Friday, August 10, 2007

အဝေးရောက် ရွှေမြန်မာများ စည်းလုံးရိုင်းပင်းကြစေချင်ပါသည်...


ဒီသတင်းလေးကို ဖတ်လိုက်ရတော့ စိတ်မကောင်းဘူး.. တုံတုံဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်မလေးကို ထိုင်းအမူးသမားတစ်ယောက်က မုဒိမ်းကျင့်ဖို့ ကြိုးစားတာ မအောင်မြင်တာနဲ့ ကတ်ကြေးနဲ့ ၁၈ ချက် ထိုးသတ်ပစ်ခဲ့တယ်တဲ့…

ဒီသတင်းကို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိဘတွေ၊ မောင်နှမသားချင်းတွေ ကြားရရင် ဘယ်လို ခံစားရရှာမလဲ. မြန်မာပြည်ရဲ့ နအဖ စစ်အစိုးရကရော ကိုယ့်တိုင်းသူပြည်သားတွေအတွက် ဘာတွေ ကာကွယ်ပေးသွားမှာလဲ.

ဆူနာမီလှိုင်းလုံးကြောင့် ထိုင်းက မြန်မာအလုပ်သမားတွေ အများကြီးသေတာ ကိုတောင်မှ အလောင်းတွေကို မြန်မာပါလို့ အသိအမှတ်မပြုပေးခဲ့လို့ ကာယကံရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေ ဘယ်လောက်နစ်နာခဲ့ရသလဲ.

စစ်အစိုးရက သူတို့ရဖို့ အတွက် အခွန်ကောက်ခံမယ်ဆိုရင်တော့ လာထားပဲ. တိုင်းသူပြည်သားတွေအတွက် အားနာပါးနာလေးတောင် မငဲ့ညှာတာကတော့ အထင်အရှားပါပဲ.

ဒီလို ကိုယ့်ပြည်သူပြည်သားတွေ အပေါ်ကို စေတနာတစ်စက်မှ မရှိတဲ့ လက်တစ်ဆုပ်စာ စစ်အာဏာရူးတွေကို အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်ကြရမှာ ကျွန်တော်တို့ မျိုးချစ်ပြည်သူတွေရဲ့ တာဝန်ပဲ.

ခုလို အစိုးရကိုယ်တိုင်က အကာအကွယ် မပေးနိုင်ဘူးဆိုတာ သိလို့ အဝေးရောက် မြန်မာများကို အုပ်စုလိုက် အနိုင်ကျင့်တာတွေ၊ အလုပ်ခွင်ထဲမှာ ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်ဆိုတာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေမြန်မာများ အားလုံး အသိပဲ ဖြစ်မှာပါ. Charity begins at home ဆိုသလိုပဲ စစ်ဘီလူး အစိုးရကို အပြစ်တင်နေမယ့်အစား ကိုယ်လုပ်နိုင်သလောက် အချင်းချင်း ရိုင်းပင်းကူညီကြဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်..

တို့မြန်မာ့သွေး ရဲပါတယ်…

သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ပါ. Ban ထားလို့ ဖတ်လို့ မရသူများကတော့ အောက်မှာ တင်ပေးခထားတဲ့ screen shot လေးတွေကို နှိပ်ပြီး ဖတ်ပါခင်ဗျာ…

တုံတုံတုံတုံတုံတုံ



No comments: