Wednesday, August 08, 2007

ကြွေကျသွားတဲ့ ကောင်းကင်




ရယ်မောရင်း ငိုကြွေးဖူးသလား
တဟားဟားလို့ အော်ရယ်နေရင်းမှာပဲ
ရင်ထဲမှာ ဆို့နင့်ကြေကွဲစိတ်တွေ
တလိပ်လိပ်တက်လာတယ်…
ဆွဲဆောင်ရာ မပါနိုင်ရှာတော့တဲ့
ကလောင်ရာတစ်ချို့အတွက်
ပွက်ညံဆူလာတဲ့ ရင်ခုန်သံတွေကို
အပိုအလိုမရှိ နားဆင်ချင်ရင်
ခုတင်ခဏ ဒီစာအုပ်ကို
ဒေါင်းလုပ်လိုက်ပါ...

တစ်ခြားကမ္ဘာက သူ့ရဲ့ အပြုံးမျက်နှာကိုတော့
မမေ့လျော့လိုက်ပါနဲ့နော်
ပျော်စေချင်တဲ့ သူ့နှလုံးသားကို
တို့အားလုံး ဂုဏ်ပြုလိုက်ရအောင်
စာပေအလင်းရောင် ဆောင်ခဲ့သူ
ရွှေဘုန်းလူအတွက်ပေါ့…
သူက ကောင်းကင်ကြွေကျတာကိုတောင်
ငါတို့အတွက် ပြန်ကောက်ယူပေးခဲ့တယ်လေ…
ကောင်းကင်အကြွေကောက်တဲ့လက်ပေါ့


No comments: