Showing posts with label Songs. Show all posts
Showing posts with label Songs. Show all posts

Tuesday, November 16, 2010

The Promise





I can write the saddest poem of all tonight.

Write, for instance: "The night is full of stars,
and the stars, blue, shiver in the distance."

The night wind whirls in the sky and sings.

Tuesday, November 03, 2009

နှောင်ကြိုးမဲ့...



သာယာတဲ့ သီချင်းသံ
အကျွန့်ထံကို မလာကြပြီ...
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
ဂစ်တာအိုလေး.. ကြိုးလျော့နေပါစေ....


ပျော်ရွှင်တဲ့အသိတွေ
အကျွန့်ထံမှာ မကျန်တော့ပြီ...
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
မြင်ချင်စိတ်လေး... ကြိတ်မှိတ်ဖြေနေမလေ...



ချစ်ခြင်းရဲ့ အမိန့်ပေးရန် မ၀ံ့ကြောင်းပါ
နားမလည်နိုင်တဲ့အရာ
မသိစိတ်က သိနေမှာ



ဆင်ခြင်မှုတရားတွေ အကျွန့်ထံမှာ ဆိတ်သုဉ်းပြီ
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
အရာရာကို ရှင်းပြစွမ်းမယ်... ယုံနေ...




ဆရာစိုင်းခမ်းလိတ်ရဲ့ "ကြိုးလျော့နေသော ဂစ်တာ" ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို နုရွလှပတဲ့ ကဗျာလေးတစ်ပုဒ်အဖြစ် ခံစားကြည့်မိတာပါ....

Y.

Friday, September 25, 2009

Being Strong Meant Never Losing Your Self-Control...






Alone in this house again tonight
I got the TV on, the sound turned down and a bottle of wine
There's pictures of you and I on the walls around me
The way that it was and could have been surrounds me
I'll never get over you walkin' away....

I've never been the kind to ever let my feelings show
And I thought that bein' strong meant never losin' your self-control
But I'm just drunk enough to let go of my pain
To hell with my pride, let it fall like rain
From my eyes
Tonight I wanna cry

Would it help if I turned a sad song on
"All By Myself" would sure hit me hard now that you're gone
Or maybe unfold some old yellow lost love letters
It's gonna hurt bad before it gets better
But I'll never get over you by hidin' this way

I've never been the kind to ever let my feelings show
And I thought that bein' strong meant never losin' your self-control
But I'm just drunk enough to let go of my pain
To hell with my pride, let it fall like rain
From my eyes
Tonight I wanna cry

Vocalist: Keith Urban
Title: Tonight I Wanna Cry
Album: Be Here...





Thursday, August 20, 2009

ဆား (၃) ပွင့် :D

ဒီရက်ပိုင်းအတွင်း စထရပ်စ်နည်းနည်းပြန်များလာလို့ youtube ကိုဝင်ပြီး ရယ်စရာတွေ လိုက်ရှာရင်းက ဒီ Stress-killer လေးတွေကို ခလုတ်တိုက်မိတယ်.

ခံစားကြည့်... :D

Sooooo brilliant and creative....











Saturday, May 02, 2009

Tuesday, February 24, 2009

Life in Technicolor

ဒီနေ့ည ဒီသီချင်းလေးနားထောင်ဖြစ်ရင်း စာသားလေးတွေကို အရမ်းကြိုက်သွားတယ်. Coldplay အဖွဲ့ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ. အရောင်စုံဘ၀လို့ ဘာသာပြန်ရင်ရမလားပဲ.

There's a wild wind blowing
Down the corner of my street
Every night there the headlights are glowing

There's a cold war coming
On the radio I heard
Baby it's a violent world

Oh love don't let me go
Won't you take me where the streetlights glow
I could hear it coming
I could hear the sirens sound
Now my feet won't touch the ground

Time came a-creepin'
Oh and time's a loaded gun
Every road is a ray of light
It goes o-o-on
Time only can lead you on
Still it's such a beautiful night

Oh love don't let me go
Won't you take me where the streetlights glow
I could hear it coming
Like a serenade of sound
Now my feet won't touch the ground

Gravity release me
And dont ever hold me down
Now my feet won't touch the ground.

Wednesday, February 11, 2009

အချစ်ရဲ့ည....


ညချမ်းလေးတစ်ခုမှာပေါ့
အမျိုးသမီးငယ်လေးတစ်ဦးရယ်လေ
အ၀တ်ဗီရိုရှေ့မှာ မတ်တပ်ရပ်လို့
ဘယ်လိုအ၀တ်အစားဝတ်ရင်ကောင်းမယ် စဉ်းစားနေခဲ့တယ်.
မိတ်ကပ်ကိုသေချာစွာလိမ်း
ဆံနွယ်တွေကို သေချာစွာ သိမ်းထုပ်ဖီးသင်ပြီးတော့
ကိုယ့်ကိုမေးတယ်...
'ကို... ကျမ ဘယ်လိုနေလဲဟင်..' တဲ့...
ကိုယ်လည်း ပြန်ဖြေလိုက်တယ်.
'မင်း ဒီည သိပ်လှတာပဲ အချစ်ရယ်...'

ကိုယ်တို့နှစ်ဦးသား မိတ်ဆုံစားပွဲကို သွားခဲ့ကြတယ်နော်.
ညဉ့်နက်သန်းခေါင်ယံတောအုပ်အလယ်မှာ
ညင်သာစွာ ထိန်ငြီးတောက်ပနေတဲ့ လစန္ဒာအလား
ထင်ယောင်မှားစေလောက်တယ် ချစ်သူ...
အို...
မင်းသိပ်လှတယ်.
မင်း သိပ်ကိုလှနေခဲ့တယ်.
ချစ်သူ့ဆံနွယ်လေးတွေ လှုပ်ခတ်သွားတဲ့ အခိုက်အတန့်တစ်ချက်မှာ
လူပေါင်းများစွာရဲ့ ရင်ခုန်သံတွေ ရပ်တန့်ကုန်ကြတယ်ထင်ပါရဲ့.
ကိုယ့်ဘေးနားမှာ ယှဉ်တွဲလှမ်းလျှောက်လာနေခဲ့ရင်းက
ကိုယ့်ကိုမေးတယ်.
'ကို... နေကောင်းရဲ့လားဟင်' တဲ့...
မဆိုင်းမတွဘဲ ကိုယ်လည်း ပြန်ဖြေခဲ့ပါတယ်.
'ကို... ဒီည သိပ်ပျော်နေတယ် အချစ်ရယ်...'

ကိုယ် ကျေနပ်တယ်.
ကိုယ် သိပ်ကိုပျော်ပါတယ်.
ဘာလို့လဲ ဟုတ်လား?
မင်းလေးရဲ့ မျက်ဝန်းတွေထဲမှာ ချစ်ခြင်းရဲ့ အရိပ်အယောင်လေးတွေကို
ကိုယ်မြင်နေရလို့ပဲပေါ့...
မင်းမသိတာတစ်ခုလည်း ရှိသေးတယ်.
ကိုယ် မင်းကို ဘယ်လောက်ထိ ချစ်မြတ်နိုးရတယ်ဆိုတာကိုပဲ..
တကယ်ဆိုတော့လည်း
မင်း မသိနိုင်ခဲ့လောက်အောင်ကို ကိုယ်မင်းကို သိပ်ချစ်နေခဲ့မိတယ်.
ကို. မင်းကို သိပ်ချစ်တယ် ချစ်သူ...

တစ်ဦးကိုတစ်ဦး မခွဲနိုင်မခွာရက်
တွဲလက်ခိုင်ခိုင်မာမာ ဖက်တွယ်ထားခဲ့ရင်းက
ကိုယ်တို့နှစ်ယောက် အိမ်ကို ပြန်ခဲ့ကြတယ်.
ကိုယ်ဟန်မဆောင်နိုင်တော့ဘူး...
ခေါင်းတွေအရမ်းကို ကိုက်ခဲနေခဲ့ပြီ...
မင်း ကိုယ့်ကို အိပ်ယာထက် တွဲပွေ့မှေးစက်စေခဲ့တယ်နော်..
မီးခလုတ်ကို ပိတ်ခါနီး ကိုယ့်လက်အလှမ်းမှာ.
ကိုယ် မင်းရဲ့ မျက်ဝန်းညိုလေးတွေထဲကို
တရှိုက်မက်မက် ငေးကြည့်ရင်း
ပြောလိုက်မိတယ်...

အို... အချစ်ရယ်... မင်း ဒီည အရမ်းလှတယ်.
အချစ်ဆုံးရယ်...
မင်းဒီညသိပ်ကိုလှပလွန်းနေခဲ့တယ်....



Eric Clapton ရဲ့ "Wonderful tonight" သီချင်းလေးကို youtube မှာ နားထောင်မိပြီး ချရေးဖြစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ...

Eric Clapton - Wonderful Tonight

It's late in the evening;
she's wondering what clothes to wear.

She puts on her make-up and brushes her long blonde hair.
And then she asks me,
"Do I look all right?"

And I say,
"Yes, you look wonderful tonight."


We go to a party and everyone turns to see
This beautiful lady that's walking around with me.
And then she asks me,
"Do you feel all right?"

And I say,
"Yes, I feel wonderful tonight."




I feel wonderful because I see
The love light in your eyes.
And the wonder of it all
Is that you just don't realize how much I love you.

It's time to go home now and I've got an aching head,
So I give her the car keys and she helps me to bed.
And then I tell her, as I turn out the light,
I say, "My darling, you were wonderful tonight.
Oh my darling, you were wonderful tonight."

Thursday, January 29, 2009

နတ်သျှင်နောင်... (ပြည်လှဖေ)

နတ်သျှင်နောင် - ပြည်လှဖေ

(တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ…
တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ။)၂

သေပေစေ ရင်ကိုမြေကတုတ် မဆုတ်မတွန့် မရွံ့တဲ့သူတွေ…
သတ္တိပြောင် ထောင်ထောင် မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ…
မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာဝေ…
အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ။

Chorus:
(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ…) တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ…
ချစ်တဲ့သူ ဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့…
သြော် ကျေးငှက်ကို စေလိုစေ… ဖြေလည်းငယ် ဖြေပြေပါနိုင်ဘဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ….
လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ…)

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊ မင်းလွင်ဦးနှင့်၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သတ်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်…
ငှက်သွင်ပျံကြွ မတတ်သော…

(ပိတောက်တွေ ရွှေအရည် လူးကြမယ့်အခြေ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေေ၀။

ပန်းမျိုးစုံရာသီစုံကုန်ကူးခဲ့ပေါ့လေ၊ ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ…)၂

ကိုယ်တိုင် လှရာရာ ရွေး… ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ။

ဒီသီချင်းလေးကို ကြိုးစားရှာဖွေပေးတဲ့ မလေးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ....

ပလိစ်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

သီချင်းတောင်းချင်လို့ဗျ.သုံးပုဒ်ပါ.

(၁)
ပြည်လှဖေ ဆိုထားတဲ့ 'နတ်သျှင်နောင်' သီချင်းလေး ဘယ်မှာရနိုင်မလဲ.

သီချင်းအလိုက်လေးက ဒီလိုလေးလေ..

"တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ ယူသလေ... "

youtube မှာ တွေ့မယ်ဆိုရင်လည်း ရပါတယ်. ကျွန်တော် ရှာနေတာ ဘယ်လိုမှမတွေ့တော့လို့ပါ. ဖိုရမ်တွေမှာ ၀င်ရှာတာလည်းစုံပြီ.း(

(၂)
စိန်ခြူးကြာညောင်သီချင်းလေး လိုချင်လို့. ရတနာဦးပြန်ဆိုထားတယ်လို့တော့ သိုးသိုးသဲ့သဲ့ ကြားဖူးတယ်. ဒါပေမယ့် ရှာမရပြန်ဘူး. လှိုင်ထိပ်ခေါင်တင်ကိုယ်တိုင် ဆိုပြထားတာမဟုတ်လည်း ရပါတယ်. ကျေးဇူးပြု၍ပါ....း)

(၃)
လေဘာတီမမြရင်ရဲ့ သီချင်းတစ်ပုဒ်ပဲဗျ. စာသားတစ်ကြောင်းပဲ မှတ်မိတယ်. မန္တလေးမှာနေတုန်းက အငြိမ့်ပွဲတွေမှာ ဆိုပြတာ ကြားဖူးတယ်. ဘာတဲ့..

"ပေတစ်ရာပင် လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်...." ဆိုတာလေ...

း)

အဲဒီ့သီချင်းလေးတွေကို ရှာဖွေပေးနိုင်မယ်ဆိုရင် ရှာပေးနိုင်သူများရဲ့အကြိုက် ပို့စ်တစ်ခုစီ ကျွန်တော် ပြန်ရေးပေးမယ်. ဘယ်လိုသဘောရလဲ. :))))

မျှော်နေမယ်ဗျာ. နော်.

အခုလောလောဆယ် ဈေးဝယ်ထွက်လိုက်ဦးမယ်. တစ်ယောက်တည်းနေထိုင်လှုပ်ရှားနေရတဲ့ လူပျိုနုနုထွတ်ထွတ်လေးတွေရဲ့ ဘ၀ဟာ ဒီလိုပဲဗျာ. အရမ်း စထရပ်စ်များတယ်. နောက်မှတွေ့မယ်ဗျို့.. ဘိုင်...

ခင်မင်လေးစားလျက်
ကန်ယို....

Monday, September 08, 2008

သိသူဖြေပေးကြပါ

ဒီ ရုပ်ရှင်လေးကို youtube မှာ တွေ့လိုက်ရပါတယ်. ဘာကားလဲ. ဘယ်တုန်းက ရိုက်ထားတာလဲဆိုတာ သိသူများ ရှိရင် ဖြေပေးကြပါ. ကျေးဇူးတင်ပါတယ်ခင်ဗျာ.

Friday, September 05, 2008

ဘယ်ပန်းချီရေးလို့မမီ - ရှုမ၀မောင်ဆွေတင့်



ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာတွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ

အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင်လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ
ညွှန်းဆိုနှော ပြောပြပေသည်



ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်

တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်

ဒီသီချင်းလေးကို ကျွန်တော်လိုက်ရှာနေခဲ့တာ ကြာပါပြီ။ ကျွန်တော် အကူအညီတောင်းထားတဲ့ ပို့စ်လေးကို သတိတရနဲ့ ရှာဖွေကူညီပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ် ခင်ဗျာ.

Youtube ကို ကြည့်လို့ မဖြစ်နိုင်သူများအတွက် သီချင်းဒေါင်းလုပ်လင့်ခ်လေး ထုတ်ပေးလိုက်ပါတယ်.

ဘယ်ပန်းချီရေးလို့မမီ

ရေး-တက္ကသိုလ်အေးမောင်
ဆို- ရှုမ၀မောင်ဆွေတင့်

ဆီဘောက်စ်မှ အမှတ်တရ မက်ဆေ့ခ်ျများ

ရာမညသား: မူရင်းအဆိုရှင် တက္ကသိုလ်အေးမောင် ဗားရှင်းကို ကျနော် အကြိုက်ဆုံးပဲ။ တင်ပေးထားတဲ့ မအေးနန္ဒာ ကို ကျေးဇူးတင်ပါတယ်။
4 Sep 08, 11:21
ရာမညသား: ကိုရန်အောင်လိုချင်တဲ့ "ဘယ်ပန်းချီရေးလို့ မမှီ" http://www.youtube.com/watch?v=9SVnBDBv9Ek ကို တွေ့လို့ မျှဝေတာပါ၊

2 Sep 08, 07:39
ငွန်ငယ်: အကို ရေ.. အကိုလိုချင်တဲ့ သီချင်းတွေက မြန်မာပြည်ကအိမ်မာဆိုရှိတယ်။ပိုတတ်တဲ့သူမရှိလို. ။ဒီမှာတော့ တက္ကသိုလ်မောင်ဆွေတင့်ရဲ ဘယ်ပန်းချီရေးလို့မမှီတော့ရှိတယ်ပို့ပေးလိုက်ပါမယ်နော့..

1 Sep 08, 15:01
.: http://rapidshare.com/files/141885958/Bae_Pa_Chi_Yae_Lo_Ma_Mee.DAT.html

အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Wednesday, September 03, 2008

ဘယ်ပန်းချီရေးလို့မမီ - ပိုးအိစံ

သီချင်းလင့်ခ်လေး လာပေးသွားတဲ့ အမည်မသိ မိတ်ဆွေကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ. ကိုဇော်ဝမ်းရဲ့ သီချင်းလေးရရင်လည်း ဝေမျှပေးကြပါဦး.

မှတ်ချက်။ ဒီသီချင်းကို အစက စိုးစန္ဒာထွန်းဆိုတယ်လို့ ထင်နေခဲ့ပါတယ်. ဒီမှတ်ချက်လေးကြောင့် ပြန်ပြင်လိုက်ပါတယ်. ကျေးဇူးတင်ပါတယ် visitor ခင်ဗျာ.

8 Sep 08, 23:16
visitor: ဦးရန်ရေ ခုတင်ထားတဲ့ဘယ်ပန်းချီရေးလို့ မမီ သူချင်းက ပိုးအိစံ ဆိုထားတာပါ စိုးစန္ဒာထွန်း မဟုတ်ဘူးရှင့် ပျော်ရွှင်ပါစေရှင်


Tuesday, September 02, 2008

ဒါလေးနဲ့ ဒါလေးများ ရှိမလား မသိဘူး...

အားလုံးဆီက အကူအညီပြန်တောင်းမလို့ဗျ.

စိန်ခြုးကြာညောင် သီချင်းတစ်ပုဒ်လုံးပဲ ဖြစ်ဖြစ်၊ စောင်းနဲ့ပဲ ဖြစ်ဖြစ် တီးထားဆိုထားတာလေး ရှိရင် မျှပါဦး.
လှိုင်ထိပ်ခေါင်တင် ကိုယ်တိုင်ဆိုထားတဲ့ original version မတွေ့လည်း ရပါတယ်. နားလည်ပေးလို့ရပါတယ်ဗျာ.

ပြီးတော့ ဇော်ဝမ်း ဆိုထားတဲ့ “ဘယ်ပန်းချီရေးလို့မမီ” သီချင်းလေး ဘယ်မှာ ရနိုင်မလဲ. (ဆိုင်မှာရတယ်လို့တော့ မပြောနဲ့နော်. ဟတ်ဟတ်.)

ကျေးဇူးဆပ်ပါမည်. ရောက်ရာ အရပ်က အမြန်ဆုံးဆက်သွယ်ပါ..

Wednesday, August 06, 2008

ချစ်သူသိပါစေ...

“ကားရပ်ပေးပါနော် မ. ကျွန်တော်ပေးစရာလေး တစ်ခုရှိလို့.”

သူ အတတ်နိုင်ဆုံး တိုးလျှိုးတောင်းပန်ရင်း ပြောခဲ့ပါသည်။ သို့သော် “မ” က သူ့ဆိုလျှင် ခါးသည်းလွန်းလှသည်။ ဘယ်တော့မှ အကောင်းမမြင်တတ်.

“ဘာတွေလာပြောနေတာလဲကွာ. နောက်မှပြောတော့. အခုအချိန်မရှိတော့ဘူး”

“ခဏလေးပါ မရယ်နော်. ခဏလေးပါ. ပေးပြီး ပြန်သွားမှာပါ.”

ကားအရှိန်ကို ထိန်းပြီး လိုက်မောင်းနေရင်း သူမဆီ ဖုန်းဆက်ပြောနေရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အန္တရယ်လည်း များလွန်းလှသည်။ မတော်တဆ လမ်းပြပုလိပ်တွေ့လျှင် အဖမ်းခံချင်ခံရ၊ ဒဏ်ငွေရိုက်ခံချင်လည်း ခံသွားရနိုင်သည်။ သို့မဟုတ် အာရုံများလွန်း၍ ခြေချော်လက်ချော်ဖြစ်ပြီး ယာဉ်တိုက်မှုပင် ဖြစ်သွားနိုင်လောက်သည်။

ဒါကို သူမ မသိ. ကိုယ်ချင်းလည်းမစာ.

“မရပ်နိုင်ဘူးဟေ့. လမ်းလယ်ခေါင်ကြီးမှာ. မရပ်ဘူး. သိပြီလား”

သူ့စိတ်ထဲထောင်းခနဲ ဖြစ်သွားခဲ့သည်။ သည်းခံနိုင်စွမ်းက ဟိုဖက်ကိုလွန်သွားခဲ့လေပြီ. သူမကို ချစ်လွန်း၍သာ ဂျန်းတဲလ်မင်းပီသစွာ၊ ပညာတတ်ပီသစွာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေခဲ့ခြင်းဖြစ်သည်။

ယခုလည်းကြည့်လေ. သူကြိုးစားသီဆိုထားခဲ့သည့် သီချင်းခွေလေးတစ်ခု၊ အထူးသဖြင့် သူမအတွက် ရည်ရွယ်ပြီး သီဆိုထားသည့် သီချင်းလေးတစ်ပုဒ်ကို သူမမွေးနေ့အတွက် လက်ဆောင်အဖြစ်ပေးရန် ကြိုးစားခြင်းကို ကိုယ်ချင်းမစာဘဲ ခါးခါးသည်းသည်း ငြင်းသည်။

စတီယာရင်ပေါ်ကိုင်ထားသော လက်ချောင်းတို့ ချွေးစေးများဖြင့် ရုတ်ချည်းအေးစက်သွားခဲ့ကြသည်။ လီဗာပေါ်တင်ထားသော ခြေထောက်တို့ ကြမ်းပြင်နှင့်ပိုနီးစပ်သွားသလို ခံစားလိုက်ရသည်။

“၀ရော… ၀ရူး… ကျွီ”

ကဲ. ဖြစ်ချင်ရာဖြစ်. သူမကားကို ကျော်တက်ပြီး ပိတ်ရပ်လိုက်သည်။

ကားတံခါးကို ဆောင့်ဖွင့်ပြီး သူမရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်လာခဲ့လိုက်သည်။

သူ့ကို စိုက်ကြည့်နေသော သူမမျက်ဝန်းများကို ဒီတစ်ခါတော့ လွှဲဖယ်ပစ်ရန် မကြိုးစားတော့ဘဲ ပြန်စိုက်ကြည့်ပစ်လိုက်သည်။

သူမကားပြတင်းပေါက်ပေါ် လက်တင်၍ စီဒီခွေကို သူမထံသို့ လှမ်းပေးလိုက်သည်။ သူမကိုကြည့်နေသော သူ့အကြည့်တို့ အနည်းငယ် ရိုင်းစိုင်းလွန်းသွားသည်လားတော့မသိ။ သူမ မျက်လွှာချသွားခဲ့သည်။ သူပေးသော စီဒီခွေကို လှမ်းယူလိုက်သည်။

စိတ်ထဲတွင် ကျိတ်၍၀မ်းသာသွားသော်လည်း မေးကြောများထောင်အောင် တမင် အံကြိတ်လျက် ကားရှိရာဖက်ဆီ လမ်းပြန်လျှောက်လာခဲ့သည်။

ကားတံခါးကို ဂျိုင်းခနဲမြည်အောင်ပိတ်၊ ဂီယာထိုးပြီး လီဗာကိုဆောင့်နင်းလျက် သူမရှေ့မှ ထွက်ခွာလာခဲ့ချိန်မှာတော့ သူတစ်ခုပဲ သတိထားမိခဲ့သည်။

သူ ရင်တွေ တဆတ်ဆတ် ခုန်နေခဲ့ပါသည်။

(ကျန်တာ ဘာဆက်ဖြစ်မလဲ ဆက်သာကြည့်ကြပေတော့ဗျာ... ဟတ်ဟတ်ဟတ်.)



ရေထဲနစ်သူမှာ ဆက်ပြီး အသက်ရှင်စရာ
လေကိုသာ ရှိုက်သွင်းဖို့
ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀အသိစိတ်တစ်ခုလုံး
မင်းအချစ်ငတ်မွတ်နေလို့
ခုထက်ထိငါ…

စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့
ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့လူတစ်ယောက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက်….

မင်းမှမင်းပဲ….
မင်းမှမင်းပဲ…
မင်း.. တစ်ယောက်တည်း…
မင်းမှမင်းပဲ…
မင်းမှမင်းပဲ..
မင်း တစ်ယောက်တည်း မင်းပဲ…

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တယ်တောင်းဆု ဆန္ဒတွေပြု
မင်းကလွဲပြီးရင်အခု
ဘာမှလည်းမရချင်ဘူး မရချင်ဘူး…


Monday, June 30, 2008

နှောင်ကြိုးမဲ့ရင်ခွင်...

မနက်ကတော့ ဘာရယ်မဟုတ်ဘူး. အပန်းဖြေတဲ့အနေနဲ့ ကြည့်ရင်း ပို့စ်ကောက်တင်လိုက်တာ. နာမည်ကိုလည်း မစဉ်းစားအားတာနဲ့ ဖြစ်သလိုပဲ “မလုပ်ချင်သေးဘူး ;)" ဆိုပြီး ပေးခဲ့တယ်ဗျ. အခုမှပဲ ပြန်ခံစားကြည့်ရင်း လိုက်ဖက်မယ်ထင်တဲ့ နာမည်လေး ပြန်ပြောင်းပေးလိုက်တယ်.

ကိုခင်ဝမ်းအလွမ်းပြေလည်းဖြစ်စေပေါ့ဗျာ...

“နှောင်ကြိုးမဲ့ ရင်ခွင်” လို့ အမည်ပေးလိုက်ပါတယ်.

Monday, June 23, 2008

ပျော်ရွှင်ပါစေ တနင်္လာ....

"ရွှေစေတီ ထံတော်ပါးမှာကွယ်
နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ်
ရေမြေခြား နေကြပေမယ့်
မေ့ပါဘူး သက်လယ်
မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်...."

ကျွန်တော်ငယ်စဉ်က ကြားဖူးနေခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့ဗျာ.

အဖေ့ကိုမေးတယ်. အဲဒါ ဘယ်သူ့အသံလဲလို့

မြန်မာပြည်သိန်းတန်တဲ့...

ကျွန်တော် တော်တော်ငယ်ပါသေးတယ်. ဒါပေမယ့် ကျွန်တော်တစ်ယောက် ကံကောင်းခဲ့တာပဲလားမသိ. မြန်မာသံစဉ်သီချင်းတွေကို စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက် နားထောင်တတ်တဲ့ လူကြီးတွေကြားထဲမှာ ကြီးပြင်းခဲ့ရတယ်. ဒါကြောင့် မြန်မာသံစဉ် သီချင်းတွေကို ကျွန်တော် နှစ်သက်တယ်. မြတ်နိုးတယ်. တန်ဖိုးထားတယ်.

ဒေါ်မာမာအေးရဲ့ “မောင့်အချစ်မြှားစူး”့ ၊ “ချစ်သူ့နယ်မြေ” ၊ “နှင်းပျောက်တဲ့နွေ” ၊ “ပိတောက်လမ်း” စတာတွေ အပြင် မြန်မာပြည်သိန်းတန်ရဲ့ “စုံတောမြိုင်” တို့၊ စန္ဒယား ချစ်ဆွေရဲ့ “သံသရာ ခရီးသည်” တို့၊ “တိမ်တမန်” တို့၊ “မလွမ်းသော မျက်ရည်” တို့ စတဲ့ သီချင်းလေးတွေဟာလည်း ကျွန်တော့်ရဲ့ ငယ်ဘ၀ကို လွှမ်းမိုးခဲ့ဖူးပါတယ်.

ကြီးပြင်းအရွယ်ရောက်လာတော့လည်း ကိုလေးဖြူ၊ ကိုဇော်ဝင်းထွဋ်၊ ကိုအဲလက်စ်၊ ........ ခုတော့လည်း ရန်ရန်ချမ်းတို့၊ ဂျေမီတို့ထိပေါ့....

ဘယ်လိုပဲဖြစ်ဖြစ်. ကျွန်တော်အကြိုက်နှစ်သက်ဆုံးကတော့ မြန်မာသံစဉ်ဆိုတာကို ၀န်ခံရဲပါတယ်. တစ်ခါတစ်လေ အပြင်မှာ မိုးတွေ ရွာနေရင် ရဲလေးရဲ့ “မိုး” သီချင်းကို နားထောင်ရတာထက် စန္ဒရားချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းလေးကို နားထောင်လိုက်ရတာ ပိုပြီးတော့ ခံစားချက်တွေ ရုပ်လုံးကြွလာစေပါတယ်.

နောက်မှပဲ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေကို mp3 format ပြောင်းပေးပြီး တင်ပေးပါဦးမယ်. အခုတော့ မြန်မာပြည်သိန်းတန်ရဲ့ “မေ့ဘူးသက်လယ်” သီချင်းလေးကို နားဆင်ပြီး တနလာင်္နေ့လေးကို ကြိုဆိုလိုက်ကြတာပေါ့ဗျာ.

ကျွန်တော့်ကို လွမ်းအားပိုသွားစေတာကတော့ နံနက်ခင်း နေခြည်အောက်မှာ သံဃာတော်တွေ ဦးပိန်တံတားပေါ်က ဖြတ်လျှောက်ပြီး ကြွသွားတဲ့ အခန်းလေးပါပဲ....

မန္တလေးကို လွမ်းတယ်........
ဦးပိန်တံတားကိုလည်း လွမ်းတယ်....
ရွှေကြက်ယက်ဘုရားကိုလည်း လွမ်းတယ်....
စစ်ကိုင်းတံတားကြီးကိုလည်း လွမ်းတယ်....
မြွေကြီးနှစ်ကောင်ကိုလည်း လွမ်းတယ်.......
ဈေးချိုကိုလွမ်းတယ်.
ညဈေးတန်းကိုလွမ်းတယ်.
ဂျီတီအိုင်ရှေ့က ကောက်ညှင်းပေါင်းနဲ့ အကြော်စုံဆိုင်ကိုလွမ်းတယ်.
ရွှေနန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးကိုလွမ်းတယ်.
မိန်းနားက Unison လက်ဖက်ရည်ဆိုင်ကိုလည်းလွမ်းတယ်.
လွမ်းတယ် အဝေးက ရွှေပြည်မြန်မာရယ်.......

အားးးးးးးးးးးးးးးးးးးး

မနက်ဖြန် တနင်္လာ...

ဘ၀ဆိုတာ ဒီလိုပဲလားကွယ်.......

မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်.....

စကားမစပ်. မြန်မာသံစဉ်တွေကြိုက်လို့ ကျွန်တော့်အသက်ကို ဘိုးအေကြီးလို့ မထင်လိုက်နဲ့ဦးနော်. ငယ်ငယ်လေးပဲ ရှိသေးတယ်. (ကျွန်တော့်တူလေးကို ပြောတာပါဗျာ. ဟတ်ဟတ်ဟတ်)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ချစ်ခင်လေးစားလျက်

ရန်အောင်




Monday, May 12, 2008

အသက်ရှည်ကျန်းမာဖို့ လှူကြစို့...













အို… ကံသာအမိ ကံသာအဖ
ကံသာပဲ အစိုးရ
မိုးကသည်းထန် လေမိုးမာန်ပြင်း
ချဉ်းနင်းတိုက်ပွေ
တို့အသည်းတွေ နေစရာမရှိ ကြွေပါဘိလေ…



အမိဧရာမြေ မချိဝေဒနာပွေ
သားလေလင်ဆုံး အမျိုးသုဉ်းလို့ အတိပြာဝေ
တတွေတွေ ဖြေမပြေ အမေ့မျက်ရည်….



လှိုင်းကြီးမိုးထန် သောင်းလုံးယံသော်
စံပျော်လိပ်ပြာ ၀ဲတန်မှာလျှင်
ကြင်သူနဲ့ဝေး ဝေး အဝေးပေါ့ရှင်



အို အချင်းမိတ်ဆွေ… အို သွေးချင်းတို့ရေ
ကြားရက်သေးရဲ့လား မြင်ရက်သေးရဲ့လားလေ…
အမိမြန်မာပြည် အသက်အသက်တွေ ညက်ညက်ချေ
သဘာဝဘေးဒဏ် ခါးစည်းခံကာကြေ





ကျန်နေသူ တို့မျိုးတို့ဆွေ
အသက်ရှည် ကျန်းမာဖို့ လိုပေ
ပေးဝေလှူဒါန်း ဆွမ်းဆန် ဆေးငွေ ပြည့်စုံပါစေ
တစ်ကမ္ဘာလုံးဟာ အမျိုးတွေ ဗုဒ္ဓဟောပါသလေ



ကူညီမယ်မဟုတ်လား မိတ်ဆွေ သူတော်ကောင်းတို့ရေ
ပေါင်းစုတက်လှမ်း နိဗ္ဗာန်မြန်းနိုင်အောင်ခေါ်နေ….







Acknowledgement:

ဓာတ်ပုံတွေကို ခါတော်မီ ၀က်ဘ်ဆိုက်မှ တဆင့် ကူးယူဖော်ပြပါတယ်.

သီချင်းကို သာသနာ့ဥသျှောင် ဘလော့ဂ် မှ တဆင့်ရယူဖော်ပြပါတယ်.

ဒေါင်းလုပ်လုပ်ပြီး ပြန်လည်မျှဝေပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ် ခင်ဗျာ...

ဒီမှာ ဒေါင်းလုပ်လုပ်ပါ.

မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ ဆိုတဲ့ Pamphlet လေးနှစ်ခုကတော့ ဒီဇိုင်နာ ကိုမျိုးရဲ့ လက်ရာကို ကိုမျိုးချစ်မြန်မာက အီးမေးလ်မှတဆင့် ပေးပို့ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ...

ပေးပို့လှူဒါန်းလိုသူများအတွက် သာသနာ့ဥသျှောင်အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ သာသနာ့ဥသျှောင် ဘလော့ဂ်မှာ တင်ထားတဲ့ PayPal Donation Button လေးမှတဆင့်ဖြစ်စေ ပေးပို့လှူဒါန်းနိုင်ပါတယ်.









မြန်မာ့သာသနာ နှင့် သံဃာတိုႚ အတွက် ကုသိုလ်ပၝ၀င်နိုင်ပၝပြီ



မုန်တိုင်းဘေးဒဏ်ကြောင့် ဆုံးရှုံးပျက်စီးကြရသော မြန်မာပြည်သူပြည်သားများအတွက် ဘယ်လိုမှ ဖော်မပြနိုင်အောင် ၀မ်းနည်းပူဆွေးမိပါတယ်. ကျွန်တော်တို့ ၀ိုင်းဝန်းပံ့ပိုးကူညီသွားဖို့ လိုအပ်ပါတယ်. ဒီကိစ္စဟာ တစ်လတစ်နှစ်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး. ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာတွေအတွက် (အစာရေစာရှားပါးခြင်း၊ ကူးစက်ရောဂါများပြန့်ပွားခြင်း စသည်) လည်း ကျွန်တော်တို့ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာဖို့လိုပါတယ်. ဒေါသထွက်နေရုံ၊ ခံပြင်းနေရုံ၊ မကျေမနပ်ဖြစ်နေရုံနဲ့ မပြီးပါဘူး. မှောင်လှချည်လားလို့ ငြီးတွားအပြစ်တင်နေမယ့်အစား ကျွန်တော်တို့ရဲ့ လက်ထဲက ဖယောင်းတိုင်လေးတစ်တိုင်စီလောက်ကို ထွန်းညှိလိုက်ကြရအောင်....

လေးစားစွာဖြင့်

ရန်အောင်


Sunday, April 20, 2008

ငါ့နေရာမှာ...



ဖြတ်ကျော်လို့မရတဲ့
စည်းမျဉ်းဘောင်တွေနောက်မှာ
ငါ့အတ္တဟာ
ပျောက်ဆုံးနေခဲ့တယ်…

ဖြတ်ကျော်ဖို့မသင့်တဲ့
စည်းမျဉ်းတွေကို ဖြတ်ခဲ့ပြီးနောက်တော့လည်း
ငါ့အတ္တနဲ့ ငါဝေးကွာ
သေချာရေရာတဲ့ ငါ့ဘ၀ကို
ငါပြန်လည်မတွေ့ရှိသေးဘူးလေ…

ဘယ်လောက်ထိများ ငါစောင့်ရမလဲ
ငါ့အတ္တကို ပြန်တွေ့ဖို့အတွက်…
ဘယ်လောက်ထိများ ငါပေးဆပ်ရမလဲ
ငါ့အတ္တ ပြန်လည်ထွန်းပလာဖို့အတွက်…
ဘယ်လောက်ထိများ စောင့်ရမလဲ..
ဘယ်လောက်ထိများ ငါစောင့်ရမလဲ…

နွမ်းနယ်မှုတွေနှင့်အတူ…
အဆင်သင့်မဖြစ်သေးတဲ့ ငါ့ဘ၀အတွက်
ငါစိုးရိမ်မိတယ်..
ငါကြောက်မိတယ်…
ဒါပေမယ့် ငါ့အတ္တကို ငါစောင့်နေဆဲပဲလေ…

သွားချင်သွားပါ
ဒီနေရာမှာ ငါ့ကိုတစ်ယောက်တည်း ထားရစ်ခဲ့.
ဒါပေမယ့် ငါကတော့ မင်းကို စောင့်နေဆဲပါ..

ဘယ်လောက်ထိများ ငါစောင့်ရမလဲ
ငါ့အတ္တကို ပြန်တွေ့ဖို့အတွက်…
ဘယ်လောက်ထိများ ငါပေးဆပ်ရမလဲ
ငါ့အတ္တ ပြန်လည်ထွန်းပလာဖို့အတွက်…
ဘယ်လောက်ထိများ စောင့်ရမလဲ..
ဘယ်လောက်ထိများ ငါစောင့်ရမလဲ…



In My Place, in my place

Were lines that I couldn't change
I was lost, oh yeah

I was lost, I was lost
Crossed lines I shouldn't have crossed
I was lost, oh yeah

Yeah, how long must you wait for him?
Yeah, how long must you pay for him?
Yeah, how long must you wait for him?

I was scared, I was scared
Tired and underprepared
But I wait for you

If you go, if you go
Leaving me here on my own
Well I wait for you

Yeah, how long must you wait for him?
Yeah, how long must you pay for him?
Yeah, how long must you wait for him?

Please, please, please
Come on and sing to me
To me, me



Come on and sing it out, out, out
Come on and sing it now, now, now
Come on and sing it

In my place, in my place
Were lines that I couldn't change
I was lost, oh yeah
Oh yeah

Sunday, March 09, 2008

အားဆေးတစ်ခွက်



ကဲ ငိုမနေနဲ့တော့
အရေးမကြီးသလို ထားလိုက်

အခက်အခဲတွေ မေ့လိုက်
ကြာလာရင် ရူးမယ် မတွေးနဲ့



Vocalist: ဟန်ထွန်း
Song: ရှိနေမယ်

အို ပျော်ရွှင်ခြင်းများ တကယ် နီးနီးလေး ရှိလျက်နဲ့
ဝင်လာမယ် ၀မ်းနည်းမှုတွေ မျှော်မနေလည်း ကြုံမယ်

ဒီလိုပဲပေါ့ အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား

ကဲ ငိုမနေနဲ့တော့ အရေးမကြီးသလို ထားလိုက်
အခက်အခဲတွေ မေ့လိုက်ကြာလာရင် ရူးမယ် မတွေးနဲ့

အရှုံ့းတွေကို သတိရ နေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့ အနားမှာ
ငါမင်းရဲ့ အနားမှာ အတူတူ ရှိနေမှာ
ငါမင်းလေးရဲ့အနား အတူတူရှိချင်တာ

လူဟာ လိုအပ်ခြင်းနဲ့ အမြဲတမ်း ရှိနေမယ်
ကိုယ်သဘောတစ်ခုတည်းနဲ့ ညီချင်လည်း ညီမယ်

ဒီလိုပဲပေါ့ အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား
အရှုံးတွေကို သတိရ နေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့ အနားမှာ
ငါမင်းရဲ့ အနားမှာ အတူတူ ရှိနေမှာ
ငါမင်းလေးရဲ့အနား အတူတူရှိချင်တာ

Special Credits goes to Winkabar for this song and lyrics.

Playtagger နဲ့ သီချင်းတင်နည်း (အသေးစိတ် ရှင်းလင်းချက်)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

အရင်ဆုံး Playtagger လေးအကြောင်း ပိုရှင်းအောင် ဆွေးနွေးချင်ပါတယ်.

ကဲ. လိုရင်းကို တိုက်ရိုက်မသွားခင် ဘာကြောင့် ဒီလို Process လေးတွေ လုပ်ရတယ်ဆိုတာကို နောက်ပြန် ပြန်စဉ်းစားလိုက်ရအောင်လား..

သီချင်းတင်ချင်တယ်.

အိုကေ..

ဒါဆိုရင် အဲဒီ့သီချင်းကို ဘယ်မှာတင်မှာလဲ.

အင်တာနက်ပေါ်မှာ တင်မှာပေါ့. ဟုတ်တယ်ဟုတ်.

ဒါဆိုရင် စဉ်းစားကြည့်ရအောင်လား. ခင်ဗျားစက်ထဲမှာ ရှိနေတဲ့ သီချင်းတစ်ပုဒ်ကို တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အင်တာနက် သုံးသူတွေ နားဆင်နိုင်အောင် ခင်ဗျား တစ်ခုခုကို လုပ်ရတော့မယ်.

ဒီမှာ ဝေါဟာရအသစ်တစ်ခု ၀င်လာပြီ. ဖိုင်ဟိုစတင်း(File Hosting) တဲ့…

ဒါကို ခင်ဗျားနားလည်ဖို့ လိုအပ်လာပြီ.

သူက ဘာလုပ်တာလဲဆိုတော့ ခင်ဗျားတင်ချင်တဲ့ သီချင်းကို အင်တာနက်ပေါ်မှာ တင်နိုင်အောင် URL လင့်ခ်တစ်ခုထုတ်ပေးတာပေါ့ဗျာ. ပြောရရင်တော့ အငှားတည်းခိုခွင့်ပြုတာပေါ့. ဒါကြောင့်လည်း သူ့ကို Host လုပ်ပေးတယ်လို့ ခေါ်တာပေါ့.

ဒါဆိုရင် ပထမအဆင့် နားလည်သွားပြီဗျာ နော်.

အဲဒါကို အကျယ်ချဲ့ပြီး ထပ်ပြောရရင်တော့ သီချင်းမှတင်မဟုတ်ပါဘူး. အားလုံးအသုံးပြုနိုင်အောင် တစ်စုံတစ်ခုကို ဝေမျှတော့မယ် ဆိုတာနဲ့ ခင်ဗျားဟာ ဖိုင်ဟိုစတင်း ကိစ္စကို အနည်းနဲ့အများ ထိတွေ့ရတော့မှာ ဖြစ်ပါတယ်. ဖိုင်ဟိုစတင်း ဘယ်လိုလုပ်လဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ကျွန်တော် ဒီနေရာမှာ ဆွေးနွေးခဲ့ပြီးပါပြီ. လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ.

နောက်တစ်ဆင့် ဆက်ပြောမယ်.

URL Link ကတော့ ရလာပါပြီ. အဲဒါကို ဘယ်လိုတင်ပြရမလဲ.

ဒီနေရာမှာ HTML Coding လေးတစ်ခုကို နားလည်ဖို့ လိုအပ်လာပါပြီ. အများကြီးမလိုပါဘူးနော်. တကယ့်ကို နည်းနည်းလေးပါ. လင့်ခ်ချိတ်တဲ့ ကုဒ်ဒင်းလေးပါပဲ. Anchor Tag လို့ ခေါ်ပါတယ်.

<a href= "http://www.mmbloggershelpdesk.blogspot.com">Myanmar Bloggers Helpdesk</a>


ဒါဆိုရင် ကျွန်တော်တို့ဟာ Myanmar Blogger Helpdesk ဆိုတဲ့ site လေးကို လင့်ခ်လှမ်းချိတ်လိုက်တာပဲ ဖြစ်ပါတယ်.

အခု ကျွန်တော်တို့ သီချင်းတင်ဖို့ သီချင်းကို Host လုပ်ပြီးပြီ. လင့်ခ်လည်း ထုတ်ပြီးပြီ. တင်တော့မယ်ဆိုတော့ အပေါ်က ပြထားတဲ့ အတိုင်းလေး လင့်ခ်ချိတ်လိုက်ရင် ရပြီလား…

ကဲ. တင်လိုက်ပြီဗျာ.

<a href= “http://www.fileden.com/files/2007/9/23/1451933/Nay%20Chin%20Dar%20Minn%20Ah%20Narr.mp3”>နေချင်တာ မင်းအနားမှာ</a>

နှိပ်ကြည့်လိုက်ပါ. ဘာဖြစ်မလဲ..

ဘာမှမဖြစ်လာပါဘူး.

လုပ်ပုံလုပ်နည်းကလည်း မှန်ပါရဲ့နဲ့ ဘာလို့ ဒီ playtagger လေးက အလုပ်မလုပ်တာလဲ…

ရှင်းပါတယ်. ကျွန်တော်တို့ရဲ့ ဘလော့ဂ်တန်းပလိတ်ထဲမှာ Playtagger နဲ့ ပတ်သက်တဲ့ script လေး မထည့်ခဲ့လို့ပါ..

အဲဒါကို ဘယ်နေရာမှာ ထည့်ရမှာလဲ. အဲဒီ့ script လေးတွေက ဘာလဲ..

အိုကေ. ဟောဒီ့မှာဗျာ. လိုအပ်တဲ့ script လေးတွေ…

<script src='http://del.icio.us/js/playtagger' type='text/javascript'></script>

ဘယ်နေရာမှာ ထည့်ရမလဲဆိုတော့ အရင်ဆုံး ကိုယ့်ဘလော့ဂ်ရဲ့ တန်းပလိတ်ကို သွားပါ.

ပြီးရင်တော့ </head> ဆိုတာလေးကို တွေ့အောင်ရှာပါ. ရှာလို့တွေ့တာနဲ့ သူ့အပေါ် ကပ်လျက်မှာ ခုနက ပေးထားတဲ့ script လေးတွေကို ထည့်ပေးလိုက်ပါ. ဒါဆိုရင် ပြီးသွားပါပြီ…

ကဲ. ကျွန်တော်နောက်ပြန်တွေပဲ ပြန်ပြောပြီးသွားပြီနော်. အခုလောက်ဆိုရင် ကျွန်တော်တို့ playtagger နဲ့ သီချင်းတင်နိုင်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာကို ခြုံငုံသုံးသပ်မိပြီလို့ ယူဆပါတယ်.

(၁) Playtagger Script လေးကို ဘလော့ဂ်တန်းပလိတ်ရဲ့ </head> Tag မတိုင်ခင်လေးမှာ ထည့်ပေးရမယ်.

(၂) တင်ချင်တဲ့ သီချင်းကို host လုပ်ပြီး လင့်ခ်ထုတ်ယူရမယ်.

(၃) <a href= “your song URL”>my song</a> ဆိုတဲ့ ပုံစံလေးနဲ့ ကိုယ့်ရဲ့ ပို့စ်လေးထဲမှာ တင်ရမယ်.

ဒါဆိုရင် ပြီးပါပြီ.

နေချင်တာ မင်းအနားမှာ ဆိုတဲ့ သီချင်းလေးကို တင်ချင်တယ်. ဒီတော့ ကျွန်တော် Fileden.com မှာ သွားပြီး သီချင်းလေးကို Host လုပ်ပါတယ်. လင့်ခ်ထုတ်ယူလာခဲ့ပါတယ်.

အဲဒါကို ကျွန်တော့်ရဲ့ ဘလော့ဂ်လေးမှာ ဒီလိုလေးတင်လိုက်ပါတယ်.

<a href= “http://www.fileden.com/files/2007/9/23/1451933/Nay%20Chin%20Dar%20Minn%20Ah%20Narr.mp3”>နေချင်တာ မင်းအနားမှာ</a>

အဲလိုလုပ်လိုက်ရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်.

နေချင်တာ မင်းအနားမှာ

အားလုံးပဲ အဆင်ပြေ ချောမွေ့စွာ သီချင်းလေးများ မျှဝေခံစားနိုင်ကြပါစေခင်ဗျာ….

သံစဉ်လှိုင်း ဘလော့ဂ်လေးကိုလည်း လာရောက်အပန်းဖြေဖို့ နွေးထွေးစွာ ဖိတ်မန္တက ပြုပါတယ်.

ခင်မင်လေးစားလျက်

ရန်အောင်