Showing posts with label mettashinsayadaw. Show all posts
Showing posts with label mettashinsayadaw. Show all posts

Monday, October 19, 2009

စုန်လမ်းနှင့်ဆန်လမ်း...

ဒီည ကထိန်ပဒေသာပင်ကိစ္စ အ၀၀တွေရယ်၊ မှောင်နေတဲ့ လမ်းလေးကို မီးချောင်းလေးတွေ လှူဖို့ ကိစ္စလေးတွေရယ်၊ ကထိန်စာရင်းဇယားလေးတွေကို ဒေါ်ဥမ္မာဌေးတို့၊ ကိုညီတို့နဲ့ ဆွေးနွေးနေတုန်းရယ်မှာ အမှတ်မထင်ဖြစ်ရပ်လေး တစ်ခုဖြစ်ခဲ့ပါတယ်.

ဦးဇင်းနဲ့ VZO မှာ Live လွှင့်ဖို့ ကင်မရာချိန်နေတုန်းပေါ့... အဲဒီ့မှာ ဦးဇင်းက ပြောပါတယ်.

မေတ္တာရှင် ဆရာတော် အခု ကြွလာမယ်တဲ့...

ဆွမ်းလောင်းအသင်းမှာ အင်တိုက်အားတိုက် ကူညီပေးနေတဲ့ ဒါယကာ ကိုထက်က ဦးဇင်း ဦးကောဝိဒဆီကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားတာပါ..

အခု ၀ါးချက်မှာ ရောက်နေပြီတဲ့. အကြောင်းကိစ္စတစ်ခုနဲ့ ကြွလာတာပါတဲ့....

အဲဒါနဲ့ ဦးဇင်းက ဆရာတော်ကို နေ့ဆွမ်းဘုဉ်းပေးဖို့ ပင့်တော့ ဆရာတော်က တစ်ခြားမှာ ဘုဉ်းပေးပြီးပြီဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်. ဒါပေမယ့် ကျောင်းတိုက်ကိုတော့ ကြွလာပြီး ကထိန်ခင်းတာကို လာကြည့်မယ်တဲ့...

အဲဒါနဲ့ ဦးဇင်းတို့လည်း ဆရာတော်အတွက် သစ်သီးတစ်ခုခု အမြန်စီစဉ်လိုက်ကြပါတယ်.

ခဏနေတော့ ဆရာတော် ကြွလာပါတယ်. ဦးဇင်းက VZO မှာ ချိန်ပေးပြီး

'ကိုရန်အောင်... ဆရာတော်ကို မြင်ရလား... မြင်ရလား..." လို့မေးတော့ ချက်ချင်း ဘာပြန်ပြောလိုက်ရမှန်း မသိပါဘူး.

ပြီးတော့မှ

'တင်ပါ့... မြင်ရပါတယ်.. ဆရာတော်ကို ဦးခိုက်လိုက်ကြောင်း လျှောက်တင်ပေးပါ" လို့ ဦးဇင်းက တဆင့် ပြန်လျှောက်လိုက်ရတယ်.

ကျွန်တော်လည်း ရုတ်တရက် ဆရာတော်ကို ဖူးလိုက်ရတာ ရင်ထဲမှာ အေးချမ်းသွားတာပါပဲ...

ဦးဇင်းက ကျွန်တော့်ကို ဆရာတော်နဲ့ VZO မှာ ချိတ်ပေးပါတယ်.

အဲဒီ့အခိုက်အတန့်လေးမှာပဲ ကျွန်တော် ဆရာတော့်ပုံကို ရအောင်ရိုက်ယူလိုက်နိုင်ခဲ့ပါတယ်.

ဆရာတော်က ကျွန်တော့်ပုံကို ကြည့်ချင်တယ်ပြောလို့ ကင်မရာပြန်ချိတ်နေတုန်းမှာပဲ ကျွန်တော့်စက်က ကံအကောင်းအကြောင်းမလှစွာနဲ့ ဟမ်းသွားပါတယ်.

စက်ကိုပြန်စနေချိန်မှာ ဖုန်းနဲ့ လှမ်းခေါ်တော့လည်း ချက်ချင်းမ၀င်... ရလည်းရရော ဆရာတော်က ပြန်ကြွသွားပါပြီတဲ့...

ကျွန်တော့်အတွက် မက်ဆေ့ခ်ျလေးတစ်ခု ထားခဲ့ပါတယ်တဲ့....

အဲဒါလေးကတော့....

2:16 AM kall: ဒါယကာ
2:17 AM ဆရာတော်ကပြန်တော့မယ်
ဖုန်းခေါ်နေတာလား
2:19 AM ကောင်းတဲ့အလုပ်ဆိုတာဘယ်လိုအနှောင့်အယှက်အခက်အခဲရှိရှိအောင်မြင်အောင်လုပ်ပါ
တဲ့
ဆရာတော်ရဲ့သြ၀ါဒပါ...
ကုသိုလ်ဆိုတာ အဆန်လမ်း
ပင်ပန်းတယ်
အကုသိုလ်ကတော့အစုန်လမ်း
လွယ်တယ်

ဆရာတော်က ကျွန်တော်တို့ စတင်ဖွဲ့စည်းလုပ်ဆောင်မယ့် မေတ္တာရှင်ဖောင်ဒေးရှင်း အဖွဲ့လေးမှာ နာယကဆရာတော် တစ်ပါးအနေနဲ့ ပါဝင်ကူညီပေးမှာ ဖြစ်ပါတယ်လို့လည်း တစ်ဆက်တည်း အားလုံးကို ၀မ်းမြောက်ဝမ်းသာ အသိပေးလိုက်ပါတယ်ခင်ဗျာ...

ဆရာတော် ကြွလာတာ အစီအစဉ်မရှိဘဲ ကတိုက်ကရိုက်ဖြစ်သွားခဲ့တာမို့ ဘယ်သူကမှလည်း ဓာတ်ပုံရိုက်ဖို့ သတိမရလိုက်ကြပါဘူး... ကံမကောင်းစွာနဲ့ ကျွန်တော့်ဖက်က လိုင်းကျသွားခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ လိုင်းမကျခင်လေးမှာ VZO camera လေးနဲ့ တစ်ပုံ ရအောင် ကျွန်တော် ရိုက်ယူလိုက်နိုင်ခဲ့ပါတယ်

အဲဒါလေးကို အားလုံးကြည်ညိုနိုင်အောင် ဝေမျှလိုက်ပါတယ် ခင်ဗျာ...



ဆရာတော်အတွက် ဒကာဒကာမတွေက လှူဒါန်းပူဇော်ထားတဲ့ website လေးတွေမှာလည်း ဆရာတော့်အကြောင်း ပိုသိနိုင်အောင် လေ့လာနိုင်ပါတယ်ခင်ဗျာ...

http://mettashin.org/
http://mettashin.com/

ချစ်ခင်လေးစားလျက်

ရန်အောင်