Showing posts with label Mar Mar Aye. Show all posts
Showing posts with label Mar Mar Aye. Show all posts

Monday, May 12, 2008

အသက်ရှည်ကျန်းမာဖို့ လှူကြစို့...













အို… ကံသာအမိ ကံသာအဖ
ကံသာပဲ အစိုးရ
မိုးကသည်းထန် လေမိုးမာန်ပြင်း
ချဉ်းနင်းတိုက်ပွေ
တို့အသည်းတွေ နေစရာမရှိ ကြွေပါဘိလေ…



အမိဧရာမြေ မချိဝေဒနာပွေ
သားလေလင်ဆုံး အမျိုးသုဉ်းလို့ အတိပြာဝေ
တတွေတွေ ဖြေမပြေ အမေ့မျက်ရည်….



လှိုင်းကြီးမိုးထန် သောင်းလုံးယံသော်
စံပျော်လိပ်ပြာ ၀ဲတန်မှာလျှင်
ကြင်သူနဲ့ဝေး ဝေး အဝေးပေါ့ရှင်



အို အချင်းမိတ်ဆွေ… အို သွေးချင်းတို့ရေ
ကြားရက်သေးရဲ့လား မြင်ရက်သေးရဲ့လားလေ…
အမိမြန်မာပြည် အသက်အသက်တွေ ညက်ညက်ချေ
သဘာဝဘေးဒဏ် ခါးစည်းခံကာကြေ





ကျန်နေသူ တို့မျိုးတို့ဆွေ
အသက်ရှည် ကျန်းမာဖို့ လိုပေ
ပေးဝေလှူဒါန်း ဆွမ်းဆန် ဆေးငွေ ပြည့်စုံပါစေ
တစ်ကမ္ဘာလုံးဟာ အမျိုးတွေ ဗုဒ္ဓဟောပါသလေ



ကူညီမယ်မဟုတ်လား မိတ်ဆွေ သူတော်ကောင်းတို့ရေ
ပေါင်းစုတက်လှမ်း နိဗ္ဗာန်မြန်းနိုင်အောင်ခေါ်နေ….







Acknowledgement:

ဓာတ်ပုံတွေကို ခါတော်မီ ၀က်ဘ်ဆိုက်မှ တဆင့် ကူးယူဖော်ပြပါတယ်.

သီချင်းကို သာသနာ့ဥသျှောင် ဘလော့ဂ် မှ တဆင့်ရယူဖော်ပြပါတယ်.

ဒေါင်းလုပ်လုပ်ပြီး ပြန်လည်မျှဝေပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ် ခင်ဗျာ...

ဒီမှာ ဒေါင်းလုပ်လုပ်ပါ.

မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ ဆိုတဲ့ Pamphlet လေးနှစ်ခုကတော့ ဒီဇိုင်နာ ကိုမျိုးရဲ့ လက်ရာကို ကိုမျိုးချစ်မြန်မာက အီးမေးလ်မှတဆင့် ပေးပို့ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ...

ပေးပို့လှူဒါန်းလိုသူများအတွက် သာသနာ့ဥသျှောင်အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ သာသနာ့ဥသျှောင် ဘလော့ဂ်မှာ တင်ထားတဲ့ PayPal Donation Button လေးမှတဆင့်ဖြစ်စေ ပေးပို့လှူဒါန်းနိုင်ပါတယ်.









မြန်မာ့သာသနာ နှင့် သံဃာတိုႚ အတွက် ကုသိုလ်ပၝ၀င်နိုင်ပၝပြီ



မုန်တိုင်းဘေးဒဏ်ကြောင့် ဆုံးရှုံးပျက်စီးကြရသော မြန်မာပြည်သူပြည်သားများအတွက် ဘယ်လိုမှ ဖော်မပြနိုင်အောင် ၀မ်းနည်းပူဆွေးမိပါတယ်. ကျွန်တော်တို့ ၀ိုင်းဝန်းပံ့ပိုးကူညီသွားဖို့ လိုအပ်ပါတယ်. ဒီကိစ္စဟာ တစ်လတစ်နှစ်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး. ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာတွေအတွက် (အစာရေစာရှားပါးခြင်း၊ ကူးစက်ရောဂါများပြန့်ပွားခြင်း စသည်) လည်း ကျွန်တော်တို့ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာဖို့လိုပါတယ်. ဒေါသထွက်နေရုံ၊ ခံပြင်းနေရုံ၊ မကျေမနပ်ဖြစ်နေရုံနဲ့ မပြီးပါဘူး. မှောင်လှချည်လားလို့ ငြီးတွားအပြစ်တင်နေမယ့်အစား ကျွန်တော်တို့ရဲ့ လက်ထဲက ဖယောင်းတိုင်လေးတစ်တိုင်စီလောက်ကို ထွန်းညှိလိုက်ကြရအောင်....

လေးစားစွာဖြင့်

ရန်အောင်