Monday, August 13, 2007

Illusion...




ဒီရင်မှာ အသည်းတို့ ခြောက်ကပ်လို့
ဆေးစက်ခန်းတဲ့ အမှောင်တွေထဲ
စေညွှန်ရာအတွေးတို့ ပြားကပ်လို့
မီးသင့်ဦးနှောက်ငယ်တစ်ခုပဲ
ပိုင်ဆိုင်ကာထားလည်း
ငါဟာ ခရီးဆက်နေတယ်…

မရေရာတဲ့ အချစ်တစ်ခုတွေ့ရှိလို့
ငါ့အတွက် အလင်းလို့ ဆိုနိုင်မလား
သေချာတာ ငါ့ဘ၀ အချစ်မရှိလို့
ငါ့ဘ၀ လုံးဝမတုန်လှုပ်ဘူး
ဒီအခြေအနေအတိုင်းပဲ ငါဟာ ခရီးဆက်နေတယ်..

မာယာတွေဖုံးတဲ့ ဒီအချစ်များ
ငါလေ တွေ့ရှိခဲ့ပြီမို့
မယုံကြည်တာ အပြစ်လို့ ဆိုနိုင်မလား

ဒီအဖြစ်တွေကို ငါငြီးငွေ့ပြီ
ဘ၀တွေကို ငါငြီးငွေ့ပြီ
ဒီအချစ်တွေကို မလိုအပ်တော့ပြီ..


ငြီးငွေ့ပြီ

No comments: