသလို အသုံးပြုနိုင်ကြပါတယ်. တစ်ချို့က Table လုပ်တဲ့ Coding လေးတွေ သိပြီးသားဖြစ်နေပေမယ့် လက်တွေ့တင်လိုက်တော့ ပို့စ်နဲ့ Table ကြားမှာ White Space တွေ အများကြီးဖြစ်ပြီး ကိုယ့်ရဲ့ ပို့စ်လေး အရုပ်ဆိုးနေတာကို ကြုံတွေ့ဖူးကြမှာပါ. အဲဒီ့လိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုပါ ထည့်ပြောသွားပါမယ် ခင်ဗျာ.

ကဲ. စလိုက်ကြရအောင်လား.

ခေါင်းစဉ် (၁)

ခေါင်းစဉ် (၂)

ခေါင်းစဉ် (၃)

row 1 col 1

row 1 col 2

row 1 col 3

row 2 col 1

row 2 col 2

row 2 col 3

အဲဒါဆိုရင် အောက်ပါ Table လေးကို ရပါပြီ. ဒါပေမယ့် Table လေးရဲ့ အပေါ်မှာ အဖြူရောင်ကွက်လပ်ကြီးပေါ်နေတာကို တွေ့ရပါလိမ့်မယ်. အဲဒါဘာလို့လဲဆိုတော့ Blogger က ခင်ဗျား Enter Key တစ်ချက်နှိပ်ပြီး နောက်တစ်လိုင်း ဆင်းလိုက်တိုင်း
ဆိုတဲ့ Tag လေးကို Auto ထည့်ထည့်ပေးသွားပါယ်. ဒါကြောင့် Line Break လေးတွေ ဖြစ်လာပြီး ပို့စ်နဲ့ ဇယားကွက်လေးကြားထဲမှာ White Space ကြီး ဖြစ်ပေါ်လာရတာပါ.

ခေါင်းစဉ် (၁) ခေါင်းစဉ် (၂) ခေါင်းစဉ် (၃)
row 1 col 1row 1 col 2row 1 col 3
row 2 col 1row 2 col 2row 2 col 3

ကဲ. အဲဒါကို ဘယ်လိုဖျောက်ကြမလဲ ဆိုတော့ ဒီလိုဖျောက်ပါခင်ဗျာ.

အခုပေးမယ့် HTML Codes လေးတွေကို ခင်ဗျားရဲ့ ဇယားကွက်လေး မစတင်ခင်မှာ ထည့်ပေးလိုက်ပါ. ဇယားကွက်လေးတွေက တစ်ခုထက်ပိုနေခဲ့ရင်တော့ နောက်တစ်ခု မစတင်ခင် အချိန်တိုင်းမှာ ထည့်ပေးသွားပါ.

...the Coding for your Table goes here...

ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး. ပြီးသွားရင်
Tag လေးနဲ့ ပြန်ပိတ်ပေးရပါမယ်.

အဲဒါပါပဲ ခင်ဗျာ.

Table ကုဒ်ဒင်းလေးတည်ဆောက်ပုံကို အသေးစိတ် ရှင်းပြပါမယ်.

ဆိုတာကတော့ Table လေးကို အလယ်မှာ ပေါ်ချင်လို့ Alignment လုပ်ပေးထားတာပါ.
ဆိုတာကတော့ Table Border အထူအပါးကို ပြောပါတယ်. နံပါတ်ကြီးလာရင် ပိုပြီးတော့ ထူလာပါမယ်.

ဆိုတာကတော့ Table Row လို့ ဆိုလိုပါတယ်.
ဆိုတာကတော့ Table Data ပါ.

တစ်ခု စီဟာ Row တစ်ခုစီကို ကိုယ်စားပြုပါတယ်.
တစ်ခုယူပြီးသွားရင်
တွေ လိုက်ထည့်လို့ရပါတယ်.
တစ်ခုစီဟာ Column တစ်ခုစီကို ကိုယ်စားပြုသွားပါတယ်.

ဥပမာ. ကျွန်တော်တို့ 3x4 Table တစ်ခု တည်ဆောက်တော့မယ် ဆိုပါစို့ဗျာ.

Row 3 ခု နဲ့ Column 4 ခု ရှိရပါမယ်နော်. အဲဒါဆိုရင် ဒီလိုတည်ဆောက်ပါမယ်. မိမိရဲ့ Coding မှာ
Tag အဖွင့်အပိတ် သုံးစုံရှိရပါမယ်.
Tag တစ်ခုစီတိုင်းအတွက်
Tag အဖွင့်အပိတ် လေးစုံစီ ရှိရပါမယ်. ဒါမှ 3x4 Table ဖြစ်ပါမယ်.

We

Are

Greatest

Bloggers

အဲဒါဆိုရင် Row တစ်ခု ပြီးသွားပါပြီ. Table Data Cell လေးခုယူထားတဲ့အတွက် Column လေးခုရှိတယ်လို့ မှတ်ယူနိုင်ပါတယ်. သဘောပေါက်လောက်ပါပြီနော်.

ကျွန်တော်တို့ရဲ့ Table မှာ Row 3 ခု ရှိရမှာ ဖြစ်တဲ့အတွက် စုစုပေါင်း
Tag သုံးခုတွဲစီ ရှိရပါမယ်.

နောက်တစ်ခုထပ်ထည့်ပြီနော်.

We

Are

Greatest

Bloggers

We

Never

Give up

Our Fight!

တွေ့တယ်နော်.

နောက်တစ်ခုထပ်ထည့်ပါမယ်.

We

Are

Greatest

Bloggers

We

Never

Give up

Our Fight!

We

Row

Till

We Die!!!

ရရှိလာမယ့် Table လေးကတော့ ဒီလိုလေးပဲ ဖြစ်ပါတယ်ခင်ဗျာ.

WeAreGreatestBloggers
WeNeverGive upOur Fight!
WeRowTillWe Die!!!

ကဲ. ဒီလောက်ဆိုရင် Table Coding လေးအကြောင်း နားလည်လောက်ပြီလို့ ယူဆပါတယ်. ဆက်ပြီးတော့ Advanced Level လေးတွေကို သွားလိုက်ရအောင်နော်.

ကျွန်တော်အစမ်းလုပ်ကြည့်ထားတဲ့ ဇယားကွက်လေးတွေကို ရှုစားတော်မူကြပါ.

ဇယား (၁)

ပင်မဘလော့ဂ်

သီချင်းဘလော့ဂ်

အထောက်အကူပြုဘလော့ဂ်

ရန်အောင်

သံစဉ်လှိုင်း

Bloggers Helpdesk

ဇယား (၂)

ဒါကတော့ ဇယားကွက်လေးတွေရဲ့ infrastructure ကို ပုံစံလုပ်ပြထားတာပါ. Row တွေ၊ Column တွေ ဘယ်လို ရေတွက်ရတယ်ဆိုတာ သိအောင်ပေါ့.

Heading 1

Heading 2

Heading 3

row 1 col 1

row 1 col 2

row 1 col 3

row 2 col 1

row 2 col 2

row 2 col 3

ဒီလိုလေးမြင်ရပါမယ် ခင်ဗျာ.

ဇယား (၁)

ပင်မဘလော့ဂ်သီချင်းဘလော့ဂ်အထောက်အကူပြုဘလော့ဂ်
ရန်အောင်သံစဉ်လှိုင်းBloggers Helpdesk

ဇယား (၂)

ဒါကတော့ ဇယားကွက်လေးတွေရဲ့ infrastructure ကို ပုံစံလုပ်ပြထားတာပါ. Row တွေ၊ Column တွေ ဘယ်လို ရေတွက်ရတယ်ဆိုတာ သိအောင်ပေါ့.

Heading 1Heading 2Heading 3
row 1 col 1row 1 col 2row 1 col 3
row 2 col 1row 2 col 2row 2 col 3

နေရာမှာ 1 အစား နံပါတ်လေးတွေ ပြောင်းထည့်ကြည့်နိုင်ပါတယ်.

ဒီလိုစမ်းကြည့်မယ်ဗျာ.

ဇယား (၁)

table border Value ကို နံပါတ် 8 ပေးထားလျှင် တွေ့ရမည့်ပုံ...

ပင်မဘလော့ဂ်သီချင်းဘလော့ဂ်အထောက်အကူပြုဘလော့ဂ်
ရန်အောင်သံစဉ်လှိုင်းBloggers Helpdesk

ဇယား (၂)

table border Value ကို နံပါတ် 15 ပေးထားလျှင် တွေ့ရမည့်ပုံ...

ပင်မဘလော့ဂ်သီချင်းဘလော့ဂ်အထောက်အကူပြုဘလော့ဂ်
ရန်အောင်သံစဉ်လှိုင်းBloggers Helpdesk

ဇယား (၃)

table border Value ကို နံပါတ် 24 ပေးထားလျှင် တွေ့ရမည့်ပုံ...

ပင်မဘလော့ဂ်သီချင်းဘလော့ဂ်အထောက်အကူပြုဘလော့ဂ်
ရန်အောင်သံစဉ်လှိုင်းBloggers Helpdesk

ကဲ. Table လေးတွေကို ဆက်ပြီး ကလိလိုက်ကြရအောင်.

A background color:

First

Row

Second

Row

အဲဒါဆိုရင် Table လေးရဲ့ နောက်မှာ အရောင်လေးတွေ ရလာပါလိမ့်မယ်. Color လိုချင်ရင် blue, green စသည်ဖြင့် ရိုက်ထည့်လို့ ရနိုင်သလို မိမိနှစ်သက်ရာ Color Coding လေးများကိုလည်း အစားသွင်းနိုင်ပါသေးတယ်. ဒီနေရာမှာ Color Codes လေးတွေ ရနိုင်ပါတယ် ခင်ဗျာ.

A background color:

FirstRow
SecondRow

ဒီတစ်ခါကျတော့ နောက်ခံပုံလေးတွေ ထည့်ကြည့်ပါမယ်

A background image:

First

Row

Second

Row

အဲဒါဆိုရင်တော့ Table လေးတွေရဲ့ နောက်မှာ မိမိကြိုက်နှစ်သက်ရာ ပုံလေးတွေ ထည့်သွင်းအလှဆင်ခြယ်နိုင်ပါပြီ. မိမိတင်ချင်တဲ့ ပုံလေးတွေကို File Hosting Site တစ်ခုခုမှာ တင်ပြီးတော့မှ လင့်ခ်ထုတ်ယူဖို့ကိုတော့ မမေ့ပါနဲ့နော်. File Hosting လုပ်နည်းကို မသိရင် ဒီနေရာမှာ ရေးခဲ့ပြီးပါပြီ. လေ့လာနိုင်ပါတယ် ခင်ဗျာ.

A background image:

FirstRow
SecondRow

ကိုယ့်ရဲ့လိုအပ်ချက်ပေါ် မူတည်ပြီး ဒီပို့စ်လေးကို အကျိုးရှိစွာ အသုံးချနိုင်ကြမယ်လို့ မျှော်လင့်မိပါကြောင်း….

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားပါတယ် ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Wednesday, January 02, 2008

အားလုံးပျော်ရွှင်ကြစေရစ် သက္ကရာဇ် ၂၀၀၈...

နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ရောက်ခဲ့ပြန်ပြီဗျာ.

ကျွန်တော်လည်း နှစ်ဟောင်းရဲ့ အကြွင်းအကျန် ပို့စ်ဟောင်းတွေ ပြီးပြတ်အောင် ရေးလို့ နှစ်သစ်ကို ဘလော့ဂ်ပို့စ်အသစ်လေးတွေနဲ့ ကြိုဆိုဖို့ စိတ်ကူးနေခဲ့တာ ဒီနေ့တစ်နေ့လုံး အလုပ်တွေများနေတာနဲ့ ပို့စ်မရေးဖြစ်ခဲ့ဘူး. ဘယ်ကိုမှလည်း မရောက်ဖြစ်ခဲ့ဘူး.

ကိုယ့်ဆီဗုံးလေးထဲ ၀င်ကြည့်လိုက်တော့ လာပြီး နှုတ်ဆက်ထားကြတာ၊ Happy New Year Wish လေးတွေ လုပ်ထားကြတာလေးတွေ တွေ့ရပြီး ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာကြည်နူးမှု ဖြစ်ရပါတယ်.

တစ်ဆက်တည်းမှာပဲ ကျွန်တော် ဘလော့ဂါတစ်ယောက်ဖြစ်ရခြင်းကိုလည်း ဂုဏ်ယူကျေနပ်မိပါတော့တယ်.

အခု ပို့စ်ရေးချင်စိတ် ရှိနေပေမယ့် အချိန်က တော်တော်လင့်နေပါပြီ. မနက်ဖြန် အလုပ်ကို အစောကြီး ထသွားရဦးမှာမို့ ပို့စ်အသစ်လေးတွေကို မနက်ဖြန်ကျမှပဲ လာရောက်ဖတ်ရှုပါတော့ ခင်ဗျာ…

အမှတ်တရအနေနဲ့ ကျွန်တော့်ဆီဗုံးလေးထဲမှာ လာအော်သွားကြတဲ့ msg လေးတွေကို စုစည်းတင်ပြရင်း အားလုံးအားလုံးသော စာဖတ်ပရိသတ်၊ ဘလော့ဂါချစ်မိတ်ဆွေ၊ ညီအစ်ကိုမောင်နှများ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ အထူးစပါယ်ရှယ် ဆုမွန်ကောင်းတောင်းပေးလိုက်ကြောင်းပါ ခင်ဗျားးးးး…

1 Jan 08, 21:15
mahjubah: Happppppppppy Neww Yearrrrrrrrrrrrrrr 2008 Ko Yan Aung!
1 Jan 08, 12:01
မေပျို: ကိုရန်ရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ ;-)
1 Jan 08, 10:37
ညီလင်းသစ်: ကိုရန်အောင်ရေ...ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်သစ်ဖြစ်ပါစေခင်ဗျာ။
1 Jan 08, 09:27
wahgyi: Happy New Year n Wishing you All The Best !
1 Jan 08, 06:51
မောင်မှော်: ကိုကြီးရန်ရေ- နှစ်သစ်ကူးမှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွင်မှုအသစ်၊ အောင်မြင်မှုအသစ်တွေရရှိနိုင်ပါစေဗျာ။
1 Jan 08, 05:52
သွင်မောင်: ¸.•♥☆´¨`☆♥•.¸ ¸.•` နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ပါစေ ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.•
1 Jan 08, 05:47
လုလု: .¸¸.•♥☆´¨`☆♥•.¸ ¸.•` မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ကိုရန်အောင့့် ပျော်ရွှင်ပါစေနော် .¸¸.•♥☆´¨`☆♥•.¸ ¸.•`
1 Jan 08, 05:16
lynnlynn: Happy New year !!!!!!!!!!!!
1 Jan 08, 05:15
lynnlynn: Happy New year !!!!!!!!!!!!!
1 Jan 08, 04:40
Smilemay: နှစ်သစ်မှာ စိတ်ချမ်းသားခြင်းနဲ့ ပြည့်စုံပါစေ။
1 Jan 08, 04:38
chaos: ဟက်ပီးနယူးယားနော်
1 Jan 08, 04:37
j: Happy New Year လာခဲ့နော်
1 Jan 08, 04:32
အောင်သူ: Happy New Year!!!
1 Jan 08, 04:29
သားဖြိုး: http://mypoembag.blogspot.com
1 Jan 08, 04:28
သားဖြိုး: ကျွန်တော့်ရဲ့ ကဗျာလွယ်အိတ်ကလေးကိုလည်း လာမွှေပေးပါအုံးခင်ဗျ။
1 Jan 08, 04:28
သားဖြိုး: ကျွန်တော့်ရဲ့ ကဗျာလွယ်အိတ်ကလေးကိုလည်း လာမွှေပေးပါအုံးခင်ဗျ။
1 Jan 08, 04:27
သားဖြိုး: နှစ်သစ်မှာ ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း ခြေလှမ်းတွေ စနေပီလားဗျ။
1 Jan 08, 04:23
မင်းကျော်: .¸¸.•♥☆´¨`☆♥•.¸ ¸.•` မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ။ ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.•
1 Jan 08, 03:07
minnyoonthit: မင်္ဂလာရှိသော နှစ်သစ်ပါ ကိုရန်ရေ :)
1 Jan 08, 00:30
ဝင်္ကပါ: အကြွေးတွေအကုန်ဆပ်နေတာပေါ့လေကိုရန်အောင်က။ Happy New Year ပါနော်။
1 Jan 08, 00:28
Yan>: အားလုံးအားလုံးပဲ Happy New Year ပါခင်ဗျာ. ကျွန်တော်အခုမှပဲ အပြင်က ပြန်ရောက်ပါတယ်. တယ်ရင်းတွေနဲ့ အလည်လွန်သွားလို့. ဟတ်ဟတ်. ပို့စ်စရေးနေပြီဗျာ. နည်းနည်း mood ၀င်သွားအောင် အပြင်ထွက်လည်လိုက်တာ.
31 Dec 07, 23:29
ရတနာစိုး: ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါရှင်

31 Dec 07, 23:29
ရတနာစိုး: အစ်ကိုရေ . .. စာလာဖတ်ရင်း အစ်ကိုပြောတဲ့ ၃၁ရက်နေ့မှတ်တမ်းလေးအကြောင်း ရတနာ ရေးထားကြောင်းအကြောင်းကြားပါတယ်
31 Dec 07, 23:17
Mr.Pooh: ပျော်ရွှင်အေးချမ်းတဲ့ နှစ်သစ် ၂၀၀၈ ဖြစ်ပါစေဗျာ
31 Dec 07, 22:56
နှင်းပွင့်လေး: •.¸¸.•♥☆´¨`☆♥•.¸ ¸.•` HAPPY HAPPY NEW YEAR - 2008 ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.•

31 Dec 07, 21:45
mtj: မင်္ဂလာနှစ်သစ်ပါ ကိုရန်ကြီး
31 Dec 07, 21:05
ပီကေ: ကိုရန်ရေ၊ •.¸¸.•♥☆´¨`☆♥•.¸ ¸.•` HAPPY NEW YEAR - 2008 ပါ

31 Dec 07, 20:52
လူသစ်: မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျား

31 Dec 07, 20:51
ရွှေဂျမ်း: Happy New Year!!

31 Dec 07, 20:43
skyslight: http://www.123greetings.com/events/new_year/new_year_wishes/newyear67.html

31 Dec 07, 20:42
skyslight: bye bye 2007 & Welcome 2008 Happy New Year!!!

31 Dec 07, 20:16
ညလေး: မင်္ဂလာနှစ်သစ်ပါ ဦးဦးရန် ပျော်ရွှင်ပါစေ....ဗျာာာာာာာာာာာာာာ

31 Dec 07, 17:40
အိမ့်ချမ်းမြေ့: ကိုရန်ရေ. မင်္ဂလာနှစ်သစ်ပါရှင်

31 Dec 07, 16:57
tu tu: Happy New Year!!! ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ...

31 Dec 07, 16:27
home: Happy new year 2008....ko yan aung
31 Dec 07, 15:35
ကိုထွဋ်: မင်္ဂလာရှိသော ၂၀၀၈ ပါ , Wish you a Happy New Year !

31 Dec 07, 13:15
ရှမ်းကလေး: နှစ်သစ်မင်္ဂလာပါ။ ပျော်ရွှင်ပါစေ ခင်ဗျား..ပို့အသစ်တင်ထားပါကြောင်း

31 Dec 07, 12:12
ဆိုးသွမ်း: .¸¸.•♥☆´¨`☆♥•.¸ ¸.•` မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ။ ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.•
31 Dec 07, 11:31
ချစ်လေပြေ: ပျော်ရွှင်ဖွယ် မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ ကိုရန်ရေ၊ Happy New Year
31 Dec 07, 10:46
Myo Kyaw Htun: Happy New Year 2008 !!! Mr. Yan
31 Dec 07, 09:39
khunmyahlaing: •.¸¸.•♥☆´¨`☆♥•.¸ ¸.•` မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင် ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.•
31 Dec 07, 08:29
Blazing inferno: I have already sent the song..check out your e mail bro

31 Dec 07, 08:28
Blazing inferno: •.¸¸.•♥☆´¨`☆♥•.¸ ¸.•` HAPPY NEW YEAR - 2008 ! ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸
31 Dec 07, 08:28
Blazing inferno: •.¸¸.•♥☆´¨`☆♥•.¸ ¸.•` HAPPY NEW YEAR - 2008 ! ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸
31 Dec 07, 08:11
ဟိန်းမောင်: ပျော်ရွှင်ဖွယ်ရာများဖြင့် အတိပြီးသော နှစ်သစ်ဖြစ်ပါစေ...။

31 Dec 07, 07:14
သားဖြူ: Hoping Nu Year..2008!

31 Dec 07, 07:10
မေပျို: ကိုရန်အောင်ရေ သဲစီဘောက်စ်ကို မဖတ်သွားဘူးသိလား။ ၀င်လည်း ကြည့်ဝူးနော်။

31 Dec 07, 06:42
thanhtut: ကိုရန်ရေ နှစ်သစ်မှာ အောင်မြင်မှုအပေါင်းနဲ့ပြည့်စုံပါစေ။ Happy newyear

31 Dec 07, 06:27
နေသွေးညို: http://www.icq.com/img/friendship/static/card_16961_rs.swf

31 Dec 07, 06:04
Alvin: မင်္ဂလာနှစ်သစ်ပါ ခင်ဗျာ... 恭賀您新年快乐

31 Dec 07, 05:43
ဂျစ်တူး: ရန်အောင်ရေ .. ၃၁ ဒီဇင်ဘာရက်များဟာ လာဖတ်ဦးဟေ့း)
31 Dec 07, 04:53
သဇင်ဏီ: နှစ်သစ်မှာ ပျော်ရွှင်ပါစေ.. အောင်မြင်မူတွေရရှိပါစေရှင့်

31 Dec 07, 04:43
thinker: ဟက်ပီးတဲ့ နယူးရီးယားပါ

31 Dec 07, 04:10
sint: Hi KO YAN AUNG HAPPY NEW YEAR PAR

31 Dec 07, 03:41
thamudaya: happy new year!!!!!!!
31 Dec 07, 01:49
Yan>: ကျွန်တော် Tag ထားတာကိုလည်း ရေးကြဦးနော့ ဖတ်မိသူတိုင်း၊ ဒီဆီဘောက်စ်ကို ၀င်ကြည့်သူတိုင်းလည်းပါတယ် ဟတ်ဟတ်. 31 DEC မှတ်တမ်းများပါတဲ့ဗျာ. ကျွန်တော်လည်း နက်ဖြန်ရေးပါဦးမယ် အိပ်ပြီဗျို့...
31 Dec 07, 01:48
Yan>: အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျား ကျွန်တော်လည်း နှစ်ဟောင်းက Tag ကြွေးများကို ရှင်းလင်းခဲ့ပြီမို့ နှစ်ခြိုက်စွာ အိပ်စက်အနားယူပါတော့မယ်ဗျား... နောက်နေ့တွေ့မယ် တယ်ရင်းတို့ရေ. ဘိုင်....
31 Dec 07, 01:24
ပေါတာ: နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ။
31 Dec 07, 00:39
စိန်မမ: ညီမလာဘူးနော်စီဘောက်စ်ကို ဟီးး နှစ်သစ်မျာပျော် ရွှင်ပါစေ

30 Dec 07, 23:07
Smilemay: နှင်းစက်တွေနဲ့အတူဆောင်းရောက်ရင် ချစ်ရတဲ့သူတွေကို ခွဲခွာရတာများမယ်

30 Dec 07, 22:32
သိမ့်: ကိုရန်ရေနှစ်သစ်မှာပျော်ရွှင်ပါစေ။:D

30 Dec 07, 22:04
yamin: မောင်လေးရန်ရေ... အမ ရေးချင်တာတွေ ရမ်းသန်းပြီး ရေးပြီးကွ လာကြည့်ဦး ဟဲဟဲ

30 Dec 07, 21:12
မောင်လူအေး: Happy New Year In-Advance!!! ပျော်ရွှင်ဖွယ်ရာ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေဗျာ...