Showing posts with label My Activities. Show all posts
Showing posts with label My Activities. Show all posts

Tuesday, April 20, 2010

ခုတလော....


ခုတလော ဒီမှာ ရာသီဥတုတွေ မကောင်းပါ. အေးလိုက်. ပူလိုက်. မိုးရွာလိုက်နဲ့ တော်တော်ကို စိတ်လေစရာကောင်းတဲ့ ရာသီဖြစ်နေပါတယ်.

မနက်ခင်းလေးအေးလို့ အနွေးထည်ဝတ်သွားလိုက်ပြီး ခပ်သုတ်သုတ် လမ်းလျှောက်ခဲ့ရပေမယ့် ညနေခင်းကျတော့ မိုးတွေက ရွာနေတတ်ပြန်ရော. ဟော. တစ်ခါတစ်လေကျတော့လည်း လေပြင်းတွေကတိုက်လိုတိုက်၊ ၀တ်မှုန်တွေ လေထဲကို လွင့်ဝဲပြီး ၀ိုက်လိုဝိုက်၊ အဲဒါတွေကို ရှူရှိုက်လိုရှိုက်၊ လည်ချောင်းတွေ အာခေါင်တွေ ယားကျိကျိဖြစ်လို့ ဟတ်ချိုးလို့ ချေပစ်လိုက်လိုလိုက်နဲ့... အင်းးးး


Monday, November 17, 2008

အက်အက်အက်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်လည်း ဟိုးအဝေးကြီးကို ထွက်သွားခဲ့တာကြာပေါ့.

မုဒ်လည်းမ၀င်၊ ဘလော့ဂ်ဝင်ဖို့လည်း အဆင်မပြေ၊ လူကလည်း ဝေလေလေနဲ့ဆိုတော့ ဘလော့ဂါရန်အောင်ဘ၀ ခပ်ရှောင်ရှောင်သာ နေခဲ့ရတော့တယ်ဗျာ.

ဒီနေ့ ဆန်းဒေးမှာ အိမ်ရှင်း၊ ပစ္စည်းတွေ နေရာချ၊ တွေ့စရာရှိသူတွေနဲ့တွေ့၊ ပြောစရာရှိသူတွေနဲ့ပြောပြီးသကာလ ညနေစောင်း ၄ ခွဲလောက်မှာ စက်တော်ခေါ်သွားခဲ့ပါတယ်.

Zzzzzzzzzzzzzzzzzzzzzzzzzzzzzz...


....

ဒီကြားထဲ အိပ်မက်ကလည်း မကောင်းဘူး. ရယ်လည်းရယ်ရတယ်. ကျွန်တော့်ကို ကလေးသရဲတွေက ၀ိုင်းလိုက်လို့လေ.

နောက်နေတယ်မှတ်နေတာ. အနားရောက်တော့မှ ပါးစပ်ဟပြတယ်. အမလေးးးးးးးးးးး

သွားကြီးတွေများ. မန်းလေး စိန်ပန်းစက်မှုဇုံက ဂဟေဆော်တဲ့ အချောင်းကြီးတွေလောက်ရှိတယ်. နောက်ထပ် ကလေးသရဲလေးတစ်ကောင်ဆို သွားတွေကို Brace လေးတွေတောင် ဆွဲထားလိုက်သေး.. ကြီးလာရင် သွားတွေ မညီမှာစိုးလို့တဲ့... (တော်သေးတာပေါ့. စိန်ပွင့်လေးတွေ ကပ်မထားလို့.)

အဲဒါနဲ့ ကျွန်တော်လည်း ထွက်ပြေးရတာပေါ့. နီးရာ ရထားတစ်စီးပေါ် ပြေးတက်လိုက်ရတယ်.

ရထားက ချက်ချင်းဆိုသလို လှိုဏ်ဂူကြီးတစ်ခုထဲ ပြေးဝင်သွားပါတယ်. လမ်းခွဲတစ်ခုမှာ ခဏရပ်ပါတယ်. ဒရိုင်ဗာက မေးပါသေးတယ်. ဒီဖက်လမ်းက အခုတင် ရထားတစ်စီးထွက်သွားတာတဲ့ ခဏစောင့်ရမယ်. ဟိုဖက်က သွားရင်ကောင်းမလားတဲ့.

ကျွန်တော်အပါအ၀င် ခရီးသည်တစ်ချို့ကလည်း သွားသွား. ဆိုပြီး အားပေးကြတယ်လေ.

အဲဒါနဲ့ မောင်းလည်းမောင်းရော ရထားက လှေကားအတိုင်း ပြေးဆင်းသွားတယ်.

ရင်ထဲမှာတော့ နှစ်သစ်ကူး တရုတ် နဂါးကြီး ပြေးဆင်းလာသလိုပဲ... ဒုန်း.. ဂွမ်း.. ၀ရုန်း. အုံး... နဲ့ပေါ့.

အောက်လည်းရောက်ရော ရထားက ဘီးချော်ပါလေရော. ကျွန်တော်က 'ချော်နေပြီ ချော်နေပြီ' လို့ လှမ်းအော်တာပေါ့.

အင်း. ဟုတ်တယ်. မြန်မာလိုပြောတာတော့ မဟုတ်ဘူးဗျ. ကျွန်တော်က နိုင်ငံခြားသံဝဲ၀ဲလေးနဲ့ ဒရိုင်ဗာကို လှမ်းပြောရတာပေါ့. ဒီလိုလေးလေ..

Yo.. Man... Chaw Nay Bi... s... C'mon, man! ပေါ့..

ဟတ်ဟတ်..

ရထားကြီးက သံလမ်းပေါ် ပြန်တက်သွားရော.

ကျွန်တော်လည်း ရောက်ပြီဆိုပြီး တံခါးဖွင့်တာကို စောင့်တာပေါ့.

'တုံ' ဆိုတဲ့ ဘဲလ်သံလေးနဲ့အတူ တံခါးလည်း ပွင့်သွားရော ဆင်းမယ်အလုပ် ရှေ့မှာ လမ်းပိတ်ရင်သုံးတဲ့ သစ်သားတုံးကြီးက ပေါ်လာရော.

ဟိုက်. ပီလိုဖြစ်တာလဲဝေ့ လို့ ဒရိုင်ဗာကို ပြန်မေးမယ်အလုပ် ခုနက ကလေး သရဲသုံးကောင်က မှန်ထဲမှာ ပေါ်လာတယ်.

ဟိုကားထဲကလိုလေ. Grudge ကားထဲမှာ မင်းသမီးက ကားစီးလာတော့ ကားမှန်ထဲကနေ ကလေးသရဲလေး ပေါ်လာသလိုပေါ့.

အသံတောင် ပေးလိုက်သေးး

'အက်... အက်... အက်... အက်...' တဲ့..

ကျွန်တော်လည်း ခုနက မြင်ရတဲ့ အတားအဆီးကို ၀ုန်းခနဲ ကျော်... အပေါက်ကနေခုန်ဆင်းလိုက်တော့ ရောက်သွားတဲ့နေရာက ဘာမှတ်လဲ..

"စိုက်ပျိုးရေး" မှတ်တိုင်တဲ့ဗျာ.... မြန်မာ့အသံရုံးကြီးက ထီးထီးကြီးရပ်နေလို့.. ဦးကျော်စိုးဦးတောင် ပုဆိုးပြင်ဝတ်နေတာတွေ့လိုက်ရတယ်. (အော်. သတင်းကြေငြာခါနီးမို့ ပြင်တာဆင်တာပါတဲ့လေ.... အဲဒီ့နေ့က မိုးခေါင်သွားခဲ့တယ်ဗျာ. အဲဒါ မော်ဒန်ကဗျာလား.. သွားစမ်းပါ. မ ကိုလွမ်းတယ်.)

ကားလမ်းကို ဖြတ်အကူး. Very Ignorant Person (VIP) တွေ ပါလာပုံရတဲ့ ကားတန်းရှည်ကြီးက ဟိုဖက်လမ်းကနေ 'တီ.. တီ.. တီ... တီ..' ဆိုပြီး ကျွန်တော့်ဆီ ပြေးလာတယ်.

ကျွန်တော်လည်း ကလေးသရဲနဲ့တွေ့လို့သာ ပြေးချင်ပြေးမယ်. ဒီငတတွေနဲ့တွေ့လို့ကတော့ မရရတဲ့နည်းနဲ့ ဆန့်ကျင်မယ်ဆိုပြီး ကားမောင်းတဲ့လူကို လှမ်းပြီး စိတ်နဲ့ညှို့လိုက်တယ်.

မောင်းတဲ့သူက ဘယ်သူဖြစ်နေလဲသိလား..

ခင်ဗျားမသိပါဘူး..

ကျွန်တော်လည်း မသိလိုက်ဘူး..

နှိုးစက်က 'တီ.....တီ.....တီ.....တီ.....' မြည်နေရာက နည်းနည်းကြာသွားတော့ အသံက ပိုစိပ်လာပြီး တီ.တီ.တီ.တီ. ဖြစ်သွားခဲ့တယ်လေ. အဲဒီ့တော့မှ ထပိတ်လိုက်ပြီး အိပ်ယာပေါ်မှာ ငေါင်စင်းစင်းနဲ့ ထိုင်နေတဲ့ ကျွန်တော့်ကို ညနေခင်းလေပြည်ညှင်းလေးက 'What the heck u r doing, man? Move your ass off! Go! Go! Go!' ဆိုပြီး ညင်ညင်သာသာလေး နှုတ်ဆက်ပါတယ်.

အိပ်ယာပေါ်ကဆင်း၊ မျက်နှာသစ်၊ လန်းသွားအောင် ကိုယ့်ကိုယ်ကို ဖြောင်းဒိုင်း ဖြောင်းဒိုင်းဆိုပြီး ဇက်ပိုးတွေ နားရင်းတွေဘာတွေ အုပ်၊ နားသယ်မွှေးကို ဇွိခနဲ ဆွဲထည့်ပြီးသကာလ မီးဖိုချောင်ထဲ ၀င်. လှန်လှောကြည့်တော့ မနက်ခင်းက တည်သွားခဲ့တဲ့ ထမင်းအိုးက "ဘာမှချိဘူး" ဆိုပြီး ပြုံးစိစိနဲ့ လှမ်းပြောတယ်.

တင်းသွားတယ်ဗျာ. အဲဒါနဲ့ပဲ ရေခဲသေတ္တာကို ၀ုန်းခနဲဆွဲဖွင့်. ကြက်ဥတစ်လုံးယူ. ဘီရိုပေါ်က ခေါက်ဆွဲခြောက်ထုပ်ကို ဖောင်းခနဲဖွင့်. ရေနွေးအိုးတည်ပြီး အုံးဒိုင်းဂွမ်းဆို လုပ်ထည့်လိုက်တာ နောက် ဆယ်မိနစ်လောက်လည်းနေရော ဘလော့ဂါရန်အောင်တစ်ယောက် သတင်းစာလေးဖတ်ရင်း၊ ခေါက်ဆွဲပြုတ်လေးသောက်ရင်း၊ ဒူးလေးနှံ့ရင်း၊ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်လေးတွေကို သပ်တင်ရင်း၊ ဆက်ရက်မင်းစည်းစိမ်ကို ခံစားနေခဲ့ပါတော့တယ်.

အဲ. ညရောက်တော့ ကွိုင်တော့တာပဲဗျာ.

မျက်လုံးကြီးက ပြူးနေလိုက်တာမှ ဇီးကွက်ကတောင် အဖေခေါ်ရမယ်.

ဒီတော့လည်း ဘာလုပ်မလဲ အပြေးအလွှားစဉ်းစားလိုက်တော့ ပို့စ်ရေးမှာပေါ့ဆိုတဲ့ အဖြေက ဂွက်ခနဲ ထွက်လာတယ်.

ဟုတ်တယ်. 'ဂွက်' ဗျ.

စဉ်းစားလို့ အဖြေလည်းထွက်ရော အားရ၀မ်းသာနဲ့ သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်တော့ "ဂွက်" ဖြစ်သွားရော. ဟတ်ဟတ်.

ညနေက အိပ်ထားတယ်. ခု ကော်ဖီသောက်ထားတယ်.

ကဲ. ဆမ်းသင်းတော့ လောင်းပြီထင်တယ်ဗျ. ဟတ်ဟတ်.

ဒီည မအိပ်တော့ဘူး.

အားလုံးကို လွမ်းတယ်.

မွ................................

အာဘွား...

ရွှတ်...

နက်ဖြန်တွေ့မယ်ဗျာ.

ပြန်အိပ်ရင် ကလေးသရဲလေးတွေနဲ့ ပြန်တွေ့မှာကြောက်တယ်....

ဒီတစ်ခါဆင်းရင်တော့ စိုက်ပျိုးရေးမှာ မဆင်းချင်တော့ဘူး. တံတားဖြူဆိုတော်သေး... (အတွဲချောင်းလို့ရတယ်..)

"အက်.. အက်.. အက်.."

အလိုလေး ဘုရားသခင်...

................

Monday, December 10, 2007

ဘလော့ဂါရန်အောင်ရဲ့ ဆယ့်နှစ်မျိုးဂျင်းသုပ်…


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီနေ့ တနင်္ဂနွေနေ့ဖြစ်လို့ ကျွန်တော်တစ်ယောက် အားမလိုလိုနဲ့ အလုပ်တွေ များနေခဲ့ပါတယ်. မနက်အိပ်ယာထကတည်းက အိမ်ရှင်း၊ အ၀တ်လျှော်၊ ရေမိုးချိုး၊ ကိုယ်လက်သန့်စင်၊ ထမင်းချက်၊ ဟင်းပြန်နွှေး၊ ထမင်းစားနဲ့ နေ့ခင်းကျပြန်တော့ နောက်တစ်ပတ်စာအတွက် ဟင်းချက်ဖို့ ပြင်ဆင်ရပြန်ပါတယ်.

ညနေစောင်းတော့ အားရက်လေး လုပ်ဖြစ်သွားအောင် ရထားအပြေးအလွှားစီးလို့ ဆံပင်သွားညှပ်လိုက်ပါသေးတယ်. မဟုတ်ရင် ကျွန်တော့်ခေါင်းကို ကျီးကန်းအသိုက်နဲ့ လာမှားပြီး ကျီးကန်းတွေ ၀ိုင်းလာမှာစိုးလို့.

ဟူး.. မလွယ်ဘူးဗျာ. လူပျိုတစ်ယောက်လုပ်ရတာ.. (ကြော်ငြာတာ…)


ဖြစ်သလိုနေရင်တော့ ဖြစ်သလိုနေရတာပေါ့ဗျာ. ရှင်းပါတယ်နော်. ဟတ်ဟတ်

ဖြစ်သလိုမနေချင်တော့လည်း အလုပ်ရှုပ်ရတော့တာပေါ့. ဒီတိုင်းနေလည်း ရပါတယ်ကွာ ဆိုပြီး တစ်ရက်နှစ်ရက်လောက် မလွှတ်လိုက်နဲ့. နေရတာ အဆင်မပြေတော့ဘူး. ဟိုမှာလည်း ရှုပ်ပွ၊ ဒီမှာလည်း ရှုပ်ပွ၊ အ၀တ်ပေတွေလည်း ပုံလာ၊ ဗိုက်ဆာလို့ ဟင်းအိုးလှပ်ကြည့်တော့ ဟင်းက မရှိ၊ ဂလိုနဲ့ လောကကြီးကို အပြစ်တင်မိလာရော…

လောကကြီးက မတရားပါဘူးကွာ….

အဲ.. အဲလိုမျိုးတွေ ဖြစ်လာရော..

ဘလော့ဂ်အတွက် ပို့စ်ရေးပြန်ရင်လည်း စိတ်က မဖြောင့်. ကိုယ့်မှာ လုပ်စရာတွေ ပုံနေတယ်ဆိုတာ သိနေတယ်လေ.

စာမဖတ်ပြန်ရင်လည်း သူများနဲ့ ယှဉ်ရင် နောက်ကောက်ကျရော့မယ်.

ဒီတော့ ဒီတော့...

ဖြစ်သလိုမနေအားတော့ဘဲ နေသလို ဖြစ်အောင် အရေးကြီးတဲ့ အိမ်မှုကိစ္စအ၀၀ကို ဦးစားပေး ဖြေရှင်းရပါတော့တယ်ဗျားးးး

ဒါကြောင့် ကျွန်တော်အွန်လိုင်းလာပြီး ကူညီပေးပါမယ်လို့ ပြောလိုက်ပြီး မလာဖြစ်လိုက်တာကို နားလည်ပေးကြဖို့ ဘလော့ဂါနုနုထွတ်ထွတ်လေးများကို ဒီပို့စ်လေးနဲ့ပဲ တောင်းပန်လိုက်ရပါတယ်ဗျာ…

ခုကျွန်တော်လုပ်ရမှာတွေက

(၁) EOT
(၂) Peekaboo
(၃) သံစဉ်လှိုင်းက လင့်ခ်တွေ အလုပ်မလုပ်တာ
(၄) Wordpress Platform နဲ့ Domain Hosting အကြောင်း လေ့လာဖို့
(၅) Helpdesk မှာ ပို့စ်တွေ ထပ်တင်ဖို့၊ လူထပ်ရှာဖို့
(၆) English4success မှာ ပို့စ်တွေ ထပ်တင်ဖို့၊ လူထပ်ရှာဖို့
(၇) သမိုင်းထဲက ရက်စွဲများကို update လုပ်ဖို့၊ လူထပ်ရှာဖို့
(၈) သူလေးနဲ့ စကားပြောဖို့

ဟတ်ဟတ်

စတာပါဗျာ.

လုပ်စရာတွေ ပုံသွားတာကို ကြည့်ပြီး ကျွန်တော် ဘာလုပ်လိုက်လဲသိလား

သံစဉ်လှိုင်းကိုသွားပြီး သံစဉ်လှိုင်း အဖွဲ့သားလေးတွေက ကြိုးစားတင်ပေးထားတဲ့ သီချင်းသစ်လေးတွေနဲ့ သွားငြိမ့်နေတာပေါ့ဗျာ.

ခုနက ကျွန်တော့်အခန်းထဲမှာ စာအုပ်စင် ရိုက်နေတာဗျ. ခုတော့ ပြီးသွားပါပြီ.

ကျွန်တော့်အခန်းလေးက တကယ်တော့ ကျဉ်းကျဉ်းလေးရယ်ပါ. စရိတ်စကကြီးတဲ့ ဒီမြို့ကြီးမှာ ရသလောက် ချွေတာနေရလေတော့ ဈေးသိပ်မကြီးတဲ့ ဒီအခန်းကျဉ်းလေးထဲကို ကျွန်တော်ရောက်ရှိလာဖို့ အကြောင်းဖန်လာရသပေါ့ဗျာ.

နေရာကျဉ်းတာကို နေရာထွက်အောင် ကြံဖန်ထားပုံလေးတွေကို နောက်ကြုံမှ ဓာတ်ပုံလေးတွေ ရိုက်ပြီး တင်ပေးဦးမယ်ဗျာ.

စကားမစပ်… ဒီနေ့ ၀က်သားဟင်းနဲ့ ခရမ်းသီးနှပ်ချက်တယ်ဗျ..

ဂလု..

ချက်ပုံချက်နည်း သိပ်မသိလို့ မလုလုနဲ့ ရှင်မင်းတို့ ဘလော့ဂ်လေးတွေကို သွားပြီး ပညာယူလိုက်ရပါသေးတယ်.

ဟင်းချက်နည်း ဘလော့ဂ်လေးတွေပါ. လေးစားချီးကျူးဖို့ ကောင်းပါတယ်. သွားရည်ကျသွားစေရမယ်ဆိုတာ အာမခံတယ်.

တစ်ခါတည်း ကြော်ငြာပေးလိုက်တယ်နော်. မလုလုနဲ့ ရှင်မင်းတို့ရေ…

များများလေးသာ ဆက်ချက်ပေးပါဗျို့..

ဟတ်ဟတ်..

အားလုံးကို လေးစားချစ်ခင်လျက်

ရန်အောင်

Friday, September 28, 2007

ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့နိုင်ငံတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် သစ္စာဓိဋ္ဌာန်ပြုသည်...


ကျွန်တော် ပျောက်နေခဲ့တာ ကြာပါပြီ. ဒီကိစ္စအတွက် ကျွန်တော်အားလုံးကို တောင်းပန်ပါတယ်. ပြန့်ကြဲနေတဲ့ စိတ်ဓာတ်တွေကို ကြိုးစားထိန်းချုပ်နေခဲ့ရင်း ကျွန်တော့်ရဲ့ တန်ဖိုးတွေကို ရှာဖွေနေခဲ့လို့ပါ

ကျွန်တော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေ ဖြစ်ပေါ်လာရတာက တစ်ချို့သော လူမှုရေးကိစ္စလေးတွေကြောင့်ပါ. အခုတော့ ကျွန်တော် ကြိုးစားဖြေရှင်းလိုက်နိုင်ပါပြီ. ဘယ်လိုကိစ္စကြောင့်ပဲ ဖြစ်ဖြစ် စာပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါပြီ.

လောလောဆယ် မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အားလုံး အသိပဲ ဖြစ်မှာပါ. ဒါတွေကို ထပ်မံပြီး မပြောပြလိုပါဘူး. အမှန်တော့ ပြန်မပြောပြနိုင်အောင်ကို ရင်နင့်ကြေကွဲခံစားရလို့ပါ.

ကျွန်တော့်တိုင်းပြည်၊ ကျွန်တော်တို့ရဲ့ ပြည်သူလူထုအတွက် ကျွန်တော့်ရဲ့ ပညာနဲ့ စိတ်ဓာတ်အင်အားကို အစွမ်းကုန် အသုံးချသွားဖို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်နိုင်ပါပြီ.

အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ရတဲ့ ကျွန်တော့်ကို အားလုံးပဲ နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Sunday, April 22, 2007

ဘလော့ဂါတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်…

ယနေ့မှစ၍ ကျွန်တော် စခန်းဝင်ပါတော့မည်. တရားစခန်းမဟုတ်သည်မှာကား Dead Sure. ဖြစ်၏. Intensive Study လုပ်ရန်အတွက် ကိုယ့်ကိုယ်ကို စခန်းသွင်းပါတော့မည်ဟု ဆိုလိုပါသည်. ယခင်က တစ်ရက်လျှင် ၂ ပို့စ် Average ရေးသားနေသော်လည်း ယခုတွင်မူ ရေးနိုင်မည် မဟုတ်တော့ပါ. အရေးကျဲပါတော့မည်. မည်မျှပင် အလုပ်ရှုပ်စေကာမူ ရယ်မောခြင်းတာဝန်ကိုတော့ ကျွန်တော် မပျက်ကွက်ပါ. ရယ်စရာမောစရာဓာတ်ပုံ၊ ဗွီဒီယိုများတွေ့လျှင်တော့ မျှပါမည်. မတွေ့လျှင်လည်း ကိုယ့်ဘာသာကိုယ် ဂစ်တာတီးရင်း ရယ်နေပါမည်….

စာအုပ်ကိစ္စ ဆက်သွယ်လိုသူများ Email ဖြင့်သာပို့ပါ. Chatting ထိုင်ခြင်းကိုလည်း နားပါပြီ. အမှန်ဆိုရလျှင် ကျွန်တော်ကားဟင်းလည်း ကောင်းကောင်းမချက် တတ်ပါ. ကိုယ်ချက်တတ်သလို ချက်ထားသည်များကို အပျော်သဘော ရေးသားတင်ဆက်ခြင်းမျှသာ ဖြစ်ပါသည်. ကျွန်တော့်ထက် အပုံကြီးချက်တတ်သူများ ရှိပါ၏. သို့သော် သူတို့တွင် ဘလော့ဂ်မရှိပါ. တစ်ချို့ကား ဘလော့ဂ်ရှိ၏. ဟင်းချက်နည်းအကြောင်းရေးရန် စိုးစဉ်းမျှ စိတ်မကူးကြပါ. အနှီ အကြောင်းပြချက်များကြောင့် ကျွန်ုပ်၏ ပြီးစလွယ် ဟင်းချက်နည်းများကို သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ရေးသားပြီး ကင်မရာဖြင့် မှတ်တမ်းတင်ခြင်းသာ ဖြစ်ချိမ့်၏။ ဖတ်သူများ ပျော်ရစေရန် ရည်ရွယ်၏။ သွားရည်ကျစေရန်လည်း ကြိုးစား၍ ဓာတ်ပုံများရိုက်ထား၏…

တစ်ချို့သောသူများကား ကျွန်တော်၏ ဖော်ရွေပျူဌာစွာ ချက်တင်းထိုင်ခြင်းကို နားလည်လက်ခံသော်လည်း တစ်ချို့သောသူများကား အလုပ်မရှိအလုပ်ရှာ၍ သူတို့ကို ၀င်လုံးသည်ဟု ထင်မြင်ကောင်းထင်မြင်နိုင်၏. အားကြီးစိတ်မကောင်းပါ. ကျွန်တော်ဆင်ခြင်သင့်၏ဟူ၍သာ ကိုယ့်ကိုယ်ကို သတိပေးရတော့၏…



ကျွန်တော်ဘလော့ဂ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိ၏ တိမ်မြုပ်နေသော အရည်အချင်းများကို လေ့လာစူးစမ်းသိရှိနိုင်ရန်နှင့် မိတ်ဆွေအပေါင်းအသင်း တိုးပွားစေရန်ဖြစ်၏. ထို့ကြောင့် မည်သို့ပင်အခက်အခဲများ ရှိလင့်ကစား အလုပ်ကိုပုံမှန်လုပ်မည်၊ စာကိုလည်း ပုံမှန်ရေးသွားမည်၊ မိတ်ဆွေအပေါင်းအသင်း များ ကိုလည်း တိုးချဲ့သွားမည်ကား ဧကန်အမှန်ပင်…

ကျွန်တော်သည် Blog Coding ပိုင်းများကိုလည်း သိပ်မသိပါ. CSS, HTML များကို Online တွင် ရှာဖွေဖတ်ရှုလျက်သာ လေ့လာဆည်းပူးနေခြင်းဖြစ်၏. သို့သော် ကျွန်တော် ၃ ခုသိလျှင် ၂ ခုကိုတော့ မျှပါ၏. ကျန်တစ်ခုကိုတော့ ပိုသိအောင် ကြိုးစားနေဆဲ ဖြစ်သောကြောင့် မမျှသေးခြင်းသာ ဖြစ်၏. ကျွန်တော့်တွင် ရည်ရွယ်ချက်ကြီးတစ်ခုရှိ၏. မြန်မာလူငယ်များ ပညာတန်ခိုးဖြင့် တိုးတက်ထွန်းကားစေလို၏. ကျွန်ုပ်တို့၏ မျိုးဆက်တိုးတက်မှ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များ တိုးတက်မည် ဖြစ်၏. ကျွန်ုပ်တို့ ညံ့ဖျင်း ဖင့်နှေးနေလျှင်၊ သို့မဟုတ်. ကယ်တင်ရှင်ကို မျှော်နေလျှင် အချိန်ကားလင့်တော့မည်. သို့ဖြစ်၍ မိမိနှင့် စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေများကို စည်းရုံးကာ ပညာသင်ဆုဖောင်ဒေးရှင်းကြီး တည်ထောင်နိုင်ရန် ရည်ရွယ်ထား၏.

ကျွန်တော့်တွင် အသုံးများသော စကားသုံးခွန်းရှိပါသည်.

1. I’m sure.
2. It’s cool!
3. I don’t care.

အနှီစကားသုံးခွန်းကို အခြေအနေပေါ်မူတည်၍ သုံးစွဲသွားတတ်သည်မှာ ကျွန်တော်၏ ၀သီတစ်မျိုးပင် ဖြစ်၏. ယခုကြုံတွေ့နေရသော စိတ်မကောင်းဖြစ်စရာ ကိစ္စတစ်ချို့တို့ကိုလည်း ထိုထိုစကားများဖြင့်သာ ကျော်လွှားသွားနိုင်အောင် ကြိုးစားသွားမည် ဖြစ်၏..

ဤကား ကျွန်တော်ပြောချင်သမျှ ကျွန်တော့်အကြောင်း တစ်စိတ်တစ်ဒေသပင် ဖြစ်တော့၏… နောက်ဆက်တွဲများ အများကြီး ကျန်သေး၏. ပျင်းမည်စိုး သောကြောင့် ဤတွင် နားပြီ…

အပ္ပာမာဒေန သမ္မာဒေထ…..
မမေ့မလျော့သော သတိရှိကြကုန်လင့်….




Thursday, April 19, 2007

ဘလော့ဂါတစ်ယောက်၏ ချက်ပွဲ


ညကပေါ့ဗျာ…

ဘလော့ဂ်မှာ ပြုံးချင်စရာလေးများ စီးရီးကို အပြီးသတ်ပြီးသကာလ Gtalk ထဲ ၀င်လိုက်တယ်.
အဲဒီ့မှာ ကျွန်တော့်ရဲ့ ဘော်ဘော်တွေကို တန်းစီပြီး တွေ့လိုက်တာနဲ့ တွေ့သမျှ ဘော်ဘော်တွေကို chatting ထိုင်ပစ်လိုက်တယ်. ကျွန်တော့်ရဲ့ Chatting တစ်ညတာလေးကို ခံစားကြည့်လိုက်ပါဦး

ကိုစိုးဇေယျက ဘယ်တောင်ပံအထက်မှာပေါ့ဗျာ. လိမ့်ကာလိမ့်ကာနဲ့ပဲ ဘလော့ဂါ Directory လေးကို ကြိုးစားပမ်းစား ပြုစုနေတယ်ဗျ. အလယ်မှာတော့ ဘာညာကိုတွေ့ရပါတယ်. ချက်နေစဉ်အတွင်းမှာလည်း ဘာညာတစ်ယောက် တစ်ကွိကွိနဲ့ တုပ်ကွေး Symptom တွေကို ပြသနေပါတယ်. ပွဲစပြီး ၁၀ မိနစ်အကြာမှာပဲ ဘာညာဆက်မချက်နိုင်တော့ပါဘူး. ၀ိတ်လျှော့နေတာမို့ ထမင်းသွားစားဦးမယ်ပြောပြီး အိပ်မက်တွေပေးကာပေးကာနဲ့ ထွက်သွားပါတယ်. ညာတောင်ပံမှာတော့ ရိုနယ်လ်ဒိုဆံပင်သွင်သွင်ကျိုးသွားလို့ အစားဝင်လာတဲ့ ကိုမျိုးကျော်ထွန်းကြီးက သူ့ဆံပင်တွေကို ကော်စမက်တစ်တွေပွတ်ပြီး ၀င်လာတယ်ခင်ဗျ



ဘယ်တောင်ပံအောက်ဘက် Start Menu ပွဲကြည့်စင်ဘက်မှာတော့ ကိုနေဘုန်းလတ်တစ်ယောက် ဖယောင်းတိုင်လေးထွန်းပြီး ဘလော့ဂင်းလုပ်နေလေရဲ့. သူတို့မြို့နယ်ဘက်မှာ မီးတွေ မလာလို့ညစ်နေတယ်ဆိုတာကိုလည်း ပြုံးစိစိနဲ့ ငြီးနေလေရဲ့ဗျာ.

ညာတောင်ပံက ကိုမျိုးကျော်ထွန်းကြီးရဲ့အောက်မှာတော့ (ဟာ မဟုတ်သေးပါဘူး) ညာတောင်ပံက Language Bar လေးနားမှာတော့ ကိုရဲဇေယျရှိန်ပေါ့ဗျာ. ၁၉ နှစ်သားလေးပါ ခင်ဗျ. ဘလော့ဂါ နယူးဘီလေးအဖြစ် အမြဲတမ်းပြောပြီး ကုဒ်ဒင်းတွေကို အားရပါးရ မေးတတ်သူလေးတစ်ယောက်ပေါ့ဗျာ….

ကဲ..ဒီလောက်ပါပဲ. စိတ်ဝင်စားသူများရှိရင်လည်း စာရင်းပေးပါ. အားလို့ကတော့ အကုန်လုံးကို Desktop ပေါ်မှာကို ဆွဲတင်ပြီး ချက်ပစ်ဦးမှာ…


Tuesday, April 10, 2007

ပါးပါးလေးပါ...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.
ကျွန်တော့်အိမ်မှာ Internet လုံးဝ Down သွားတယ်ဗျ. ဒီ ၂ ရက်လုံး မရတစ်ရက် ရတစ်ရက်နဲ့ ခုတော့ လုံးဝကို တာ့တာ့ပြသွားပါတယ်. ဒါကြောင့် ကျွန်တော် သူငယ်ချင်းများနဲ့ အဆက်အသွယ် ခဏပြတ်သွားရတာကို တောင်းပန်ပါတယ်ဗျာ. Blogging လည်း မလုပ်ဖြစ်လိုက်ဘူး. ကျောင်းက Computer တွေကျတော့ Font ပေးမထည့်ဘူးလေ. ဒါနဲ့ မရရတာပဲလုပ်မယ်ဆိုပြီးတော့ Template ကိုပဲ ထိုင်ပြင်နေခဲ့တယ်.

ခုတော့ Template မှာ Menu Bar ထည့်ပြီးသွားပြီ. ဟိုးထိပ်ဆုံးမှာ တွေ့ရလိမ့်မယ်. မာတိကာလည်း ထည့်လိုက်တယ်. တစ်ခြား အသုံးဝင်မယ့် Media လေးတွေကိုလည်း ထည့်လိုက်တယ်. ကိုမျိုးကျော်ထွန်း ပြောပြတဲ့ Cartoon Blog လေးကိုပါ ထည့်လိုက်တယ်. Template ရဲ့ ဘယ်ဘက်မှာ သီချင်းအသစ်လေးတွေ ထပ်တင်လိုက်တယ်. မြန်မာရုပ်ရှင်တွေ ကိုလည်း အမုန်းကြည့်ရပါလိမ့်မယ်ဗျား…

ပြီးတော့ အောက်ဆုံးမှာ ကျတော့ Sopcast Player ဆိုတာလေးကို ထည့်လိုက်တယ်. အဲဒီ့ Player လေးကို သုံးပြီး Premier League, Champion League ဘောလုံးပွဲတွေကို Live ကြည့်နိုင်ရုံမက အမျိုးမျိုးသော ရုပ်ရှင်တွေ၊ Comedy တွေ၊ News Channel တွေ၊ TV Series တွေကိုပါ ကြည့်နိုင်ပါတယ်. ActiveX Software ကိုတော့ ကိုယ့်ရဲ့ စက်ထဲမှာ ရှိထားဖို့လိုပါတယ်. မရှိရင်လည်း အလွယ်တကူပဲ Download လုပ်ခိုင်းပါလိမ့်မယ်.

ခုတော့ အိမ်ကစက်မှာ အားတုန်းခဏလေး စာကိုရိုက်ပြီး Computer Lab ထဲကို သယ်သွား၊ ဟိုရောက်မှ Wireless Network တစ်ခုခုကို လှမ်းဖမ်းပြီး ဒီ Post လေးကို တင်ရပါမယ်. ဘယ်ရမလဲ. ရအောင်လုပ်မှာပေါ့. ပါးပါးလေးပါ.

Menu Bar ထည့်ပုံ၊ မာတိကာထည့်ပုံ၊ Sopcast Player ထည့်ပုံ၊ EOT လုပ်ပုံလေးတွေကို နောက်ထပ် Post လေးတွေ ရေးသွားပေးပါမယ်. EOT က မခက်ပါဘူး။ ဒါပေမယ့် Instructions ပေးထားတာတွေ တစ်ချို့နေရာမှာ မပြည့်စုံတာလေးတွေ ရှိနေတော့ လုပ်ရတာ နည်းနည်းလေး ကသိကအောက်ဖြစ်နေရုံပါပဲ. ကျွန်တော်လည်း EOT အတွက် ကိုမောင်လှရဲ့ Post လေးအပြင် တစ်ခြားသော Website များကိုလည်း ရှာဖွေမွှေနှောက်ကြည့်လိုက် ရပါ တယ်. ခုတော့လည်း ပါးပါးလေးပါပဲဗျာ…

အဲ. စာအုပ်ထုတ်မယ့်သူတွေ ငြိမ်နေကြတယ်နော်. အဲဒါကတော့ သိပ်မပါးတော့ဘူး. လုပ်ကြပါဦး။ ၀ိုင်းကြပါဦး။ ၀န်းကြပါဦး ဘော်ဘော်တို့ရေ….

ပြီးတော့ ကျွန်တော့်ရဲ့ ဖိုင်နယ်စာမေးပွဲကြီးကလည်း နောက် ၂ ပတ်နေရင် ရောက်လာပါ တော့မယ်ခင်ဗျာ. အဲဒါကလည်း မပါးတပါး ဖြစ်နေပါတယ်. တစ်ခါတစ်လေ ကျွန်တော့်ကို ဘလော့ဂ်နဲ့ ဖိုရမ်မှာ မပါးတာတွေ့ရင် HW တွေ၊ Assignment တွေနဲ့ ပါးနေလို့ပါလို့ ကြိုတင်ပန်ကြားလိုက်ရပါတယ်. ချစ်ဆွေရောင်းရင်းတို့ရေ…

ဩော်. စကားမစပ်၊ နောက်တစ်ပါတ်ထဲမှာ သင်္ကြန်ကျတော့မယ်နော်. ပါးရမလား၊ ထူရမလား တကယ်ကို မပြောတတ်တော့ပါဘူး ပိတောက်ပန်းလေးရယ်…..

နေရစ်တော့နော်. ကိုယ်သွားတော့မယ်… ကျောင်းကို…



Monday, April 09, 2007

Easter Holiday နဲ့ ကျွန်တော်



မနေ့က ကျွန်တော်တို့ဆီမှာ Easter Holiday ပါ. Easter ဆိုတာက Jesus Christ ရဲ့ Resurrection Day ပါ. ပြန်လည်ရှင်သန် ထမြောက်တဲ့နေ့လို့ အဓိပ္ပါယ်ရပါတယ်. ကျွန်တော့်ရဲ့ Host Family အိမ်မှာ Easter Gathering လုပ်ကြပါတယ်.

Resurrection Day ရဲ့ အထိမ်းအမှတ်တစ်ခု အနေနဲ့ ကြက်ဥလေးတွေကို ဖွက်ပြီး ကလေးတွေက လိုက်ရှာကြပါတယ်. Egg Hunting လို့ခေါ်ပါတယ်. ကြက်ဥလေးတွေထဲမှာ ချောကလက်လေးတွေ၊ ပိုက်ဆံလေးတွေ ထည့်ထားတတ်ပါတယ်.

ကျွန်တော့်ရဲ့ Host Family အိမ်မှာ မြေး ၄ ယောက်ရှိပါတယ်. အကြီးဆုံးကောင်လေးနာမည်က Owen တဲ့. သူက Baseball နဲ့ American Football ကစားတယ်. မိန်းကလေး ၃ ယောက်နာမည်တွေကတော့ Lily, Meggie and Kate ပါ.

မှတ်မှတ်ရရ သူတို့နဲ့ စားသောက်နေတာလေးတွေကို Video Footage တစ်ခု ရိုက်ခဲ့ပါတယ်. Egg Hunting လုပ်တာလေးတွေလည်း ရိုက်ခဲ့တယ်. အရမ်းအေးလို့ ကျွန်တော့်လက်တွေ တုန်နေတာကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ.

Happy Easter to you all…..


Jeff and his family





Kelly and his family





Kids with Bunny headbands







Family Gathering, Kate and Meggie







Kids introducing themselves and me






Lily and Susie Explaining about Cooking and Egg-paintings







Easter Egghunting (1)







Easter Egghunting (2)





Friday, March 23, 2007

မော်ဒန်ဒိုင်ယာရီ…


ဒီနေ့စာမေးပွဲဖြေပြီးတော့ ညနေခင်းက ခဏလေးနားလိုက်တယ်။ ထမင်းတစ်ပန်းကန်ကို ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ၅ နာရီလောက်ကစပြီး စာမူတွေကို Blog ပေါ်မှာတင်ပေး၊ edit နည်းနည်းပါးပါးလုပ်နဲ့ အချိန်တော်တော်ကုန်သွားလိုက်တယ်။ စာမူတစ်ချို့ကို volunteer တွေက ပို့တော့ပို့ထားပါရဲ့၊ ဒါပေမယ့် ဘလော့ခ်ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် ရမရဆိုတာ မပြောထားဘူး။ အဲဒါနဲ့ post တစ်ချို့ကို Draft အနေနဲ့ပဲ သိမ်းထားလိုက်ရသေးတယ်။ စာအုပ်ထုတ်ဖို့ကိစ္စကတော့ တော်တော်လေးကို နီးစပ်လာပါပြီ…

ပြီးတော့ NHL Game ဆော့တယ်။ Hockey ရိုက်ရတာ တော်တော်အရသာရှိတာပဲ။ အပူပိုင်းဒေသက လာတဲ့မြန်မာပြည်သား ပီသပါပေတယ်လို့တောင် ကိုယ့်ကိုယ်ကို တွေးမိလိုက်သေးတယ်. ၂ ပွဲနိုင်ပြီး ၁ ပွဲရှုံးတယ်။ Toronto ကို ရှုံးသွားတာ။ ဒီကောင်တွေက Hockey မှာ ဆရာကြီးတွေပဲ။ Medium အဆင့်နဲ့မို့ နည်းနည်း အသက်ရှုချောင်သေးတယ်။ Hard အဆင့်သာဆိုရင်တော့ ရေရေလည်လည် ကွဲမှာပဲဗျ။


၃ ပွဲလောက်ဆော့ပြီးတော့ ဖိုရမ်ထဲဝင်ကြည့်တယ်။ ဘာမှ ထူးထူးခြားခြား message မတွေ့ရဘူး။ ကိုစိုးဇေယျကြီးကတော့ ခရီးထွက်သွားတယ်လို့ ညက Email ပို့တယ်။ သူငယ်ချင်းတွေရဲ့ Blog တွေကို ၀င်ဖတ်ကြည့်၊ Hi Hi လုပ်လိုက်သေးတယ်။ ကိုဝေယံလင်းနဲ့ ကိုကျော်ဇေယျတို့က mmblogbook2 ကို eot လုပ်ထားပေးတာတွေ့ရတယ်။ ဂွတ်ထ. ဂွတ်ထ..

သူငယ်ချင်းက ဘောလုံးကန်ဖို့လာအဖော်ညှိတာနဲ့ လိုက်သွားလိုက်သေးတယ်။ ဟိုရောက်တော့ အားကစားရုံထဲမှာ ပြေးခုန်ပစ်အဖွဲ့တွေ ပြိုင်ပွဲလုပ်နေတာနဲ့ သွားကြုံရတယ်။ ဒီနေ့ ကျွန်တော်တို့ Fraternity နဲ့ တစ်ခြား Fraternity ဘောလုံးကန်ရမှာလေ. Schedule ဆွဲတာ ညံ့တဲ့ ကျွန်တော်တို့ရဲ့ Soccer Coach ကြီးကိုသာ စိတ်ထဲကပဲ အားရပါးရ ကွိစိကွစလုပ်ပစ်လိုက်တယ်ဗျာ..

ပြန်လာတော့ မိုးနည်းနည်းကျလာတာနဲ့ ခပ်သွက်သွက်လေး ပြေးလာခဲ့ရတယ်။ အိမ်ခန်းထဲရောက်ပြီး ၁၅ မိနစ်လောက်နေတော့ အိုးမိုင်ဂေါ့…
ဂျိန်းတက်တက်ဂျိန်းဆိုသလို မိုးကြိုးတွေလင်းလက်၊ ကောင်းကင် အဇဋ္ဋာ တစ်ခုလုံးမည်းမည်းမှောင်ပြီး ထစ်ချုန်းမိုးတွေ ရွာချလာပါတော့တယ်ဗျာ…
ဘယ်နှာ့ကြီးပါလိမ့်၊ ဆောင်းကုန်ပြီး နွေကူးခါနီးလေးမှာ မိုးတွေဘာတွေ ရွာချလို့ပါလား…
ဟိုတလောက မြန်မာပြည်မှာ နေကြတ်သွားတယ်လေ။ အမိမြန်မာပြည်ကြီး စနေဂြိုဟ်က လွတ်ပြီဆိုပြီး နာမည်ကျော် ဝေဒပညာရှင်ကြီးက ဟောကိန်းထုတ်သွားတာကို သတိရလိုက်မိတယ်။

အင်း… ဒီမိုးရွာတာကတော့ ရွှေပြည်တော်ကြီး အေးချမ်းတော့မယ့် နိမိတ်ပဲ. လောလောဆယ် အရမ်းကို သည်းလာတာကတော့ ငါ့အတွက် တစ်ရေးတစ်မောအိပ်ဖို့ ခွင်ပဲလို့ ပိုင်ပိုင်နိုင်နိုင် သုံးသပ်ပြီးသကာလ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂမုန်းပွင့်က ၀ယ်ခဲ့တဲ့ ဂွမ်းစောင်အနီရောင်ကြီးထဲကို တိုးဝင်ပြီး ကမ္ဘာလောကကြီးကို ခေတ္တ ဘိုင့်ဘိုင့်လုပ်လိုက်ပါတယ်။

ဩော်. သူငယ်ချင်းလေးတစ်ယောက်ရဲ့ Blog က သူမ တင်ထားပါတဲ့ဆိုတဲ့ သီချင်းအသစ်လေးကိုတော့ Download လုပ်ပြီး Windows Media Player နဲ့ Repeat လုပ်ထားလိုက်သေးတယ်။ အိပ်မက်ထဲမှာတော့ ကျွန်တော်က ရွှေမင်းသားပေါ့ဗျာ…

ပြန်နိုးလာတဲ့အချိန်မှာ ပထမဦးဆုံး သတိပြုမိတာကတော့ ကျွန်တော့် မျက်လုံး ၂ လုံးလုံး ပွင့်နေတယ်ဗျာ.. အိပ်ယာပေါ်ကထလိုက်တော့ စောင်ကလည်း အောက်ကိုကွာကျသွားတယ်။ အင်း. ဒါဆိုရင်တော့ ခါတိုင်းလိုပါပဲလေလို့ အားပြန်ရှိသွားတယ်။ ဒီကိုရောက်ခါစက အိပ်ယာနိုးရင် ကိုယ်ဘယ်ကို ရောက်လို့ရောက်နေမှန်းကို မသိဘူး။ ခါတိုင်းလိုပဲ အခန်းအပြင်ကို ထွက်လိုက်တာနဲ့ “ကာလနဂါးလေး နိုးလာပြီလား..” လို့ ပြုံးတုံးတုံးနဲ့ မေးလာမယ့် အမေ့မျက်နှာကို သွားမြင်မိတယ်။
ခုတော့ အပြင်မှာ…
အခန်းရဲ့ အပြင်မှာ…
ကျွန်တော့်ရဲ့ အခန်းလေးရဲ့ အပြင်ဘက်မှာ…ဘယ်သူမှ မရှိကြပါလားဗျာ…

အင်း. မဖြစ်သေးပါဘူးလေ.. စိတ်ကို ဂီယာနည်းနည်း ပြန်တင်ဦးမှပဲ. မျက်နှာသစ်၊ ရေတစ်ခွက်ကို အားရပါးရသောက်ပစ်လိုက်ပြီးတော့ ကျောင်း email ကို ၀င်စစ်ကြည့်တယ်။ Math Professor က reminder message ပို့ထားတာကို တွေ့လိုက်ရတယ်။ ကိုယ့်ကိုယ်ကိုလည်း မမေ့အောင် စာရွက်ပေါ်ချရေးထားလိုက်ရတယ်။ ကျွန်တော် မနက်ဖြန် Indianapolis ကို Math Conference တက်ဖို့သွားရမယ်ဗျ. သိပ်တော့လည်း အထင်ကြီးမနေနဲ့ဦး။ ဟိုလျှောက်သွား၊ ဒီလျှောက်သွား၊ ဟိုလျှောက်ပြော၊ ဒီလျှောက်ပြောပြီးရင် Lunch ကို Free အုပ်မှာဗျ. အစကတော့ အဲဒီ့မှာ ညအိပ်မလို့ပဲ။ ဒါပေမယ့် စနေနေ့ နေ့လည်ခင်း ကျောင်းမှာ နေ့လည်စာစားပွဲတစ်ခုကို တက်ရဦးမှာဆိုတော့ ဟိုတယ်မှာ ညအိပ်ဖို့ အခွင့်အလမ်းလေးကို ရင်နာနာနဲ့ မေ့ပစ်လိုက်ရတော့တယ်ဗျာ..မနှစ်ကလည်း ကျွန်တော်တစ်ခါသွားဖူးတယ်ဗျ. ညဘက်အိပ်တဲ့ ဟိုတယ်မှာ ပြည်နယ်တစ်ခုလုံးက ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဖွဲ့ စကားပြောရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေရော အားလုံးခင်ဖို့ကောင်းတယ်။ Asian ကောင်မလေးတွေဆိုရင် ကျွန်တော်တို့လို့ Asian Type လေးတွေကို မြင်တာနဲ့ မျက်လုံးလေးက ခပ်မြန်မြန်လေး scan ဖတ်သွားတာမျိုးရှိသေး။ မခို့တရို့လေးနဲ့ ရှိုးသွားတဲ့ အကြည့်လေးတွေက နယူတန်ရဲ့ ဥပဒေသ ၃ ချက်ကိုတောင် မေ့သွားစေနိုင်တယ်. ပြောရင်းနဲ့ကို ရင်တွေခုန်လာပြီဗျာ… အဝေရာလေးတစ်လုံးလောက် ငုံလိုက်ဦးမှပဲ..

ဓာတ်ပုံတွေ ရရင်ရိုက်ခဲ့မယ်. တင်တော့ မတင်ပေးသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပုဗ္ဗေစအခြေမလှသူမို့ပါဗျာ..တစ်ပုံလောက်တော့ တင်ပေးကြည့်မယ်. တော်ကြာ ဘကြီးအောင်ညာတယ်လို့ ပြောနေကြမှာစိုးလို့(ညက မင်းအောင် သီချင်းနားထောင်တာ နည်းနည်းများသွားတယ်…ဟဲဟဲ) ဘကြီးအောင်ဆိုတဲ့နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ရဲ့ last name ကို ယူထားသေးတယ်ဗျာ. မမိုက်ပါဘူး…

တစ်ခါတစ်လေတော့လည်း ခုလိုမျိုး Daily Activities ကို ပေါက်တတ်ကရ ရေးလိုက်ရတာ အရသာရှိသဗျ…

ကဲ..ကဲ. အားလုံးကို Good night ဗျာ…

Thursday, March 15, 2007

ကျွန်တော်ပြောချင်သမျှ ကျွန်တော့် Blog အကြောင်း - ၂

အိပ်ယာထဲမ၀င်ခင် စာနည်းနည်းရေးချင်လာတာနဲ့ ကွန်ပြူတာရှေ့ပြန်ထိုင်မိတယ်. ကျွန်တော့်ဆီကိုလာလည်တဲ့သူတွေရဲ့ Blog Address တွေကိုလိုက်ကြည့်ရာက သူတို့ရဲ့ Blog တွေနဲ့ သူတို့ရဲ့ အကြောင်းတွေကို သိလာရုံသာမက သူတို့နဲ့ Link ချိတ်ထားတဲ့ အခြားသော Blogger များအကြောင်းကိုလည်း လေ့လာခွင့်ရခဲ့တယ်.

ကျွန်တော်တို့ မြန်မာလူမျိုးတွေ တကယ်ကို ကြိုးစားအားထုတ်ကြတာပဲ. ကျွန်တော်ဂုဏ်ယူမိတယ်ဗျာ. နိမ့်ကျနေတဲ့ ဘ၀တွေရှိနေသေးတယ်ဆိုတာ လက်ခံပါတယ်. ဒါပေမယ့် ကိုယ်စီကိုယ်ဌ ကိုယ့်ကိုယ်ကို တော်အောင်တတ်အောင် ကြိုးစားရမှာကတော့ ကိုယ့်တာဝန်ပဲလေ. ဒီတာဝန်ကိုကျေပွန်တဲ့ မြန်မာလူရည်ချွန်ပညာတတ်တွေအတွက် ကျွန်တော် ၀မ်းမြောက်မိတယ်

ကျွန်တော်လည်း blogger လောကထဲကိုရောက်လာတာ မကြာသေးပါဘူး။ ကိုယ့်ထက်တော်တဲ့တတ်တဲ့သူတွေ လုပ်ထားတဲ့ Blog Template တွေ၊ ရေးထားတဲ့ Computer ပိုင်းဆိုင်ရာ Post တွေကို ဖတ်ကြည့်ရင်း ကျွန်တော် အားငယ်ခဲ့ရဖူးတယ်။ Programming ဆိုလည်း ချောက်တီးချောက်ချက်၊ Hardware ပိုင်းလည်း ကျွန်တော်သိပ်မသိ၊ CSS Coding တွေဆိုဘာတွေရေးထားမှန်းကို နားမလည်၊ ကျွန်တော်တတ်တယ်ဆိုတာ ဘာလဲလို့တောင် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးခဲ့ရဖူးတယ်။

ငါလုပ်တဲ့ Blog ဘယ်သူတွေ လာဖတ်မှာလဲ။ ငါ့ရဲ့ Blog ကဘယ်လောက်များ ဆွဲဆောင်မှုရှိမှာလဲ ဆိုတဲ့ စိတ်အားငယ်စရာ အတွေးတွေနဲ့ပေါ့။ နောက်ပြီး စီးပွားရေးဆန်ဆန်လည်း တွေးမိသေးတယ်လေ။ ငါဒါတွေလုပ်နေလို့ ဘာအကျိုးထူးမလဲ။ ငါ့အတွက် ဘာပြန်ရနိုင်မလဲ စသည်ဖြင့်ပေါ့…

နောက်ဆုံးမှာ ကျွန်တော်အင်အားတစ်စုံတစ်ရာကို တွေ့ရှိလိုက်ပါတယ်။ အဲဒါကတော့ လူတိုင်းမှာ အလှကိုယ်စီရှိတတ်စမြဲပါ။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ အလှကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်လေ။ ဒါကြောင့်မို့ ကျွန်တော် စိတ်ဓာတ်ညှိုးငယ်တာတွေကို အသာသိမ်းထားလိုက်ပြီး ကျွန်တော်ချစ်တဲ့ သူငယ်ချင်းများနဲ့အတူ Blogger လောကကြီးထဲမှာ ကျင်လည်နေခဲ့ပြီ။

ကိုယ်ရသည်မရသည်ထက် ကိုယ်လုပ်ပေးနိုင်သည်၊ မပေးနိုင်သည်ဆိုတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်တတ်လာခဲ့ပြီ။

ကျွန်တော့်ရဲ့ Template တွေ သိပ်ဆွဲဆောင်မှုမရှိပါ။ Banner ကိုလည်း idea တစ်ခုပေးထားတာကလွဲလို့ ပိုကောင်းအောင်မပြင်တတ်သေးပါ။ Blogging နဲ့ပတ်သက်လို့ ခက်ခဲနက်နဲတဲ့ မေးခွန်းတွေကိုလည်း ကျွန်တော်မဖြေနိုင်သေးပါ။

ဒါပေမယ့် ကျွန်တော်ဖြေနိုင်တာတစ်ခုတော့ရှိတယ်။
ကျွန်တော့်ရဲ့ စာဖတ်သူတွေကို ကျွန်တော်လေးစားတယ်။ ကျွန်တော်ပေးနိုင်တာတွေကို ပေးမယ်။ မပေးနိုင်ခဲ့ရင်တောင်မှ သူတို့အတွက် အသုံးဝင်နိုင်မယ့် source လေးတွေကို ကျွန်တော်ကြိုးစားရှာဖွေပေးမယ်။

အဲဒါတွေလုပ်တဲ့အတွက် ကျွန်တော်ဘာပြန်ရမလဲ။ အဲဒီ့မေးခွန်းကပြန်ဖြေစရာမလိုတော့ဘူးလို့ ထင်ပါတယ်…

Blog တစ်ခုကိုစလုပ်ဖို့ အားငယ်နေသူတွေလည်း ကျွန်တော့်ရဲ့ ဒီ Post လေးကိုဖတ်ပြီး အင်အားတစ်စုံတစ်ရာ ရရှိနိုင်ကြပါစေဗျာ…

Thursday, March 08, 2007

ကျွန်တော်ပြောချင်သမျှ ကျွန်တော့် Blog အကြောင်း

စာဖတ်သူတွေကတော့ ထင်လိမ့်မယ်။ ကျွန်တော့် Blog က Ebook တွေပဲ တင်နေပါလားလို့။ အဲလိုမျိုး တစ်လိုင်းတည်း သီးသန့်လုပ်နေတာတော့ မဟုတ်ပါဘူး။ လောလောဆယ် ကျွန်တော့်မှာ ထွေထွေထူးထူးရေးစရာ အကြောင်းမရှိသေးတာရယ်၊ စာဖတ်သူတွေကို တစ်ခုခုရစေချင်တဲ့ စေတနာတစ်ခုရယ်ကြောင့် ကျွန်တော်ကြိုက်တဲ့ Ebook တွေကို ဒိုင်ခံတင်ပေးနေတာပါ။ နောက်လည်းဆက်တင်ပေးသွားပါမယ်။ လောလောဆယ် ကျွန်တော် ခဏအလုပ်နည်းနည်းပြန်ရှုပ်လိုက်ဦးမယ်ဗျာ. Essay ၂ ပုဒ်ရေးစရာရှိနေသေးလို့ပါ. အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောလိုက်ပါရစေခင်ဗျာ…

Sunday, March 04, 2007

ကျွန်တော်ပျောက်နေရတဲ့ အကြောင်းရင်း




Myanmar Blogger Forum မှာ သွားပြီးကဲနေတာနဲ့ ကိုယ့်ရဲ့ Blog လေးကိုတောင် ပစ်ထားသလိုဖြစ်သွားတယ်။ ကျွန်တော့်မှာရှိတဲ့ Ebook လေးတွေ Blogger Forum မှာ တင်ပေးထားတယ်ဗျ။ အဲဒီ့ Forum မှာ မြန်မာ blogger တွေ ဘယ်လို ဆွေးနွေးထားကြလဲဆိုတာ အားရင်သွားပြီး ဖတ်ရှုဝင်ရောက်ဆွေးနွေးကြပါဦး။


"မြန်မာ Blogger လောကကြီးက သင့်အတွက်ဘာတွေ လုပ်ပေးနိုင်မယ်ဆိုတာ မမေးပါနဲ့။
မြန်မာ Blogger လောကကြီးအတွက် သင်ဘာတွေလုပ်ပေးနိုင်မယ်ဆိုတာကိုသာ မေးပါ၊"

Friday, March 02, 2007

ကျွန်တော့်ရဲ့ Typical ညနေခင်းလေးတစ်ခု



ညနေခင်း class ကပြန်လာတော့ အခန်းဖော်အိမ်မှာ ပြန်ရောက်နေပြီ။ ဘာဟင်းချက်မလဲလို့ အဖော်ညှိတော့ ၀က်သားဟင်းတဲ့။ ကျောပိုးအိတ်ကိုချ၊ အ၀တ်အစားလဲပြီးတော့ မီးဖိုချောင်စ၀င်ရပါတော့တယ်။ အမေနဲ့ဝေးနေရတော့မှ အမေ့အိမ်မှာနေရတာ ဘယ်လောက်ဇိမ်ကျတယ်ဆိုတာ ကောင်းကောင်းကြီးသဘောပေါက်တော့တယ်ဗျာ။ ထမင်းတည်ပြီးတော့ ၀က်သားကိုစပြုတ်ပါတယ်။ တစ်ချိန်တည်းမှာ ကြက်သွန်ဖြူနီ ဆီသတ်ထားပြီးတော့ online မှာဝက်သားဟင်းချက်နည်းကို Google လုပ်ကြည့်ပါတယ်။ တွေ့တော့တွေ့ပါရဲ့။ ဒါပေမယ့် ထည့်ခိုင်းတဲ့ အဆာပလာတွေက များလွန်းနေတယ်။ ကျွန်တော့်မှာ ဘယ်လိုလုပ်အဲလောက်ပြည့်ပြည့်စုံစုံ ရှိမှာလဲ။ Forget it!

ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကိုင်လိုက်တော့တယ်ဗျာ။ ၀က်သားကိုရေပြန်စစ်ပြီးတော့ အိုးထဲကိုပြန်ထည့်၊ ဆီနည်းနည်း၊ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း ကြည့်ကောင်းအောင်ထည့်ပြီးတော့ cinnamon, red pepper, chili, meat tenderer အားလုံးကို ရောသမမွှေပေးလိုက်တယ်။ သြော်. ရေ ၂ခွက်ထည့်လိုက်သေးတယ်။ Meanwhile, ကြက်သွန်ဖြူနီကို golden brown ဖြစ်အောင်ဆီသတ်လိုက်ပြီး ၀က်သားအိုးထဲကို လောင်းထည့်လိုက်တယ်။

အာ.ဟ၊ ဆိုးတော့မဆိုးဘူးဗျ။ မွှေးပြီးတက်လာတယ်။ နာရီဝက်လောက်မီးဖိုပေါ်တင်ထားရင်းနဲ့ ညနေစာနည်းနည်းတီးလိုက်တယ်။ အခန်းဖော်ကတော့ မွှေးတယ်လို့ပြောနေတယ်။ ဟားဟား
Adventure တစ်ခုတော့ အောင်မြင်စွာပြီးဆုံးသွားပြန်ပြီဗျို့။ ဟင်းလာချက်ပေးမယ်လို့ ပုံပြောသွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုတောင် မဆီမဆိုင် သေသေချာချာကိုတွေးမိလိုက်ပြီး ၀မ်းသာဝမ်းနည်းဖြစ်သွားရသေးတယ်ဗျာ။

ခု ဂျူးရဲ့ ၀တ္ထုတိုဖတ်နေတယ်။ ဖတ်မလား၊ တင်ပေးမယ်လေဗျာ။ မာနနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေဆို ကျွန်တော်တော်တော်နှစ်သက်တယ်ဗျ။ ဒီဝတ္ထုလေးကိုလည်း စာဖတ်သူနှစ်ခြိုက်မယ်လို့ထင်ပါတယ်။ ပြီးရင်စာဆက်ရေးဦးမယ်။ ခုရေချိုးလိုက်ဦးမယ်ဗျာ။

Monday, February 26, 2007

ကြုံရဆုံရ ဘုံဘဝ



အချစ်အကြောင်းရေးဖို့ စဉ်းစားနေတဲ့ ကျွန်တော် မနေ့ည က Gmail ကိုခဏကောက်ဖွင့်လိုက်တဲ့ အချိန်မှာ အစ်မ Online ၀င်လာတာတွေ့လိုက်ရတယ်။ အရေးကြီးတာ ပြောစရာရှိတယ်ဆိုလို့ ဆက်ပြီးတော့ Chat တဲ့ အခါမှာ သတင်းတစ်ခုကြားလိုက်ရပြန်တယ်။ ကျွန်တော့်ရဲ့ Cousin အစ်မတစ်ယောက် ငှက်ဖျားနဲ့ ဆုံးသွားတယ်တဲ့။ ဘယ်မှာဖြစ်တာလဲ ဆက်မေးကြည့်လိုက်တော့ ပျဉ်းမနားမှာပဲတဲ့ဗျာ။ အရင်တစ်ခါ ဆုံးသွားတဲ့ ကျွန်တော့်ရဲ့ cousin အစ်ကိုရဲ့ အစ်မပဲလေ။ မောင်နှမ ၂ယောက်လုံး ဆုံးသွားတာပေါ့ဗျာ။ ကျွန်တော်ဘယ်လိုဖြစ်သွားလဲ မသိပါဘူးဗျာ။ ရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီးကိုခံစားလိုက်ရတယ်။ အဲဒီ့အစ်မက မိဘကိုလုပ်ကျွေးနေတာ။ ယောကျာ်းက ပေါ်ကြော့မို့ ကွဲသွားတာကြာပြီ။ သမီးလေးတစ်ယောက်ကျန်ခဲ့တယ်။ စိတ်မကောင်းလိုက်တာဗျာ။ သူဆုံးခါနီး လယ်ကွင်းတွေထဲမှာ ပတ်ပြေးနေခဲ့တယ်တဲ့ဗျာ။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားတဲ့ လက္ခဏာပေါ့။ ဒီည စာမရေးတော့ဘူးလုပ်နေတာ ရင်ထဲမှာ အရမ်းတင်းကြပ်လာလို့ ဖောက်ထုတ်လိုက်ရတယ်ဗျာ။ ဆုံးသွားတဲ့ အစ်ကိုနဲ့အစ်မအတွက် စိတ်မကောင်းသလို မိဘမဲ့ဖြစ်သွားရတဲ့ သူတို့တွေရဲ့ ကလေးတွေအတွက်လည်း ကိုယ်ချင်းစာပြီး ၀မ်းနည်းမိတယ်။

ကျွန်တော်မြန်မြန်ချမ်းသာချင် ပါပြီ။ ဘယ်သူ့ကို စိတ်တိုလို့တိုနေမိမှန်း မသိပါဘူးဗျာ။ ကျွန်တော် နည်းနည်း စိတ်ရှုပ်ထွေးသွားတယ်ဗျာ။

Saturday, February 10, 2007

Mother ကြီးနဲ့ စကားပြောဖြစ်တယ်ဗျာ.



I talked to my mom this evening using Skype software. She is doing well and looks better than last year. I didn't even notice how much the time is consumed while I was talking to my mom. When I did, it's nearly midnight. My sister is still chatting with her friend.

Break the news to your buddies if they are living near Myaynigone. A new internet cafe is opened near Seit-Tain-Kya Teahouse, Thu Kha Street. The connection looks good as it can handle the webcam very well without losing the signal.

And I said 'hi' to my friend who just came back from Burma. Hopefully, she will send me the food given by my mom next week. Thinking about food, I can't help myself having supper now. Wanna join? Haha.

ခုနက Mother ကြီးနဲ့ online မှာ စကားပြောဖြစ်တယ်။ Mother ကြီးနေကောင်းပါတယ်။ ၀လည်းဝလာတယ်။ သားအမိနှစ်ယောက် ရယ်ရယ်မောမောနဲ့ စကားပြောလိုက်ကြတာ ၁၂ နာရီထိုးသွားတာတောင် မသိလိုက်ဘူး။ အစ်မကတော့ online မှာ သူ့သူငယ်ချင်းနဲ့ chat နေတုန်းပဲ။ မြေနီကုန်းနားမှာနေတဲ့သူတွေကို လက်တို့လိုက်ပါဦး။ သုခလမ်းထိပ် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်နားမှာ ဆိုင်အသစ်ဖွင့်တယ်လို့။ Bandwidth ကျယ်ပုံပဲ။ Webcam တောင် ကောင်းကောင်းနိုင်တယ်။

ပြီးတော့ online မှာမြန်မာပြည်ကပြန်လာတဲ့ သူငယ်ချင်းကိုတွေ့လို့ ၀မ်းသာအားရနဲ့ နှုတ်ဆက်လိုက်သေးတယ်။ နောက်တစ်ပါတ်လောက်ဆိုရင်တော့ စားစရာတွေကို စာတိုက်ကထည့်ပေးလိုက်မယ်နဲ့တူပါတယ်။ ပြောရင်းနဲ့တောင် ဗိုက်ထဲက ဆာတာတာ ဖြစ်လာပြီဗျာ။

Thursday, February 08, 2007

မတူညီသောလှိုင်းလုံးနှစ်ခု


ဒီနေ့အိမ်ကို မြန်မာစာရေးပို့လိုက်တယ်ဗျာ။ Online မှာ ချိန်းထားတာ လွဲသွားလို့ စိတ်တောင်မကောင်းဘူး။ Gmail မှာ အစ်မရဲ့ စာကိုဖတ်လိုက်ရတော့မှ သိရတာ။ Mother ကြီးက ကျွန်တော့်အတွက် စားစရာတွေ အများကြီးထည့်ပေးလိုက်တယ်တဲ့ဗျာ။ စားရချည့်သေးရဲ့။ သြော်. မိဘမေတ္တာကား အနှိုင်းအဆမရှိ ကြီးမားလှပါဘိ။ ရန်အောင်သည်လည်း မြန်မာအစားအသောက်များကို အတိုင်းအဆမရှိ လွမ်းဆွတ်နေပါ၏။

သတင်းဆိုးတစ်ခုလည်း ကြားရတယ်။ ကျွန်တော့်ရဲ့ cousin အစ်ကိုတစ်ယောက် ရုတ်တရက်ဆုံးပါးသွားတယ်တဲ့။ ပျဉ်းမနားမှာ ဖြစ်သွားတာ။ TB တဲ့ဗျာ။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘာမဟုတ်တဲ့ TB ကြောင့် အသက်တစ်ချောင်းဆုံးရတာ နှမြောလိုက်တာဗျာ။ အရင်းစစ်ကြည့်တော့ ဓနချို့တဲ့မှုနဲ့ ကျန်းမာရေး အသိပညာနည်းပါးမှုပဲဗျာ။ ကျွန်တော်တို့မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတာ ကြာပြီ။ အဆက်အသွယ်သာ မှန်မှန်ရှိခဲ့ရင် ဒီလိုမဖြစ်စေရဘူး။ ကျွန်တော်တစ်ယောက်လုံးရှိနေရက်နဲ့ ဖြစ်ရတယ်လို့ဗျာ။ ကျွန်တော် မချမ်းသာသေးပါဘူး။ ဒါပေမယ့် ကျွန်တော့် cousin ကိုကောင်းကောင်းဆေးကုပေးနိုင်ပါတယ်။ အဓိက က communication ပဲဗျာ။ သွားရောပဲ။

နေပြည်တော်လို့ သမုတ်နေတဲ့ နေရာက ရာသီဥတု ကြမ်းလားမသိပါဘူးဗျာ။ ကိုယ်နဲ့ ဆိုင်ရာဆိုင်ရာတွေရှိရင် သတိလေးပေးလိုက်ကြပါဦး။ ရေက အစ ကျိုသောက်ဖို့နဲ့၊ ငှက်မ၀င်စေဖို့ပေါ့။ အသက်ဥာဏ်စောင့်တယ်တဲ့ဗျာ။ ဂရုစိုက်ကြပါ။

ကျွန်တော့်ရဲ့ cousin နဲ့ ငယ်ငယ်တုန်းက သောင်းကျန်းကြလို့ ဆရာတော် ကြိမ်စာကျွေးတာကို မနေ့ညက ပြန်သတိရရင်း ၀မ်းသာဝမ်းနည်း ဖြစ်မိတယ်ဗျာ။ ကောင်းရာသုဂတိလားပါစေ စိုးကြီးရေ….

Sunday, January 28, 2007

Cook and clean...


I got up late today. After tidying up my room a bit, I cleaned up the living room and took out the stuffs from the bags. I wished I had internet so that I could play my favorite music while I was cleaning my house.

Then, I cooked Chicken with Potatoes. While I was waiting for the food to be done, I made a cup of Cocoa. Wow. It's delicious. Mai hasn't come back yet. I later found out that he forgot his key. Haha, poor kid...

Everybody was going to the Inauguration party. I had very limited time and thus I decided to stay at home and do house chores. I miss you, honey. I miss you.
When I cleaned the old stuffs, I found letters from my mom and sisters. I read them again and I cried a bit. I miss home. When can i go back home? When shall I have a chance to go back and meet my family there?

I paid all the items bought from ebay this evening coz these packages should be received by Feb. 2. Oh, I forgot to mention one more thing. I wrote some pages in my diary today.

Thursday, January 25, 2007

Chess Club is officially founded!



I founded a chess club tonight. I'm really glad to meet the people who have the same interest as mine. Five officer positions were created and we discussed briefly about our upcoming activities for this semester. It's a good feeling to explore your inner mind and get the most out of yourself. I am proud of leading this Chess club during my school year at Wabash.

This kind of feeling is dejavu to me coz I felt the same feeling in 2001 when I led a paying-homage ceremony to our teachers at ACE Programming schools. You know what! I, sometimes, thank God for giving me an unconquerable soul in my heart. I was torn down by broken-hearted feeling for a week or so. But, finally, I recovered. Right now, I'm totally determined for my future and upcoming success. Love is just an illusion. I should try to forget. (Michael Learns said these words. Not me!)

I'm thinking about these pictures as the logo for my chess club as well as for the Chess Club T-shirts.

Tuesday, January 23, 2007

A Visit to Purdue Graduate School

Today, I went to Purdue Graduate school and talked to the professors there.
The weather was a bit foggy but we arrived the campus safe and sound around 9 am. The recruiter escorted us to the Math Department building and we were welcomed by the Graduate Chair. He explained to me and Feng Mai about Math Graduate Programs. Man, I can afford it. It's only $ 711 for the whole semester including the Teaching Assistantship and fellowships. Not bad at all.

Then, I joined the Abstract Algebra class taught by Professor Lepin from Harvard University. The class is a bit boring but the subject is interesting. After that, I went up to 6th floor to meet Professor Abyankhar. He got his Ph.D from Harvard. He's very friendly and he even lent me one of his textbook.

Later on, me and Feng Mai were greeted by another Graduate student, Dave, who accompanied us to the Coffee shop and Math Department Library. Everything went well. We had an excellent dinner at Jake's Steak (I believe). Then, we went back to the Wabash College. Thanks for arranging this trip, Mr. Scott!

Well, I need to plan my future much more concisely from now on. No more wondering about the broken heart, my man! It's more important not to let your life broken into pieces. Be real! Be tough! Be potent! :D

Monday, December 18, 2006

Safe and Sound

After getting stuck in Indy for 6 hours due to the freight on the railway, I arrived NY safe and sound yesterday. Today, I hanged out with my friends and went to China town. And in the evening, guess what, I am in another different place in NY.
Timeframe is nothing for me. It cannot frame me. Haha.

Well, I gotta sleep early tonight coz I will have to get up early tomorrow morning.
Merry X'mas to you all.