အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တဲ့နေ့လို့ ပြောနိုင်ပါတယ်.
ဘာလို့လဲဆိုတော့ အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်း သမ္မတအဖြစ် အိုဘားမားကို ရွေးချယ်တင်မြှောက်လိုက်လို့ပါပဲ.
အခု ဒီစာကို ရေးနေချိန်မှာ နယူးယောက်မြို့ရဲ့ Time Square မှာ အမေရိကန်ပြည်သူတွေ ၀မ်းမြောက်ဝမ်းသာ အော်ဟစ်နေကြတယ်. ချီကာဂိုမှာရှိတဲ့ Grant Park မှာ အိုဘားမား အိုဘားမား ဆိုပြီး သံပြိုင်အော်ဟစ်နေကြတယ်. ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ အိမ်ဖြူတော်ရှေ့မှာ လက်ရှိသမ္မတ ဘုရှ် ထွက်လာပြီး တစ်ခုခုပြောမလားလို့ လူအုပ်ကြီးက စောင့်ဆိုင်းနေကြတယ်.
ဒါကတော့ အိုဘားမား နိုင်ပြီဆိုတဲ့ အကြောင်းကို CNN က ကြေငြာလိုက်တော့ ၀မ်းသာအားရ ဟစ်ကြွေးနေကြတဲ့ လူအုပ်ကြီးပါ.
http://www.cnn.com/video/#/video/politics/2008/11/04/malveaux.obama.wins.ohio.cnn
အိုဘားမားရဲ့ ဇာတိရင်းမြစ်ဖြစ်တဲ့ ကင်ညာနိုင်ငံမှာလည်း ကင်ညာပြည်သူတွေက သူတို့ရိုးရာသီချင်းတွေ ဆိုပြီး ကခုန်မြူးထူးနေကြပါတယ်.
တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အပြောင်းအလဲကြီးတစ်ခုပါပဲ.
ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အိုဘားမားရဲ့ Inauguration Ceremony ကို ကျင်းပပြီး အမေရိကန်သမ္မတရာထူးကို တရားဝင် လွှဲပြောင်းတာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်.
ဒီရွေးကောက်ပွဲတစ်ခုလုံးကို အစအဆုံး ရင်ခုန်စွာ ကြည့်ရှုလာတဲ့ ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေခဲ့ပါတော့တယ်.
'ပညာရဲရင့် ပွဲလယ်တင့်'
အားလုံးကို ချစ်ခင်လေးစားလျက်
ရန်အောင်
