Showing posts with label Obituaries. Show all posts
Showing posts with label Obituaries. Show all posts

Wednesday, August 08, 2007

တာရာမင်းဝေ ဈာပနသို့ သွားသည့် လိုင်းကားများ တားမြစ်ခံရ

တာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေ၏ နောက်ဆုံးခရီး ဓာတ်ပုံများ…


လမ်းညွှန်

မိမိကြည့်လိုသော ဓာတ်ပုံကို click ခေါက်လိုက်ပါ. Next, Prev. button လေးများ နှိပ်၍သော်လည်းကောင်း၊ Left/Right Arrow Key လေးများ နှိပ်၍သော်လည်း ကောင်း ဆက်ကြည့်သွားနိုင်ပါသည်. ပြန်ထွက်လိုလျှင် Esc နှိပ်ပါ. (သို့) ဓာတ်ပုံပြင်ပ ဧရိယာတွင် Mouse ကို click ခေါက်လိုက်ပါ.



တာရာမင်းဝေတာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေတာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေတာရာမင်းဝေတာရာမင်းဝေ

ဓာတ်ပုံများကို ဒီနေရာမှ ရယူပါသည်...

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ




အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´


အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´


စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။


ဖိတ်စာ

`သူ့အိတ်ကပ်ထဲမှာ ငွေအများကြီး ပါပါတယ်´
`အဲဒါကို မသိချင်ဘူး။ သူ့ အိတ်ကပ်ရဲ့ နောက်မှာ ရင်ဘတ်တစ်ခုပါလား´
`ပါပါတယ်´
`ရင်ဘတ်ထဲမှာ နှလုံးသား လှလှတစ်ပွင့် ပါလား´
ဖြေသံ ပြန်မကြားရ၊ မေးသူက ဆက်ပြောလိုက်သည်။
`အဲဒါပါရင် ၀င်ခဲ့လို့ရပါတယ်။´


ရိက္ခာ

လပြည့်ည ဖြစ်၏။
လမင်းကြီးက ကောင်းကင်မှာ ရွှန်းရွှန်းဝင့်ဝင့် သာသည်။
`ကြည့်စမ်း၊ လမင်းကြီးက ဗိုက်ကြီး ဖောင်းလို့´
ခွေးပိန်ကလေးကို ပွေ့ဖက်ကာသူတောင်းစားက ဆက်ပြော၏။
`ဘာမှ အားမငယ်နဲ့ သိလား . . .၊ လမင်းကြီးတောင် တစ်လတစ်ခါပဲ ဗိုက်ဝအောင် စားရတယ်´

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ

ဒီနေရာကနေ ရယူပြီး ပြန်လည်ဖော်ပြပါတယ် ခင်ဗျာ.