Showing posts with label College Application. Show all posts
Showing posts with label College Application. Show all posts

Saturday, October 28, 2017

အမေရိကားမှာ ကျောင်းတက်မယ်ဆိုရင် (၁)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

မြန်မာပြည်က အထက်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကားမှာ တက္ကသိုလ်တက်ရောက်ချင်တယ်ဆိုရင် ဘယ်လိုမျိုးတွေ ပြင်ဆင်ထားသင့်တယ်၊ ဘာအချက်အလက်တွေ သိထားသင့်တယ် ဆိုတာကို အခန်းဆက် ဆောင်းပါးလေးတွေ အနေနဲ့ ဆွေးနွေးတင်ပြပေးချင်ပါတယ်။ အခါအားလျော်စွာ အမေရိကားက ကျောင်းသား၊ ကျောင်းသူများကို အင်တာဗျူးထားတာလေးတွေကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အမေရိကားမှာ ကျောင်းတက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ ပထမဦးဆုံး စဉ်းစားရမယ့် အချက်က စကောလားရှစ် လိုမလို ဖြစ်ပါတယ်။ ဘာကြောင့် သည်လိုမေးရတာလဲဆိုတော့ အမေရိကားကို ကျောင်းလာတက်မယ်ဆိုရင် မိဘက စိုက်ထုတ်ပေးတဲ့ ကျောင်းစရိတ်နဲ့ လာတက်သူတွေ ရှိသလို၊ ပညာသင်ဆု အကူအညီနဲ့ လာတက်သူတွေလည်း ရှိတာဖြစ်တဲ့အတွက် အုပ်စုတစ်ခုချင်းစီရဲ့ လိုအပ်ချက်အတိုင်း အဆင့်ဆင့် ပြောပြပေးသွားဖို့ လိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။