Showing posts with label Facebook Like Button. Show all posts
Showing posts with label Facebook Like Button. Show all posts

Monday, January 02, 2012

မိမိဘလော့ဂ်မှာ Facebook ရဲ့ Like Button ဘယ်လိုထည့်မလဲ..

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ကျွန်တော်တို့တွေ မတွေ့ဖြစ်ကြတာလည်း အတော်ကြာသွားကြပြီနော်. ကျွန်တော်လည်း ဘယ်လောက်ပဲ အလုပ်တွေများနေနေ ဘလော့ဂ်လောကကြီးနဲ့ မကင်းကွာနိုင်သေးပါဘူး. တစ်လတစ်ပုဒ်လောက်တော့ တင်ကောင်းနိုင်ရဲ့လို့လေ… ဟတ်ဟတ်.

ဒီတစ်ခါတော့ အားလုံးအတွက် ရိုးရှင်းလွယ်ကူပြီး အသုံးဝင်အဆင်ပြေစေမယ့် ပို့စ်လေးတစ်ခု မျှဝေချင်ပါတယ်. ဘာလဲဆိုတော့ ကိုယ့်ဘလော့ဂ်က ပို့စ်လေးတွေကို စာဖတ်သူတစ်စုံတစ်ယောက် ဖတ်မိပြီး ကြိုက်တယ်ဆိုရင် Like လုပ်လိုက်တာနဲ့ သူ့ရဲ့ Facebook account မှာ ကိုယ့်ပို့စ်လေးက ခေါင်းစဉ်လေးနဲ့တကွ သွားပေါ်နေမယ့် နည်းပညာပိုင်းလေးတစ်ခုပါ. ဒါ့အပြင် ကိုယ့်ပို့စ်ကို ဘယ်နှစ်ယောက်ကများ Like လုပ်သွားသလဲ ဆိုတာလေးကိုပါ ဖော်ပြနေမှာပါ.

ဒါတင်ပဲလား? ဘယ်ကလိမ့်မလဲ.. (အညာလေသံနဲ့ ပြောကြည့်လိုက်တာ)း)

ဒီပို့စ်လေးကိုပဲ တစ်စုံတစ်ယောက်ဆီကို Email ပို့ချင်တယ်ဆိုရင်လည်း ပို့ရတာ လွယ်ကူအဆင်ပြေအောင် Send ဆိုတဲ့ Button လေးကိုပါ တွဲထည့်ပေးသွားမှာပါ.

ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါ…