Showing posts with label Sports. Show all posts
Showing posts with label Sports. Show all posts

Thursday, May 03, 2007

မိုးရေထဲမျောပါသွားရှာတဲ့ သရဲနီတို့၏အိပ်မက်


မေ (၂) San Siro

မလန့်သွားပါနဲ့ဦး. သရဲနီဆိုတာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောတာပါ. ဘောလုံးသတင်းတွေကို ဘလော့ဂ်ပေါ်မှာ တခုတ်တရ တင်ပေးနေတာ နိုင်းနိုင်းစနေ၊ ကျွန်တော်နဲ့ ကိုဝေယံလင်း ပဲ ရှိပါတယ်. ဒီအချိန်ဆိုရင် ကိုဝေယံလင်း အိပ်တာသိုးနေလောက်ပြီ. နိုင်းနိုင်းတစ်ယောက်လည်း အနီကတ်ပြနေလောက်ပြီ. ဒါကြောင့် သူတို့မတင်ခင် ကျွန်တော်က အရင်တင်လိုက်တယ်. ကိုဝေယံလင်း… ဒိုင်းညှောင့်…. မနိုင်းနိုင်း.. တခိညှော့….

အားလုံးသိတဲ့အတိုင်း ချန်ပီယံလိဂ်ရဲ့ ပထမအကျော့မှာ မန်ယူက အေစီမီလန်ကို ၃ - ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်. အိမ်ကွင်းမှာ ၂ ဂိုးအသွင်းခံရကတည်းက မန်ယူရဲ့ ကံကြမ္မာက သိပ်မျက်နှာသာမပေးရှာတော့ပါဘူး. အဲဒီ့ပွဲမှာတုန်းက မန်ယူဘက်က ရိုနယ်လ်ဒို (၁)၊ ရွန်နီ (၂) ပါ. အေစီမီလန်ဘက်ကတော့ ကာကာ (၂) ပါ. မန်ယူက ဘာပဲဖြစ်ဖြစ် ၃ ဂိုးနဲ့နိုင်လိုက်တော့ အားတက်သွားတာ အမှန်ပါပဲ. ကျွန်တော်လည်း မရဲတရဲလေး အားပေးနေဆဲပါပဲဗျာ.

ဘောလုံးပွဲအားပေးရင် မနိုင်းနိုင်းစနေလိုမျိုး ဂိုးပေါက်ထဲဘောလုံးဝင်မှ ထအော်တာမဟုတ်ပါဘူး. ကျွန်တော်ကတော့ မန်ယူကို နဂိုကတည်းက အားပေးပါတယ်. (ဟဲဟဲ. ကြုံတုန်းလေး မနိုင်းနိုင်းကို ကလိလိုက်ဦးမှပဲ). ကိုဝေယံလင်းလိုမျိုးနေမကောင်းလို့ဆိုပြီး ဘောလုံးပွဲကို Skip လုပ်ပြီး နောက်တစ်နေ့မှ တစ်သသဖြစ်နေတတ်တဲ့လူမျိုးလည်း မဟုတ်ပါဘူး. ခုလောလောဆယ် စာမေးပွဲရှိတာတောင်မှ ရအောင်ကြည့်တတ်တဲ့ အမာခံ ဘောပရိသတ်တစ်ဦးပါ. (အဲဒါက ကိုဝေယံလင်းအတွက် ကျွန်တော့်ရဲ့ စကားကြီးတစ်ခွန်းပါ. အသင်နာယူလော့…)

လိုရင်းကိုပြန်ဆက်ရရင် ဒီနေ့ မေ ၂ ရက်နေ့ အေစီမီလန်ရဲ့ အိမ်ကွင်း San Siro မြို့မှာ မန်ယူနဲ့အေစီ ဒုတိယအကျော့ ကစားပါတယ်. မန်ယူ ၀ - အေစီ - ၃ ပါ. မန်ယူတို့ အိမ်ပြန်ရပါပြီ….

အေစီမီလန်ဘက်က ကာကာနဲ့ ဆီးဒေါ့လ်ဖ်တို့က ပထမပိုင်းမှာကတည်းက တစ်ဂိုးစီသွင်းထားပါတယ်. ကာကာက ဗွေဆော်ဦးဂိုးကို စသွင်းတာပါ. (ဦးလှဝင်းလေသံနဲ့ ပြောလိုက်ဦးမယ်) ၇၈ မိနစ်မှာတော့ အေစီမီလန်ဘက်က Alberto Gilardino က တတိယမြောက်ဂိုးကို သွင်းယူသွားပါတယ်. ဒီပွဲရဲ့ Star တွေကတော့ ကာကာနဲ့ ဆီးဒေါ့လ်ဖ်တို့ပဲ ဖြစ်ပါတယ်. သိပ်ကို ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါပဲ.

ပွဲမစခင်ကတည်းက မိုးတွေရွာ၊ လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်နဲ့ အဲဒီ့အချိန်မှာပဲ အေစီမီလန်နဲ့ မန်ယူကွင်းထဲကိုဝင်လာ… လျှပ်စီးတစ်ချက်လက်ခနဲဖြစ်၊ ရွန်နီနဲ့ ကာကာရဲ့မျက်နှာတွေပေါ်မှာ မခံချင်စိတ်တွေဖြစ်နေတာကို ထင်းခနဲပေါ်သွားစေ. ပရိသတ်တွေက နားအူအောင်အော်. ဒိုင်လူကြီးက ခရာမှုတ်. မိုးကြိုးတစ်ချက်ပစ်.. ဂျိမ်း

ကာကာတစ်ဂိုးသွင်း. မိုးကြိးတစ်ချက်ပစ်. ဂျိမ်း..



ဖာဂူဆန်ရင်တွေပူ.. လျှပ်စီးတွေကလက်. ပီကေထုတ်ဝါး..
ဆီးဒေါ့လ်ဖ်နောက်တစ်ဂိုးသွင်း.. မိုးတွေပိုသည်းလာ. ရော်နယ်လ်ဒို ငိုမဲ့မဲ့ဖြစ်. ရိုင်ယန်ဂစ် အလွန်အီးတင်း… ရွန်နီပေါက်ကွဲ.



ဒေးဗစ်ဘက်ခမ် အမေရိကန်ကနေ သူ့မိန်းမနဲ့ ကလေးတွေနဲ့အတူ မန်ယူ-အေစီမီလန်ပွဲကို ထိုင်ကြည့်. ရင်ထဲမကောင်း…ရွိုင်ကင်း ဆန်းဒါးလန်းကို နည်းပြနေရင်းကနေ သတင်းကြား. ရင်ထဲမှာဆို့…





ပထမပိုင်းပြီး. ဒုတိယပိုင်းစ. မိုးနည်းနည်းပြန်စဲ. အ၀တ်လဲခန်းမှာ ဖာဂူဆန်ကြီးက ဩ၀ါဒတွေချွေ.. မန်ယူအသင်းအော်ကြ. . `သရဲနီတို့ အောင်ရမည်.. သရဲနီတို့ နိုင်ရမည်. အရေးတော်ပုံအောင်ပါစေ..´ (တတိယစာကြောင်းက ကျွန်တော် ထပ်ဖြည့်ပေးထားတာပါ. ဖာဂူဆန်လက်ခံမယ်လို့ထင်ပါတယ်…)

ဒုတိယပိုင်း အကြိတ်အနယ်ပြန်စ. နောက်တစ်ဂိုးသွင်းခံရ… အေစီမီလန် ပရိသတ်အလွန်ပျော်. မန်ယူပရိသတ်. ပြဿနာရှာစပြုလာ.. ဘီယာများ ပို၍ရောင်းကောင်း. မနိုင်းနိုင်းစနေ. နေကြာစေ့များကို ဖိဝါး. ကိုဝေယံလင်း. အားပိုနည်းလာ.. မောင်ရန်အောင် စာအုပ်ကို ပိတ်ထား..

ရွှီး..ရွှီး..ရွှီး…….

ပြီးပါပြီ….

ဒါမော်ဒန်အားကစားသတင်းထောက်ရဲ့ ရေးနည်းနော် … ဟင်းဟင်းဟင်း.. အလန်တွေချည်းပဲဗျ ဘာမှတ်လဲ…

Remark:

သတင်းအပြည့်အစုံကို ဒီမှာဖတ်ပါ. Youtube မှာ Video တွေ မကြာခင်တင်ပါမယ်. ဒီပို့စ်ကို update ပြန်လုပ်ပေးပါမယ်…

နောက်ဆုံးထူးခြားတဲ့တစ်ချက်ကတော့ ချန်ပီယံလိဂ်မှာ မန်ယူဟာ အေစီမီလန်နဲ့တွေ့တိုင်း ရှုံးတတ်တာပါပဲ. ငယ်နိုင်ဖြစ်နေပါတယ်. အဲဒါကို ဖာဂူဆန်ကြီးတစ်ခုခုလုပ်သင့်နေပါပြီ…

Liverpool နဲ့ Chelsea ပွဲမှာ Liverpool က ပယ်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်သွားပါတယ်. ဒါကြောင့်မို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ACMilan နဲ့ Liverpool တွေ့ကြပါပြီ. ဒါဟာဒုတိယအကြိမ်မြောက် တွေ့ဆုံကြခြင်းပါ. ၂၀၀၅ မှာ Liverpool နဲ့ ACMilan နဲ့ တွေ့ကြပါသေးတယ်. ပထမပိုင်းမှာ ACMilan က ၃ ဂိုးသွင်းထားတာကို အမီလိုက်ကစားရင်း နောက်ဆုံးမှာ ပယ်နယ်တီနဲ့ Liverpool ဗိုလ်စွဲသွားပါတယ်. ဒီတစ်ခါတော့ မကြေပွဲထပ်နွှဲကြပြန်ပြီပေါ့လေ. ပွဲကတော့ ပွဲကြီးပွဲကောင်းတစ်ခုဆိုတာ အာမခံပါတယ် ခင်ဗျာ. မေ ၂၃ မှာ စကစားပါမယ်ဆိုတာ အားလုံးကို အသိပေးလိုက်ပါတယ်ခင်ဗျာ….

Liverpool နဲ့ ACMilan ရဲ့သတင်းကို ဒီမှာဖတ်ပါ.

Liverpool Vs. Chelsea Penalty Kicks