Showing posts with label BlogBook. Show all posts
Showing posts with label BlogBook. Show all posts

Tuesday, September 11, 2012

ရင်နှင့်ပျိုးသော သစ်ပင်ငယ် (သို့မဟုတ်) .....



Monday, January 05, 2009

ဟိုတွေးဒီတွေး....

လျှပ်တစ်ပြက်ဂျာနယ်ရဲ့ အွန်လိုင်းဗားရှင်းကို လိုက်ဖတ်ကြည့်နေရင်းက ဒီသတင်းတစ်ပုဒ်လေးကို ဖတ်မိတော့ ဘာရယ်မဟုတ်ဘူး. ကျွန်တော့်ရှေ့က Screen ကြီးကို အကြာကြီးစိုက်ကြည့်နေဖြစ်ခဲ့တယ်. ၂၀၀၉ တောင် ရောက်ခဲ့ပြီပဲ....

မြန်မာဘလော့ဂ်ဂါများ စုစည်းထားတဲ့ 'အနာဂတ်လှိုင်း၏ ဆုံမှတ်များ' စာအုပ်တစ်အုပ် ထွက်ရန် မနှစ်ကတည်းက စီစဉ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စာအုပ်ထဲမှာ မြန်မာဘလော့ဂါတွေ ရေးသားထားကြတဲ့ ...

သုတ၊ ရသ၊ ကဗျာ၊ ခရီးသွားဆောင်းပါး၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်းပါး၊ လေ့လာဆန်းစစ်ချက် တွေ၊ ခံစားချက်ဝတ္ထုတိုအစရှိတဲ့ စာပေတွေကို ကလောင်ရှင်အသစ်တွေရဲ့ လက်စွမ်းပြမှုနဲ့ အင်တာ နက်ပေါ်မှာ တွေ့ရှိနေပါတယ်။ အင်တာနက် ဘလော့ဂ်တွေပေါ်မှာ မြန်မာစာသားနဲ့ လွယ်လင့်တကူ ရိုက်တင်ပြီး အချင်းချင်းလျင်လျင်မြန်မြန် အချက်အလက်တွေကို လွင့်တင်ပေးနိုင်တဲ့ ကွန်ယက်ကြီးလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစွမ်းဆောင်နေကြတဲ့ မြန်မာဘလော့ဂ်ဂါတွေ စုစည်းတင်ပြမယ့် စာအုပ်ကို စိတ်ဝင်စားကြသူတွေ အတွက် G-Talk မှာမြန်မာလိုရေးလို့ရအောင် ကနဦးတီထွင်ဖန်တီးပေးထားတဲ့ Alpha Computer မှ ကိုရဲမြတ်သူကို လျှပ်တစ်ပြက်သတင်းဂျာနယ်က တွေ့ဆုံမေး မြန်းခဲ့ရာ-

ဒီစာအုပ်ကို ဘယ်လိုစီစဉ်ဖြစ်ခဲ့တာလဲ

၂ဝဝ၇ စက်တင်ဘာ မတိုင်ခင် ကတည်းကစီစဉ်တာ။ကျွန်တော်တို့ Alpha ဒီစာကိုထုတ်မှာ မဟုတ် ဘူး။ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးတာနဲ့ Promotion လုပ်ပေးရုံ သက်သက်ပါ။ ကျွန်တော်တို့ အပြင် Imforithm-maze က ကိုသောင်းစုငြိမ်းတို့အဖွဲ့လည်းပါတယ်။ ဒီစာအုပ် ပြန်ထုတ်မယ့် အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်သွားတာ။

ဒီစာအုပ်ကို ဘယ်လိုစုစည်းဖြစ်ခဲ့တာလဲ။

ပြောရမယ်ဆိုရင်အရှည်ကြီးဗျ။ အဓိကကတော့ ဘလော့ဂ်ဆိုတာ မီဒီယာပုံစံအသစ်လေ။သူက one to one လည်းမဟုတ်ဘူး။ one to many လဲမဟုတ်ဘူး။ many to many ဗျ။ တစ်ဖွဲ့က လုပ်ရင်း နောက်တစ်ဖွဲ့နဲ့ ပေါင်းဖြစ်။ အဲဒီကနေနောက်အဖွဲ့တွေအဖွဲ့တွေနဲ့လုပ်ကြတာ။

သုံးထားတဲ့ စာမူတိုင်းဟာ စာမူရှင်က လိုလိုလားလားခွင့်ပြုထားတာ တွေလား။


ဒါတွေက သူတို့အချင်းချင်း စီစဉ်ကြတာ။ အရွေးမခံရတဲ့သူတွေကတောင် စိတ်မကောင်းဖြစ်ကြ သေးတယ်။

နိုင်ငံရေးနဲ့ပါတ်သက်တာတွေမပါတော့ နဂိုကတည်းက ပြည်တွင်းမှာ ပုံနှိပ်ဖြန့်ချီဖို့ ရည်ရွယ်ပြီး စုစည်းခဲ့တာလား။

ဟုတ်တယ်၊ပြီးတော့ စာပေစိစစ်ရေးက တရားဝင်ခွင့်ပြုပြီး ပြည်ပကိုပါ ဖြန့်ဖို့စီစဉ်ထားတာ။ ပြည်ပကသူတို့ Blogger တွေ အချင်းချင်းဝယ်လိုအား အုပ်ရေ(၁ဝဝဝ)ကျော် အနည်းဆုံးရှိတယ်။

ဒီစာအုပ်က ဘလော့ဂ်ဂါတွေ အားလုံးမြန်မာပြည်ကလူတွေချည်းပဲလား။

မြန်မာတွေချည်းပဲ။ ကမ္ဘာအရပ်ရပ်ကပါ။

Alpha က ဦးဆောင်ပြီးစုစည်းခဲ့တာလား။ စုစည်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို သိပါရစေ။

မဟုတ်ဘူး။ သူတို့အချင်းချင်းလုပ်ကြတာ။ မြန်မာ Content တွေများ လာအောင်လုပ်တဲ့ အလုပ် တွေမို့လို့အားပေးတာပဲရှိတယ်။ Blogger တွေ အချင်းချင်းဦးဆောင်ကြတာပါ။ မန္တလေးဖက်ကဆိုရင် ဇော်မိုးအောင်၊ မောင်လှ၊ရန်ကုန်ဘက်ကညီလင်းဆက်၊ဘာညာ၊ဗလာဂေါက်၊မျက်လုံးတို့ပါကြတယ်။

အခုလိုစုစည်းဖြစ်ဖို့ ဘယ်သူ့စိတ်ကူးလဲ။ဘယ်သူကစပြီး initiate လုပ်တာလဲ။

Blog တွေပေါ်မှာ သူတို့ရေးတဲ့ဟာတွေက နဂိုကတည်းကရှိနေပြီးသား။ တခြား အသက်မွေးဝမ်း ကြောင်းနဲ့ သူ့အလုပ်သူ လုပ်နေကြတဲ့သူတွေ။ သူတို့ ရေးထားတဲ့စာတွေက Taste အသစ်တွေကို ရတယ်။ စာပေလိုင်းထဲကမဟုတ်တဲ့ ဒီပြင့် Field ထဲကလူတစ်ယောက်ရေးထားတဲ့အရသာ၊ Concept ကို ရစေချင်တယ်။

ဒီစာအုပ် ဘယ်တော့ထုတ်ဖြစ်မလဲ။

အခုလောလောဆယ်မှာ ဘယ်သူဦးဆောင်မှန်းမသိတော့ဘူး။ စာအုပ်ကတော့ အဆင်သင့်ရှိနေပြီးသား။

သံလျက်

မူရင်းပို့စ်က ဒီမှာပါ.



Tuesday, June 19, 2007

ပညာဝေငှ ကုသိုလ်ရ…


မြန်မာဘလော့ဂ်စာအုပ်အတွက် category တွေ ခွဲထုတ်တဲ့အခါမှာ ပညာရေး နဲ့ပတ်သက်တဲ့ ပို့စ်လေးတွေ နည်းနေသေးတာ တွေ့ရပါတယ်. ဒါကြောင့် အဲဒီ့ပညာရေးပို့စ်လေးတွေကို ရေးသားချင်သူ မည်သူကိုမဆို လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေမှာ ကျောင်းသွားတက်ချင်ရင် ဘယ်လိုပြင်ဆင်ရတယ်၊ ဘာတွေဖြေရတယ်၊ ဘယ်လိုတွေ လျှောက်ရတယ် စသည်ဖြင့် မိမိတို့ နိုင်နင်းရာ အပိုင်းကို မြန်မာပြည်တွင်းမှာ တက်လမ်းကြိုးစားရှာဖွေနေတဲ့ လူငယ်များအတွက် မျှဝေ ရေးသားပေးစေချင်ပါတယ်.

အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်နည်းနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို ရေးပြီးသားပို့စ်တစ်ချို့ ကျွန်တော့်မှာ ရှိပါတယ်. ဒါကို ပြန်ပြီး တည်းဖြတ်ပြင်ဆင်ပါမယ်. တစ်ခြားရေးသားပေးပို့ချင်သူများကိုလည်း ကြိုဆိုပါတယ်ခင်ဗျာ. ဒါကြောင့်လည်း ဒီပို့စ်လေးကို ရေးပြီး တိုက်တွန်း နှိုးဆော်လိုက်ရတာပါ.

ရေးသားပေးပို့လာတဲ့ စာမူများထဲမှ သင့်တော်ရာစာမူများကို အချိုးကျ ရွေးချယ် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်.

အားလုံးကို လေးစားကျေးဇူးတင်ပါတယ်…

aungyan@gmail.com

Saturday, June 16, 2007

မြန်မာဘလော့ဂ် စာအုပ်ဒီဇိုင်း - ၂


စာအုပ်ဒီဇိုင်းအတွက် ကိုဖိုးချမ်းကိုဖြိုး နဲ့ ကိုမောင်ပွတ် တို့ရေးဆွဲပေးထားတဲ့ အရှေ့နဲ့အနောက် မျက်နှာဖုံးဒီဇိုင်းလေးတွေပါ. အကြံဥာဏ်လေးတွေ ပေးကြပါဦးခင်ဗျာ. ညီအစ်ကို မောင်နှမတို့ရဲ့ အကြံပြုချက်လေးတွေကို စာအုပ်ဒီဇိုင်းကို နောက်ဆုံးရွေးချယ် တဲ့အခါမှာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်. မြန်မာဘလော့ဂါဖိုရမ်မှာလည်း ၀င်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေ.

ဖိုရမ်လိပ်စာအသစ် ပါ. ပြန်ပြီး update လုပ်လိုက်ကြပါဦးခင်ဗျာ. ခုအသစ် လုပ်ထားတဲ့ ဖိုရမ်မှာ မြန်မာလို ခေါင်းစဉ်ပေးလို့ ရနေပါပြီဆိုတာကိုလည်း သတင်းကောင်းပေးလိုက်ပါတယ် ခင်ဗျာ….




ကိုဖြိုး




ကိုချမ်းမြစိုး




ကိုချမ်းမြစိုး




Mr. Pooh (သို့) ကိုမောင်ပွတ်

Tuesday, June 12, 2007

Alpha Mandalay မှ ဦးရဲမြတ်သူ၏ အိတ်ဖွင့်ပေးစာ…


ညနေအိမ်အပြန် ဒီစာကို ဖတ်လိုက်ရချင်းချင်းပဲ Alpha InfoTech က မန်နေဂျင်းဒါရိုက်တာ ဦးရဲမြတ်သူကို ယခင်ကထက်ပိုပြီးလေးစားသွားခဲ့ပါတယ်. ဒါဟာတကယ်တော့ မြန်မာဘလော့ဂါများအတွက်လည်း သတင်းကောင်းတစ်ခု ပါပဲ. ခုလိုမျိုး လူငယ်တွေကို လက်တွဲခေါ်ပေးတာကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ. ကျွန်တော်တို့ရဲ့ ဘလော့ဂ်စာအုပ် ကိစ္စမှာလည်း လိုအပ်တာလေးတွေ ထပ်မံ အကြံပြုပေးစေလိုပါတယ်ခင်ဗျာ. ဦးရဲမြတ်သူရဲ့ Email ကို သတင်းကောင်းတစ်ခု အနေနဲ့ ကျွန်တော့်ရဲ့ ဘလော့ဂ်ပေါ်မှာ တင်လိုက်တာကိုလည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ.

ဦးရဲမြတ်သူထံမှ အိတ်ဖွင့်ပေးစာ…

ဇော်ဂျီဖောင့်ဟာ Mandalay alpha တဦးတည်းအပိုင်မဟုတ်တဲ့အပြင် လိုင်စင်လုပ်ခွင့်ရှိတဲ့ product မဟုတ်ပါ။ ဖြစ်ပေါ်လာရတဲ့ ရည်ရွယ်ချက်ဟာ တချိန်က ကျွန်တော်တို့ လဲ အခု blogger များစိုးရိမ်သလို စိုးရိမ်ပြီး ပညာရှင်များ အကူညီရှင်များကို စုစည်းဆောင်ရွက်ခဲ့ တာကြောင့် alpha လုပ်ချင်ရာလုပ်မရပါ။ ဘယ်တော့မှလဲ Commercial မဖြစ်နိုင်ပါ။ alpha ရဲ့ ရည်ရွယ်ချက်ဟာ အသုံးများစေဖို့ ပါ။ internet ပေါ်မှာ မြန်မာ Content တွေများစေဖို့  Planet, …စတဲ့ ဆရာကြီးတွေ သုံးလာကြလို့ အဆင်ပြေခဲ့တာပါ။

မြန်မာစာစနစ်တွေ အခြေမငြိမ်မှုဟာ digitalization မှာမြန်မာပါရခက်အောင် လုပ်နေတာမို့ စနစ်အစစ်ဖြစ်လာခဲ့ရင်လည်း အလွယ်ပြောင်းနိုင်အောင် မဖြစ်သေးရင်လဲ အလုပ်ဖြစ်ကြအောင် တစ်မျိုးစီ အစွမ်းထက်တဲ့ IT ပညာရှင် နဲ့ ဒီဇိုင်းပညာရှင် ၅ဦးကို ညှိနှိုင်း တောင်းပန်စုစည်းခဲ့ပြီး သူတို့ကနားလည်စွာ အကူအညီပေးရာကဖြစ်လာတာကြောင့် ကျွန်တော်တို့  အပိုင် ဘယ်သောအခါမှ လုပ်မရပါ။ ကျွန်တော်တို့ ကြိုးစားနေတာ သုံးစွဲသူတိုးလာဖို့ သက်သက်ပါ။

ဖောင့်အပြင် ရိုက်တဲ့စနစ်အဆင်ပြေမယ့်စနစ်တွေ death key လို တီထွင်မှု့တွေ Wininnwa နဲ့ ပြောင်းနိုင်တဲ့  converter တွေ EOT လုပ်ပုံတွေ အပြင် အသုံးပြုသူများ file, folder တွေမှာသုံးဖို့  system font ဖြစ်ဖို့ နဲ့  auto clear type ပြောင်းစေတာတွေကိုပါ တီထွင် ပံ့ပိုးပေးတဲ့ အပြင် ICT ပွဲမှာ screen movie တွေနဲ့ document စုံစွာအပြင် converter ကိုပါ CD နဲ့ စာအုပ်လေးရိုက်ခသာယူပြီး ဖြန့် ဝေခဲ့ပါတယ် CD ကိုလဲ ကူးယူဖြန်ဝေနိုင်တယ်လို့ဆိုပြီး ဖြန့် ပါတယ် download လုပ်ရင် အလကားရတဲ့ဟာလို့ လည်းပြောရောင်းပါတယ်။

• Mandalay alpha ဆိုက်မှာဖြုတ်ထားတာက မထင်မှတ်ဘဲ ဖြစ်သွားတာဖြစ်ပါတယ်။ hot link ယူထားသူတွေ မပြုတ်သွားပါဘူး အသစ်ရေးတဲ့  CMS system က အလုပ်မလုပ်လို့  ယာယီအမြန်တင်တဲ့ ထဲမှာ မပါသွားတာပါဘဲ ။ File ကတော့ နဂိုနေရာမှာ ၇ှိနေဆဲပါ။ နောက်တစ်ခုက zawgyi ရဲ့ official site www.zawgyi.net ကို ပိုအားကိုးလာစေတဲ့သဘောနဲ့ အားထည့်နည်းသွားရတာ ကျွန်တော်တို့အပြစ်ပါ။

• ရည်ရွယ်ထားတာကဇော်ဂျီ ဆိုက်ကနေ ဇော်ဂျီကို ၀ိုင်းဝန်းဖြည့်ဆည်း ပေးသူတွေကို ချိတ်ဆက်ဖေါ်ပြပေးဖို့  ( ဥပမာ vista ပေါ် MAC ပေါ်ရအောင် လုပ်ပေးသူတွေ converter ရေးသူတွေ EOT အတွက် blowser မျိုးစုံအတွက် CSS များ setting များ code များ တင်ပြပေးသူတွေ သာမက keymap များ browser ပေါ်တွင်သုံးနိုင်ရန် gmail lite, google search စသည်တို့ကို သုံးနိုင်ရန် ကြိုးစားထားသူများ ) အဓိကဆောင်ရွက်လိုပြီး WEB 2.0 ခေတ်ကြီးမှာ ဇော်ဂျီဆိုတာ အားလုံးဝိုင်းဝန်းပြုစု ပျိုးထောင် သုံးစွဲကြ၊ အခက်အခဲကို တိုင်ပင်ဖြေရှင်းကြ ဖြစ်စေလိုပါတယ်။ ထွက်သမျှဇော်ဂျီနဲ့ပတ်သက်တဲ့သတင်းတွေ ကိုဖေါ်ပြပေးချင်ပါတယ်။

• အဲဒီမှာ သီးခြားဇော်ဂျီ forum တွေ chart နဲ့  blog တွေပါ ဖြစ်လာစေချင်တဲ့အပြင် wiki လို ဟာမျိုး ကို မြန်မာစာ ဇော်ဂျီနဲ့ ဖြစ်ချင်ပါတယ်။ နောက်ပြီး font face အသစ်တွေ myanmar2 myanmar3 လိုအလုပ်မယ့် ဇော်ဂျီဖောင့်တွေနဲ့  mobile phone, palm, pocket PC စတာတွေအတွက် ဇော်ဂျီတွေကိုပါ အလကား သုံးနိုင်တဲ့အထိ ထွက်လာစေချင်ပါတယ်။

• ALPHA အနေနဲ့ ဘာကြောင့်ဒါတွေလုပ်ရသလဲဆိုတာကို တစ်ခုချင်းရှင်းလင်း တင်ပြရရင် မြန်မာယူနီကုတ်လမ်းစကို ၁၉၉၈ IBC မှာကျင်းပတဲ့ Multilanguage ကွန်ဖရင့်နဲ့ ၂၀၀၂မှာ singapore NUS မှာ တင်တဲ့ စာတန်းလေးကစပြီး ဖြစ်စေချင်လို့ တောင့်တခဲ့ပြီး ဖြစ်နိုင်ခြေ ရှိလာချိန်မှာ true type လို အများကြီးရှုပ်နေမှာကိုမလိုလားဘဲ တူညီတဲ့ သိမ်းမှုစနစ်အောက်မှာ ရှိစေချင်ပါတယ် အဲဒါမှ application တွေ ထုတ်လို့ဖြစ်မှာပါ။

• ကိုယ်သုံးတဲ့စနစ်နဲ့ အများစုသုံးစနစ်တူမှ ကိုယ့်product တွေ သဘောကျဖို့  အများကြိုက်မယ် အရာကို များများသုံးကြစေဖို့ လိုပါတယ် ဒါကြောင့် နှောင်ကြိုးမဲ့အောင် လွင့်ထုတ်ရတာပါ

• ပိဋကတ်၃ပုံလို data အများကြီးနဲ့  search, sort , analysys စတာတွေလုပ်ဖို့  နောက်ကျောလုံစေတဲ့ လူတိုင်းနဲ့ဆိုင်တဲ့ စနစ်လိုပါတယ် အဲဒီ အချက်ကြောင့်ဘဲ အခုဘလော့ဂါတွေစိုးရိမ်သလိုဘဲ စိုးရိမ်မိပြီး ပူးပေါင်း ထုတ်လုပ်ခဲ့ကြတာဖြစ် ပါတယ်

www.dhammasearch.net ရဲ့ future plan ဟာ internet ပေါ်ကမြန်မာစာလုံးတွေရှာဖို့ အဓိက search engine ဖြစ်လာစေဖို့ ရည်ရွယ်ချက်ရှိပါတယ် အဲဒီအချိန်မှာ internet ပေါ်မှာ မြန်မာ content တွေ အများကြီးရှိနေဖို့လိုပါတယ် ဒီအတွက် မြန်မာစာစနစ်အားလုံးပြီးတဲ့ထိ မစောင့်နိုင်သလို တစ်ယောက်တမျိုး ထင်ရာသုံးကြရင်လဲမဖြစ်ပါဘူး ဒါကြောင့်  အများသုံးရေးကို ကြိုးစားခဲ့တာဟာ win-win ဆိုတဲ့ နှစ်ဦးနှစ်ဘက်အကျိုးရှိမယ့် ပုံစံကိုဖန်တီးခဲ့တာဖြစ်လို့ အသုံးတန့်သွားစေမဲ့ ကွဲပြားခြားနား စေမဲ့  အလုပ်မျိုး မဖြစ်လိုပါဘူး ဒါဟာ zawgyi အတွက် alpha အားစိုက်ရတဲ့အဓိကလို့ ဆိုနိုင်ပါတယ် ဖြစ်နိုင်ရင် web အားလုံးတူညီစွာဝိုင်းသုံးစေချင်ပါတယ် ။

နောက် blog စာအုပ် အတွက် အကြံပေးရရင် zawgyi ဟာ web interface အတွက် အကောင်းဆုံးသုံးရအောင် ဖန်တီးထားတာကြောင့် စာလုံးအရွယ် ၉-၁၂ မှာအကောင်းဆုံးစီမံထားလို့  အခြား true type တွေလောက်ပုံနှိပ်လောကအတွက် အဆင်ပြေချင်မှပြေပါမယ် blog စာအုပ်အတွက် ဆိုရင် Converter နဲ့  ttf ပြောင်းသုံးပြီး layout လုပ်စေချင်ပါတယ် ကြိုက်ရာ design layout ထွက်နိုင်အောင်လို့ပါ လိုချင်တယ်ဆို စာအုပ်အတွက် converter program free ပို့ပေးပါမယ်။

ဘယ်လိုဥပဒေ ကို သုံးသုံး zawgyi လို ထွက်ထားတဲ့ စနစ်မျိုးကို Commercial လုပ်လို့  မရပါဘူး အရေးယူလို့ ရတဲ့စနစ်လဲမရှိပါဘူး ရခဲ့ရင်သော်မှ alpha ဟာ ဘယ်သူ့အတွက်မှ ဘာအကျိုးမှမရှိတဲ့ နှစ်ဦးနှစ်ဖက် ဒုက္ခရောက်မဲ့ အလုပ်မျိုးလုပ်ဖို့လောက်ထိ မမိုက်မဲပါဘူး ။ alpha အနေနဲ့ မန္တလေးမှာရှိတဲ့ blogger တွေနဲ့တွေဆုံပြီး zawgyi ကနေတရားဝင် blogger တွေကို တတ်နိုင်တဲ့အကူအညီပေးနိုင်ဖို့ (လိုမယ့် converter လို Program တွေပေးဖို့) ဖြစ်နိုင်ရင် zawgyi CMS မှာ ၀င်ပါကြဖို့  (ကိုယ့်ထဲမှာ ကိုယ်လုပ်တာလေး ကိုဘဲ လင့်လာချိတ်ပေးဖို့ နဲ့ နဲနဲလေးရှင်းပြဖို့ ) မေတ္တာရပ်ခံ စည်းရုံးမယ်လို့ စီစဉ်ထားပြီး blogger တိုးတက်များပြားလာဖို့  သင်တန်းတွေကို PAC တွေနဲ့  service+ ကို စုပေါင်းကူညီ ကြဖို့ အစီအမံတွေ လုပ်နေပါတယ်။ ဘာလုပ်ပေးပြီး အသုံးပြုသူတွေကို ကျေးဇူးဆပ်ရမလဲဆိုတာ တွေ့ပြီး ပြောကြဆိုကြရင်း အကြံရလာလိမ့်မယ်လို့  မျှော်လင့်ပါတယ်။

ye myat thu
Managing Director
alpha info tech Co., Ltd



Sunday, June 03, 2007

စာအုပ်ဒီဇိုင်းပထမအဆင့်



စာအုပ်ဒီဇိုင်းကို ကိုညီလင်းဆက် အစမ်းဆွဲပြထားတာလေးတွေပါ. မြန်မာဘလော့ဂါဖိုရမ်မှာ တင်ထားပါတယ်.

ကျွန်တော့်ဘလော့ဂ်မှာ အရင်တင်ပြီး လာဖတ်သူတွေရဲ့ ဆန္ဒလေးကို သိချင်လို့ပါ. ဘယ်ပုံလေးကို ပိုပြီးနှစ်သက်ပါသလဲ.


Sample 1



Sample 2



Sample 3




Friday, May 11, 2007

နာမည် ၄ ခု စကာတင်ထပ်ရွေးလိုက်ပါပြီ...



အားလုံးကို အသိပေးပါတယ်ခင်ဗျာ.

ပထမအဆင့်အနေနဲ့ နာမည်ကိုးခုအနက်က လူရွေးနည်းတဲ့ နာမည် ငါးခုကို စဖြုတ်ပါမယ် ကျန်ခဲ့တဲ့ နာမည်လေးခုထဲက သုံးခုကို ဆက်ရွေးပါမယ်.

အဲဒါတွေကတော့

၁. မြန်မာဘလော့ဂါရပ်ဝန်း (၂၉ မဲ)
၂. ဆုံမှတ်ထဲမှ ခံစားချက်များ (၆၂ မဲ)
၃. ဘလော့ဂ်မောင်မယ် စာပန်းခင်း (၃၄ မဲ)
၎. အနာဂတ်လှိုင်း၏ ဆုံမှတ်များ (၄၃ မဲ)

ဖြစ်ပါတယ်

ဒီစာရင်းတွေကတော့ ဒီပို့စ်ကိုတင်တဲ့ အချိန် မေလ ၁၀ ရက် ည ၁၁ နာရီ ၂၀ မိနစ်မှာ ရရှိတဲ့ နောက်ဆုံးရလာဒ်ပါ..

ကူညီမဲပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်. မေ ၁၅ မှာ အပြီးသတ်ရွေးပါမယ်. အကြံပြုလိုတဲ့ အချက်များ ရှိရင် ဒီပို့စ်အောက်မှာ ကော်မန့်ဝင်ရေး ပေးခဲ့စေလိုပါတယ်.

ဒီနေရာမှာ မဲပေးနိုင်ပါတယ်.

http://mmblogbook2.blogspot.com/


Sunday, April 29, 2007

စက်ရပ်သတင်း

ိ
စာမူဘလော့ဂ် မှာ မဲစပေးလို့ရပါပြီ. IP ရော၊ Cookies ကိုရောပါ Lock လုပ်ထားပါတယ်. အောင်မြင်ပါတယ်. အားပေးကူညီတဲ့သူတွေ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ် ခင်ဗျာ...

စာမူဘလော့ဂ်၊ သတင်းဘလော့ဂ်နဲ့ Tag Game ဘလော့ဂ် သုံးခုလုံးကို EOT လုပ်ပေးထားပါတယ်. အဆင်မပြေရင်လည်း ပြန်ပြောကြပါဦးလို့ မေတ္တာ ရပ်ခံပါတယ် ခင်ဗျာ...

Monday, April 23, 2007

စာအုပ်နာမည်ပထမအဆင့် ရွေးချယ်ခြင်း


စာအုပ်နာမည်ရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ မအိမ့်ချမ်းမြေ့ ရြဲ့ပန်တမ်းကို သတင်းဘလော့ဂ်မှာ တင်ထားပါတယ်. မဲကိစ္စကိုအမြန်ဆုံး ကူညီပေးစေလိုပါတယ် ညီအစ်ကိုတို့ရေ. ကျွန်တော် PollDaddy သုံးတာ စာလုံးဝမပေါ်ပါဘူး. တစ်ခြားဘာ Poll ကောင်းကောင်းလေးတွေ ရှိနိုင်မလဲဆိုတာ ကျေးဇူးပြု၍ ကူညီပေးကြပါဦး...

Sunday, April 22, 2007

မေတ္တာရပ်ခံချက်


Poll ကောင်းကောင်းလေးတစ်ခု အပူတပြင်းလိုအပ်နေပါတယ်. Polldaddy ကို ဇော်ဂျီဖောင့်ထည့်သွင်းတတ်သူများ ရှိရင်လည်း တဆိတ်လောက် ကူညီပေးစေလိုပါတယ်. တစ်ခြားကောင်းတဲ့ Poll Site များသိရင်လည်း ပြောပြစေလိုပါတယ်.

ကျွန်တော်တစ်ယောက်တည်း လိုက်ရှာနေတာ အချိန်မလုံလောက်မှုနဲ့ မပြည့်စုံမှုတွေ ရှိနေလို့ ခုလို အကူအညီတောင်းရတာပါ. မြန်မာဘလော့ဂ် စာအုပ်အတွက် နာမည်များကို မဲခွဲဆုံးဖြတ်နိုင်ဖို့အတွက် ဆိုတာ အားလုံးအသိပဲ ဖြစ်မှာပါ. အရင်သုံးနေတဲ့ BlogPolling က IP Lock လုပ်လို့ကို မရဘူး ဖြစ်နေပါတယ်. IP Lock လုပ်လို့ရတဲ့ Poll Site တွေကျတော့လည်း မြန်မာလို ရိုက်တာ မပေါ်တဲ့ ပြဿနာရယ်. Option အများကြီး လက်မခံနိုင်တဲ့ ပြဿနာတွေရယ် ရှိနေပါတယ်. ဘလော့ဂါ ညီအစ်ကိုမောင်နှမများကို အကူအညီတောင်းပါတယ် ခင်ဗျာ…

Comment ထဲမှာ ၀င်ရေးပေးခဲ့နိုင်ပါတယ်… aungyan@gmail.com ကိုလည်း Email ပို့နိုင်ပါတယ်ခင်ဗျာ...

လေးစားချစ်ခင်စွာဖြင့်

ရန်အောင်.

စာမူဖတ်ရန်စာရင်းခွဲဝေခြင်းနှင့် ဘလော့ဂ်လမ်းညွှန်


စာမူဖတ်ဖို့ခွဲဝေထားကြတဲ့ Listing ကို သတင်းဘလော့ဂ် မှာသော်လည်းကောင်း၊ ကိုစိုးဇေယျ ရဲ့ ဘလော့ဂ်မှာသော်လည်းကောင်း ဖတ်ရှုနိုင်ကြောင်းပါ…

ဘလော့ဂ်လမ်းညွှန်အတွက် ဘလော့ဂ်လိပ်စာအသစ်များကို ကူညီဖြည့်စွက် ပေးနေတဲ့ ကိုမျက်လုံး ရဲ့ ပို့စ်ကိုလည်း တစ်နေရာတည်းမှာ ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ….

Sunday, April 08, 2007

Fund ကောက်ခံရေးနှင့် Statistics တစ်ချို့


လက်ရှိ ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းကို ပြန်သုံးသပ်ကြည့်ထားတာပါ.

Fund Strategy Recap:

၁. စင်ကာပူ...
(ကိုဝေယံလင်း၊ ကိုဇင်ကိုလတ် တို့က အသီးသီး ကောက်ခံပြီး ရန်ကုန်ပြန်မယ့် လူကြုံတစ်ယောက်ယောက်နဲ့ ထည့်ပေးပါ.(သို့) ကိုကျော်ဇေယျ Account ထဲကို လွှဲပေးပါ)

၂. မလေးရှား...
(ကိုကျော်ဇေယျနဲ့ မသဉ္ဇာတို့က မလေးရှားမှာရှိတဲ့ ဘလော့ဂါတွေကို အရင်စည်းရုံးပြီး Fund ကောက်ခံပေးပါ.)

၃. Europe...
(Paypal Button နှိပ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ရန်ကုန်မှာရှိတဲ့ ကိုစိုးဇေယျဆီကို Individually ပဲဖြစ်ဖြစ် လွှဲပေးပါ)

၎. Myanmar...
(ကိုစိုးဇေယျ၊ ကိုစေတန်၊ ကိုနေဘုန်းလတ်၊ ကိုမျက်လုံး တို့အပြင် ကူညီနိုင်မယ့် အင်အားစုတွေကို စည်းရုံးပြီး Fund ကိုစတင်ကောက်ခံပေးပါ)

၅. ပိုကောင်းတဲ့ အကြံဥာဏ်များရှိရင် ဆွေးနွေးပေးကြပါ.

ပါဝင်မယ့် ဘလော့ဂါစာရင်းကို အတည်ပြုနိုင်ဖို့ အားလုံးကို Email ပို့ပါမယ်. Reply ပြန်ပေးပါ.
မကြာမီ ပို့ပါမယ်. လောလောဆယ်မှာ နိုင်ငံအလိုက် စာရင်းလုပ်နေလို့ပါ. နောက်ထပ် ပါဝင်ချင်သူများကိုလည်း ကြိုဆိုပါတယ်...

နောက်တစ်ခုက ပုံနှိပ်တိုက်တစ်ခုနဲ့ ဆက်သွယ်ပြီး ဈေးနှုန်းစာရင်း အကြမ်းဖျင်းသိရဖို့ မေးထားပါတယ်. ကိုစိုးဇေယျစုံစမ်းပေးမယ့် ဈေးနှုန်းကိုလည်း သိချင်ပါတယ်.

Fund ကောက်ခံရေးကိစ္စကို ဒီတစ်ပတ်နောက်ဆုံးထား ဆွေးနွေးပါမယ်. ပိုပြီးထိရောက်ကောင်းမွန်တဲ့ Idea လေးများရရင် ၀င်သာဆွေးနွေးပေးကြပါ. အားမနာပါနဲ့



Contributors Recap:

စင်ကာပူက ဘလော့ဂါများပါတယ်. ၁၀ ယောက်ကနေ ၁၅ ယောက်ထိ ရဖို့ Target ထားပါတယ်. မလေးရှားမှာ ကိုကျော်ဇေယျနဲ့ မသဉ္ဇာကိုပဲ သိထားပါသေးတယ်. မြန်မာပြည်က ပါဝင်မှာကို ၇ ယောက်ကနေ ၁၀ ယောက်ထိ မှန်းထားပါတယ်. Europe က ပါဝင်မယ့် ဘလော့ဂါ အရေအတွက်ကိုလည်း ၅ ယောက်ကနေ ၁၀ ယောက်ထိ မှန်းထားပါတယ်

အားလုံးပေါင်းလိုက်ရင်
Minimum Contributors ......... 10 + 2 + 7 + 5 = 24
Maximum Contributors ........ 15 + 2 + 10 + 10 = 37

အမာခံ ဘလော့ဂါများက ၇ ယောက်ရှိပါတယ်. ကိုစိုးဇေယျ၊ ကိုကျော်ဇေယျ၊ ကိုဝေယံလင်း၊ ကိုဇင်ကိုလတ်၊ ကိုနေဘုန်းလတ်၊ မအိမ်ချမ်းမြေ့၊ နဲ့ ရန်အောင် ပါ. အမာခံဆိုတာ စာအုပ်ကို မဖြစ်မနေထုတ်ဖို့ တာဝန်ယူထားတဲ့သူတွေပါ. လိုအပ်ရင် လိုသလောက် ပမာဏကို စိုက်ထုတ်ပေးသွားဖို့ ရည်မှန်းထားတဲ့ သူတွေပါ.

အမာခံထဲကို Join ချင်သူများကိုလည်း ဖိတ်ခေါ်ပါတယ်.



Manuscripts Recap:

အပေါ်က Statistics ကိုပြန်ကြည့်ပြီး ဘလော့ဂါတစ်ယောက်ကို စာမူ တစ်ပုဒ်နှုန်းနဲ့ တွက်ရင် စာမူ ၂၅ စောင်ကနေ ၄၀ အတွင်းမှာရှိပါမယ်. စာမူတစ်ပုဒ်ကို စာမျက်နှာ ၄ ရွက်ပေးကြည့်မယ်. စာရွက်အရေအတွက် ၁၀၀ ကနေ ၁၆၀ ရှိပါမယ်. ဒါဆိုရင် ကျွန်တော်တို့ စာရင်း အကြမ်းဖျင်း တွက်လို့ရပါပြီ.

တစ်ယောက်ကို USD 30 ထည့်ဝင်ဖို့ သတ်မှတ်ထားပါတယ်. Exchange Rate ကို ၁၂၀၀ ကျပ် သတ်မှတ်ပါမယ်.

25 * 30 = $ 750 ( 1200 Kyats * 750 = 900,000.... 9 သိန်းတိတိပါ)
37 * 30 = $ 1110 (1200 Kyats * 1110 = 1,332,000 .... 13 သိန်းနဲ့ 3 သောင်း နှစ်ထောင်ပါ.)

ဒါကိုကြည့်ပြီးတော့ Fund မထည့်တဲ့ ဘလော့ဂါတွေရဲ့ စာမူဘယ်နှစ်ပုဒ်လောက် ထည့်နိုင်မလဲဆိုတာ ကျွန်တော်တို့ တွက်ကြည့်လို့ ရပါပြီ...သိပ်များများတော့ ထည့်နိုင်မှာ မဟုတ်ပါဘူး. ဒါကို Board Committee က ဆုံးဖြတ်ပါမယ်. လောလောဆယ်မှာ အားလုံးကိုယ်စီကိုယ်ဌ ထည့်ဝင်ဖို့ တိုက်တွန်းပါတယ်.

ဟုတ်ကဲ့. ဂဏန်းပေါင်းစက်ကိုပဲ သုံးပါတယ်. တွက်တာတွေမှားရင် ကျွန်တော့်အပြစ်မဟုတ်ပါ. ဂဏန်းပေါင်းစက်ကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျာ...


lol


Thursday, April 05, 2007

Fund ကောက်ခံရာတွင် စဉ်းစားသင့်သော အချက်များ

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ...

PayPal Mode လေးကို ဘလော့ဂ်မှာ ထည့်ပြီး Fund ကောက်တာကို သဘောကျတယ်ဗျ အချိန်ကုန်သက်သာမယ် မြန်ဆန်မယ်. Account ကိုတော့ ကိုကျော်ဇေယျရဲ့ Account ကိုပဲ ယူသုံးမယ်လေ. အရင်စဉ်းစားထားတုန်းကတော့ Hondi နဲ့ လွှဲတာပေါ့.

PayPal အကြောင်းသိပ်အသိကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် PayPal နဲ့ ပိုက်ဆံလွှဲဖူးသလို လက်လည်း ခံဖူးပါတယ်. သူက လွှဲငွေရဲ့ 5 % ကိုလားမသိဘူး ဖြတ်ပါတယ်. အသေအချာ ထပ်ကြည့်ပြီး ပြန်ပြီး Confirm လုပ်ပါမယ်. စိတ်ကတော့ ချရတယ်. Bank ထဲကို တစ်ခါတည်း ၀င်သွားတာဗျ. လက်ခံမယ့်သူလည်း အလုပ်မရှုပ်ရတော့ ဘူးပေါ့ဗျာ. ဘဏ်ကိုလည်း online ကနေပဲ လှမ်းကြည့်ပြီး ငွေဝင်မ၀င် ကြည့်လို့ရတယ် ဒီတော့ ကျွန်တော်ကတော့ PayPal ကိစ္စကို ဖြစ်မြောက်အောင် စီစဉ်ချင်ပါတယ်.

လူနဲ့ ငွေလွှဲတာကလည်း လွှဲခဖြတ်မှာနဲ့ တူတူလောက်ပဲ. အလုပ်ရှုပ်တာတစ်ခု ပိုလာဦးမယ် မရမှာလည်း ပူရဦးမယ်ဗျ. အိုကေဗျာ. လိုရင်းကိုပြောရရင်တော့ PayPal HTML Code ကို ဘယ်လိုရနိုင်မလဲဆိုတာ တစ်ယောက်ယောက်ကသိရင် ပြောပြစေချင်ပါတယ်.ခင်ဗျာ.

ဒုတိယကဏ္ဍက Fund ကို ဘယ်လို အချိုးကျ ကောက်ခံမလဲ
ကျွန်တော် အရင်တစ်ခါ ဆွေးနွေးခဲ့ဖူးပါတယ်. စာမူအရေအတွက်ရယ်၊ စာအုပ် Size ရယ်၊ ကောက်ခံရမယ့် Fund ရယ်က တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်လို့. လောလောဆယ်မှာ စာမူ ဘယ်နှစ်စောင်ရွေးမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးဘူး ဖြစ်နေပါတယ်. ဒါကြောင့် စရိတ်လည်း မတွက်နိုင်ဖြစ်နေပါတယ်. ဒါကြောင့်မို့ Fund ကို ဘယ်လို အချိုးကျ ကောက်ခံရမယ် ဆိုတာလည်း မသိဘူး ဖြစ်နေပါတယ်

ကိုစိုးဇေယျရေ...
အကြမ်းဖျင်းနဲ့ Overestimate လေးတွက်လိုက်ကြရအောင်လားဗျာ.

၁. စာမူ ၃၀ ရွေးမယ် (စာမူ တစ်ခုကို ၃ မျက်နှာ Average ထားမယ်. အားလုံး အပြီးအစီး စာမျက်နှာ ၁၀၀ ရှိမယ်၊ တစ်ခြားကုန်ကျစရိတ်တွေ အပါအ၀င် ဘယ်လောက်ကျမလဲ.)
၂. စာမူ ၄၀ ရွေးမယ်၊ စာမျက်နှာ ၁၂၀ ကနေ ၁၅၀ အထိခန့်မှန်းမယ်... ဘယ်လောက်ကျမလဲ.

နည်းနည်းလေးပိုတွက်မိတာ ပြဿနာ မဟုတ်ပါဘူး. ဈေးနှုန်းတွေက အမြဲတမ်းတက်နေတာချည်းပဲ ဆိုတော့ Overestimate လေး လုပ်ထားမှ စိတ်ချရပါမယ်.

အဲဒါသေသေချာချာလေး တွက်ချက်ပြီး ပြောပေးပါဗျာ. စာမူရွေးချယ်ရေး အပိုင်းနဲ့ နာမည်ပေးရေး အပိုင်းကို တာဝန်အသီးသီး သတ်မှတ်ပြီးသွားပါပြီ. ဒီဇိုင်းအဖွဲ့က စာအုပ်နာမည်ကို ရရင် ဒီဇိုင်းစတင်ပါလိမ့်မယ်. စာအုပ်နာမည်ရွေးပွဲကို April လကုန်မှာ အဆုံးသတ်ပါမယ်. စာမူဖောင်တွေကိုလည်း တစ်ပြိုင်တည်းပိတ်ပါမယ်. ပြီးရင် မေလထဲမှာ ရွေးချယ်ရေးနှင့် ရိုက်နှိပ်ထုတ်ဝေရေးဘက်ကို သွားပါမယ်. မေလနောက်ဆုံးပတ်မှာ စာအုပ်စရိုက်မယ်၊ စိစစ်ရေးတင်မယ်. ဒါဆိုရင် ဩဂုတ် ဘလော့ဂ်ဂါဒေးအမှီမှာ ထွက်နိုင်ပါပြီ။

ဒါက အကြမ်းဖျင်း Timeline ပါ။ မြန်နိုင်အောင် ကြိုးစားပါမယ်. မမျှော်လင့်တတ်တာတွေ ဖြစ်လာတတ်တာမို့ပါ. Fund ကိစ္စက နည်းနည်း သိမ်မွေ့ပါတယ်. ဘာလို့လဲ.

၁. Fund ထည့်ပြီးမှ စာမူရွေးမှာလား. ဒါဆိုရင် ကိုယ့်စာမူပါရင် အကြောင်းမဟုတ်ဘူး။ မပါရင်တော့ ပိုက်ဆံကြီးပဲ ထည့်ထားရတယ်၊ ငါ့စာမူကျတော့ မပါဘူး ဆိုတဲ့ ပြဿနာလေးတွေ ပေါ်လာနိုင်တယ်

၂. စာမူထည့်ပြီးမှ Fund ကောက်မှာလား. ဒါဆိုရင်တော့ စာမူရွေးချယ်ဖို့က အရင်ဖြစ်နေတယ်. ဒီတိုင်းလုပ်ရင်လည်း စာမူများများ ထည့်မှပဲ တွက်ခြေကိုက်လိမ့်မယ်. ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပိုက်ဆံမထည့်တဲ့ ဘလော့ဂ်ဂါတစ်ချို့ရဲ့ စာမူတွေကိုလည်း ထည့်သုံးချင်တယ်လို့ ကော်မတီထဲက အဖွဲ့ဝင်တစ်ချို့က ဆွေးနွေးကြဖူးလို့ပါ... ဒါဆိုရင်တော့ ကျွန်တော်တို့မှာ နောက်ခံနည်းနည်းတောင့်တင်းဖို့လိုလာပြီ။ ဒီတိုင်းဆိုရင် စာမူကိစ္စကို အရင်ဖြတ်ပြီးမှ Fund ကောက်ခံရေးဘက်ကို သွားရလိမ့်မယ်. Timeline နည်းနည်းကြပ်သွားမယ်

၃. နောက်တစ်နည်းကတော့ ကိုကျော်ဇေယျ၊ ကိုဝေယံလင်း၊ ကိုဇင်ကိုလတ်၊ ကိုစိုးဇေယျ၊ မအိမ့်ချမ်းမြေ့၊ ကျွန်တော်နဲ့ စိတ်ပါဝင်စားသူ အမာခံ ဘလော့ဂ်ဂါတစ်ချို့ တို့က တစ်ယောက်ကို ၁ သိန်းကနေ ၁ သိန်းခွဲလောက်ထိ စိုက်ထုတ်ပြီး Producers တွေ သဘောမျိုး လုပ်လိုက်ရင်တော့ အားလုံးပြေလည်ပါတယ်. ဒါပေမယ့် ဒီကိစ္စက Backup Plan အနေနဲ့ပဲ ရှိစေချင်တယ်.

ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်လာရင် လျှော့တွက်လို့လည်း မရဘူး၊ ပိုတွက်လို့လည်း မရပါဘူး။ အခုရှင်းရင် ပြီးရောဆိုပြီးတော့လည်း လုပ်ဖို့မသင့်တော်ပါဘူး။ ငွေကြေးပမာဏအနည်းအများထက် အလုပ်ကို အလုပ်သဘောအတိုင်းပဲထားပြီး ဆက်ဆံကြတာက အခုရှုပ်ပေမယ့် နောင်ရှင်းပါတယ်. ပြီးတော့လည်း ကျွန်တော်တို့က အားလုံးကို မှတ်တိုင်တစ်ခုအနေနဲ့ ပါဝင်စေချင်လို့ပါ.

ဒါတွေက ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်း အချို့ပါ. ဒါကြောင့် ကျွန်တော်ကတော့ နည်းလမ်း ၃ ကို နောက်ဆုံး သိပ်ကျပ်တည်းနေမှပဲ ဖြေရှင်းပါမယ်. ၁ နဲ့ ၂ ထဲကပဲ ဘယ်နည်းကို ရွေးရင် သင့်တော်မလဲဆိုတာကို အရင်ဆုံး တိုင်ပင်ဆွေးနွေးပါမယ်.

ခက်ခဲကြောင်းပြောပြနေတာ မဟုတ်ပါဘူးခင်ဗျာ. အားလုံးသိအောင် တင်ပြတာပါ။ ပြီးတော့ တက်ညီလက်ညီနဲ့ ကျော်ဖြတ်သွားနိုင်အောင်လို့လည်း အကြံဥာဏ်တောင်းခံတာပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဘာတွေလုပ်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရှင်းလင်းပြတာပါ.

အားလုံးကို ယုံကြည်ကိုးစားလျက်
Y.

Naming and Myanmarnization Committee


Naming Group ကို အတည်ပြုလိုက်ပါပြီခင်ဗျာ.

၁. မအိမ့်ချမ်းမြေ့ , Canada
၂. မဂျစ်တူး, Singapore
၃. ကိုကျော်ဇေယျ, Malaysia
၎. ကိုမျက်လုံး, Myanmar
၅. ကိုမင်းကျော်, Sweden, SE

လုပ်ပိုင်ခွင့်က သိပ်ကန့်သတ်စရာ မရှိပါဘူး. အားလုံးကို ၀ကွက်အပ်ပါတယ်. အရာရာကို တစ်ဦးတစ်ယောက်တည်းလုပ်တာက ဘယ်တော့မှ ပြည့်စုံရိုး မရှိဘူးလေ. ခုလို Sector တွေ အလိုက် ခွဲထုတ်လိုက်ပြီး Specialization ပေးလိုက်တာ၊ Board Committee မှာ ဆုံးဖြတ်မှာကမှ အကောင်းဆုံး strategy လို့ ကျွန်တော်မြင်ပါတယ်.

ကျွန်တော် ဖွဲ့ပေးလိုက်တဲ့ အဖွဲ့ဝင်တွေအပြင် ထပ်မံတိုးချဲ့တာတွေကို လိုသလို လုပ်သွားနိုင်ပါတယ်. မအိမ့်ချမ်းမြေ့ ခင်ဗျာ.

Responsibilities

၁. စာအုပ်နာမည်ပေးရန်
(နာမည် ၃ ခု Final မှာ ယူပါမယ်. Voting လည်း လုပ်ထားပါတယ်)


၂. အဖွဲ့ဝင်များ ပေးသည့်နာမည်များထဲမှ Voting လုပ်ရန် သင့်တော်မည့် နာမည်များကို update လုပ်ပြီး mmblogbook@gmail.com (or) aungyan@gmail.com (or) both သို့ ပို့ပေးရန်


၃. Blog, Blogging, Blogger စသည့် Term များ အပြင် Other-related Terms များကို Myanmarnization လုပ်ရန်


၎. စကားလုံးများကို မွေးစားစကားလုံးများ အဖြစ်သတ်မှတ်မည်ဆိုပါက သတ်ပုံအညွှန်း မှန်ကန်စွာဖြင့် မွေးစားရန်


၅. Updated News များကို Board Committee Member များအား အခါအားလျော်စွာ သတင်းပေးရန်


ဒါတွေပဲ ဖြစ်ပါတယ်. အဖွဲ့ဝင်တွေရော၊ Rules တွေကိုရောကို လိုသလို ထပ်ဖြည့်သွားနိုင် ပါတယ် ခင်ဗျာ.

Fund ကိစ္စ နောက်တစ်ဆင့် ဆက်လက်ဆွေးနွေးသွားပါမယ်.


Wednesday, April 04, 2007

ဘလော့ဂ်စာအုပ်အတွက် နာမည်ပေးခြင်း



ဖိုရမ်မှာ ဘလော့ဂ်စာအုပ်အတွက် နာမည်ပေးပွဲကြီး စတင်နေပါပြီ. ခုထိပေးထားတဲ့ နာမည်လေးတွေကို Vote လုပ်လို့ရအောင် Poll တစ်ခု ဖန်တီးထားပါတယ်.စာမူဘလော့ခ် မှာ သွားရောက် မဲပေးနိုင်ပါတယ်။ နာမည်အသစ်လေးများထဲက ကောင်းနိုးရာရာလေးတွေကိုလည်း ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ...

ပေးထားတဲ့ နာမည် တစ်ချို့ထဲက သဘောကျတဲ့ နာမည်လေးတွေကို ထုတ်နှုတ်ဝေဖန်ပြချင်ပါတယ်.

တတိယလှိုင်း၏ ရင်ခုန်သံများ... မြင်လိုက်တာနဲ့ စာအုပ်လေးကို ကောက်ကိုင်ချင်လောက် အောင် ဆွဲဆောင်မှု ရှိပါတယ်. ဒါပေမယ့် ရင်ခုန်သံများဆိုတဲ့ အသုံးအနှုန်းကို တစ်ချို့သော ဖိုရမ်မာများက (ရင်မခုန်တတ်သူ အပျိုကြီး မမများက) သိပ်ရင်မခုန်လို့ မကြိုက်ဘူးပြောနေတာလည်း ရှိပါတယ်။ အဲဒါနဲ့ပဲ တစ်ယောက်သော ဖိုရမ်မာက ရင်မခုန်မယ့်အတူတူ၊ ဘလော့ခ်ဂါတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့က အဓိကပဲဆိုပြီးတော့ အောက်ပါနာမည်ကို ဆက်ပေးပါတယ်။

တတိယလှိုင်း၏ အန်ဖတ်များ.. စိတ်ပညာအရကို ဆွဲဆောင်မှုရှိပါတယ်. စိတ်ဝင်စားမှု ရဖို့ သေချာပါတယ်. ဆင်ဆာဘုတ်အဖွဲ့ရဲ့ စိတ်ဝင်စားမှုကိုရမှာလည်း သေချာသလို အပယ်ခံရဖို့လည်း သေချာပါတယ်. ဆင်ဆာလူကြီးမင်း ထမင်းစားခါနီးမှာ ဖတ်လိုက်ရရင်တော့ စာမူတွေကိုပါ ရေနဲ့လောင်းချကိန်း ရှိပါတယ်.

ကိုယ်ရေးမှန်ကူကွက်များ... မှန်ကူကွက်များ ဆိုတဲ့ စကားလုံးလေးက ရိုးရှင်းပေမယ့် လှပပါတယ်. နည်းနည်း ကိုယ်ရေးကိုယ်တာ ဆန်သွားတဲ့ နာမည် တစ်ခုလို့ မြင်ပါတယ်။ “သူရေးမှန်ကူကွက်များ” ဆိုရင်လည်း မကောင်းပါဘူး။ “သူရေးကိုယ်ရေး” ဆိုရင်လည်း ပိုရှုပ်ကုန်ပါမယ်။ မှန်ကူကွက်များကိုတော့ ကြိုက်တယ်။ သာကူကြိုက်တဲ့ ကျွန်တော့်အတွက် သတိရစရာလေးတွေ ဖြစ်လာလို့...

မြန်မာဘလော့ခ်ဂါ ရပ်ဝန်း...ဆုံစည်းတယ်ဆိုတဲ့ အနက်အဓိပ္ပါယ်လေး ပါနေတဲ့အတွက်ရယ်၊ ဘလော့ခ်ဂါဆိုတဲ့ တိုက်ရိုက် ကိုယ်စားပြု ဝေါဟာရ ပါလို့ရယ် ရိုးရှင်းကောင်းမွန်ပါတယ်. ဒါပေမယ့် ကဗျာ စာအုပ်နာမည် ဆန်နေပါတယ်. စကားပြေဆန်အောင် ပေးလို့တော့ရပါတယ်. “မြန်မာဘလော့ခ်ဂါများ ဆုံတွေ့ကြသည့်နေရာ” လို့ ပေးလိုက်ရင်လည်း ဘယ်နေရာလဲဆိုပြီးတော့ အဲဒီ့နေရာကို ၀ိုင်းတွေရဲကြတော့မှာ မြင်ယောင်ပါသေးတယ်။

နည်းပညာခေတ်၏ ပဲ့တင်သံ
... နည်းပညာခေတ်ဆိုတဲ့ စကားလုံးကိုက လူတန်းစား ခွဲခြားလိုက်တဲ့ sense လေးနည်းနည်း ပါသွားတယ်. တော်ရုံတန်ရုံလူ ကောက်ကိုင် မကြည့်တော့ဘူး. ငါတို့ အပိုင်း မဟုတ်ပါဘူးကွာဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်. ဒါပေမယ့် “ပဲ့တင်သံ” ဆိုတဲ့ အသုံးအနှုန်းကို သဘောကျတယ်. “ခေတ်” ဆိုတဲ့ စကားလုံးကိုလည်း နှစ်သက်မိပါတယ်.

ခေတ်တစ်ခေတ်၏ စာမျက်နှာများ... ဆင်ဆာအဖွဲ့ မျက်စိကျနိုင်ပါတယ်. ဘာလို့လဲဆိုတော့ သမိုင်းစာအုပ်နည်းနည်းဆန်နေတာကြောင့် အထဲမှာ ဘာတွေ ရေးထားမလဲဆိုပြီး သေသေချာချာကို ပိုက်စိပ်တိုက်စစ်ဆေးနိုင်ပါတယ်. ပြီးတော့ နည်းနည်းရိုးစင်းနေပါတယ်.

မှတ်တိုင်များ၊ ရက်စွဲများ...စတဲ့ နာမည်လေးတွေက ရိုးရှင်းလှပပါတယ်။ ဘလော့ခ်ဂါတို့ရဲ့ တစ်နေ့တာ မှတ်တမ်းများကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းလေးတစ်ခုပါ။ ဒါပေမယ့် အထဲမှာ ပါဝင်မယ့် စာမူတွေကို ကိုယ်စားပြုရာမှာ နည်းနည်းအားနည်းနေတယ်လို့ ထင်ပါတယ်. မှတ်တိုင်များဆိုတဲ့ အသုံးအနှုန်းလေး ပါတဲ့အတွက်ကြောင့် ရန်ကုန်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အတော်အတန်ရနိုင်မယ်လို့ ထင်ပါတယ်။

ကျွန်တော့်အမြင်ကို တင်ပြဆွေးနွေးကြည့်တာပါ.
ဆုံးဖြတ်မှာက မဲခွဲစနစ်နဲ့ပါ. ကျွန်တော်ဘာကြောင့် ဒီလိုဝေဖန် ဆန်းစစ်ပြရတာလဲဆိုတော့ ဘလော့ဂ်ဂါညီအစ်ကို မောင်နှမတို့တွေ idea နည်းနည်းပိုရလာစေချင်လို့ပါ. အားမနာတမ်း ဝေဖန်မှ quality ပိုတက်လာမယ်လို့ ကျွန်တော် မြင်တယ်လေ. ဒါဟာလည်း ကျွန်တော်တို့ အားလုံး စုပေါင်းထုတ်ဝေမယ့် စာအုပ်လေးရဲ့ ကောင်းကျိုးပါပဲ. ကျွန်တော်တင်ပြတဲ့ နာမည်ကိုလည်း အားရပါးရ ဝေဖန်နိုင်ပါတယ်..

ခုထိတင်ပြခဲ့တဲ့ နာမည်လေးတွေထဲက ကောင်းနိုးရာရာ စကားလုံးလေးတွေကို ပြောပြချင်ပါတယ်


ဘလော့ခ်ဂါရပ်ဝန်း
ခေတ်
ရင်ခုန်သံများ
တတိယလှိုင်း
ပဲ့တင်သံ
ဆုံမှတ်များ
မှန်ကူကွက်များ

ခုကျွန်တော်တင်ပြခဲ့တဲ့ စကားလုံးလေးတွေကို မူတည်ပြီးတော့လည်း နာမည် အမျိုးမျိုးကို Generate လုပ်နိုင်ပါတယ်....အသစ်လေးတွေကိုလည်း ထပ်မံ တင်ပြ ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ.....
ကျွန်တော်တင်ပြခဲ့ဖူးတာကတော့

၁. ရင်ခုန်သံတို့၏ ဆုံမှတ်များ
၂. ဘလော့ခ်ဂါတို့၏ အရိုးတွန်သံ

နံပါတ် ၂ ကို ဂျပန်က YAMAMIN က သဘောကျလို့ copyright ၀ယ်ထားပါတယ်. YAMAMIN ကို ၃ ခေါက် လောက် အသံထွက်ဖတ်ကြည့်ပါ။ ကောင်းကောင်းရင်းနှီး တဲ့ နာမည် တစ်ခုပါပဲ. နာမည် အကောင်းဆုံးရွေးနိုင်တဲ့သူကို ဆုချပါမယ်. ဖားကန့်၊တောမှော်၊လုံးခင်၊ဟောင်ပါးဆိုတဲ့ ကျောက်စိမ်းထွက်တဲ့ ဒေသတွေကို လေ့လာရေး ခရီးလွှတ်ပေးမယ့် အပြင် L Sai Zee၊ L Lun War၊ Rebecca Win တို့နဲ ကချင်မနောပွဲမှာ Rap သီချင်းဆိုပြီး တွဲကခွင့်ပေးမယ့် အပြင် ခေါင်ရည် အတူတူသောက်ခွင့်လည်း ပေးပါမယ်. ငှက်ဖျားဒဏ်ကို ခံနိုင်ရည်ရှိအောင်လို့ H5N1 ကို ရန်ကုန်က မထွက်ခင်ကတည်းက ကာကွယ်ဆေးအဖြစ် ထိုးပေးလိုက်ပါမယ် ခင်ဗျာ.

ဖိုရမ်ကိုသွားချင်ရင် ဒီကို နှိပ်ပါဖိုရမ်ထဲကိုရောက်သွားရင်တော့ Forum Index>General>Lobby ထဲကိုသွားပါ။ အဲဒီ့ထဲမှာ ဘလော့ဂ်စာအုပ်နဲ့ ပတ်သက်လို့ ဆွေးနွေးနေတဲ့ Topic ၃ ခု ရှိပါတယ်. ၁. Creative Name For Myanmar Blogger Book ၂. Creative Design For Myanmar Blogger Book ၃. Publishing Myanmar Blog Book (General Discussion) တို့ဖြစ်ပါတယ်. ကြိုက်တဲ့ Topic အောက်ဝင်ပြီး ကြိုက်သလို ဆွေးနွေးပါ. ပျင်းလာရင်တော့ Chicken Soup Corner ထဲမှာ Ebook တွေ၊ ကဗျာတွေ၊ ကာတွန်းတွေ၊ Jokes တွေ သွားဖတ်ပါ။ နည်းပညာပိုင်းသိချင်ရင်တော့ Template Design တွေ၊ Coding ပိုင်းတွေ သွားဖတ်ပါ. မိတ်ဆက်ချင်ရင်တော့ community ကိုသွားပါ. ကျွန်တော်ဘယ်သူလဲဆိုတာ သိချင်ရင်တော့ email ပို့လိုက်ပါ။ မအားလည်း စာပြန်ပါတယ်။ “မအားသေးဘူး” လို့....

နောက်ဆက်တွဲသတင်း
ကျွန်တော့်ရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ နာမည်ပေးရေး ပို့စ်လေးကို ဖတ်ပြီး ကျွန်တော့်ရဲ့ သူငယ်ချင်း ကိုညီညီ(သံလွင်) က အကြံပြုဆွေးနွေးပါတယ် ခင်ဗျာ.ဘာလဲဆိုတော့ တတိယလှိုင်းနဲ့ တတိယ ကမ္ဘာ မတူညီဘူးဆိုတာပါပဲ.

တတိယကမ္ဘာဆိုတာ အာရှနိုင်ငံတွေကို ကိုယ်စားပြုတာမှန်ပေမယ့် တတိယ လှိုင်းဆိုတာကတော့ Post Industrial Society ကို ကိုယ်စားပြုပါတယ်တဲ့. ဒါကြောင့်မို့ တတိယလှိုင်းဆိုတဲ့ အသုံးအနှုန်းကို ဖယ်သင့်မဖယ်သင့် ပြုပြင်သင့်၊ မပြုပြင်သင့် ဆွေးနွေးပေးကြပါလို့ တိုက်တွန်းအပ်ပါတယ် ဖိုရမ်မာတို့ရေ...

In his book The Third Wave Toffler describes three types of societies, based on the concept of 'waves' - each wave pushes the older societies and cultures aside.

* Third Wave is the post-industrial society. Toffler would also add that since late 1950s most countries are moving away from a Second Wave Society into what he would call a Third Wave Society. He coined lots of words to describe it and mentions names invented by other people, like the Information Age, which predicted demassification, diversity, knowledge-based production, and the acceleration of change (one of Toffler’s key maxims is "change is non-linear and can go backwards, forwards and sideways").

Original Link:

ခုလိုမျိုး အမှားတစ်ခုကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုညီညီ...


Monday, April 02, 2007

ကော်မတီ ဖွဲ့စည်းခြင်း အသေးစိတ် အကြံပြု ဆွေးနွေးချက်


ဒီသတင်းကို ဖိုရမ်မှာ ကြေငြာထားပါတယ်။ ဒါပေမယ့် ဖိုရမ်ကို မရောက်ဖြစ်သေးတဲ့ စိတ်ပါဝင်စားသူ ဘလော့ခ်ဂါများနဲ့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်အတွက် သတင်းအနေနဲ့ ထုတ်ပြန်ပေးလိုက်ပါတယ် ခင်ဗျာ…


ကော်မတီဖွဲ့စည်းခြင်း အသေးစိတ်ကြေငြာချက်

သုတရသပိုင်းမှာ ကိုညီညီသံလွင်ကို အယ်ဒီတာအဖြစ် ခန့်ချင်ပါတယ်. ကိုနေဘုန်းလတ်ကို လက်ထောက် အယ်ဒီတာ အဖြစ်ခန့်ချင်ပါတယ်။ ဘာကြောင့် ဒီလို ကျွန်တော် အကြံပြုရတာလဲဆိုတော့ ကိုညီညီနဲ့ ကိုနေဘုန်းလတ်တို့ ၂ ယောက်လုံးရဲ့ စာပေလက်ရာတွေကို ကျွန်တော်ဖတ်ဖူးပါတယ်။ အားလုံးရဲ့ ယုံကြည်မှုကိုလည်း ရမယ်လို့ ကျွန်တော်ထင်မိလို့ပါ။ မအိမ့်ချမ်းမြေ့၊ ကိုနေဘုန်းလတ်၊ မလင်းလက် တို့ဆီကလည်း reply တွေရပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော် အဆင်ပြေပြီလို့ မှတ်ယူချင်ပါတယ်။ ဒါမှ စာမူရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းပိုင်းကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ဖြည့်စွက်သင့်တဲ့ အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားစွာ ကမ်းလှမ်းလိုသူများကိုလည်း ကြိုဆိုပါတယ်ခင်ဗျာ.

နည်းပညာပိုင်းစာမူများ ရွေးချယ်ရေးမှာ ကိုမျိုးကျော်ထွန်းကို အယ်ဒီတာ၊ ကိုမြတ်မင်းဟန်ကို လက်ထောက်အယ်ဒီတာအဖြစ် ခန့်အပ်ချင်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေက ခေါင်းဆောင်ပိုင်းနဲ့ အပြန်အလှန် ချိတ်ဆက်ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာ ကိုချမ်းမြစိုးက ဦးဆောင်ဆွေးနွေးပါမယ်။

ရန်ပုံငွေ အဖွဲ့မှာ ကိုစိုးဇေယျက Local၊ ကိုကျော်ဇေယျက Global ပိုင်းမှာ တာဝန်ယူပါမယ်။

စည်းရုံးရေးနဲ့ ကြော်ငြာအပိုင်းမှာတော့ ကိုဇင်ကိုလတ်က Singapore Blogger များကို အဓိကထား စည်းရုံးပါမယ်။ ကိုမျက်လုံး၊ ညလေး၊ ကိုမင်းကျော်၊ ကိုရွှေမန်း၊ မသဉ္ဇာ ....စသူတွေကတော့ မြန်မာ ဘလော့ခ်ဂါ အသိုင်းအ၀ိုင်းတွေကို လိုက်လံစည်းရုံးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။

စာအုပ်ထုတ်ဝေရေးနဲ့ ဆင်ဆာအပိုင်းမှာ ကိုစိုးဇေယျပဲ ဦးဆောင်ပါမယ်။ သင့်တော်တဲ့ အဖွဲ့ဝင်များကို သူပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

စာအုပ်နာမည်ပေးရေးမှာတော့ မအိမ့်ချမ်းမြေ့က ဦးဆောင်ပါမယ်။ အဖွဲ့ဝင်တွေကတော့ ကျွန်တော်ဆက်လက် ရွေးချယ်ပေးပါမယ်။ စိတ်ဝင်စားသူများရှိရင်လည်း ကျွန်တော့်ကို email ပို့ပေးပါ။ စုစည်းပေးပါမယ်ခင်ဗျာ...

စာမူဘလော့ခ်ကြီးကြပ်ရေးအပိုင်းမှာတော့ ကိုဝေယံလင်း၊ကိုစိုးဇေယျ၊ ကိုဇင်ကိုလတ်၊ကိုကျော်ဇေယျနဲ့ ကျွန်တော်တို့က စာမူတွေကို ရိုက်နှိပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

သတင်းပြန်ကြားရေးပိုင်းမှာတော့ ခေါင်းဆောင်ရယ်လို့ သတ်သတ်မှတ်မှတ် မထားသေးပါဘူး။ အားလုံး တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ဆောင်သွားရင်းကနေ သင့်တော်သလို ရွေးချယ်သွားပါမယ်။ ကျွန်တော်တို့ စာအုပ်ကိစ္စပြီးရင် ဘလော့ခ်ဂါ online magazine လုပ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီ့အခါကျမှပဲ အဖွဲ့ဝင်တွေကို သေသေချာချာ ရွေးချယ်သတ်မှတ်မယ်လို့ စဉ်းစားထားပါတယ်. လောလောဆယ်မှာတော့ ကော်မတီထဲမှာ ပါဝင်တဲ့ ခေါင်းဆောင်ပိုင်းရော၊ အဖွဲ့ဝင်ပိုင်းတွေကရော အားလုံး ၀ိုင်းဝန်းကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

SubCommittee တွေကို စုစည်းထိန်းချုပ်သွားမှာကတော့ Board Committee ပါ။ ပါဝင်မယ့်သူတွေကတော့ SubCommittee တစ်ခုချင်းဆီက ခေါင်းဆောင်တွေပါပဲ. ကျွန်တော်နဲ့ ကိုစိုးဇေယျက Board အဖွဲ့ရဲ့ Organizer အနေနဲ့ တာဝန်ယူပါမယ်။ ပိုပြီးရှင်းလင်းသွားအောင် ပြန်ပြီးစုစည်းဖော်ပြချင်ပါတယ်။

Board Committee
၁. ကိုစိုးဇေယျ
၂. ကိုရန်အောင်
၃. ကိုညီညီသံလွင်
၎. ကိုမျိုးကျော်ထွန်း
၅. ကိုချမ်းမြစိုး
၆. ကိုဝေယံလင်း
၇. ကိုကျော်ဇေယျ
၈. ကိုဇင်ကိုလတ်
၉. မအိမ့်ချမ်းမြေ့

ကြီးကိုးကြီးပါ..


ကျွန်တော် ဒီ msg ရဲ့ feedback တွေကို ၃ ရက်စောင့်ပါမယ်။ ပြီးရင် သတင်းဘလော့ခ်မှာ တင်ပါမယ်။ ဒါကြောင့် အားမနာတမ်း ဆွေးနွေးပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ...

အားလုံး confirm ဖြစ်တာနဲ့ အဖွဲ့ဝင်တွေအချင်းချင်းကြား အပြန်အလှန် ဆက်သွယ်ညှိနှိုင်းနိုင်အောင် Email Address တွေ စုဆောင်း အသိပေးပါမယ်။


လိုအပ်မယ်ထင်တာတွေ၊ ပိုကောင်းမယ်ထင်တာတွေကို ဆက်လက်ဆွေးနွေး အကြံပြုနိုင်ပါတယ်ခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားနေတဲ့

ရန်အောင်


Friday, March 30, 2007

ကော်မတီ နောက်ဆက်တွဲ သတင်းများ

ကျွန်တော်ရေးလိုက်တဲ့ ကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းခြင်းဆိုတဲ့ ပို့စ်လေးအပေါ်ကို feedback တစ်ချို့ပြန်လာတယ်ဗျ။ အဲဒါကြောင့် ကျွန်တော် ဒီစာကို ရေးဖြစ်တာပါ။

ကျွန်တော်တို့ စာအုပ်ထုတ်ဖို့ ကိစ္စကို ဖိုရမ်မှာ အကြေအလည် ဆွေးနွေးကြတယ် ဆိုတာ မြန်မာ ဘလော့ဂ်ဂါ ဖိုရမ်မာများ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဖိုရမ်ကို လာရောက်ဆွေးနွေးတဲ့ သူတွေထဲကမှ Volunteer များကို ခေါ်ခဲ့တာလည်း မှတ်မိကြမှာပါ။ စာရင်းပေးလာတဲ့သူများ ကိုမှတ်ထားပါတယ်။ ပြီးတော့ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးတဲ့ member များကို လည်း စာရင်းထဲမှာ မှတ်ထားပါတယ်။ အဲဒီ့စာရင်းကို မူတည်ပြီးတော့ ဒီ အဖွဲ့ဝင်တွေကို ဖွဲ့တာပါ။

တစ်ချို့ အဖွဲ့ဝင်တွေဆီကို email သော်လည်းကောင်း၊ PM သော်လည်းကောင်း ပို့ပါတယ်။ အကြောင်းပြန်သူရှိသလို မပြန်တဲ့သူတွေလည်း ရှိပါတယ်။ အကြောင်းမပြန်တဲ့သူများကို ကျွန်တော့်ရဲ့ သဘောနဲ့ စာရင်းထဲ ကောက်ထည့်လို့ မသင့်တော်ပါဘူး။ ပါဝင်စေချင်တဲ့ ဘလော့ဂ်ဂါတစ်ချို့ ရှိပါတယ်။ အကြောင်းမပြန်တော့ မထည့်ဖြစ်ပါဘူး။

ခုဆိုရင် ကျွန်တော်တို့လုပ်နေတာက ဘလော့ဂ် ၂ ခုပါ။ စာမူဘလော့ဂ်နဲ့ သတင်းပြန်ကြားရေး ဘလော့ဂ်ပါ။ Volunteer တွေ၊ တကယ်ကို လုပ်ပေးနိုင်မယ့်သူတွေ၊ မြန်မာဘလော့ဂ်ဂါ လောကကို ကောင်းကျိုးပြုချင်သူတွေ တကယ်ကို လိုအပ်နေပါသေးတယ်။ စာရင်းဆက်ပေး လို့ရပါတယ်။ ခုလို လာရောက်ကမ်းလှမ်းတဲ့သူတွေကို အမြဲတံခါးဖွင့်လျက်ပါဗျာ။

အဖွဲ့အစည်းတစ်ခုကို လူတွေ အများကြီးနဲ့လုပ်တဲ့ အခါမှာ ရည်ရွယ်ချက်လည်း ကောင်းရမယ်၊ လူလည်း ညီရမယ်လေ မဟုတ်ဘူးလား။ အားလုံးကို တကယ်ကို ကြိုဆိုပါတယ်။ သတင်း ဘလော့ဂ်မှာလည်း volunteer များ အလိုရှိကြောင်း ကြေငြာထားပါတယ်။

"bloggermedium@gmail.com" ကိုပို့ပေးနိုင်ပါတယ်။ သင့်တော်ရာနေရာမှာ တာဝန်လေးတွေ ခွဲပေးပါမယ်။ အယ်ဒီတာအဖွဲ့ကို အတည်ပြုဖွဲ့ပြီးသွားရင်ဘလော့ဂ်ပေါ်မှာ နာမည်လေးတွေ ကြေငြာထားပေးပါမယ်။ အရမ်းကို ပျော်စရာကောင်းတဲ့ အများအကျိုးဆောင်ဝန်ဆောင်မှုလေး ဖြစ်လာမယ်လို့ ကျွန်တော် လုံးဝယုံကြည်နေတယ်ဗျာ။ ဒါကြောင့် မြန်မြန်သွက်သွက်လေးသာ စာရင်းပေးထားကြပါ။

စာအုပ်ထုတ်ဝေဖို့ ကော်မတီဖွဲ့တာတွေမှာတော့ စာပေနောက်ခံ အားကောင်းတဲ့သူတွေ၊ နည်းပညာပိုင်းမှာ ကောင်းကောင်းနားလည်သူတွေ၊ စာအုပ်ထုတ်ဝေရေး လမ်းကြောင်းတွေကို နားလည်သူတွေကို အဓိကထားပြီး ဖွဲ့ထားတာပါ။ မနေ့က ကိုဇင်ကိုလတ်က စာပြန်ပါတယ်။ ကိုနေဘုန်းလတ်ကို စာမူရွေးချယ်ရေးအဖွဲ့မှာ ထည့်လို့ရပါတယ်တဲ့။ သူပြောပေးပါမယ်တဲ့။ ဟုတ်ကဲ့ပါ ကိုဇင်ကိုလတ်ရေ. ကျွန်တော် သူ့ကို အယ်ဒီတာ အဖွဲ့ထဲမှာ ထည့်လိုက်ပါမယ်။ သူ့လို စာရေးကောင်းတဲ့ ဘလော့ဂ်ဂါတစ်ယောက်ကို ကျွန်တော်တို့ ပါဝင်စေချင်တာပေါ့ဗျာ..

သတင်းဘလော့ဂ်က စာအုပ်ထုတ်ဝေရေးကိစ္စအတွက် တစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ပွဲပြီးမီးသေ သဘောမျိုးလည်း ဘယ်တော့မှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ တစ်ခြားရည်ရွယ်ချက်တွေ ရှိပါသေးတယ်။ နောက်ပိုင်းမှာ media လိုင်းထိ ကူးသွားဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် သတင်းဘလော့ဂ်အတွက် reporter တွေ၊ technician တွေကို အရမ်းကို လိုအပ်ပါတယ်ခင်ဗျာ။ ဆက်လက်စာရင်းပေးကြပါ။

သတင်းဘလော့ဂ်ရဲ့ နည်းပညာပိုင်းမှာ ကိုမျိုးကျော်ထွန်းအပြင် ကိုဝေယံလင်း၊ ကိုဇင်ကိုလတ်နဲ့ နောက်ထပ် စိတ်ဝင်စားသူများကို ထပ်မံ ဖိတ်ခေါ်ပါတယ်။ ဘလော့ဂ်ဂါ online ဂျာနယ်၊ မဂ္ဂဇင်းများကို ဆက်လက် ထုတ်ဝေသွားနိုင်ဖို့ စီစဉ်နေပါတယ်လို့လည်း တစ်စွန်းတစ်စ သတင်းပေးလိုက်ပါတယ်။

လောလောဆယ်မှာ ဘလော့ဂ်ဂါ သိလိနဲ့ အိမွန်စိုးတို့ကို သတင်းဘလော့ဂ်မှာ သတင်းရေးသားတင်ဆက်သူများ အဖြစ်ထပ်မံခန့်အပ်လိုက်ပါတယ်လို့ အားလုံးကို အသိပေးပါတယ် ခင်ဗျာ...


Thursday, March 29, 2007

ကော်မတီ အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း



နာမည်စာရင်းတွေနဲ့ ကော်မတီဖွဲ့စည်းပုံ အကြမ်းဖျင်းပါ. လောလောဆယ် Active မဖြစ်သေးပါဘူး.


ကိုညီလင်းဆက် (India)
ကိုချမ်းမြစိုး (UK)
ကိုမျိုးကျော်ထွန်း (Thailand)
ကိုမြတ်မင်းဟန် (Singapore)
ကိုမင်းကျော် (Finland)
ကိုစေတန်ဂေါ့ဒ် (Myanmar)
ကိုဝေယံလင်း (Singapore)
ကိုကျော်ဇေယျ (Malaysia)
ကိုညီညီသံလွင် (Singapore)
ကိုဇင်ကိုလတ် (Singapore)
ကိုစိုးဇေယျ (Myanmar)
ကိုမျက်လုံး (Myanmar)
ကိုရန်အောင် (US)
မအိမ်ချမ်းမြေ့ (Canada)
မသဉ္ဇာ (Malaysia)
ညလေး (Malaysia)

အားလုံး ၁၆ ယောက်ပါ။

လိုအပ်တဲ့အဖွဲ့တွေက
၁. ရသ၊သုတ စာမူရွေးချယ်ရေး
၂. နည်းပညာပိုင်းဆိုင်ရာ စာမူရွေးချယ်ရေး
၃. ဒီဇိုင်းအပြင်အဆင်
၎. ရန်ပုံငွေ စီမံခန့်ခွဲရေး
၅. စာမူနှင့် သတင်းဘလော့ဂ်များကို ထိန်းသိမ်းကြီးကြပ်ရေး


ကျွန်တော်ဒီလို ဖွဲ့ချင်ပါတယ်
၁. ရသ၊သုတ စာမူရွေးချယ်ရေးအဖွဲ့

ကိုညီလင်းဆက်
ကိုညီညီသံလွင်
ကိုစိုးဇေယျ
ကိုဝေယံလင်း
ကိုရန်အောင်
မအိမ်ချမ်းမြေ့

၂. နည်းပညာပိုင်းဆိုင်ရာ စာမူရွေးချယ်ရေး

ကိုမျိုးကျော်ထွန်း
ကိုမြတ်မင်းဟန်
ကိုမင်းကျော်
ကိုစေတန်ဂေါ့ဒ်
ကိုဝေယံလင်း

၃. ဒီဇိုင်းအပြင်အဆင်

ကိုချမ်းမြစိုး
ကိုမြတ်မင်းဟန်
ကိုညီညီသံလွင်
ကိုစေတန်ဂေါ့ဒ်
ကိုဝေယံလင်း
ကိုကျော်ဇေယျ

၎. ရန်ပုံငွေ စီမံခန့်ခွဲရေး

ကိုစိုးဇေယျ (Local)
ကိုစေတန်ဂေါ့ဒ် (Local)
ကိုမျက်လုံး (Local)
ကိုကျော်ဇေယျ (Global)
ကိုဇင်ကိုလတ် (Global)
ကိုရန်အောင် (Global)

၅. စာမူနှင့် သတင်းဘလော့ဂ်များကို ထိန်းသိမ်းကြီးကြပ်ရေး

ကိုစိုးဇေယျ (စာမူနှင့်သတင်း)
ကိုဝေယံလင်း (စာမူနှင့်သတင်း)
ကိုရန်အောင် (စာမူနှင့်သတင်း)
ကိုဇင်ကိုလတ်(စာမူနှင့်သတင်း)
ကိုကျော်ဇေယျ (သတင်း)
ကိုမျိုးကျော်ထွန်း (သတင်း)
ကိုမျက်လုံး (သတင်း)
မသဉ္ဇာ (သတင်း)
ညလေး (သတင်း)


ဒီအဖွဲ့ဝင်တွေကို ပိုကောင်းအောင် ပြန်ပြီး စီစဉ်ဖွဲ့ပေးတာမျိုးကိုလည်း ကြိုဆိုပါတယ် ခင်ဗျာ.အဖွဲ့ဝင်တွေထဲက ကျွန်တော့်ကို email address မပေးရသေးသူများ aungyan@gmail.com ကို ပို့ပေးကြပါ ခင်ဗျာ. လက်ဖက်ရည်တိုက်ပါမယ်။ ကံစမ်းမဲလေးပေးပါမယ်။ ပြည်ပက ဘလော့ဂ်ဂါများ အတွက် မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် ကိုယ်တိုင်ဝယ် လက်မှတ်စနစ်ချီးမြှင့်ပါမယ်။ ပြည်တွင်းက ဘလော့ဂ်ဂါများအတွက် ကံစမ်းမဲကတော့ ဆိုက်ဘေးရီးယားကို ဆောင်းရာသီ အပျော်စီးသဘောင်္လက်မှတ် ပေးပါမယ်။

အားလုံးကို confirm ဖြစ်ရင် သတင်းဘလော့ဂ်မှာ အတည်ပြု ကြေငြာပါမယ်။

ဧည့်ခံကျွေးမွေး နေရာချထားရေးအဖွဲ့

ကိုဇင်ကိုလတ်က အီတလီ နန်းကြီးသုတ်နဲ့ Appetizer ကျွေးပါမယ်။ (Pasta လို့ ခေါ်ပါတယ်)
ကိုဝေယံလင်းကတော့ ပြင်သစ်ပုံစံ အ၀စား နေ့လည်စာ ကို တည်ခင်းဧည့်ခံပါမယ်။ (ဘူဖေးလို့ ပြောကြတာပဲ)
ညလေးကတော့ ခြေဖျားလေးထောက်ပြီး စကတ်တိုလေးနဲ့ကတဲ့ အနောက်တိုင်းပုံစံ ကကွက်ဆန်းနဲ့ ဖျော်ဖြေပါမယ်။ (ဘဲလေး လို့ သတ်မှတ်တဲ့ အကတစ်မျိုးပါ)

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ…

MMBloggerNews.blogspot.com

မြန်မာ ဘလော့ဂ်စာအုပ်ထုတ်ဝေရေးအတွက် စာအုပ်ထုတ်ဝေရေးကော်မတီနဲ့ စာဖတ်ပရိသတ်အကြား ဆက်သွယ်ပြန်ကြားပေးမယ့် သတင်းဘလော့ဂ်တစ်ခုကို ဖန်တီးပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းဘလော့ဂ်အတွက် Volunteer များ အလိုရှိပါတယ်ခင်ဗျာ. စိတ်ပါဝင်စားသူများ သတင်းဘလော့ဂ်တွင်ရေးထားသော Announcement ကို ဖတ်ရှုပြီး bloggermedium@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.

သတင်းအချက်အလက်များကို ကိုယ်တိုင်လည်း ရေးသားပေးပို့နိုင်ပါတယ် ခင်ဗျာ..

ဘလော့ဂ်လိပ်စာကတော့ http://mmbloggernews.blogspot.com/ ဖြစ်ပါတယ်။


ကူညီအားပေးမည့်သူများကို ကြိုတင်ကျေးဇူးတင်ရှိပါတယ်။

Monday, March 26, 2007

မြန်မာမှု နေရာတကာ ပြုလို့ရပါ့မလား…

မြန်မာ ဘလော့ဂ်ဂါဖိုရမ်မှာ Blog, Blogging, Blogger စတာတွေကို မြန်မာမှုပြုဖို့ တိုက်တွန်းချက်တစ်ခုကိုတွေ့တာနဲ့ ကျွန်တော် စဉ်းစားမိတာလေးတွေကို တင်ပြလိုက်ပါတယ်….

ကျွန်တော်တစ်ခု စဉ်းစားမိတာ ပြောပြချင်ပါတယ်. ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာစကားမှာ ဝေါဟာရတွေ ကြွယ်ပေမယ့် ဆက်လက်ပြုစုပျိုးထောင်ဖို့၊ စကားလုံးအသစ်တွေ ထပ်ထည့်ဖို့ ပညာရှင်တွေဘက်က ပျက်ကွက်ခဲ့ပါတယ်. အစိုးရဘက်ကလည်း ဒီလိုလုပ်ရကောင်းမှန်း မသိခဲ့ပါဘူး။
တစ်ခြား ဘာသာစကားတွေ (ဥပမာ အင်္ဂလိပ်စာ) ဆိုရင် နှစ်စဉ် စကားလုံး များစွာ ထပ်ထည့်ရပါတယ်.ပြောရတာ နည်းနည်းရှည်သွားပြီး လိုရင်း မရောက်တော့ဘူး.

ဆိုလိုချင်တာက ကျွန်တော်တို့ ကြိုးစားတီထွင်လိုက်တဲ့ စကားလုံး အတွက် အများလက်ခံနိုင်မနိုင်ဆိုတာ နည်းနည်း စဉ်းစားစရာပါ. တစ်ချို့ စကားလုံးတွေက မြန်မာလိုထက် အင်္ဂလိပ်လိုပဲ သုံးလို့ ပိုကောင်းပါတယ်. အထူးသဖြင့် Computer နဲ့ ပတ်သက်တဲ့ Term တွေပေါ့.

Type Writer ကို လက်နှိပ်စက်လို့ နာမည်တပ်လို့ ရပေမယ့် Computer ကို ကွန်ပြူတာ လို့ပဲ မွေးစားစကားလုံး သုံးပါတယ်. အမာထည်၊ အပျော့ထည်လို့ ဘာသာပြန်ဆိုကြပေမယ့် ဘာသာပြန်ကိုသုံးရတာ ပိုပြီး နားလည်ရခက်ပါတယ်. Hardware, Software ကိုပဲ ကျွန်တော်တို့ နားလည်ရလွယ်လို့ နောက်ပိုင်း computer စာအုပ်တွေမှာ ဟာဒ့်ဝဲ၊ ဆော့ဖ်ဝဲလ် ဆိုပြီး တိုက်ရိုက် မွေးစားလိုက်ပါတယ်..Programmer ကိုလည်း ပရိုဂရမ်မာလို့ပဲ တိုက်ရိုက်သမုတ်ပါတယ်.

Blogger, blogging စတာတွေဟာလည်း Computer Term တွေပါပဲ. Blog ဆိုတာ ကြိယာပါ. ကြိယာကို မြန်မာမှုပြုရတာ မခက်ပါဘူး။ စာကြောင်းရှည်သွားတာက လွဲလို့ ကျွန်တော်တို့ ကောင်းကောင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်.

Blogger ဆိုတာကတော့ နာမ်ပါ။ နာမ်ကို အဓိပ္ပါယ် သတ်မှတ်ရတာ စကားလုံး သိပ်များများ စားစား သုံးပိုင်ခွင့်မရှိပါဘူး။ တိုတိုရှင်းရှင်း နားလည်လွယ်ရပါမယ်.

ဒါကြောင့် ကျွန်တော့် အမြင်ကတော့ Blogging ကို ဘလော့ဂ်လုပ်သည်လို့ပဲ ပြန်ပါ. Blogger ကိုတော့ ဘလော့ဂ်ရေးသူ လို့ပြန်ပါ။ Blog ကိုတော့ ဘလော့ဂ်လို့ပဲ ပြန်ပါ။ အဓိပ္ပါယ်ရှင်းရင် ပိုရှုပ်ပါတယ်။ စကားလုံးကို သွယ်ဝိုက်နားလည်သွားပါလိမ့်မယ်။

အဓိက က အသုံးတွင်ကျယ်လာရင် စကားလုံးတွေ ရင်းနှီးသွားပါတယ်

ဥပမာ. စီဒီ၊ စီဒီရွမ်၊ ဗီစီဒီ၊ အမ်ပီသရီး၊ ဟာဒ့်ဒရိုက်ဗ်၊ မမ်မိုရီ ..... အများကြီးပါ... စဉ်းစားလို့ကို မကုန်နိုင်ပါဘူး။ Website ကိုလည်း ၀က်ဘ့်ဆိုက်လို့ပဲ ပြောကြပါတယ်။ ဘယ်လိုမှ Definition တွေကို မြန်မာလို မသတ်မှတ်ပါဘူး။

ပညာရှင်တွေ သိပ်ကို စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ နောက်ဆုံးမှာ မွေးစားစကားလုံးတွေကိုပဲ သုံးဖို့ informally ဆုံးဖြတ်ခဲ့ပါတယ်.

ဒါကျွန်တော့်အမြင်ပါ...

အားလုံးကို ကျေးဇူးတင်ပါတယ်.