Showing posts with label Announcements. Show all posts
Showing posts with label Announcements. Show all posts

Tuesday, January 26, 2010

သက်ဆိုင်သူများ သိသာစေရန်.....

အားလုံးပဲ မင်္ဂလာပါ.

(ခေါင်းစဉ်ဖတ်ပြီး လန့်သွားတယ်ထင်တယ်... ဟတ်ဟတ်ဟတ်.)

ကျန်းမာရေး ပြန်လည်ထူထောင်နေဆဲမို့လို့ ဘလော့ဂင်းကို ခေတ္တနားထားတာပါ.

ဒီဇင်ဘာပထမပတ်ထဲမှာ ဆေးရုံတက်လိုက်ရတယ်. အရေးပေါ်ကိုရောက်သွားတာဗျာ. ကျောက်ကပ်မှာ ကျောက်တည်လို့တဲ့...

လမ်းလျှောက်နေရင်းကို ကျောထဲက စူးစူးဝါးဝါးအောင့်တက်လာတာ. ဇောချွေးတွေပြန်လာတယ်. လူတောင် မေ့လဲချင်သလိုလိုဖြစ်သွားတယ်. အဲ... လိုရင်းပြောရရင်တော့ Emergency Room ထဲကို ရောက်သွားတယ်ပေါ့ဗျာ...

အတိုချုပ်ပြောရရင်တော့ အော်ပရေးရှင်း ၀င်လိုက်ရတယ်... :(

Thursday, December 25, 2008

မြန်မာဘလော့ဂ် အကယ်ဒမီဆု ရွေးချယ်ခြင်း....

Myanmar Blog Academy Award 2008



မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ ကမကထ ပြုခြင်း ဖြစ်ကာ၊ ယခုပြိုင်ပွဲ၏ ဝဘ်ဆိုဒ်ပြင်ဆင်မှု နှင့် အခြားသော လိုအပ်သော နည်းပညာများကို T-7 မှ ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၀ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။


ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Friday, July 11, 2008

Blogcation Again! :)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော် အလုပ်ကိစ္စတစ်ခု ရှိလို့ ဘလော့ဂ်ရေးသားခြင်း၊ လည်ပတ်ခြင်းကို ခေတ္တ နားပါဦးမယ်.

ဘလော့ဂ်လုပ်နည်းနဲ့ ပတ်သက်လို့ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာများ ရှိခဲ့ရင် Helpdesk မှာ မေးမြန်းလေ့လာနိုင်ပါတယ်.

ကိစ္စ၀ိစ္စတွေ အတိုင်းအတာတစ်ခုထိ ပြီးဆုံးသွားရင် ကျွန်တော် ပြန်လာခဲ့ပါဦးမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေဗျာ...

ခင်မင်လေးစားလျက်

ရန်အောင်

Thursday, May 15, 2008

သံဃာတော်များ အစာငတ်ခံ ဆန္ဒပြကြမည်....







For immediate release Contacts: Ashin Nyaka 347-665-5323
May 15, 2008 Ashin Candobhasacara 716-512-3801

BURMESE MONKS FAST IN ALARM AND GRIEF FOR CYCLONE VICTIMS
WHO ARE BEING STARVED THROUGH WILLFUL GOVERNMENT NEGLECT
Petition the United Nations to Take Action on Increasing Burmese crisis

When: Thursday, May 15th 3-6pm
Friday, May 16th, 9am-6pm

Where: Ralph Bunch Park 43rd St. and 1st Ave.

Visuals: 15 maroon robed Burmese monks and their supporters fasting, meditating and praying for Burma. Banners and signs.

What: 15 Burmese monks, members of the International Burmese Monks Organization, and their supporters will fast outside of the United Nations on May 15 -16th. Their goal is to persuade the United Nations to get unrestricted aid into Burma immediately. A number of the monks, relocated to the US from Burma after the monk-led protests last fall was brutally suppressed by the military junta, will be participating.

“We are not eating because our people are not eating. They are starving while the world waits and the Burmese generals steal the food aid. Maybe when the United Nations sees hungry people outside their doors, they will act more decisively,” said Ashin Nyaka, who is a visiting professor at Columbia University. The monk said they will not take food from Thursday morning until Saturday morning.

The monks petition the United Nations to take a more active, immediate role in getting supplies to cyclone victims before more die. They request the UN to act immediately to ensure that the victims are receiving the international aid that is amassed outside Burma’s borders. As one Burmese journalist inside Burma said, “One day’s delay can cause the loss of hundreds of lives.”

Twelve days after Cyclone Nargis hit the southern Burmese coast, Burma faces further crisis as the junta refuses to acknowledge the immensity of the disaster and the at least 2 million people who are on the brink of starvation and an epidemic of disease. The junta is refusing to give visas to many international aid workers and much of the donated food and supplies are not being delivered to victims. There are many accounts of the military siphoning off food to feed its soldiers, and supplies being sold on the black market.

UN Secretary General Ban Ki Moon addressed the crisis this way on Monday, "We are at a critical point. Unless more aid gets into the country very quickly, we face an outbreak of infectious diseases that could dwarf today's current crisis.” Food aid delivered so far amounts to about one tenth of what is needed.

The monks delivered a letter to Mr. Ban asking him to go to Burma himself to assess the situation. They are also asking the UN Security Council to respond to this crisis with stronger diplomacy and even under the “responsibility to protect” of the UN charter.
________________________________________
International Burmese Monks Organization 84-32 Apt. #2A Grand Ave Elmhurst, NY 11373
Phone & Fax: (718) 426-3959 Email: ibmohq@gmail.com www.burmesemonks.org

###

Monday, February 11, 2008

ရှင်သန်နေတဲ့ မော်ကွန်းများ (သို့) သမိုင်းထဲက ရက်စွဲများ...

မင်္ဂလာပါ…

အကြောင်းကြောင်းကြောင့် ဂရုမစိုက်နိုင်ဘဲ ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ သမိုင်းထဲက ရက်စွဲများ ဘလော့ဂ်လေးကို ပြန်လည် အသက်သွင်းပါမယ်.

ရှေ့ဆက်ပြီးတော့လည်း အဲဒီ့ဘလော့ဂ်လေးကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းသွားပါမယ်.

ပါဝင်ရေးသားလိုသူ မည်သူမဆို လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါတယ်.

aungyan@gmail.com ကို ဖြစ်စေ၊ သမိုင်းထဲက ရက်စွဲများရဲ့ ဆီဘောက်စ်လေးထဲမှာပဲ ဖြစ်စေ မက်ဆေ့ခ်ျ (သို့) အီးမေးလ် လိပ်စာလေး ချန်ထားခဲ့ပေးနိုင်ပါတယ် ခင်ဗျာ…

အဲဒီ့ဘလော့ဂ်လေးရဲ့ ရည်ရွယ်ချက်ကို သိချင်ရင်တော့ ဒီနေရာမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်.

နိုင်ငံတော်အတွက် ကျရာတာဝန်ကို ထမ်းရွက်လိုသူ မည်သူမဆို မိမိတို့ရဲ့ ဥာဏ်စွမ်း၊ ပညာစွမ်း၊ ကလောင်စွမ်းဖြင့် မေ့လျော့တိမ်မြုပ်လုဖြစ်နေတဲ့ မြန်မာ့သမိုင်းထဲက ရက်စွဲလေးများ အကြောင်းကို ထုတ်ဖော်ထိန်းသိမ်း နှိုးဆော်လိုက်ကြရအောင်လားဗျာ…

မကြာခင်မှာ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ ကျရောက်တော့မှာ ဖြစ်ပါတယ်. ဒါ့ကြောင့် ပို့စ်အသစ်လေးတွေကို ကြိုဆိုပါတယ် ခင်ဗျာ.

အထူးပဲ ကျေးဇူးတင်ရှိပါတယ်.

ရန်အောင်

Monday, December 10, 2007

တို့ရေးမယ့် သမိုင်းထဲက ရက်စွဲများ အကြောင်း….


ကဲ. ဘလော့ဂါမောင်မယ်တို့ရေ…

ဒီတစ်ခါတော့ သမိုင်းထဲက ရက်စွဲများ ဘလော့ဂ်လေး အကြောင်း ဆွေးနွေးချင်တယ်ဗျာ.

အဲဒီ့ဘလော့ဂ်လေးကို ရည်ရွယ်ချက်ကောင်းလေးတွေနဲ့ စတင်အကောင်အထည်ဖော်ခဲ့တာပါ. ပါဝင်ရေးသားနေတဲ့ တော်လှန်ရေး ဘလော့ဂါအင်အားကလည်း မနည်းပါဘူး.

အဲဒီ့ဘလော့ဂ်လေးအတွက် Admin နောက်တစ်ယောက် ထားထားပါသေးတယ်. ဒါပေမယ့် ကျွန်တော်ရော အဲဒီ့ Admin ပါ အလုပ်တွေများနေခဲ့တာနဲ့ လှည့်မကြည့်ဖြစ်ခဲ့တော့ပါဘူး.

အထိန်းသိမ်းမဲ့သွားလို့ ဘလော့ဂ်လေးလည်း up to date မဖြစ်တော့ပါဘူး.

ကဲ. မဖြစ်တော့တာတွေ ပြန်တွေးပြီး စိတ်မကောင်း မဖြစ်တော့ပါဘူးဗျာ. ဖြစ်အောင် ဘာတွေ ဆက်လုပ်မလဲ. ဘာတွေ ပြုပြင်သင့်သလဲ. ပိုပြီးကောင်းမွန်အောင် ဘာတွေလုပ်သင့်လဲ ဆိုတာလေးတွေကို အကြံပြုဆွေးနွေးစေလိုပါတယ်.

ပါဝင်ရေးသားဆွေးနွေးလိုသူများကိုလည်း နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

ရည်ရွယ်ချက်ကတော့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့ အရေးပါတဲ့ နေ့စွဲများ အကြောင်းကို လူငယ်မျိုးဆက်သစ်လေးများကို လက်ဆင့်ကမ်း ပြောကြားပေးဖို့နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးဖလှယ်ဖို့ပါပဲ.

ဒီလောက်ဆိုရင် ဘလော့ဂါမောင်မယ်တို့အနေနဲ့ ဘယ်လိုမျိုး ပါဝင်ပံ့ပိုးပေးနိုင်ပြီလဲ ဆိုတာ သိလောက်ပြီထင်ပါတယ်.

ကျွန်တော်ကိုယ်တိုင်လည်း ၀င်ရောက်ရေးသားသွားမှာပါ.

ကျွန်တော်တို့အားလုံးဟာ ပြုန်းတီးသွားတဲ့ ကန္တာရကြီး ပြန်လည်စိမ်းလန်းစိုပြည်လာစေဖို့ သစ်တစ်ပင်စီ စိုက်ပျိုးနေကြတာပါ.

ကျွန်တော့်ရဲ့ သစ်ပင်ကို ကျွန်တော်ယူလာခဲ့ပါမယ်.

မိတ်ဆွေတို့ကလည်း ကိုယ်ပိုင်ဆိုင်တဲ့ သစ်တစ်ပင်စီ ယူလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Friday, September 28, 2007

Media Campaign!!!


ကျွန်တော်တို့ နယူးယောက်မှာ အရင်တစ်ပတ်က ဆန္ဒပြပွဲလုပ်ခဲ့ပါတယ်. အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိတဲ့ မျိုးချစ်မြန်မာတွေ လာရောက်ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်. ဓာတ်ပုံတွေကို တင်ပြီးပါပြီ. အခုဆက်ပြောလိုတာကတော့ ကျွန်တော်တို့ ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်းကဆန္ဒပြသူတွေအကြား ပူးပေါင်းဆောင်ရွက်မှုပါပဲ.

ပြောစရာတွေ အများကြီးပဲဗျာ. ဘာကို စပြောရမလဲဆိုတာကို ကျွန်တော့်ခေါင်းထဲမှာ သေချာစီစဉ်နေရတယ်. ပြောချင်တာတွေ သိပ်များပြီး ဘာကိုမှ ပြောမထွက်တော့တာတွေ ခဏခဏ ဖြစ်နေခဲ့ရတယ်. နောက်ဆုံးတော့ ကိုယ် အပြောချင်ဆုံးအရာကိုပဲ ရှေ့တန်းတင်ပြီး ကျန်တာတွေကို supporting factors တွေ အနေနဲ့ ဖြည့်ပြီး ပြောသွားတာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်. ဒါကြောင့်လည်း ဒီပို့စ်ကို ရေးဖြစ်ပါတယ်.

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အချိန်ဟာ အခုအချိန်ပါပဲ. ဒီလိုမျိုး လူထုလှုပ်ရှားမှုကြီး တစ်ခဲနက်ဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်လှပါဘူး. ဒီအချိန်ကိုမှ အသုံးမချနိုင်ရင်၊ မှန်ကန်တဲ့ လှုပ်ရှားမှုတွေနဲ့ တင်ကြိုပြင်ဆင်မှုတွေ မရှိခဲ့ရင် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကြီး အရေးနိမ့်သွားနိုင်ပါတယ်. သူတို့က လက်နက်နဲ့ပါ. ကျွန်တော်တို့တွေက လက်နက်မဲ့ပါ.

လက်နက်ကိုကိုင်စွဲထားတဲ့သူက လက်နက်ကိုပဲအားကိုးတယ်. လက်နက်ကလွဲလို့သူမသိဘူး. ဒါက သူ့အတွက် အားသာချက်ဖြစ်သလို အားနည်းချက်လည်း ဖြစ်တယ်. အားသာချက်က ဘာလဲဆိုတော့ သူတို့ဟာ လူအင်အားနည်းပေမယ့် ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို အကြမ်းဖက်ဖြိုခွဲနိုင်တယ်. အားနည်းချက်ကတော့ လက်နက်ကို ယုံကြည်အားထားနေရတဲ့အတွက် စိတ်ဓာတ်ပျော့ညံ့တယ်. လက်နက်နဲ့ဖြိုခွင်းမရနိုင်တဲ့ စိတ်ဓာတ်အင်အားကို မကျော်လွှားနိုင်ဘူး…

ကျွန်တော်တို့ပြည်သူလူထုတွေက လက်နက်မဲ့ဖြစ်တယ်. ဒါကြောင့် အလွယ်တကူနှိမ်နင်းခံရတယ်. အားနည်းချက်ဖြစ်တယ်. သို့သော် လက်နက်မရှိပါလျက်နဲ့ မိမိတို့ရဲ့ တောင်းဆိုချက်တွေကို ရဲဝံ့စွာ ဆန္ဒပြတောင်းဆိုတာဟာ နည်းနည်းနောနော သတ္တိမဟုတ်ဘူး. စိတ်ဓာတ်အင်အားသိပ်ကို ပြင်းထန်တယ်ဆိုတာ သိသာထင်ရှားတယ်..
ဒါဟာ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တယ်.

ကျွန်တော်ဒီလိုပြောလို်က်တော့ ခင်ဗျားတို့က ထင်လိမ့်မယ်.

ဟ. မင်းပြောမှလားကွ… ပေါ့

ဟုတ်တယ်ဗျာ. အဲဒါကစပြောရမှာပဲ.

ဘာလို့လဲဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တွေကို လက်နက်နဲ့ တည်ဆောက် အကောင်အထည်ဖော်ခဲ့တာမဟုတ်ဘူး. စိတ်ဓာတ်နဲ့ တည်ဆောက်ခဲ့တာ…

အခုလည်း ကျွန်တော်တို့ စိတ်ဓာတ်နဲ့ပဲ ဒီသပိတ်ကို နိုင်အောင် တိုက်ပွဲဝင်သွားမယ်

နအဖဟာ ဘာကို အကြောက်ဆုံးလဲ..

သူတို့အာဏာ ဆုံးရှုံးမှာကို ကြောက်တယ်. ပြည်သူလူထုကြီးတစ်ရပ်လုံး ဆန္ဒပြသပိတ်မှောက်တဲ့အထဲမှာ ပါဝင်လာမှာကို ကြောက်တယ်. စစ်သားတွေ အာဏာဖီဆန်မှာကို ကြောက်တယ်.

နအဖရဲ့ အားသာချက်တွေက ဘာလဲ.

သူတို့မှာ ဘာကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းတဲ့ ညဉ်ရှိတယ်. သူတို့ကို ကျောထောက်နောက်ခံပေးထားတာက တရုတ်နဲ့ ရုရှ. အဲဒီ့နှစ်နိုင်ငံလုံးက UN Security Council မှာ Veto အာဏာသုံးပိုင်ခွင့်ရှိနေတယ်. မြန်မာပြည်အရေးကို Security Council မှာ တင်ပြတိုင်း ဒီနှစ်နိုင်ငံက ပယ်ချခဲ့တာချည်းပဲ. အခုလည်း အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးတွေက မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေ၊ လူမဆန်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြဆွေးနွေးပေမယ့် တရုတ်နဲ့ ရုရှက မသိကျိုးကျွံပြုနေပါတယ်. This is not an international threat! ဆိုပြီး ဘူးခံငြင်းနေပါတယ်.
ဒီတော့ နအဖက လုပ်ချင်ရာဆက်လုပ်နေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်.

နအဖရဲ့ အားနည်းချက်က ဘာလဲ.

ပြည်သူလူထုကို သူတို့ ဆက်မညာနိုင်တော့ဘူး. ရဟန်းသံဃာတော်တွေ ငြိမ်းချမ်းစွာဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွဲတာ၊ သတ်ဖြတ်တာ၊ ရိုက်နှက်တာတွေက နအဖရဲ့ အာဏာရှင်စစ်ဘီလူးမျက်နှာဖုံးကို အတိအလင်း ဖော်ပြလိုက်ပြီ. ပိုဆိုးသွားစေတာက ဗုဒ္ဓဘာသာထွန်းကားတဲ့ တိုင်းပြည်မှာ ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်းသံဃာများကို စော်ကားရက်စက်မှုပဲ. သိပ်ကို အရုပ်ဆိုးအကျည်းတန်သွားပြီ.

ကုန်ကုန်ပြောရရင် စစ်သားတွေကိုယ်တိုင်ကကို နအဖဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်ကို စောဒကတက်လာပြီ. မန္တလေးမှာ ဖြစ်သွားခဲ့တဲ့ တပ်မ ၃၃ ကိစ္စက အထင်အရှားပဲလေ. စစ်သားတွေက ပစ်မိန့်ကို ငြင်းဆန်ပြီး ဘုန်းကြီးတွေကို ထိုင်ကန်တော့တယ်.

ဒါကို ကြည့်ခြင်းအားဖြင့် ဒီသပိတ်ဟာ စိတ်ပိုင်းဆိုင်ရာကို တော်တော်ထိုးဖောက်ဝင်သွားပြီ.

မကြာခင်က တောင်ဥက္ကလာပ ငွေကြာယံဘုန်းကြီးကျောင်းမှာ ဖြစ်သွားခဲ့တဲ့ ဘုန်းကြီးတွေကို ၀င်ဖမ်းပြီး ရက်စက်စွာ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာလည်း ပြည်သူလူထုကို အမျက်ထွက်စေခဲ့တယ်.

သေချာတယ်. ဒီသပိတ်ဟာ Climax ကိုရောက်သွားပြီ.

နအဖ သတ်ချင်သလောက်သတ်. ပစ်ချင်သလောက်ပစ်.

ပြည်သူတွေ ဆက်ပြီး ဆန္ဒပြနေမှာပဲ. သံဃာတော်တွေ ဆက်လက်ပြီး ကံဆောင်မြဲကံဆောင်နေမှာပဲ.

ဒါက နအဖရဲ့ အားနည်းချက်ပဲ…

နအဖဘာကို စိုးရိမ်လဲ.

သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေ ပြည်ပမီဒီယာတွေကို ပျံ့နှံ့သွားမှာကိုပဲ. ဒါကြောင့်ဓာတ်ပုံရိုက်တဲ့ဘလော့ဂါတွေ အဖမ်းခံရတယ်. ဆာကူယာနဲ့ ထရိတ်ဒါးဟိုတယ်ကိုလည်း ၀င်စီးခံရတယ်. (ဓာတ်ပုံတစ်ချို့က အဲဒီ့ဟိုတယ်တွေပေါ်က ရိုက်ထားတာကိုး) မကြာခင်က APF Tsushin Media Company က ဂျပန်သတင်းထောက် Kenji Nagai ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်.

ဒါတွေကို ကြည့်ခြင်းအားဖြင့် နအဖဟာ Media Flow ကို အရမ်းကြောက်တယ်. ဒါကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်. သူတို့တစ်ချက်လျှော့တွက်သွားခဲ့မိတာက ဘလော့ဂါတွေကိုပဲ. ဘလော့ဂ်တွေကြောင့် ဆန္ဒပြပွဲသတင်းတွေ၊ ဓာတ်ပုံတွေဟာ ပြည်ပမီဒီယာသတင်းဌာနတွေကို တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့တယ်.

ဒါကို နအဖက သိလည်းသိရော Blogspot ကို ဘန်းတယ်. Attached File လုပ်တာတွေ အဆင်မပြေအောင် Internet Speed ကို နှေးပစ်တယ်. Cyber Café တွေကို သေချာစောင့်ကြည့်ခိုင်းတယ်. ဘလော့ဂါတစ်ချို့ကို ခြိမ်းခြောက်တယ်၊ တစ်ချို့ကို ဖမ်းဆီးတယ်.


ကဲ. ကျွန်တော်ခုပြောခဲ့တာတွေကို Conclusion ပြန်ဆွဲမယ်ဗျာ..
ပြည်တွင်းက ဘလော့ဂါတွေ အနေနဲ့ ငါတို့ဘာမှ မလုပ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့. ခင်ဗျားတို့တိုင်းပြည်အတွက်အများကြီး လုပ်နိုင်ပါတယ်. ဘာမှမလိုဘူး. သတင်းပေးပါ၊ ဓာတ်ပုံတွေကို တစ်နည်းတစ်ဖုံနဲ့ရအောင် ပြည်ပကိုပို့ပေးပါ. ကျွန်တော်တို့က နိုင်ငံခြားသတင်းဌာနတွေကို သတင်းအနေနဲ့ ရေးပို့ပေးပါမယ်. ဓာတ်ပုံရိုက်တဲ့သူတွေကိုလည်း Credit ပေးပါမယ်. ဒီလိုမျိုး ဓာတ်ပုံရိုက်သူတွေကိုယ်တိုင်က ခွင့်ပြုချက်ပေးမှသာ နိုင်ငံခြားသတင်းဌာနတွေက ဒီသတင်းဓာတ်ပုံတွေကို ယူသုံးနိုင်ပါတယ်. ဒါကို အလေးအနက်ထားပြီး စဉ်းစားပေးကြပါ.

အခုနယူးယောက်တိုင်းမ်စ်သတင်းစာ ခေါင်းကြီးပိုင်းမှာ မြန်မာနိုင်ငံသတင်း ဆက်တိုက်ဆိုသလိုပါနေတာ ၃ ရက်ရှိပြီ. BBC World News၊ CNN စတဲ့ သတင်းဌာနတွေမှာလည်း မြန်မာနိုင်ငံသတင်းက Headline News ဖြစ်နေတာပဲ. နအဖရဲ့ စစ်ဘီလူးရုပ်ကို နိုင်ငံတကာက သိလာပြီး အခုကျင်းပနေတဲ့ UN Assembly မှာ Agenda အနေနဲ့ ပါဝင်ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားရမယ်.

ဆန္ဒပြသူတွေက ဆက်ပြနေသလို ခေတ်ပညာတတ်လူငယ်များကလည်း မိမိတို့ တတ်ကျွမ်းနားလည်တဲ့ ပညာစွမ်းနဲ့ ဒီသပိတ်တိုက်ပွဲကြီးကို ဆက်လက်ဆင်နွှဲသွားနိုင်ဖို့လိုပါတယ်.

ဥပမာ. ဘန်းထားတဲ့ Website တွေ၊ Blog တွေကို ရအောင်ဖတ်နည်းတွေကို ဝေမျှပေးဖို့လိုပါတယ်. သတင်းဓာတ်ပုံတွေကို နအဖရဲ့ စောင့်ကြည့်မှုကို ရှောင်ကွင်းပြီး ပို့ပေးနိုင်အောင် By Pass Server နည်းမျိုးတွေ သုံးဖို့ လိုပါတယ်. ဒါတွေက အကြမ်းဖျင်းပြောတာပါ.

အဓိကအချက်က ပြည်တွင်းကလူတွေရဲ့ စိတ်ဓာတ်တက်ကြွနေနိုင်အောင် လှုံ့ဆော်အားပေးနေနိုင်ဖို့ပဲ.

ဒါကြောင့် Media Campaign ကို ကျွန်တော်အတိအလင်း ကြေငြာလိုက်ပါပြီ.

လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးသွားပါမယ်.

နောက်ဆုံးအင်တာနက်လုံးဝသုံးမရတော့ရင် ဂြိုဟ်တုဖုန်းတွေကို သုံးပြီး Media Campaign ကို ဆက်လက်လှုပ်ရှားသွားပါမယ်.

ဒီတော့ ပြည်တွင်းက ဘလော့ဂါများနဲ့ နိုင်ငံရေးအသိစိတ်ဓာတ်နိုးကြားတက်ကြွတဲ့ လူငယ်လူရွယ်လူကြီးများက ကျွန်တော်တို့ရဲ့ Media Campaign ကို တတ်နိုင်သလောက် ကူညီပေးကြပါလို့ ဒီပို့စ်လေးရေးပြီး မေတ္တာရပ်ခံလိုက်ပါတယ်.


မြန်မာပြည်တစ်နှစ်အတွင်း လွတ်လပ်စေရမည်…

ရန်အောင်

aungyan@gmail.com

Sunday, September 16, 2007

သပိတ်မှောက် ကံဆောင်ပွဲအကြောင်း မစိုးရိမ်ဆရာတော်၏ မြွက်ကြားချက်



မစုစုနွေးမှ မြန်မာပြည်သူများသို့ ပန်ကြားချက်

သောတုဇနဘိက္ခု စာသင်သားရဟန်းများ၏ ကြေညာချက်။


သောတုဇနဘိက္ခု ကြေညာချက် (၂/၂၀၀၇)

ရက်စွဲ။ စက်တင်ဘာ (၁၅) ရက်၊ ၂၀၀၇ခုနှစ်။


(၁)။ အာဏာပိုင်များအနေနဲ့  သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီးမှ တောင်းဆိုထားသော အချက်များအား ခြွင်းချက်မရှိ လိုက်နာတောင်းပန်ရန် ထပ်မံ တောင်းဆိုလိုက်သည်။

(၂)။ အာဏာပိုင်များက လိုက်နာမှုမရှိပါက နောင်တော်တပ်ပေါင်းစုကြီးမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဆိုပါက မြန်မာတစ်ဝှမ်းလုံးရှိ စာသင်သား သောတုဇန ဘိက္ခုများအနေဖြင့် နောင်တော်များနှင့်အတူ ပူးပေါင်းကံဆောင်ကြရန် ဆုံးဖြတ်လိုက်သည်။

(၃)။ အာဏာပိုင်များ လာဘ်ထိုးသည့် တံစိုးလက်ဆောင်များအား လက်ခံပြီး အောက်လက် သောတုဇန ဘိက္ခုများအား တင်းကြပ်သည့် ဥပဒေများ ထုတ်ပြန်သည့် ကျောင်းတိုက်များအား ပြင်းထန်စွာရှုတ်ချလိုက်သည်။

(၄)။ အာဏာပိုင်များ ကပ်သည့် ဆွမ်းကို ပယ်ချပြီး ဆွမ်းခံမထွက်သည့် ကျောင်းတိုက်များအား သာသနာ့ အာဇာနည်များ စံပျော်ရာ ကျောင်းတိုက်များအဖြစ် မှတ်တမ်းတင်လိုက်သည်။

(၅)။ သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီးမှ ကံဆောင်မည့် နေ့ ရက်ကို ကြေညာလိုက်သည်နှင့် တပြိုင်နက်၊ နယ်အသီးသီးရှိ စာသင်သား သောတုဇန ဘိက္ခုများအနေနှင့် တချိန်တည်းတွင် နီးရာသိမ်များတွင် ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်းအမှုကို ပြုကြရန် တိုက်တွန်းလိုက်သည်။

သောတုဇန ဘိက္ခုဖြန့် ဝေခြင်း -

(၁)။ သံဃာ့တပ်ပေါင်းစုအဖွဲ့ ဝင်အားလုံး။
(၂)။ စာသင်သား သောတုဇန ဘိက္ခုအဖွဲ့ ဝင်များအားလုံး (အထက်နှင့်အောက်မြန်မာပြည်)။

သောတုဇန ဘိက္ခုအဖွဲ့ 