Showing posts with label Videos. Show all posts
Showing posts with label Videos. Show all posts

Friday, September 25, 2009

Being Strong Meant Never Losing Your Self-Control...






Alone in this house again tonight
I got the TV on, the sound turned down and a bottle of wine
There's pictures of you and I on the walls around me
The way that it was and could have been surrounds me
I'll never get over you walkin' away....

I've never been the kind to ever let my feelings show
And I thought that bein' strong meant never losin' your self-control
But I'm just drunk enough to let go of my pain
To hell with my pride, let it fall like rain
From my eyes
Tonight I wanna cry

Would it help if I turned a sad song on
"All By Myself" would sure hit me hard now that you're gone
Or maybe unfold some old yellow lost love letters
It's gonna hurt bad before it gets better
But I'll never get over you by hidin' this way

I've never been the kind to ever let my feelings show
And I thought that bein' strong meant never losin' your self-control
But I'm just drunk enough to let go of my pain
To hell with my pride, let it fall like rain
From my eyes
Tonight I wanna cry

Vocalist: Keith Urban
Title: Tonight I Wanna Cry
Album: Be Here...





Thursday, August 20, 2009

ဆား (၃) ပွင့် :D

ဒီရက်ပိုင်းအတွင်း စထရပ်စ်နည်းနည်းပြန်များလာလို့ youtube ကိုဝင်ပြီး ရယ်စရာတွေ လိုက်ရှာရင်းက ဒီ Stress-killer လေးတွေကို ခလုတ်တိုက်မိတယ်.

ခံစားကြည့်... :D

Sooooo brilliant and creative....











Monday, September 08, 2008

သိသူဖြေပေးကြပါ

ဒီ ရုပ်ရှင်လေးကို youtube မှာ တွေ့လိုက်ရပါတယ်. ဘာကားလဲ. ဘယ်တုန်းက ရိုက်ထားတာလဲဆိုတာ သိသူများ ရှိရင် ဖြေပေးကြပါ. ကျေးဇူးတင်ပါတယ်ခင်ဗျာ.

Friday, September 05, 2008

ဘယ်ပန်းချီရေးလို့မမီ - ရှုမ၀မောင်ဆွေတင့်



ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာတွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ

အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင်လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ
ညွှန်းဆိုနှော ပြောပြပေသည်



ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်

တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်

ဒီသီချင်းလေးကို ကျွန်တော်လိုက်ရှာနေခဲ့တာ ကြာပါပြီ။ ကျွန်တော် အကူအညီတောင်းထားတဲ့ ပို့စ်လေးကို သတိတရနဲ့ ရှာဖွေကူညီပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ် ခင်ဗျာ.

Youtube ကို ကြည့်လို့ မဖြစ်နိုင်သူများအတွက် သီချင်းဒေါင်းလုပ်လင့်ခ်လေး ထုတ်ပေးလိုက်ပါတယ်.

ဘယ်ပန်းချီရေးလို့မမီ

ရေး-တက္ကသိုလ်အေးမောင်
ဆို- ရှုမ၀မောင်ဆွေတင့်

ဆီဘောက်စ်မှ အမှတ်တရ မက်ဆေ့ခ်ျများ

ရာမညသား: မူရင်းအဆိုရှင် တက္ကသိုလ်အေးမောင် ဗားရှင်းကို ကျနော် အကြိုက်ဆုံးပဲ။ တင်ပေးထားတဲ့ မအေးနန္ဒာ ကို ကျေးဇူးတင်ပါတယ်။
4 Sep 08, 11:21
ရာမညသား: ကိုရန်အောင်လိုချင်တဲ့ "ဘယ်ပန်းချီရေးလို့ မမှီ" http://www.youtube.com/watch?v=9SVnBDBv9Ek ကို တွေ့လို့ မျှဝေတာပါ၊

2 Sep 08, 07:39
ငွန်ငယ်: အကို ရေ.. အကိုလိုချင်တဲ့ သီချင်းတွေက မြန်မာပြည်ကအိမ်မာဆိုရှိတယ်။ပိုတတ်တဲ့သူမရှိလို. ။ဒီမှာတော့ တက္ကသိုလ်မောင်ဆွေတင့်ရဲ ဘယ်ပန်းချီရေးလို့မမှီတော့ရှိတယ်ပို့ပေးလိုက်ပါမယ်နော့..

1 Sep 08, 15:01
.: http://rapidshare.com/files/141885958/Bae_Pa_Chi_Yae_Lo_Ma_Mee.DAT.html

အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Wednesday, September 03, 2008

ဘယ်ပန်းချီရေးလို့မမီ - ပိုးအိစံ

သီချင်းလင့်ခ်လေး လာပေးသွားတဲ့ အမည်မသိ မိတ်ဆွေကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ. ကိုဇော်ဝမ်းရဲ့ သီချင်းလေးရရင်လည်း ဝေမျှပေးကြပါဦး.

မှတ်ချက်။ ဒီသီချင်းကို အစက စိုးစန္ဒာထွန်းဆိုတယ်လို့ ထင်နေခဲ့ပါတယ်. ဒီမှတ်ချက်လေးကြောင့် ပြန်ပြင်လိုက်ပါတယ်. ကျေးဇူးတင်ပါတယ် visitor ခင်ဗျာ.

8 Sep 08, 23:16
visitor: ဦးရန်ရေ ခုတင်ထားတဲ့ဘယ်ပန်းချီရေးလို့ မမီ သူချင်းက ပိုးအိစံ ဆိုထားတာပါ စိုးစန္ဒာထွန်း မဟုတ်ဘူးရှင့် ပျော်ရွှင်ပါစေရှင်


Wednesday, August 06, 2008

ချစ်သူသိပါစေ...

“ကားရပ်ပေးပါနော် မ. ကျွန်တော်ပေးစရာလေး တစ်ခုရှိလို့.”

သူ အတတ်နိုင်ဆုံး တိုးလျှိုးတောင်းပန်ရင်း ပြောခဲ့ပါသည်။ သို့သော် “မ” က သူ့ဆိုလျှင် ခါးသည်းလွန်းလှသည်။ ဘယ်တော့မှ အကောင်းမမြင်တတ်.

“ဘာတွေလာပြောနေတာလဲကွာ. နောက်မှပြောတော့. အခုအချိန်မရှိတော့ဘူး”

“ခဏလေးပါ မရယ်နော်. ခဏလေးပါ. ပေးပြီး ပြန်သွားမှာပါ.”

ကားအရှိန်ကို ထိန်းပြီး လိုက်မောင်းနေရင်း သူမဆီ ဖုန်းဆက်ပြောနေရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အန္တရယ်လည်း များလွန်းလှသည်။ မတော်တဆ လမ်းပြပုလိပ်တွေ့လျှင် အဖမ်းခံချင်ခံရ၊ ဒဏ်ငွေရိုက်ခံချင်လည်း ခံသွားရနိုင်သည်။ သို့မဟုတ် အာရုံများလွန်း၍ ခြေချော်လက်ချော်ဖြစ်ပြီး ယာဉ်တိုက်မှုပင် ဖြစ်သွားနိုင်လောက်သည်။

ဒါကို သူမ မသိ. ကိုယ်ချင်းလည်းမစာ.

“မရပ်နိုင်ဘူးဟေ့. လမ်းလယ်ခေါင်ကြီးမှာ. မရပ်ဘူး. သိပြီလား”

သူ့စိတ်ထဲထောင်းခနဲ ဖြစ်သွားခဲ့သည်။ သည်းခံနိုင်စွမ်းက ဟိုဖက်ကိုလွန်သွားခဲ့လေပြီ. သူမကို ချစ်လွန်း၍သာ ဂျန်းတဲလ်မင်းပီသစွာ၊ ပညာတတ်ပီသစွာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေခဲ့ခြင်းဖြစ်သည်။

ယခုလည်းကြည့်လေ. သူကြိုးစားသီဆိုထားခဲ့သည့် သီချင်းခွေလေးတစ်ခု၊ အထူးသဖြင့် သူမအတွက် ရည်ရွယ်ပြီး သီဆိုထားသည့် သီချင်းလေးတစ်ပုဒ်ကို သူမမွေးနေ့အတွက် လက်ဆောင်အဖြစ်ပေးရန် ကြိုးစားခြင်းကို ကိုယ်ချင်းမစာဘဲ ခါးခါးသည်းသည်း ငြင်းသည်။

စတီယာရင်ပေါ်ကိုင်ထားသော လက်ချောင်းတို့ ချွေးစေးများဖြင့် ရုတ်ချည်းအေးစက်သွားခဲ့ကြသည်။ လီဗာပေါ်တင်ထားသော ခြေထောက်တို့ ကြမ်းပြင်နှင့်ပိုနီးစပ်သွားသလို ခံစားလိုက်ရသည်။

“၀ရော… ၀ရူး… ကျွီ”

ကဲ. ဖြစ်ချင်ရာဖြစ်. သူမကားကို ကျော်တက်ပြီး ပိတ်ရပ်လိုက်သည်။

ကားတံခါးကို ဆောင့်ဖွင့်ပြီး သူမရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်လာခဲ့လိုက်သည်။

သူ့ကို စိုက်ကြည့်နေသော သူမမျက်ဝန်းများကို ဒီတစ်ခါတော့ လွှဲဖယ်ပစ်ရန် မကြိုးစားတော့ဘဲ ပြန်စိုက်ကြည့်ပစ်လိုက်သည်။

သူမကားပြတင်းပေါက်ပေါ် လက်တင်၍ စီဒီခွေကို သူမထံသို့ လှမ်းပေးလိုက်သည်။ သူမကိုကြည့်နေသော သူ့အကြည့်တို့ အနည်းငယ် ရိုင်းစိုင်းလွန်းသွားသည်လားတော့မသိ။ သူမ မျက်လွှာချသွားခဲ့သည်။ သူပေးသော စီဒီခွေကို လှမ်းယူလိုက်သည်။

စိတ်ထဲတွင် ကျိတ်၍၀မ်းသာသွားသော်လည်း မေးကြောများထောင်အောင် တမင် အံကြိတ်လျက် ကားရှိရာဖက်ဆီ လမ်းပြန်လျှောက်လာခဲ့သည်။

ကားတံခါးကို ဂျိုင်းခနဲမြည်အောင်ပိတ်၊ ဂီယာထိုးပြီး လီဗာကိုဆောင့်နင်းလျက် သူမရှေ့မှ ထွက်ခွာလာခဲ့ချိန်မှာတော့ သူတစ်ခုပဲ သတိထားမိခဲ့သည်။

သူ ရင်တွေ တဆတ်ဆတ် ခုန်နေခဲ့ပါသည်။

(ကျန်တာ ဘာဆက်ဖြစ်မလဲ ဆက်သာကြည့်ကြပေတော့ဗျာ... ဟတ်ဟတ်ဟတ်.)



ရေထဲနစ်သူမှာ ဆက်ပြီး အသက်ရှင်စရာ
လေကိုသာ ရှိုက်သွင်းဖို့
ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀အသိစိတ်တစ်ခုလုံး
မင်းအချစ်ငတ်မွတ်နေလို့
ခုထက်ထိငါ…

စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့
ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့လူတစ်ယောက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက်….

မင်းမှမင်းပဲ….
မင်းမှမင်းပဲ…
မင်း.. တစ်ယောက်တည်း…
မင်းမှမင်းပဲ…
မင်းမှမင်းပဲ..
မင်း တစ်ယောက်တည်း မင်းပဲ…

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တယ်တောင်းဆု ဆန္ဒတွေပြု
မင်းကလွဲပြီးရင်အခု
ဘာမှလည်းမရချင်ဘူး မရချင်ဘူး…


Saturday, August 02, 2008

မရေရာဘူး.

ဒီတစ်ပတ်တော့ အဓိပ္ပါယ် ရှိလှတဲ့ သီချင်းလေးတစ်ပုဒ်ကို ခံစားကြည့်မိတယ်ဗျာ. သိမ်မွေ့လှပတဲ့ စကားလုံးလေးတွေရဲ့ ဆိုလိုရင်းကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.


Monday, June 30, 2008

နှောင်ကြိုးမဲ့ရင်ခွင်...

မနက်ကတော့ ဘာရယ်မဟုတ်ဘူး. အပန်းဖြေတဲ့အနေနဲ့ ကြည့်ရင်း ပို့စ်ကောက်တင်လိုက်တာ. နာမည်ကိုလည်း မစဉ်းစားအားတာနဲ့ ဖြစ်သလိုပဲ “မလုပ်ချင်သေးဘူး ;)" ဆိုပြီး ပေးခဲ့တယ်ဗျ. အခုမှပဲ ပြန်ခံစားကြည့်ရင်း လိုက်ဖက်မယ်ထင်တဲ့ နာမည်လေး ပြန်ပြောင်းပေးလိုက်တယ်.

ကိုခင်ဝမ်းအလွမ်းပြေလည်းဖြစ်စေပေါ့ဗျာ...

“နှောင်ကြိုးမဲ့ ရင်ခွင်” လို့ အမည်ပေးလိုက်ပါတယ်.

Wednesday, June 25, 2008

ကံဆိုးသူ မောင်ရှင်သို့ တမ်းတမိခိုက်....

ငယ်ငယ်တုန်းက ဦးရှင်ကြီးကပ်ပြီဆိုရင် ကျွန်တော်အရမ်းပျော်တယ်ဗျ. မုန့်ဆမ်းစားရလို့လေ. ဟတ်ဟတ်.

စားလို့လည်းကောင်းသားနော်. အိမ်နီးချင်းတွေက လာဝေပါတယ်. ဦးရှင်ကြီးကပ်လို့ပါ ဘလာဘလာဘလာပေါ့.

ကျွန်တော်ကတော့ ဘာမှမသိဘူး. မနက်ခင်း မိုးလင်းလို့ မျက်နှာသစ်သွားတိုက်ပြီး အမေ့ကို ပြေးဖက်လို့ ဘာရှိလဲ မေးရင် အမေက ဦးရှင်ကြီးပွဲကိုပဲ မေးငေါ့ပြပါတော့တယ်.

ပြီးတော့ အမေ့ကို မေးပါသေးတယ်. ဦးရှင်ကြီးဆိုတာ ဘယ်သူလဲလို့.... မုန့်ဆမ်းနဲ့ ဘယ်လိုပတ်သက်တာလဲလို့ပေါ့...

မားသားကြီးက ဦးရှင်ကြီးဆိုတာ စောင်းတီးသိပ်ကောင်းတာ. ရေလမ်းခရီးနဲ့သွားရင်း မိန်းမလှကျွန်းနားအရောက် လှေသူကြီးလည်း ခဏနားဖို့ ဆုံးဖြတ်သတဲ့. Break time လေးမှာ မောင်ရှင်လည်း စောင်းတော်ကိုဆွဲလို့ အပျင်းပြေ လက်စွမ်းပြခိုက် မိန်းမလှကျွန်းရဲ့ အရှင်သခင် မယ်ခနဲ့ မယ်လှတို့ ဥစ္စာစောင့်မလေးနှစ်ယောက် ကြားမိသတဲ့.

သူစောင်းတီးတာကို ဥစ္စာစောင့်မလေးတွေက ကြားပြီး နှစ်သက်လို့ မပြန်နိုင်အောင်လှေကြီးကို ၀ိုင်းဆွဲထားတာပေါ့. အဲဒါနဲ့ပဲ လှေသူကြီးလည်း something တော့ wrong ပြီ ဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်ပါလေရော. အဲ. ဆောရီး မဲခွဲရောပေါ့ဗျာ.

တိုက်တိုက်ဆိုင်ဆိုင် ၃ ချီ ၃ ခါလုံး စောင်းသမားလေး မောင်ရှင်ပဲ မဲပေါက်ပါသတဲ့. (ဒါကြောင့်လည်း တစ်ခုခုကံမကောင်းရင် “ကံဆိုးသူ မောင်ရှင်” ဆိုတဲ့ အသုံးအနှုန်းလေးနဲ့ ခိုင်းနှိုင်းပြောတတ်ကြတာလေ) နောက်ဆုံးတော့ စောင်းသမားလေး မောင်ရှင်ကို ကြိုးနဲ့တုပ်ပြီး ရေထဲကို ပစ်ချလိုက်ရာက ဦးရှင်ကြီးနတ်ဆိုတာ ဖြစ်လာပါရောတဲ့...

ရေလမ်းခရီးသွားသူတိုင်း ဦးရှင်ကြီးကို ကိုးကွယ်ဆည်းကပ်တတ်ကြတယ်လို့လည်း မားသားကြီးက ထပ်မံဖြည့်စွက် ပြောလိုက်ပါသေးတယ်. မုန့်ဆမ်းဘာလို့ ကျွေးလဲဆိုတာကိုတော့ သူလည်း မသိပါ. ကျွန်တော်လည်း ဘယ်သူ့ကိုမှ မေးလို့ မရခဲ့ပါ. သိသူများ ရှိရင် ပြောပေးပါဦး...

အံမယ်. ရပ်ကွက်ထဲမှာ ဦးရှင်ကြီးတင်ချိန်ရောက်ရင် ဦးရှင်ကြီး တင်ပေးသူဆိုတာကလည်း လာဘ်လာဘ ကောင်းသားကလား. ဟိုက လာပါဦးခေါ်လိုက်၊ ဒီက ကြွပါဦးခေါ်လိုက်နဲ့ ပါးစပ်ကို မလည်ဘူး. (ဟုတ်တယ်လေ. သူက ပါးစပ်ကနေ ရွတ်ပေးရတာဆိုတော့ ပါးစပ်မလည်ဘူးပေါ့.)

ဟိုးငယ်ငယ်တုန်းက ဦးရှင်ကြီးရုပ်ရှင် တီဗွီကလွှင့်တာ ကြည့်ဖူးတယ်. ပြည်လှဖေ သရုပ်ဆောင်တာပေါ့. ဥစ္စာစောင့်မလေးတွေကိုလည်း ပီပြင်အောင် ရိုက်ထားပါတယ်. ပြိုးပြိုးပျက်ပျက် မင်းသမီးဝတ်စုံလေးတွေ ၀တ်လို့ လေထဲမှာ လွင့်နေပြီး ပြည်လှဖေ စောင်းတီးနေတာကို ၀ိုင်းကြီးပတ်ပတ် လှည့်ကနေကြတာ. ကျွန်တော်တောင် ကြည့်နေရင်း ကြက်သီးထတယ်. တကယ် တကယ်..

ကြည့်ဦးလေ. ဒါရိုက်တာကလည်း ဥစ္စာစောင့်မလေးတွေကို ပိုပြီးတော့ တူအောင် မျက်နှာနား အနီးကပ် ဆွဲရိုက်လိုက်၊ ရွှီးခနဲ အဝေးကို ထွက်သွားပုံကို ပြလိုက်၊ “ဟင်းဟင်းဟင်း” လို့ ရီသလို မောသလို လုပ်ပြလိုက်နဲ့ ကျွန်တော် ကြောက်တာပေါ့. အဲဒီ့ကတည်းက ကျွန်တော်လည်း သူများတွေကို လှန့်ချင် ခြောက်ချင်ရင် “ဟင်းဟင်းဟင်း” လို့ ရီတတ်လာရောဗျာ. ဟင်းဟင်းဟင်း....

နောက်ပိုင်းကျတော့လည်း ဘဘကြီး ဦးနေ၀င်းက ရှေးကားတွေ၊ ဥစ္စာစောင့်တွေ၊ သရဲတစ္ဆေကားတွေဟာ ရဲစွမ်းသတ္တိကို ယိုယွင်းပျက်ပြားစေတယ် ဆိုပြီး သကာလ ဆင်ဆာပိတ်လိုက်တာနဲ့ ဘယ်သူ့ဘယ်သူမှ မကြည့်ရတော့ပါဘူး. မြန်မာ့အသံမှာ အဲဒီ့ကားတွေ ရှိရင်တောင် ကံကောင်း.

ကဲပါလေ. လိုရင်းပြောရရင်တော့ ကျွန်တော်တစ်ယောက် youtube ကို ထုံးစံအတိုင်း မွှေနေခဲ့ရင်းက စောင်းသမားလေး မောင်ရှင်ဆိုတဲ့ အကြောင်း ဆိုထားတာလေး တွေ့တာနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတယ်ဗျ.

တဆက်တည်း စာဖတ်သူတွေကိုပဲ ဆက်မေးရဦးမယ်ဗျာ. ပုန်းမကြည်နတ်ဆိုတာရော ကြားဖူးလား. သူ့ရဲ့ ဘက်ဂရောင်း နည်းနည်းလောက်သိရင် ဝေမျှပေးပါဦး. လောလောဆယ်တော့ ခေတ်သစ် မော်ဒယ်လ်ဂဲလ် ဥစ္စာစောင့်မလေးတွေနဲ့ စောင်းသမားလေး မောင်ရှင်ကို ရှုစားတော်မှုလိုက်ပါဦးဗျာ.... အဆိုတော်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေ ဆိုတတ်တဲ့ သျှန်ထွဏ်း(မြန်မာစာ) ပါခင်ဗျာ.

စစချင်း တီးလုံးက ကောင်းတယ်. နတ်ဒိုးသံနဲ့တူတယ်. ကျွန်တော်တောင် ပုဆိုးစွန်တောင်ဆွဲပြီး ထကချင်စိတ်ပေါ်လာလို့ အိမ်နေရင်း ၀တ်တဲ့ Prada Short Pant နဲ့ လဲဝတ်ထားရတယ်ဗျာ. ဟတ်ဟတ်ဟတ်.




အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

ရန်အောင်

Monday, June 23, 2008

ပျော်ရွှင်ပါစေ တနင်္လာ....

"ရွှေစေတီ ထံတော်ပါးမှာကွယ်
နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ်
ရေမြေခြား နေကြပေမယ့်
မေ့ပါဘူး သက်လယ်
မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်...."

ကျွန်တော်ငယ်စဉ်က ကြားဖူးနေခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့ဗျာ.

အဖေ့ကိုမေးတယ်. အဲဒါ ဘယ်သူ့အသံလဲလို့

မြန်မာပြည်သိန်းတန်တဲ့...

ကျွန်တော် တော်တော်ငယ်ပါသေးတယ်. ဒါပေမယ့် ကျွန်တော်တစ်ယောက် ကံကောင်းခဲ့တာပဲလားမသိ. မြန်မာသံစဉ်သီချင်းတွေကို စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက် နားထောင်တတ်တဲ့ လူကြီးတွေကြားထဲမှာ ကြီးပြင်းခဲ့ရတယ်. ဒါကြောင့် မြန်မာသံစဉ် သီချင်းတွေကို ကျွန်တော် နှစ်သက်တယ်. မြတ်နိုးတယ်. တန်ဖိုးထားတယ်.

ဒေါ်မာမာအေးရဲ့ “မောင့်အချစ်မြှားစူး”့ ၊ “ချစ်သူ့နယ်မြေ” ၊ “နှင်းပျောက်တဲ့နွေ” ၊ “ပိတောက်လမ်း” စတာတွေ အပြင် မြန်မာပြည်သိန်းတန်ရဲ့ “စုံတောမြိုင်” တို့၊ စန္ဒယား ချစ်ဆွေရဲ့ “သံသရာ ခရီးသည်” တို့၊ “တိမ်တမန်” တို့၊ “မလွမ်းသော မျက်ရည်” တို့ စတဲ့ သီချင်းလေးတွေဟာလည်း ကျွန်တော့်ရဲ့ ငယ်ဘ၀ကို လွှမ်းမိုးခဲ့ဖူးပါတယ်.

ကြီးပြင်းအရွယ်ရောက်လာတော့လည်း ကိုလေးဖြူ၊ ကိုဇော်ဝင်းထွဋ်၊ ကိုအဲလက်စ်၊ ........ ခုတော့လည်း ရန်ရန်ချမ်းတို့၊ ဂျေမီတို့ထိပေါ့....

ဘယ်လိုပဲဖြစ်ဖြစ်. ကျွန်တော်အကြိုက်နှစ်သက်ဆုံးကတော့ မြန်မာသံစဉ်ဆိုတာကို ၀န်ခံရဲပါတယ်. တစ်ခါတစ်လေ အပြင်မှာ မိုးတွေ ရွာနေရင် ရဲလေးရဲ့ “မိုး” သီချင်းကို နားထောင်ရတာထက် စန္ဒရားချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းလေးကို နားထောင်လိုက်ရတာ ပိုပြီးတော့ ခံစားချက်တွေ ရုပ်လုံးကြွလာစေပါတယ်.

နောက်မှပဲ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေကို mp3 format ပြောင်းပေးပြီး တင်ပေးပါဦးမယ်. အခုတော့ မြန်မာပြည်သိန်းတန်ရဲ့ “မေ့ဘူးသက်လယ်” သီချင်းလေးကို နားဆင်ပြီး တနလာင်္နေ့လေးကို ကြိုဆိုလိုက်ကြတာပေါ့ဗျာ.

ကျွန်တော့်ကို လွမ်းအားပိုသွားစေတာကတော့ နံနက်ခင်း နေခြည်အောက်မှာ သံဃာတော်တွေ ဦးပိန်တံတားပေါ်က ဖြတ်လျှောက်ပြီး ကြွသွားတဲ့ အခန်းလေးပါပဲ....

မန္တလေးကို လွမ်းတယ်........
ဦးပိန်တံတားကိုလည်း လွမ်းတယ်....
ရွှေကြက်ယက်ဘုရားကိုလည်း လွမ်းတယ်....
စစ်ကိုင်းတံတားကြီးကိုလည်း လွမ်းတယ်....
မြွေကြီးနှစ်ကောင်ကိုလည်း လွမ်းတယ်.......
ဈေးချိုကိုလွမ်းတယ်.
ညဈေးတန်းကိုလွမ်းတယ်.
ဂျီတီအိုင်ရှေ့က ကောက်ညှင်းပေါင်းနဲ့ အကြော်စုံဆိုင်ကိုလွမ်းတယ်.
ရွှေနန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးကိုလွမ်းတယ်.
မိန်းနားက Unison လက်ဖက်ရည်ဆိုင်ကိုလည်းလွမ်းတယ်.
လွမ်းတယ် အဝေးက ရွှေပြည်မြန်မာရယ်.......

အားးးးးးးးးးးးးးးးးးးး

မနက်ဖြန် တနင်္လာ...

ဘ၀ဆိုတာ ဒီလိုပဲလားကွယ်.......

မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်.....

စကားမစပ်. မြန်မာသံစဉ်တွေကြိုက်လို့ ကျွန်တော့်အသက်ကို ဘိုးအေကြီးလို့ မထင်လိုက်နဲ့ဦးနော်. ငယ်ငယ်လေးပဲ ရှိသေးတယ်. (ကျွန်တော့်တူလေးကို ပြောတာပါဗျာ. ဟတ်ဟတ်ဟတ်)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ချစ်ခင်လေးစားလျက်

ရန်အောင်




Wednesday, June 11, 2008

ခေတ်လွန်ဂီတ...

ဒီဗွီဒီယိုလေးကို Youtube မှာ ကြည့်မိပြီး ကြိုက်လို့ ပြန်မျှဝေလိုက်ပါတယ်. အရမ်းကို creative ဖြစ်ပါတယ်. သံစဉ်လေးကလည်း သပ်ရပ်လှပပါတယ်.

အပန်းပြေပေါ့ဗျာ.


Friday, April 13, 2007

ManU Vs. Roma Soccer Match


Manchester United နဲ့ Roma တို့ ကစားရာမှာ 7-1 နဲ့ ပွဲပြီးသွားပါတယ်. Champion League History မှာပါ ပြောစမှတ်တွင်သွားတဲ့ ပွဲတစ်ခုပါပဲ. ပထမအချီ အီတလီမြေပေါ်မှာ ကစားစဉ်က 2-1 နဲ့ ရှုံးနိမ့်ခဲ့ရတာကို ကောင်းကောင်းကြီး လက်စားချေပြလိုက်တာဆိုရင်လည်း မမှားပါဘူး.

ဂိုးသွင်းသွားတဲ့ Video Footage လေးကို တင်ပေးလိုက်ပါတယ်… သင်္ကြန်တွင်း အပျင်းပြေလေးပေါ့ဗျာ….





Thursday, April 12, 2007

Happy New Year!


အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ခင်ဗျာ.

သင်္ကြန်မှာ သူငယ်ချင်းတို့နဲ့ အတူမရှိနိုင်ပေမယ့် ရင်ထဲမှာတော့ ပိတောက်ပန်းလေးတွေ ကိုယ်စီပွင့်နေကြမယ်ဆိုတာ ယုံကြည်ပါတယ်.

ကောင်းသောဆုံးဖြတ်ခြင်းများဖြင့် နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေဗျား….



သင်္ကြန်မိုးရေ တန်ခူးလေ





သင်္ကြန်မိုး





Thingyan (ထိုင်းစတိုင်လေးပေါ့ဗျာ)





မိုးမင်း ကြိုက်သူများအတွက် (ပျော်ပျော်ပါးပါးလေးပေါ့ဗျာ)




lol


Saturday, April 07, 2007

လောကအတွက် ရတနာလေးများ

ဒီသီချင်းလေးကို youtube မှာ အမှတ်မထင် တွေ့ခဲ့တာပါ. ရင်ထဲမှာ ခံစားသွားရလို့ ပြန်ပြီး Share လုပ်လိုက်ပါတယ်ဗျာ.. ကျွန်တော်တို့လည်း အပြစ်ကင်းမဲ့တဲ့ ကလေးသူငယ်လေးတွေအတွက် ပိုပြီး ကြိုးစားဖို့လိုတယ်နော်.

လောကရဲ့ အလှရတနာလေးတွေ ဆက်လက် ထွန်းလင်းတောက်ပနိုင်ကြပါစေဗျာ....







Saturday, March 17, 2007

Yanni (or) Master of Sensation...

ဒီညတော့ မအိပ်ခင် Yanni ရဲ့ Piano လက်သံလေးကို နားထောင်ချင်လာတာနဲ့ youtube website ကိုသွားပြီး ရှာကြည့်ပါတယ်။ အရင်တုန်းကလည်း ခဏခဏသွားကြည့်နေကြပါပဲ။
ဒီတစ်ခါတော့ Video အသစ်တစ်ခုတင်ထားတာကို တွေ့ရတယ်။ နားထောင်ပြီးပြီးချင်းပဲ ကြိုက်သွားတာနဲ့ ကျွန်တော့်ရဲ့ ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ… အရင် ကျွန်တော်နားထောင်ပြီးတာတွေထဲက ကြိုက်တာတွေကိုပါ ပြန်တင်ပေးလိုက်တယ်. ခံစားသက်ဝင်နိုင်ကြပါစေဗျာ…


Yanni အကြောင်းအသေးစိတ်သိချင်ရင် ဒီ website မှာ သွားကြည့်ပါ…

http://en.wikipedia.org/wiki/Yanni

http://www.yanni.com/

အကြမ်းဖျင်းပြောပြရရင်တော့ သူက ဂရိနိုင်ငံသားပါ။ University of Minnesota, U.S.A မှာ Psychology နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတော့ သူဝါသနာပါတဲ့ Piano နဲ့ပဲ ဂီတလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။ ဂီတကို ဆရာအကူအညီမပါဘဲ သူ့ဘာသာသူ သင်ကြားတတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်…

လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Music Concert ကြီးတွေလုပ်ပြီး ပိုက်ဆံသောက်သောက်လဲ ၀င်နေတဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်နေပါပြီ…

ကျောင်းပညာထက် ၀ါသနာပါရာကို တစိုက်မတ်မတ်လုပ်ပြီး အောင်မြင်သွားကြတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပေါ့ဗျာ…

Reflections of Passion



RainMaker...(Very Famous Song!)


Aria


Nostalgia


Deliverance


Standing in Motion



Love is All


Almost a Whisper


Reflections of Passion (MTV Version)

Wednesday, March 14, 2007

“သင်္ကြန်နဲ့ ကျွန်တော်”


“သင်္ကြန်နဲ့ ကျွန်တော်” တဲ့ဗျာ.
ကြည့်ရင်းနဲ့ အိမ်ကိုပြန်ချင်စိတ်တွေ အရမ်းဖြစ်လာတယ်။
လွမ်းတယ်ဗျာ….

အားလုံး အပိုင်း ၁၀ ပိုင်းရှိတယ်။ ခံစားကြည့်လိုက်ပါဦးနော့….

Part 1



Part 2



Part 3



Part 4



Part 5



Part 6



Part 7



Part 8



Part 9



Part 10




“သူမဟာ ကျွန်တော်နဲ့ အဝေးဆုံးကို ထွက်ခွာသွားပါပြီ….
စိတ်ကူးထက်လက်တွေ့ကို ပိုပြီးဦးစားပေးတတ်တဲ့ သူမက ကျွန်တော်နဲ့ မဖြစ်သင့်ဘူးတဲ့လားဗျာ…

သူမကိုချစ်မိသွားအောင် သူမပဲ ဖန်တီးခဲ့တာပါ…
ချစ်မိသွားတဲ့ အခါမှာတော့ အဲဒီ့အချစ်ကို သူမကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့ပြန်တယ်…

ဒီလိုနဲ့ပဲ သူမနဲ့ ကျွန်တော် ဝေးခဲ့ရပြန်ပါတယ်…”

Sunday, November 19, 2006

Damn! This song makes me hyped!

Yo! I watched a movie called 'Honey' and got this song at the end of the movie. Damn! It's hot. You will come to like R & B at this point. The song is titled "I'm good" and the vocalist is called 'Blaque'.

Friday, November 17, 2006