Showing posts with label MBS. Show all posts
Showing posts with label MBS. Show all posts

Thursday, December 25, 2008

မြန်မာဘလော့ဂ် အကယ်ဒမီဆု ရွေးချယ်ခြင်း....

Myanmar Blog Academy Award 2008



မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ ကမကထ ပြုခြင်း ဖြစ်ကာ၊ ယခုပြိုင်ပွဲ၏ ဝဘ်ဆိုဒ်ပြင်ဆင်မှု နှင့် အခြားသော လိုအပ်သော နည်းပညာများကို T-7 မှ ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၀ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။


ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Wednesday, August 13, 2008

MBS ရဲ့ ရှေ့ပြေးခြေလှမ်းသစ်...

အားလုံးပဲ မင်္ဂလာပါဗျာ.

ကျွန်တော့်နက်ဒေါင်းနေလို့ အွန်လိုင်းလောကနဲ့ အဆက်ပြတ်သွားတာ နှစ်ရက်ကြီးများတောင် ရှိပါပေါ့လား.

ပြန်လည်းလာရော တယ်ရင်းတွေက လက်တို့ပါတယ်.

“ကိုရန်အောင်ကြီး. သိလားသိလား ဟိုမှာ ပွဲဆူကုန်ပြီတဲ့.”

“မောင်... အဲ. ကျန်သွားတယ်. မောင်လေးရန်အောင်. မမတို့ ဟိုဖက်မှာ ပျော်ဖို့သိပ်ကောင်းတယ်. လာခဲ့ပါလား” တဲ့..

“ကိုကြီး... သတိရတယ်. လာနော်” တဲ့..

အဲဒါနဲ့ပဲ. ကျွန်တော်လည်း အမောတကော အူယားဖားယားနဲ့ ပြေးသွားတာ. ဟိုလည်းရောက်ရော ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဖြစ်ကျန်ခဲ့ရော..

ကျွန်တော်လိုချင်တဲ့ ပျော်စရာကောင်းတဲ့ Network တစ်ခုကို ကိုညီလင်းဆက်ကြီးက ဖန်တီးပေးလိုက်ပြန်ပြီဗျာ.

http://myanmarbloggersociety.ning.com/
တဲ့ဗျ. ဒီမှာ တည်ထောင်ဖန်တီးပေးသူ http://nyilynnseck.blogspot.com/ကိုညီလင်းဆက်ရဲ့ မူရင်း မက်ဆေ့ခ်ျလေးကို ဖော်ပြလိုက်ပါတယ်.

MBS Website တစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတာ ၂၀၀၇ ကတည်းကပါ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ကြဘူး။ အခုတော့ ပထမခြေလှမ်းအဖြစ် Ning Network ကိုတည်ထောင်လိုက်ပါတယ်။ မြန်မာဘလော့ဂါတွေ အနေနဲ့ လူမှုပတ်ဝန်းကျင်မှာ အထောက်အကူ တစ်ခုခု ပြုနိုင်ဖို့ စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်က ဒီနတ်ဝေါ့လေးကို စတင်ပေးသူသာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်း ကူညီလှုပ်ရှားကြမှသာ ဒီ Society တစ်ခုက အရှည်တည်တံ့ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကျွမ်းကျင်သူ အတတ်ပညာရှင် အသီးသီးက ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်တွေကို မိမိတို့ ဘလော့မှာသာမက ဒီနေရာလေးမှာပါ စုစည်း ဖော်ပြပေးဖို့ အကူအညီ တောင်းခံပါတယ်။ ကိုယ်နဲ့ပတ်သတ် ဆက်နွယ်နေသူများကိုလည်း ဖိတ်ကြားပေးဖို့ ပြောကြားလိုပါတယ်။ ခဏတာ အတွင်းမှာ ကျွန်တော်တို့ မြန်မာဘလော့ဂါတွေ အားလုံး စုစည်းမိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ကဲ. အားလုံးပဲ ပျော်ပျော်ပါးပါး သွားပြီး မိတ်ဖွဲ့လည်ပတ်လို့ ပညာတွေ၊ အတွေ့အကြုံတွေ ဖလှယ်ကြတာပေါ့ဗျာ.

ကျွန်တော့်ကို မမြင်ဖူးသေးသူများအတွက် ဓာတ်ပုံတင်ထားပါတယ်. ဒီမှာပါ.


View my page on Myanmar Blogger Society



ဗြုန်းခနဲကြည့်လိုက်ရင် ကိုးရီးယားမင်းသားလိုလို ဘာလိုလိုနဲ့ပေါ့ဗျာ. မသိရင် အင်တာနက်ပေါ်က ကိုးရီးယားမင်းသားပုံကို ဒေါင်းလုပ်ချပြီး တင်ထားသလားအောက်မေ့ရတယ်.

ဘယ်ဟုတ်မလဲ.

ဟတ်ဟတ်ဟတ်.

ကဲဗျာ. ဩဂုတ် (၃၁) ဆိုရင် ဘလော့ဂ်ဒေး ရောက်တော့မယ်. ဒီအစီအစဉ်လေးက တကွဲတပြားဖြစ်နေတဲ့ မြန်မာဘလော့ဂါတွေကို ပြန်လည်စုစည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်မိပါတယ်.

စကားမစပ်.

Female Blogger ကို တည်ထောင်သူကြီး ပျင်းနေမှာစိုးလို့ ကျွန်တော်ပါ အဖွဲ့ဝင်ပေးထားတယ်ဗျာ. ဟတ်ဟတ်ဟတ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ..

ခင်မင်လေးစားလျက်

ရန်အောင်