Showing posts with label Demonstrations. Show all posts
Showing posts with label Demonstrations. Show all posts

Friday, May 16, 2008

သာသနာ့ဥသျှောင်ဆရာတော်များ၏ အစာငတ်ခံ ဆန္ဒပြပွဲ ပထမနေ့....



၂၀၀၈ ခုနှစ်၊ မေလ (၁၅ - ၁၆) ရက် ကြာသပတေး၊ သောကြာနေ့တွင် ကုလသမဂ္ဂရုံးရှေ့၌ သာသနာ့ဥသျှောင် ဆရာတော်များက ဦးဆောင်ကာ အသံတိတ်တရားထိုင်၍ မြန်မာနိုင်ငံတွင်း သေဆုံး ဒုက္ခရောက်နေကြသော ပြည်သူများအား ပြည်တွင်းပြည်ပမှ ထိရောက်စွာ ၀င်ရောက်အကူအညီပေးနိုင်ရန် အစာငတ်ခံဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ပါသည်။

အမျိုး၊ ဘာသာ၊ တိုင်းပြည်ကို ချစ်မြတ်နိုးကြကုန်သော ဒကာဒကာမများအားလုံး သာသနာ့ဥသျှောင်နှင့်အတူ…

(၁) နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံး ဒုက္ခများခံစားနေရသည်ကို ကုလသမဂ္ဂမှ ဒုက္ခသည်များထံ အမြန်ဆုံး အရောက်သွား၍ ထိရောက်စွာ အကူအညီပေးရန်၊

(၂) ပြည်တွင်းပြည်ပမှ စေတနာရှင် အကူအညီပေးသူများအား စစ်အစိုးရက တားဆီးပိတ်ဆို့နေမှုကို ရပ်ဆိုင်းရန်၊

(၃) ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပြည်သူများအား အသက်ရှင်ရေးအတွက် လုပ်ဆောင်နေမှုများအပေါ် အနှောင့်အယှက်ပေးခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသွားမည် ဖြစ်ပါသည်။

နေရာ။ ။

United Nations
1st Ave & 43rd Street
Manhattan, New York

အချိန်။ ။

3 pm to 6 pm (Thursday)
1 pm to 6 pm (Friday)

နေ့ရက်။

May 15, 2008 (Thursday)
May 16, 2008 (Friday)

ဆရာတော်ဦးဝိလာသ
ဒုတိယ ဥက္ကဋ္ဌ ဆရာတော်
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
နယူးယောက်။ ။











ဓာတ်ပုံတွေကို ဘားမားပွိုင့် ဘလော့ဂ်မှ ရယူပါတယ်.

Thursday, May 15, 2008

သံဃာတော်များ အစာငတ်ခံ ဆန္ဒပြကြမည်....







For immediate release Contacts: Ashin Nyaka 347-665-5323
May 15, 2008 Ashin Candobhasacara 716-512-3801

BURMESE MONKS FAST IN ALARM AND GRIEF FOR CYCLONE VICTIMS
WHO ARE BEING STARVED THROUGH WILLFUL GOVERNMENT NEGLECT
Petition the United Nations to Take Action on Increasing Burmese crisis

When: Thursday, May 15th 3-6pm
Friday, May 16th, 9am-6pm

Where: Ralph Bunch Park 43rd St. and 1st Ave.

Visuals: 15 maroon robed Burmese monks and their supporters fasting, meditating and praying for Burma. Banners and signs.

What: 15 Burmese monks, members of the International Burmese Monks Organization, and their supporters will fast outside of the United Nations on May 15 -16th. Their goal is to persuade the United Nations to get unrestricted aid into Burma immediately. A number of the monks, relocated to the US from Burma after the monk-led protests last fall was brutally suppressed by the military junta, will be participating.

“We are not eating because our people are not eating. They are starving while the world waits and the Burmese generals steal the food aid. Maybe when the United Nations sees hungry people outside their doors, they will act more decisively,” said Ashin Nyaka, who is a visiting professor at Columbia University. The monk said they will not take food from Thursday morning until Saturday morning.

The monks petition the United Nations to take a more active, immediate role in getting supplies to cyclone victims before more die. They request the UN to act immediately to ensure that the victims are receiving the international aid that is amassed outside Burma’s borders. As one Burmese journalist inside Burma said, “One day’s delay can cause the loss of hundreds of lives.”

Twelve days after Cyclone Nargis hit the southern Burmese coast, Burma faces further crisis as the junta refuses to acknowledge the immensity of the disaster and the at least 2 million people who are on the brink of starvation and an epidemic of disease. The junta is refusing to give visas to many international aid workers and much of the donated food and supplies are not being delivered to victims. There are many accounts of the military siphoning off food to feed its soldiers, and supplies being sold on the black market.

UN Secretary General Ban Ki Moon addressed the crisis this way on Monday, "We are at a critical point. Unless more aid gets into the country very quickly, we face an outbreak of infectious diseases that could dwarf today's current crisis.” Food aid delivered so far amounts to about one tenth of what is needed.

The monks delivered a letter to Mr. Ban asking him to go to Burma himself to assess the situation. They are also asking the UN Security Council to respond to this crisis with stronger diplomacy and even under the “responsibility to protect” of the UN charter.
________________________________________
International Burmese Monks Organization 84-32 Apt. #2A Grand Ave Elmhurst, NY 11373
Phone & Fax: (718) 426-3959 Email: ibmohq@gmail.com www.burmesemonks.org

###

Wednesday, October 03, 2007

ထိုင်ဝမ်မှာကျင်းပတဲ့ ဆန္ဒပြပွဲ...


ထိုင်ဝမ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်. စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှာ ရှံကီရှိတ် Memorial Hall ရှေ့မှာ ဆန္ဒပြကြွေးကြော်ပြီး နိုင်ငံခြားရေးရာရုံးရှေ့သို့ ဆက်လက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပါတယ်.

နိုင်ငံခြားရေးရုံးမှာ မြန်မာပြည်အစိုးရကို ကန့်ကွက်ကြောင်းစာပို့ပါတယ်. ငြိမ်းချမ်းစွာဆန္ဒပြနေသော သာသနာရေးခေါင်းဆောင်များနှင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်နေမှုများကို ချက်ချင်းရပ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်.

BORNBURMA နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့








နယူးယောက်မြို့ရှိ ဦးဥာဏ်ဝင်းတည်းခိုနေထိုင်ရာ ဟိုတယ်ရှေ့မှ ဆန္ဒပြပွဲ

Saturday, September 29, 2007

သံဃာတော်တွေကို ဆက်မစော်ကားနဲ့တော့...

လက်ရှိအခြေအနေများကို သုံးသပ်ချက်



၁. နအဖဟာ အင်တာနက်၊ မိုဘိုင်းလ်ဖုန်းစတဲ့ သတင်းစီးဆင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ source တွေကို ရအောင်လိုက်ပိတ်ဦးမယ်. တစ်ချိန်တည်းမှာပဲ တရုတ်၊ ရုရှတို့ရဲ့ ထောက်ခံမှုကို စဉ်ဆက်မပြတ်ရနေအောင် ကြိုးစားနေလိမ့်မယ်. KNU, ABSDF, နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ မ၀င်လာနိုင်အောင်လည်း တစ်ပြိုင်တည်းမှာ ပြင်ဆင်နေလိမ့်မယ်. ဒါ့အပြင် တပ်တွင်း ပြိုကွဲမှု မဖြစ်အောင် တန်ပြန်ထောက်လှမ်းရေးတွေလည်း ထားရှိလိမ့်မယ်. ဒါက နအဖရဲ့ Plan A ပါ.

၂. ဆန္ဒပြသပိတ်မှောက်တဲ့ ပြည်သူတွေကို မထွက်ရဲအောင် လမ်းဆုံလမ်းခွတိုင်းမှာ စစ်ကားတွေ၊ အရပ်ဝတ်ရဲတွေ ထားရှိလိမ့်မယ်. ကုလကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ရောက်ရှိနေစဉ်အတောအတွင်းမှာ နအဖကို ထောက်ခံတဲ့ ပြည်သူ့ဆန္ဒပြပွဲ အတုအယောင်တွေကို အင်အားသုံးပြီး ဖန်တီးလိမ့်မယ်. အစစ်အမှန်ဆန္ဒပြသူတွေနဲ့ ရောထွေးခြင်း မရှိအောင် အမှတ်အသားတွေ လုပ်ထားလိမ့်မယ်. ပြည်သူချင်း ရန်တိုက်ပေးလိမ့်မယ်.

၃. ရဟန်းသံဃာတော်တွေရဲ့ အဓိကအင်အားက စာသင်တိုက်တွေပါ. ဒါကြောင့် သံဃာတော်တွေကို နေရပ်ကို အတင်းအကြပ်ပြန်ခိုင်းခြင်း၊ သံဃာ့နာယက ဆရာတော်များကို အပြောင်းအလဲလုပ်ခြင်း၊ ညဖက်တွေမှာ အငိုက်ဖမ်းပြီး ဘုန်းကြီးကျောင်းတွေကို ၀င်စီးခြင်းတွေ လုပ်ပါလိမ့်မယ်.


၎. စစ်တပ်အကြီးအကဲပိုင်းတွေမှာ ရာထူးအပြောင်းအလဲတွေ ရှိလိမ့်မယ်. တပ်မတော်ပြိုကွဲမှာတော့ မဟုတ်သေးဘူး. ဒါပေမယ့် တပ်ထဲက ခပ်ကြီးကြီး အရာရှိတစ်ချို့ ဖြုတ်ထုတ်ရှင်းခံရလိမ့်မယ်. သစ္စာစောင့်သိနိုင်ခြေရှိမယ့် စစ်တပ်အရာရှိတွေကို ပြောင်းလဲ အစားထိုး ခန့်ထားလိမ့်မယ်.

၆. အမျိုးသားညီလာခံက ထောက်ခံပွဲတွေကို လောလောဆယ် သူတို့လုပ်ဝံ့မှာ မဟုတ်သေးဘူး. ဘာလို့လဲဆိုတော့ လူထုက အရမ်းကို ပေါက်ကွဲဒေါသထွက်နေပြီ ဆိုတာကို သူတို့သိတယ်. ဒါကြောင့် ကြံ့ဖွံ့အင်အားများများသုံးပြီး လူထုအနည်းငယ်ရောကာ ပြည်သူ့ဆန္ဒခံယူပွဲတွေကို အရပ်ဝတ်စုံထောက်တွေ၊ ရဲတွေ အများကြီးထည့်ပြီး လုပ်လိမ့်မယ်. မလိုက်ရင်ခြိမ်းခြောက်ပြီး အတင်းအကြပ်လိုက်ခိုင်းလိမ့်မယ်.


ဒါတွေက အကြမ်းဖျင်းပါ.

ကျွန်တော်တို့ ပြည်သူလူထုဖက်က ဘာတွေပြင်ဆင်ဖို့လိုမလဲ. Strategy တွေကို ဆွေးနွေးပေးပါ. ဒါတွေကို ကျွန်တော်တို့ နောက်လုပ်မယ့် အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားပါမယ်.

ရန်အောင်

အသည်းနာကမ္ဘာမကြေ…

အသည်းနာကမ္ဘာမကြေ…(မာမာအေး)


သံဃာတော်တွေ သွေးမြေကျရပြီတဲ့
တကြော်ကြော် ဟစ်ကြွေးကြသော်ငြား
မကြားချင်ပေါင် ပူလောင်ခံစား
ပင်လယ်ဖြစ်သွားမျက်ရည်များ
တစ်နေ့တစ်နေ့နဲ့အသက်တွေ
ပေးဆပ်ခဲ့ရ ကြာရှည်
ဗမာပြည်သူအဆွေ
မဆုတ်ထိတိုက်မယ့်ခိုက်မယ့်ဇွဲထက်နေ…

Credits:

ဒီသီချင်းစာသားတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သားတော် ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတာကို မြင်ရကြားရပြီးနောက် ရင်ထဲကနေ ပဲ့တင်ထပ်လာတဲ့ ၀မ်းနည်းပူဆွေးသံတွေပါ.
ရေးစပ်သူကတော့ မေမြန်မာဖြစ်ပြီး ရွှေပြည်အေးက တီးခတ်ပါတယ်ခင်ဗျာ. ပိုင်နိုင်စွာနဲ့ ရင်ထဲထိစွဲငြိအောင် သီဆိုပေးသူကတော့ ဒေါ်မာမာအေးပဲ ဖြစ်ပါတယ်ခင်ဗျာ.

ဒီသီချင်းကို ဘလော့ဂ်မှာတင်ပြီး အားလုံးကို ဖြန့်ဝေပေးဖို့ အကြံပြုပေးပို့ပေးခဲ့တဲ့ Burma Point မှ မမေစိုးညွှန့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.

Right Click ခေါက်ပြီး Download လုပ်ယူနိုင်ပါတယ်. အဆင်မပြေရင် ဒီမှာရယူနိုင်ပါသေးတယ်. အားလုံး ဆက်လက်ဖြန့်ဝေပေးကြပါခင်ဗျာ….

မြန်မာပြည်တွင်းက ဆန္ဒပြသူများအားလုံး…

ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ခွဲခြားမရဘူး. အတူတကွရှိနေမယ်. စိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းပေးထားကြပါ..

တစ်နှစ်အတွင်း မြန်မာပြည် လုံးဝ လွတ်လပ်စေရမည်!!!

(ရန်အောင်)

Friday, September 28, 2007

နယူးယောက်မြို့့ကုလရုံးရှေ့မှ ဒုတိယအကြိမ်မြောက်ဆန္ဒပြပွဲ




အမေရိကန်ပြည်ထောင်စုရှိ မြန်မာနှင့် အခြားဗုဒ္ဓဘာသာ သံဃာတော်အပါး ၃၀ ခန့် ဦးဆောင်၍ ကုလသမဂ္ဂ ရုံးချုပ်ရှေ့တွင် စက်တင်ဘာ ၂၇ ရက်နေ့၌ ဆန္ဒပြပွဲ တစ်ရပ် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင်း ဖိနှိပ်သတ်ဖြတ်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြနေစဉ် နယူးယောက် အခြေစိုက် သတင်းဌာနများနှင့် ကုလသမဂ္ဂဆိုင်ရာ သတင်းဌာနများက သတင်းများစွာ ယူခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အခြေအနေများကိုလည်း ဆန္ဒပြနေသော သံဃာတော်များအား မေးမြန်းစုံစမ်းကြသည်။


တက်ရောက်လာသော မြန်မာများကလည်း ဗုဒ္ဓမြတ်စွာဘုရားပုံတော်၊ နိုင်ငံတွင်းဖြစ်ပျက်နေသော ဓာတ်ပုံများနှင့် “China, Russia, UN! Take Action on Burma!!!” စသော အလံများကိုင်ဆောင်၍ အပြင်းအထန် ဆန္ဒပြကြသည်။

ဆက်လက်၍လည်း မြန်မာနိုင်ငံတွင်း သံဃာတော်များနှင့် အခြားကျောင်းသားပြည်သူများ ခံစားနေရသော ဖိနှိပ်ချုပ်ချယ်မှုများကို ပြင်းပြင်းထန်ထန် ဆန္ဒများ ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။

Burma Point
P.O. Box 770401, Woodside, NY 11377-0401
Ph: 718-396-1464

www.burmapoint.com

ဓာတ်ပုံများကို DNY မှ ရိုက်ကူးမှတ်တမ်းတင်ပါသည်...

Media Campaign ကိုဒီလိုလုပ်မယ်...


Media Campaign အတွက် ဒီလိုစီစဉ်ထားပါတယ်.

1. Blogspot ကို ပြည်တွင်းကလူတွေ ဖတ်လို့ရအောင် စီစဉ်မယ်. (Blogger Network ကို ပီပီပြင်ပြင်တည်ဆောက်မယ်. Proxy Server တွေကို အားလုံးသိအောင် ကြေငြာလိုက်ရင် နအဖက ဘန်းပစ်လိမ့်မယ်. ဒါကြောင့် Blogger Network ထဲမှာပဲ လက်သိပ်ထိုးပြောမယ်. နီးစပ်ရာကို ဆက်လက်ဖြန့်ဝေပေးသွားဖို့ပါပဲ.)

2. Wordpress Platform ကို သုံးပြီး ဘလော့ဂ်တွေကို ဆက်ရေးသွားမယ် (ဒီ့အတွက် ကျွန်တော် အချိန်အနည်းငယ်ယူပြီး ကြိုးစားသွားပါမယ်)


3. Youtube Website မှာ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက သွေးထွက်သံယိုမှုတွေအကြောင်းကို တစ်ကမ္ဘာလုံးက သိလာအောင် တင်ဆက်သွားမယ်

4. သတင်းဓာတ်ပုံတွေကို ရသလောက်ယူပြီး New York Times, Asahi Shinbon, Washington Post စတဲ့ အင်အားကြီးမားတဲ့ နိုင်ငံခြားသတင်းစာတွေဆီကို ပို့ပြီး သတင်းအနေနဲ့ ပါဝင်နိုင်အောင် ကြိုးစားမယ်. (လောလောဆယ် ဂျပန်သတင်းထောက် အသတ်ခံလိုက်ရတာက ဂျပန်နိုင်ငံမှာ ရှိတဲ့ သတင်းစာတွေနဲ့ ဂျပန်လူမျိုးတွေကို စည်းရုံးဖို့အတွက် အခွင့်အခါကောင်းတစ်ခုပဲ. ဒါကို ဂျပန်စကားတတ်ကျွမ်းတဲ့ ဘလော့ဂါများ (၀ါ) ခေတ်ပညာတတ်လူငယ်များက ကူညီရေးသားပေးကြပါလို့ တောင်းဆိုချင်ပါတယ်)

ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားနေသူတွေအတွက် Funding ကိစ္စကိုလည်း ပိရိသေသပ်စွာ အကောင်အထည်ဖော်သွားရုံသာမက နိုင်ငံတကာရဲ့ အကူအညီကိုလည်း ရယူနိုင်အောင် ဘလော့ဂ်တွေထဲက ပို့စ်ကောင်းကောင်းတစ်ချို့ကို အင်္ဂလိပ်ဘာသာနဲ့ စုစည်းတင်ပြထားမယ်. ကျွန်တော်တို့ ဘလော့ဂါတွေ တော်တော်များများက မြန်မာလိုပဲ ရေးနေကြပါတယ်. နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရယူနိုင်ဖို့ အင်္ဂလိပ်လိုတင်ပြဆွေးနွေးနိုင်ဖို့လည်း အရေးကြီးပါတယ်. ဒီ့အတွက် ဘာသာစကားနှစ်မျိုးလုံး နိုင်နင်းတဲ့ ဘလော့ဂါကောင်းများ၊ စာရေးဆရာများ အလိုရှိပါတယ်.

ဒါကျွန်တော်ခုချက်ချင်း စဉ်းစားလို့ရသမျှပါ. အသေးစိတ်ကို ဖြည်းဖြည်းချင်း ဆက်ပြောသွားပါမယ်.

ရန်အောင်
aungyan@gmail.com

Sunday, September 23, 2007

နယူးယောက်မြို့မှ ဆန္ဒပြပွဲဓာတ်ပုံများ






သတင်းကို ရေးနေတုန်းပါ. ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဆက်တင်ပေးပါဦးမည်...

Friday, September 21, 2007

ဝစီဗေဒ ထိတိုင်းရှ...


သံဃာကို အပြစ်ပြောခဲ့ရင် သူတို့မှာ အပြစ်မသေးဘူး ဒကာကြီးရဲ့။ ဘိက္ခုနံ အနတ္တာရ ပရိသက္ကတိဆိုတဲ့ ဒေသနာရှိတယ်။ ရဟန်းတွေ အကျိုးမဲ့လုပ်တာခေါ်တယ်။ အကျိုးမဲ့လုပ်ရင် သူတို့မှာ ပစ္စုပ္ပန် သံသရာ ဆိုးကျိုးတရားတွေ ခံစားရမှာ အမှန်ပဲ။ ဘုရားဒေသနာတော်အရ ဒီလူတွေက ဘုရားသာသနာ၊ ဘုရားဒေသနာ ကြည်ညိုတဲ့ သူတွေ စစ်စစ်မှ ကြည်ညိုတဲ့သူတွေမှ မဟုတ်ဘဲနဲ့။ နာမည်ခံ ဗုဒ္ဓဘာသာ လောက်သာရှိတာ။ သူတို့မိသားစု ကောင်းစားရေး၊ သူတို့ ကုလားထိုင်မြဲရေးဒီလောက်လုပ်တဲ့သူတွေပဲ။ ဘယ်သူ့မျက်နှာမှ မကြည့်ဘူး။

ဘုရားမျက်နှာလည်း မကြည့်ဘူး။ သူတို့အာဏာ အမြဲတမ်းရရှိနေရေး၊ ဒီလောက်ကြည့်တဲ့ ဥစ္စာဆိုတော့ အခုကျောင်းတိုက်တွေ ရန်ကုန်တို့၊ မန္တလေးတို့ လှူကြတမ်းကြတယ်။ အဲဒါသူကြီးဘုရား ရွာသားကောင်းမှုပဲ။ တစ်ချို့ကျောင်းတွေဆို အတော်ရယ်စရာကောင်းတယ်။ ရှေ့ကလှူပြီးရင် နောက်ကနေသိမ်းသွားတာတဲ့။

(မန္တလေးမြို့ခံ ဆရာတော်တစ်ပါး၏ မိန့်ကြားချက်ကို ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်…)







Source: DVB

နိုင်ငံအနှံ့သံဃာ့ဆန္ဒပြပွဲများ အနှစ်ချုပ်သတင်း...



Source: DVB

သံဃာတော်များ၏ တတိယမြောက်နေ့ကံဆောင်ပွဲ





Source: DVB

Wednesday, September 19, 2007

နယူးယောက်မြိှု့ ကုလရုံးရှေ့မှာ အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီးတစ်ခု ပြုလုပ်မည်..



ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းတို့…

စက်တင်ဘာ ၂၁ ရက်၊ သောကြာနေ့၌ မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူပြည်သားများကို ကယ်ဆယ်ရန်အတွက် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးရေး ဆန္ဒပြအခမ်းအနားတစ်ရပ် စီစဉ်ထားပါတယ်…

အဲဒီ့အခမ်းအနားကို Indiana, North Carolina, Maryland, Ohio, Pennsylvania, Upstate New York နှင့် အခြားသော ပြည်နယ်များရှိ မျိုးချစ်မြန်မာများ ပူးပေါင်းပြီးတော့ စီစဉ်ထားတာပါ.

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ကုလသမဂ္ဂမှ ပါဝင်ဖြန်ဖြေဆောင်ရွက်ပေးရေးအတွက် ဆက်လက်လှုံ့ဆော် တွန်းအားပေးသွားကြမှာ ဖြစ်ပါတယ်ခင်ဗျာ.

ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဆန္ဒမပြမီ ကျွန်တော်တို့ ဆန္ဒပြသူများဟာ ရုရှသံရုံးနဲ့ တရုတ်သံရုံးတို့ရှေ့ကို ပထမဦးစွာ ချီတက်ဆန္ဒပြမှာ ဖြစ်ပါတယ်.

ဆန္ဒပြပွဲကို အနယ်နယ်အရပ်ရပ်မှ လာရောက်ပူးပေါင်းပါဝင်အားဖြည့်ပေးမယ့် ဒီမိုကရေစီ ရဲဘော်ရဲဘက်တွေ၊ မျိုးချစ်ကျောင်းသားလူငယ်တွေ၊ နိုင်ငံချစ်တဲ့ အဝေးရောက်သားကောင်းမြန်မာတွေကို ဧည့်ခံကျွေးမွေးဖို့ အစားအစာနဲ့ ရေတို့ကိုလည်း လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးနှိုးဆော်အပ်ပါတယ် ခင်ဗျာ…

ဒီသတင်းကို နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတို့ထံ ဆက်လက်ဖြန့်ဝေပေးဖို့ မေတ္တာရပ်ခံပါတယ်..

ဆန္ဒပြမည့်အချိန်… နေ့လည် ၁၂ နာရီ

(၁) ဆုံရပ် - Russian Mission to UN, 136 East 67th Street, New York, NY 10021
(၂) ချီတက်မည့်နေရာ - China Mission to UN, 350 East 35th Street, New York, NY 10016
(၃) အခမ်းအနားနေရာ - United Nations, Dag Hammarskjold Plaza, 47th Street and 1st Ave, New York, NY 10017


ဆက်သွယ်ရန်

- ၀င်းရှိန်မောင် - 718-335-5913
- မိုးချမ်း - 646-643-8689

* ဒီဖြန့်ဝေစာမူရင်းပါ စာသားတစ်ချို့ကို ဖတ်ရှုရတာ အဆင်ပြေလွယ်ကူအောင် အနည်းငယ်ပြောင်းလဲ ဖြည့်စွက်ရေးသားထားပါတယ်. ဒီဆန္ဒပြပွဲကို ကျွန်တော်ကိုယ်တိုင်လည်း သွားရောက်အားဖြည့်မှာ ဖြစ်ပါတယ်. သတင်းဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါမယ်ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

စစ်တွေသံဃာတော်များ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲခံရ...



Source: DVB

အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ သပိတ်မှောက် ကံဆောင်ကြခြင်း...


စစ်တွေတွင် မျက်ရည်ယိုဗုံးသုံး၍ သံဃာတော်များ ဆန္ဒပြမှုကို ဖြိုခွဲ

စစ်တွေ၊ ပခုက္ကူ၊ ရန်ကုန်၊ ပဲခူး၊ ချောက်၊ အောင်လံ၊ ကျောက်ပန်းတောင်းမှာ သံဃာတော်များ ဆန္ဒပြပြန်ပြီ


7:45 PM
စစ်တွေ ဆန္ဒပြသူများကို အာဏာပိုင်များက မျက်ရည်ယိုဗုံး သုံး၍ ဖြိုခွင်းခဲ့ကြောင်း ရန်ကုန်မှ လာသော ရိုက်တာသတင်း တရပ်အရ သိရသည်။

သံဃာတော် ၃ ပါး (သို့မဟုတ်) ၄ ပါး အဖမ်းခံရကြောင်းနှင့် လူအုပ်စုကြီးကို မျက်ရည်ယိုဗုံး ထိမှန်ခဲ့သည်ဟု မျက်မြင်သက်သေ တဦးကို ကိုးကား၍ ရိုက်တာ သတင်းက ဖော်ပြထားသည်။

5:15 PM
စစ်တွေတွင်လည်း သံဃာတော်များ ဆန္ဒပြနေ၊ လုံခြုံရေးက ရိုက်၍ သံဃာတပါး ခေါင်းကွဲ

လောင်စာဆီ ဈေးနှုန်း မြှင့်တင်လိုက်ရာမှ သံဃာတော်များ ဦးဆောင် ဆန္ဒပြမှု ပထမဆုံး ဖြစ်ပွားသော ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ယနေ့ နေ့လည် ၁ နာရီခွဲခန့်မှ စတင်ပြီး ယခု သတင်း ရေးသားချိန် အထိ ဆန္ဒပြနေဆဲ ဖြစ်သည်။

“လူအင်အားလဲ ပါတယ်။ ဘုန်းကြီးရော လူရော ၂ဝဝဝ လောက် ကျော်မယ် ထင်တယ်။ ရဲက ဟန့်တားတာပေါ့၊ မဟန့်တားနိုင်တော့ပဲနဲ့ ဖွင့်ပေးလိုက်တာပေါ့။ သူတို့ကလဲ မယက (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးတို့၊ ရယက (ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးတို့ ဝင်ပြေးကုန်တာပေါ့။” ဟု ဒေသခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

“ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး”၊ “ဖမ်းဆီးထားသော သံဃာများ ပြန်လွှတ်ပေး” ဟု ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ဆန္ဒပြသူများသည် ယခု အချိန်အထိ စစ်တွေမြို့လည် လမ်းမပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

ဆန္ဒပြမှုတွင် လုံခြုံရေးများက ရိုက်နှက်သောကြောင့် သံဃာတော်တပါး ဦးခေါင်း ကွဲသွားပြီးနောက် လုံခြုံရေးများကို အုတ်ခဲများဖြင့် ပြန်လည် ပစ်ပေါက်ကြသဖြင့် လုံခြုံရေး တယောက်လည်း ဦးခေါင်း ကွဲသွားသည်ဟု သိရသည်။

4:45 PM
ပဲခူးမှာ ဆန္ဒပြပွဲဖြစ်ပွား

တနိုင်ငံလုံး နေရာအနှံ့အပြား ယနေ့ ဖြစ်ပွားသော ဆန္ဒပြမှုတွင် ပဲခူးမြို့မှ သံဃာများလည်း ပါဝင်လာသည်။

အပါး ၇ဝဝ ကျော်ရှိ သံဃာတော်များက မဏ္ဍိုင် ကျောင်းတိုက်မှသည် နေ့လည် ၁၂ နာရီတွင် စတင်၍ ရွှေမော်ဓော ဘုရား အထိ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ချီတက်လာတဲ့အခါမှာ လူထုကလည်း နောက်က လိုက်လာတယ်။ ကျန်နေခဲ့တဲ့ ဘုန်းကြီး အချို့ကလည်း ပြန်လိုက်လာတယ်။ နောက်တော့ ဈေးဝိုင်းကို ဝင်တယ်။ ဈေးဝိုင်းဆိုတာ အဲဒီကို ဝင်ပြီးတော့ မြို့မကျောင်းက ဘုန်းကြီးတွေကလည်း လိုက်လာတယ်။ နောက် ရွှေမော်တော ဘုရားလမ်း အတိုင်း သွားပြီးတော့ ရွှေမော်တော ဘုရားပေါ် တက်ပြီးတော့ လူစုကွဲ လိုက်ကြတယ်။” ဟု ပဲခူးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

လိုက်လံကြည့်ရှုသူ လူထုကြီးမှာ ထောင်ပေါင်း မြောက်များစွာ ရှိသည်ဟု ဒေသခံများက ပြောကြသည်။

“အနှောက်အယှက် မရှိဘူး။ ဘုန်းကြီးနားမှာ ဘယ်သူမှ မကပ်ရဲကြဘူး။” ဟု ဒေသခံ တဦးက မဇ္ဈိမ သို့ အတည်ပြု ပြောကြားရင်း ပြောပြသည်။

4:05 PM
ပခုက္ကူမြို့မှာ သံဃာတော်များ ဆန္ဒပြပြန်

တနိုင်ငံလုံးကို တုန်လှုပ်သွားစေသော သံဃာ ဆန္ဒပြပွဲများ ဖြစ်ခဲ့ပြီး စစ်အစိုးရက ရိုက်နှက် ဆဲဆို ဖမ်းဆီး လူစုခွဲခဲ့သော ပခုက္ကူမြို့တွင် ယနေ့ နေ့လည်က သံဃာအပါး ၈ဝဝ ခန့်က စစ်အစိုးရကို ဆန္ဒပြကြပြန်သည်။

အလယ်ကျောင်း တိုက်မှသည် စတင်သော မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြမှုသည် အရှေ့တိုက်၊ မြို့မလမ်းမှသည် ဘုရားကြီးထိ ရောက်ရှိခဲ့ကြသည်။

“လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ အများကြီးပဲ ဒကာကြီးရေ။ မနေ့ကနေ ဦးပဉ္စင်းတို့ ကျောင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေကို ဦးပဉ္စင်းတို့ တွေ့နေရတယ်။ အရပ်ဝတ်တွေနဲ့ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်တွေပါ သိသာပါတယ် လွယ်အိတ်တွေ လွယ်ထားတယ်။” သံဃာတော်တပါးက ပြောပြသည်။

Source: မဇ္ဈိမ

ရန်ကုန်မြို့မှ သံဃာတော်များ ကြွချီဆန္ဒပြ....


ရန်ကုန်ဆန္ဒပြပွဲ



3:40 PM
သံဃာတော်များ လူစုခွဲလိုက်ကြပြီ ဖြစ်ရာ ယနေ့ ဆန္ဒပြပွဲ အေးချမ်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ မြို့သူမြို့သား အများအပြား သံဃာတော်များ၏ မားမားမတ်မတ် ရပ်တည်ချက် အပေါ် ဝမ်းသာအားရ အားပေးကြပြီး စစ်အစိုးရက မလိုက်လျောမချင်း ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ဆရာတော် တပါးက မဇ္ဈိမ သို့ ပြောကြားသွားသည်။

3:35 PM
ပုဇွန်တောင်ရှိ ကျောင်းတိုက်များ အတွင်း သံဃာတော်အများ ဝင်ရောက် သွားပြီးနောက် ကျန်ရှိသူ သံဃာတော် ၁ဝဝ ကျော်က ဗိုလ်တထောင် လမ်းမှသည် စိန်ပေါ်လ်လမ်းဘက် ကွေ့ဝင်သွားပြီ ဖြစ်သည်။

လိုက်လံ အားပေးသူ လူ ၂ဝဝဝ ကျော်ခန့် ရှိသည်ဟု သတင်းရရှိသည်။

3:25 PM
မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ မြန်မာ့ဂုဏ်ရည် လမ်းကို အာဏာပိုင်များက ပိတ်ဆို့လိုက်သည်။

ရန်ကုန်မြို့လမ်း ၅ဝ သို့ ဆန္ဒပြ သံဃာတော်များနှင့် အားပေးသူ လူအုပ်စုကြီး ရောက်ရှိလာပြီ ဖြစ်သည်။

3:15 PM
ဆူးလေဘုရားတွင် သံဃာတော်များ ရာနှင့်ချီ၍ ပိတ်မိနေသည်ဟု သိရသည်။

3:10 PM
အင်အား ၉ဝဝ ခန့်ရှိ ဆန္ဒပြ သံဃာတော်များ သိမ်ဖြူဘက်သို့ ချီတက်သွားကြရာ ပြည်သူလူထုကလည်း လိုက်ပါလာလျှက် ရှိသည်။ စုစုပေါင်း လူအုပ်ကြီးမှာ ၁၅ဝဝ ခန့် ရှိသည်။

လူထုကြီးက ရေသန့်ဗူးများ လှူဒါန်းကာ လက်ခုတ်တီး အားပေးကာ လိုက်လာကြခြင်း ဖြစ်သည်။

2:50 PM
ဆူးလေးဘုရားကြီးပေါ်သို့ ဆန္ဒပြသူများ ချီတက်သွားရာ အလမ်းပြဘုရား လမ်းတလျှောက် ပိတ်ဆို့မှုများ လုပ်ရန် စစ်တပ်က ပြင်ဆင်နေသည်။

2:40 PM
ဆန္ဒပြ သံဃာတော်များ ရွှေတိဂုံဘုရားနား အရောက် မုဉ်လေးဖက်စလုံး၏ တံခါးများ ပိတ်ထားသဖြင့် သံဃာတော်များသည် ဆူးလေဘုရား ဘက်ကို ချီတက် သွားကြသည်။

ဆန္ဒပြပွဲ စစဉ်က အပါး ၁ဝဝ ကျော်သာ ရှိသော်လည်း နောက်ပိုင်းတွင်း အပါး ၄ဝဝ ခန့်အထိ တိုးလာသည်ဟု မျက်မြင် သက်သေများအရ သိရသည်။

ရွှေတိဂုံ ဘုရားပေါ်နှင့် အနီးတဝိုက် ဆန္ဒပြပွဲသို့ လိုက်လံ ကြည့်ရှုသူ များပြားလှပြီး ထောင်ချီ ရှိကြောင်း ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ တယ်လီဖုန်းမှ ပြောသည်။

နေ့လည် ၁၂ နာရီတွင် သိမ်ဖြူလမ်းမှသည် ကန်တော်ကြီး ပတ်လမ်းအတိုင်း ချီတက်ခဲ့ကြပြီး ဘုရားအရှေ့ဘက် မုဉ်ဘက်သို့ ဆန္ဒပြ သံဃာတော်များ ချဉ်းကပ်ခဲ့ကြသည်။

စိုးရိမ်နေသော အာဏာပိုင်များကလည်း ရွှေတိဂုံဘုရား ပတ်ပတ်လည်တွင် စစ်ကား ၅ စီးခန့် ချထားပြီး ကြံ့ခိုင်ရေးများ၊ စွမ်းအားရှင်များပါ ရောနှောပြီး ဘုရားမုဉ်ဦး တံခါး အကုန်လုံး ပိတ်လိုက်သည်။

ထို့နောက် လူစုကွဲပြီး ဆူးလေဘုရားရှိရာ မြို့ထဲဘက်သို့ သံဃာအပါး ၃ဝ ခန့် ချီတက်သွားသည်ကို တွေ့မြင်ကြရသည်။

“ဘုရားတံခါး ပိတ်လိုက်လို့ ပြေးလွှားတာ ဖိနပ်တောင် ကျန်ခဲ့တယ်။” ဟု အမောတကော ပြေးလွှားလာသူ တဦးက မဇ္ဈိမ သို့ ပြောသည်။

1:50 PM
ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁ဝဝ ကျော်က ကန်တော်ကြီးကို ပတ်၍ ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်သို့ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေ ကြသည်။





သတင်းတွေကို ဒီနေရာကနေ ရယူပါတယ်....

ဓာတ်ပုံများကို ပေးပို့ပေးတဲ့ မိတ်ဆွေများကို ကျေးဇူးလှိုက်လှဲစွာ တင်ရှိပါတယ်ခင်ဗျာ...