Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Saturday, October 28, 2017

အမေရိကားမှာ ကျောင်းတက်မယ်ဆိုရင် (၁)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

မြန်မာပြည်က အထက်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကားမှာ တက္ကသိုလ်တက်ရောက်ချင်တယ်ဆိုရင် ဘယ်လိုမျိုးတွေ ပြင်ဆင်ထားသင့်တယ်၊ ဘာအချက်အလက်တွေ သိထားသင့်တယ် ဆိုတာကို အခန်းဆက် ဆောင်းပါးလေးတွေ အနေနဲ့ ဆွေးနွေးတင်ပြပေးချင်ပါတယ်။ အခါအားလျော်စွာ အမေရိကားက ကျောင်းသား၊ ကျောင်းသူများကို အင်တာဗျူးထားတာလေးတွေကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အမေရိကားမှာ ကျောင်းတက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ ပထမဦးဆုံး စဉ်းစားရမယ့် အချက်က စကောလားရှစ် လိုမလို ဖြစ်ပါတယ်။ ဘာကြောင့် သည်လိုမေးရတာလဲဆိုတော့ အမေရိကားကို ကျောင်းလာတက်မယ်ဆိုရင် မိဘက စိုက်ထုတ်ပေးတဲ့ ကျောင်းစရိတ်နဲ့ လာတက်သူတွေ ရှိသလို၊ ပညာသင်ဆု အကူအညီနဲ့ လာတက်သူတွေလည်း ရှိတာဖြစ်တဲ့အတွက် အုပ်စုတစ်ခုချင်းစီရဲ့ လိုအပ်ချက်အတိုင်း အဆင့်ဆင့် ပြောပြပေးသွားဖို့ လိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။



Monday, August 10, 2009

အလှုငွေ စာရင်းရှင်းတမ်း (၂)



သံဃာကို လှူလော့ ဂေါတမီ။ သံဃာကို လှူဒါန်းခြင်းသည် ငါဘုရားကို လှူဒါန်းခြင်း ဖြစ်၏။


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်တို့ စစ်ကိုင်းတောင်ရိုး သာသနာ့ဝေပုလ္လကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဦးစီးပြီး မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များမှာ EveryoneIT ဆိုတဲ့ အခမဲ့ ကွန်ပြူတာ နည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါများနှင့် စာဖတ်သူများ သိရှိဖတ်ရှုပြီး ဖြစ်ကြပါလိမ့်မယ်.

အဲဒီ့အတွက် အလှူငွေများ ကောက်ခံခဲ့ရာမှာ တာဝန်ခံတွေ အနေနဲ့ အောက်ပါအတိုင်း ခွဲခြားကောက်ခံခဲ့ပါတယ်.

(၁) မ၀ါဝါခိုင်မင်း - ဂျပန်
(၂) ရွာသားလေး (၀ိုင်တီယူ) - စင်ကာပူ
(၃) July Dream - စင်ကာပူ
(၄) ရန်အောင် - အမေရိကန်

စာရင်းရှင်းတမ်းတွေ လုပ်ရာမှာ လွှဲပြီးသမျှနဲ့ လက်ကျန်ငွေများစာရင်းကို တင်ပေးထားခဲ့ပြီးပါပြီ. ကျွန်တော်တို့ကောက်ခံခဲ့တဲ့ အလှူငွေတွေကို အဓိကအားဖြင့် သုံးပိုင်းခွဲထားပါတယ်. အဲဒါတွေကတော့ တယ်လီဖုန်း၊ တစ်နှစ်စာဆွမ်းအလှူငွေနဲ့ မီးစက်အတွက် ဖြည့်စွက်အလှူငွေတို့ပဲ ဖြစ်ပါတယ်.



ဆွမ်းလောင်းအသင်းမှ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်


ဒီပို့စ်လေးမှာ ကျွန်တော့်ဖက်က ကောက်ခံရရှိတဲ့ အလှူငွေစာရင်းနဲ့ လွှဲပြီးငွေစာရင်း ရှင်းတမ်းသာမက ကျွန်တော်တို့ ကောက်ခံရရှိပြီးသမျှ ရှင်းတမ်းကိုလည်း ရှင်းပြချင်ပါတယ်.

ဒါကတော့ ကမ္ဘာအရပ်ရပ်က ထည့်ဝင်လှူဒါန်းကြတဲ့ ဆွမ်းအလှူရှင်များစာရင်းနဲ့ အလှူငွေစာရင်းရှင်းတမ်းဖြစ်ပါတယ်.



ဆွမ်းဟင်းများ ချက်ပြုတ်နေပုံ


ဒါကတော့ မီးစက်အတွက် အလှူရှင်စာရင်းနဲ့ ကောက်ခံရရှိမှုပါ.

ဒီနေရာမှာတော့ အလှူကောက်ခံခြင်း စာရင်းပိတ်ကြောင်းကို တင်ပြပေးထားပါတယ်. အောက်ဖက်နားကို နည်းနည်းလေး scroll down လုပ်ကြည့်လိုက်ရင် တယ်လီဖုန်း အလှူရှင်စာရင်းကိုတွေ့ရပါလိမ့်မယ် ခင်ဗျာ.

အခု ကျွန်တော့်ဖက်က လွှဲပြီးအလှူငွေစာရင်းနဲ့ လက်ကျန်ငွေကို ဆက်ရှင်းပြပေးပါမယ်.

ပထမဦးဆုံးအနေနဲ့ တယ်လီဖုန်းအလှူငွေအတွက် ကျွန်တော်ကောက်ခံရရှိတာက အောက်ပါအတိုင်းဖြစ်ပါတယ်.

လွှဲပြီးစာရင်း (Transferred)

(၁) ဦးမင်းဟန်+ ဒေါ်ပိုပိုအောင်. သားမောင်မင်းခန့် မိသားစုကောင်းမှု…. USD 100
(၂) မမီးငယ်နှင့်မိသားစုကောင်းမှု ... USD 50
(၃) ဘလော့ဂါရန်အောင်နှင့် မိသားစုကောင်းမှု ... USD 100

ဒီစာရင်းအရ အမေရိကန် ဒေါ်လာ ၂၅၀ ကို လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်.

------------------------------------


ဒုတိယအနေနဲ့ တစ်နှစ်စာဆွမ်းအတွက် အလှူငွေစာရင်းက ဒီလိုဖြစ်ပါတယ်.

လွှဲပြီး စာရင်း (Transferred)

၁.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) နှင့် န၀ကမ္မအလှူငွေ (US$40.00) စုစုပေါင်း USD 100 (လွှဲပြီး)
၂.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၃.ဒေါ်ရီရီစိန် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၎.ဘလော့ဂါရန်အောင် နဲ့ မိသားစု (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)

ဒီစာရင်းအရ ကျွန်တော့်ဖက်က အမေရိကန်ဒေါ်လာ ၂၈၀ ကို ဇူလိုင် (၁၇) ရက်နေ့က လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်.



ဆွမ်းဟင်းဆက်ကပ်လှူဒါန်းရန်အတွက် မိမိတတ်နိုင်သည့် လုပ်အားဒါနပြုနေသော အမယ်အို၏ စေတနာ...


မလွှဲရသေးသော စာရင်း (On Hold)

၁.ဦးကြံအောင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၂.ကိုမောင်ဇော်မင်း (Fountain Valley, California)တစ်နှစ်စာ ဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀ နှင့် န၀ကမ္မအလှူတော်ငွေ ၄၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀
၃ .ကိုအောင်မောင်မောင် (Sanfransisco, California)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၎.ကိုမျိုးဝင်းသိန်း (Sanfransisco, California))တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၅.မစန်းသီတာအောင် (Sanfransisco, California)တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၆.မခင်စန္ဒီဝင်း (Sanfransisco, California)တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၇.မစိုးစန်းထက် (Sanfransisco, California)တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၈. မရွှေစင်ဝေါင်နှင့် မိသားစု (Chicago) တစ်နှစ်စာ ဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀ နှင့် န၀ကမ္မအလှူတော်ငွေ ၄၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀


ဒါကြောင့် ဆွမ်းအလှူတော်ငွေ ဒေါ်လာ ၅၆၀ ကျွန်တော့်ဆီမှာ ကျန်နေပါတယ်.

------------------------------------


တတိယအနေနဲ့ မီးစက်အတွက် အလှူရှင်စာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်.

၁. ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ မီးစက်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀

ဒီစာရင်းကိုလည်း မလွှဲရသေးပါ. လွှဲရန်ငွေ ဒေါ်လာ ၁၀၀ ကျန်နေပါတယ်.

------------------------------------




ဆွမ်းဟင်းဆက်ကပ်လှူဒါန်းရန်အတွက် မိမိတတ်နိုင်သည့် လုပ်အားဒါနပြုနေသော လုံမပျို၏ သဒ္ဓါတရား


အနှစ်ချုပ်လိုက်ရရင် ကျွန်တော့်မှာ ဆက်လက်လွှဲပြောင်းပေးရမယ့် အလှူငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆၀ ကျန်ပါတယ်.

ကျွန်တော်တို့ လက်ရှိ ရေလှောင်ကန်နဲ့ ရေသန့်စက်ကိစ္စကို အကောင်အထည် ဆက်ဖော်နေပါတယ်. အသေးစိတ်ကို မကြာခင် ထုတ်ပြန်ပေးသွားပါမယ်ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Saturday, July 18, 2009

အလှုငွေ စာရင်းရှင်းတမ်း (၁)



ကျွန်တော်တို့ စစ်ကိုင်းတောင်ရိုး သာသနာ့ဝေပုလ္လကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဦးစီးပြီး မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များမှာ EveryoneIT ဆိုတဲ့ အခမဲ့ ကွန်ပြူတာ နည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါများနှင့် စာဖတ်သူများ သိရှိဖတ်ရှုပြီး ဖြစ်ကြပါလိမ့်မယ်.



ဆရာတော်အတွက်သာမက သင်တန်းဆရာများ၊ သင်တန်းကျောင်းများ၊ သင်တန်းသားများရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ဆွေးနွေး တင်ပြလိုပါတယ်. ဒ့ါအပြင် ကျွန်တော်တို့ မကြာခင်မှာ တည်ထောင်ဖွဲ့စည်းမယ့် ဆွမ်းလောင်းအသင်းကိစ္စ၊ မေတ္တာရှင် ဖောင်ဒေးရှင်းကိစ္စနဲ့ စာသင်သား သံဃာတော်များကို ဆေးဝါးနဲ့ဗလာစာအုပ်များ လှူဒါန်းပူဇော်မယ့် အကြောင်းနဲ့ ကုန်ကျစရိတ်များကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်.



ပထမဦှးဆုံး ဆွမ်းလောင်းအသင်းမတည်ထောင်မီထိ လက်ခံရရှိခဲ့တဲ့ အလှူငွေစာရင်းရှင်းတမ်းကို ဆရာတော် ဦးကောဝိဒမှ ဇူလိုင် ၁၅ ရက်နေ့က Email နဲ့ တဆင့်ပေးပို့ခဲ့ပါတယ်. စာရင်းတင်ပြရတာ လွယ်ကူအောင် အလှူရှင်နာမည် စာရင်း အသေးစိတ်ကို ချန်လှန်ထားခဲ့ပါတယ်. မကြာခင် ပြုလုပ်မယ့် မေတ္တာရှင် ဖောင်ဒေးရှင်း ၀က်ဘ်ဆိုက်မှာ အတိအကျ ထုတ်ပြန်ကြေငြာပေးသွားပါမယ်.



ဒီမှာ ဒေါင်းလုပ်လို့ ရပါတယ်.

ဒီစာရင်းထဲမှာ ပါတဲ့ ကျွန်တော့်ဖက်က လက်ခံရရှိတဲ့ အလှူရှင်စာရင်း ဖြစ်ပါတယ်.

(၁) ဦးမင်းဟန်+ ဒေါ်ပိုပိုအောင်. သားမောင်မင်းခန့် မိသားစုကောင်းမှု…. USD 100
(၂) မမီးငယ်နှင့်မိသားစုကောင်းမှု ... USD 50
(၃) ဘလော့ဂါရန်အောင်နှင့် မိသားစုကောင်းမှု ... USD 100

စုစုပေါင်း - အမေရိကန် ဒေါ်လာ ၂၅၀ (မြန်မာငွေ ... နှစ်သိန်း ခုနစ်သောင်း ကျပ်တိတိ)

ဒီနေရာနဲ့ ဒီနေရာမှာတော့ အလှူရှင်စာရင်း အသေးစိတ်နဲ့ ငွေလွှဲရာမှာ လက်ခံရရှိတဲ့ လက်မှတ်ထိုးပြီးသား ပြေစာများကို စကင်(န်)ဖတ်ပြီး တင်ပေးထားပါတယ်.

ဆွမ်းအလှူအတွက် ငွေစာရင်းအသစ်ကို ကျွန်တော် ပို့စ်တစ်ခုအနေနဲ့ နောက်တစ်နေ့ ထပ်တင်ပေးသွားပါမယ်. အဲဒီ့စာရင်းထဲမှာ ဒီအလှူရှင်တွေ ပါပါတယ်ခင်ဗျာ.

၁.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) နှင့် န၀ကမ္မအလှူငွေ (US$40.00) စုစုပေါင်း USD 100 (လွှဲပြီး)
၂.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၃.ဒေါ်ရီရီစိန် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၎.ဘလော့ဂါရန်အောင် နဲ့ မိသားစု (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)

အထက်ပါ အလှူငွေ အမေရိကန်ဒေါ်လာ ၂၈၀ ကို မနေ့က ဇူလိုင် ၁၇ ရက်နေ့ ပေါက်ဈေး ၁၁၃၀ ကျပ်နဲ့ မန္တလေးဈေးချို ရိုးမဘဏ်ကို လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်. ဒါကတော့ ဦးကောဝိဒမှ ပေးပို့လာတဲ့ လက်ခံရရှိကြောင်းပြေစာပါ. မြန်မာငွေအားဖြင့် ၃၁၆၄၀၀ (သုံးသိန်းတစ်သောင်း ခြောက်ထောင်လေးရာ ကျပ်တိတိ)ကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်.



နောက်တစ်သုတ်လွှဲဖို့အတွက် အလှူရှင် တစ်ယောက်ရှိပါတယ်. ဇူလိုင်လမကုန်ခင်မှာ နောက်တစ်ခေါက် ထပ်မံလွှဲပေးသွားပါဦးမယ်.

၁.ဦးကြံအောင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (On Hold)

တစ်နှစ်စာ ဆွမ်းအလှူရှင်များ စာရင်း အသေးစိတ်နဲ့ အလှူပြုလုပ်မည့်ပုံစံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ.



အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်
aungyan@gmail.com


Monday, January 19, 2009

အနှီမှန်မီးအိမ် မီးစာမည်သူဖြည့်မည်ပ...

မင်္ဂလာပါ ဒါယကာ

ဦးဇင်းစာရေးလိုက်ပါတယ်။ ဒါယကာရဲ့ဘလော့မှာပိုစ့်အဖြစ်တင်ပေးစေချင်တာပါ။ အဲဒါကတော့ဦးဇင်းအခုစစ်ကိုင်းတောင်မှာ သင်တန်းတိုးချဲ့ ဖွင့်လှစ်ဖို့ ကိစ္စ အတွက် အခက်အခဲတွေ အဆင်ပြေစေချင်လို့ ပါဒါယကာ။

စစ်ကိုင်းသင်တန်းအတွက် အခုသင်တန်းမှာ လူတွေပါ အခမဲ့သင်ကြားပေးဖို့စီစဉ်နေပါတယ်။ ၂၁.၁၂၀၀၉ ရက်နေ့ကို သင်တန်းဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့သင်တန်းမှာက လျှောက်လွှာခေါ်ယူကြည့်လိုက်တော့ လာရောက် လျှောက်ထားသူက ၅၀ ကျော်နေပါတယ်။ ဦးဇင်းလျှောက်လွှာတွေကိုပိတ်လိုက်ရပါတယ်။ စက်အင်အားက ၆ လုံးပဲရှိတော့ စက်အင်အားကနည်းတယ်လေ။ မီးစက်ကလည်းအခုအချိန်အထိအလှူရှင်မပေါ်သေးတော့ ဦးဇင်းတော်တော် ခက်ခဲနေပါတယ်။



ဒါယကာအနေနဲ့ ဘလော့တွေမှာ မီးစက်အလှူရှင်နှင့် ကွန်ပျူတာ အလှူရှင်များရှိပါကဆက်သွယ်နိုင်အောင် ရေးသားပေးစေလိုပါတယ်။ ဓါတ်ပုံတွေလိုအပ်ရင်တော့ဦးဇင်းရဲ့ ဘလော့ www.kovida.multiply.com ကနေ ယူသုံးနိုင်ပါတယ်ဒါယကာ...

ဒါယကာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ ၍ပညာပါရမီဖြည့်ဆည်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။

အဲဒီ့စာလေးကို ရပြီးတော့ ကျွန်တော် ဘလော့ဂ်တစ်ချို့ လိုက်ကြည့်ဖြစ်တယ်. ဦးဇင်းကို တတ်နိုင်သလောက် ကူညီရေးသားပေးထားကြတာလေးတွေ တွေ့ရတော့ ၀မ်းသာကြည်နူးမိပါတယ်. အဲဒီ့ထဲကမှ ပြည့်ပြည့်စုံစုံ ရေးသားဖြန့်ဝေပေးထားတဲ့ ကိုပီကေရဲ့ ပို့စ်လေးကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ. အားလုံးပဲ ပညာဒါဖြည့်စွမ်းနိုင်ကြပါစေ...

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)

၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)

၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)

၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့်
မလာတလှည့်)

၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)

၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)

၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)

၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

၁။ ဦးကောဝိဒ @mailto: kovida9@gmail.com

၂။ ပီကေ @mailto: pikay@myanmarbloggers.org

၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com

၎။ မျက်လုံး @mailto: thethtoo@gmail.com

၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com

၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်းဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။





Wednesday, November 21, 2007

ခြေလှမ်းတစ်လှမ်းစလှမ်းခြင်း...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

အင်္ဂလိပ်စာ အစီအစဉ်အတွက် Domain တစ်ခုဝယ်ပြီး စီစဉ်တင်ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.

ဘလော့ဂ်အနေနဲ့ ရေးမယ်ဆိုရင်လည်း ရပါတယ်. ဒါဆိုရင်တော့ Free ရမယ်. ဘာမှ ထိန်းသိမ်းပြုပြင်နေစရာ မလိုပါဘူး. ဒါပေမယ့် Features ပိုင်းတွေကျတော့ Website တစ်ခုလောက် မစုံလင်တော့ပါဘူး.

Website အနေနဲ့ကျတော့ ပိုက်ဆံကုန်တာ တစ်ခုကလွဲရင် ကျွန်တော်တို့ လုပ်ချင်တဲ့ Features တွေ အကုန်ရနိုင်ပါတယ်. ဥပမာ. Forum ဖွင့်ပြီး ဆွေးနွေးတာတို့၊ Member တွေ Sign up လုပ်နိုင်တာတို့၊ Newsletter တွေ ယူနိုင်တာတို့ပေါ့.

အဲလိုမျိုး Features တွေကို ဘလော့ဂ်မှာ လုပ်လည်း ရနိုင်ပါတယ်. ဒါပေမယ့်ဗျာ. ကျွန်တော်ရေရှည်ကို ကြည့်လိုက်ပါတယ်…

ကျွန်တော်တို့ လုပ်မယ့် English Program ဟာ မြန်မာလူငယ်တွေကို အကျိုးပြုရမယ်. ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ မြန်မာ လူကြီးလူငယ်မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေ အတွက် Resource ကောင်းလေးတစ်ခု အဖြစ် ရှိနေရမယ်. ဒါတွေကြောင့် ဒီ အစီအစဉ်ကို Professionally လုပ်တာ ပိုသင့်တော်မယ်လို့ ယူဆပြီး Domain တစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ.

ကျွန်တော်တို့ မြန်မာလူငယ်တွေ မညံ့ကြပါဘူး. တကယ်ကို ထက်မြက်ပြီး နိုင်ငံတကာမှာ ရင်ဘောင်တန်း စွန့်စားနိုင်ကြပါတယ်. ဒါပေမယ့် အင်္ဂလိပ်စာမှာ အားနည်းမှုရှိနေကြတဲ့အတွက် တစ်ချို့နေရာတွေမှာ တက်လမ်းမပွင့်တာမျိုးလေးတွေ၊ တစ်ခြားနိုင်ငံသားတွေနဲ့ ပုခုံးချင်း မယှဉ်နိုင်တာလေးတွေကို တွေ့ကြုံကြားသိနေရပါတယ်. အဲဒါတွေကို ကျွန်တော် သိပ်ပြီး မခံချင်ဖြစ်မိပါတယ်ခင်ဗျာ.

အင်္ဂလိပ်စာအခြေခံ ကောင်းမွန်တဲ့ သူများအတွက်တော့ ဒီအစီအစဉ်ဟာ လိုအပ်မှာ မဟုတ်ပါဘူး. ဒါပေမယ့် ခင်ဗျားတို့ တတ်ထားသိထားတဲ့ ဗဟုသုတတွေကို တစ်ယောက်တည်း တစ်ဦးတည်း သိမ်းမထားဘဲ ကိုယ့်မျိုးဆက်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ဝေမျှပေးနိုင်မယ်ဆိုရင်တော့ ခင်ဗျားတို့တတ်ထားတဲ့ ပညာဟာ တကယ့်ကို အများအကျိုးပြု ပညာတစ်ခု ဖြစ်လာမှာပါ။ သူများကို သင်ပေးရင်း ကိုယ်လည်း ပြည့်ဝရင့်ကျက်လာနိုင်တဲ့ အစီအစဉ်ကောင်းတစ်ခုမို့ ပရဟိတအကျိုးစိတ်ဝင်စားတဲ့ မည်သူမဆိုအတွက် ဒီအစီအစဉ်လေးဟာ အခွင့်အရေးတစ်ခုပါပဲ.

ခင်ဗျားတို့အနေနဲ့ ဘာလုပ်ပေးရမလဲဆိုရင်တော့…

ကိုယ်တာဝန်ယူနိုင်တဲ့ ကဏ္ဍလေးတွေကို ပင်တိုင်ယူပြီး ရေးသားနိုင်ပါတယ်.

ကိုယ်ဖတ်ဖူးမှတ်ဖူးတဲ့ အင်္ဂလိပ်စာတို စာရှည်လေးများ၊ ဟာသလေးများကိုလည်း ဝေမျှနိုင်ပါတယ်.

Grammar, Structures စတာတွေကိုလည်း သင်ပေးနိုင်ပါတယ်.

အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းလေးတွေကိုလည်း Download လုပ်နိုင်အောင် တင်ပေးနိုင်ပါတယ်.

TOEFL, SAT, IELTS, FCE စတဲ့ Standardized Test လေးတွေရဲ့ Winning Tricks လေးတွေကို ကိုယ့်အတွေ့အကြုံလေးတွေနဲ့ ရင်းပြီး ပြတ်ကျနေတဲ့ မျိုးဆက်သစ်လေးတွေကို တွဲခေါ်နိုင်ပါတယ်.

အိုဗျာ…

ကိုယ့်စိတ်ကူးကွန့်မြူးသလို ပါဝင်ကူညီရေးသားနိုင်ပါတယ်.

ဒီ Team မှာ ပါဝင်ဖို့အတွက် ခင်ဗျားမှာ ဒီဂရီတွေမလိုဘူး၊ ဘွဲ့တွေ မလိုဘူး၊ ပိုက်ဆံရှိစရာလည်း မလိုဘူး၊ ရုပ်ဆင်းအင်္ဂါတင့်တယ်လှပဖို့လည်း မလိုဘူး…

ဘာတွေလိုလဲ?

စေတနာလှဖို့လိုတယ်…. Team အနေနဲ့ အလုပ်လုပ်တတ်ဖို့ လိုတယ်…

နာမည်ရဖို့ မရဖို့ထက် တစ်ဖက်သားသိပါစေတော့ တတ်ပါစေတော့ ဆိုတဲ့ စေတနာမျိုး ထားနိုင်ဖို့လိုတယ်…

ဆရာကြီးလုပ်တဲ့ လေသံမျိုးမဟုတ်ဘဲ မောင်နှမလို၊ မိတ်ဆွေ သူငယ်ချင်းလို လက်တွဲခေါ်ယူလိုတဲ့ စိတ်ဓာတ်မျိုး ထားနိုင်ဖို့လိုတယ်.

ကဲ… ဒီလောက်ဆို ကျွန်တော်တို့ရဲ့ Team လေးအတွက် Basic Requirements တွေ ပြည့်စုံပါပြီ..

Website အတွက်ကိုတော့ လောလောဆယ် ကျွန်တော်ပဲ တာဝန်ယူပြီး တင်ပေးသွားပါမယ်. နောက်ပိုင်း ကူညီနိုင်မယ့်သူတွေ တွေ့ရင် သူတို့ကို Admin Board အဖွဲ့ထဲ တွဲခေါ်ပြီး အတူတကွ ထိန်းသိမ်းသွားပါမယ်.

ဒိုမိန်းအတွက် နာမည်ကို လိုက်ပြီးရှာကြည့်တော့ ပထမ ဒီလိုရိုက်ထည့်ပါတယ်.

English4u.com

ဒါပေမယ့် အဲဒီ့နာမည်က ယူပြီးသားဖြစ်နေတယ်. အဲဒါနဲ့ပဲ English4u.net, .org, စသည်ဖြင့် Extension လေးတွေကို ပြောင်းပြီး စမ်းကြည့်ပါတယ် မရပါဘူး English4you.com, Engish4you.net, English4all.com, English4all.net တွေကိုလည်း စမ်းကြည့်ပါသေးတယ်. အဲဒီ့ဒိုမိန်းနာမည်တွေကို ၀ယ်မရပါဘူး. တစ်ယောက်ယောက်က registered လုပ်ပြီးသားဖြစ်နေတယ်တဲ့…

ဒါကတော့ ကျွန်တော်ထပ်စမ်းထားတဲ့ ဒိုမိန်းလေးတွေပါ. မိမိတို့ ဆန္ဒရှိတဲ့ ဒိုမိန်းလေးတွေကို အကြံပြုတင်ပြပေးနိုင်သလို ရွေးချယ်ပေးနိုင်ပါတယ်.

ကျွန်တော်ကတော့ .com နဲ့ .net ကိုပဲ စမ်းပါတယ်. .org ကို မကြိုက်လို့ပါ. ကျွန်တော်ရိုက်မထည့်ထားတဲ့ extensions ဟာ registered လုပ်ပြီးသားဖြစ်နေလို့ပါလို့ မှတ်ယူစေချင်ပါတယ်ခင်ဗျာ…


English4future.com, English4future.net,

English4success.net

English4eureka.com, English4eureka.net
(Eureka ဆိုတာကတော့ ဂရိလို အောင်နိုင်ခြင်း (Success) လို့ အဓိပ္ပါယ်ရပါတယ်.)

လောလောဆယ် အဲဒီ့လောက်ပဲ စိတ်ကူးတွေ့သေးတယ်ဗျ. ကောင်းတဲ့ နာမည်လေးတွေရှိရင်လည်း ပြောပြနိုင်ပါတယ်ခင်ဗျာ.

အခုအချိန်ကစပြီး English စာနဲ့ပတ်သက်တဲ့ ပို့စ်လေးတွေကို ပို့နိုင်ပါတယ်. စတင်ပြီး လက်ခံနေပါပြီ. English Poem လေးတွေကိုလည်း ကြိုဆိုပါတယ်. ကိုယ်တိုင် မရေးနိုင်ရင်တောင် poem ကောင်းလေးတွေကို ကူးယူပေးပို့နိုင်ပါတယ်. Composer နာမည်နဲ့ ရယူခဲ့တဲ့ နေရာကိုတော့ ဖော်ပြပေးဖို့ မမေ့ပါနဲ့ခင်ဗျာ.

လောလောဆယ် Domain ကိစ္စ မပြီးပြတ်သေးခင်မှာ ပို့စ်လေးတွေကို စတင်နိုင်ဖို့ ဒီဘလော့ဂ်လေးကို ဖန်တီးထားပါတယ်. အဆင်ပြေတဲ့တစ်နေ့မှာ ပို့စ်လေးတွေအားလုံးကို Transfer လုပ်သွားပါမယ်ခင်ဗျာ. ဒါကြောင့် ကျွန်တော်တို့ရဲ့ ခြေလှမ်းဟာ ခုမှ စလှမ်းမှာ မဟုတ်ပါဘူး. စတင်နေပြီ ဖြစ်ပါတယ်.

မိမိတို့ရဲ့ ပို့စ်လေးများကိုလည်း တတ်နိုင်သလောက် ပေးပို့နိုင်ပါပြီ ခင်ဗျာ. ကိုယ်တိုင် မပို့နိုင်ရင်တောင် ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ Link လေးတွေကို ပြောပြပေးပါ. ဘလော့ဂ်ပိုင်ရှင်ဆီကနေ ခွင့်ပြုချက်တောင်းခံပြီး ပြန်လည်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်.

နောက်ဆုံးပြောချင်တာကတော့…

ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ပါးစပ်ကချစ်ပြနေလို့ မရပါဘူး၊ ဝေဖန်လေကန်နေတဲ့ စကားလုံးတွေနဲ့ တိုင်းပြည်တစ်ခုကို မတည်ထောင်နိုင်ပါဘူး၊ ငြင်းခုန်စကားနိုင်လုနေခြင်းနဲ့လည်း ဘယ်အရာမှမပြီးမြောက်နိုင်ပါဘူး. အလုပ်နဲ့ပဲ တိုင်းပြည်တိုးတက်ကြီးပွားအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်. ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အကျိုးရှိတာ သေချာမှန်ကန်ရင် ခင်ဗျားဟာ တိုင်းပြည်ကိုချစ်တဲ့၊ နိုင်ငံရေးသမားလို့ နာမည်မခံထားတဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက်ပဲ ဖြစ်တယ်…

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်
aungyan@gmail.com

The journey of a thousand miles begins with a single step!

Wednesday, July 25, 2007

ပညာရေးဘလော့ဂ်ဖန်တီးခြင်း


ပြည်ပပညာရေးနဲ့ ပတ်သက်တဲ့ ဘလော့ဂ်လေးတစ်ခုကို မဂျစ်တူး ဦးဆောင်ပြီးတော့ စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေများနဲ့ ပူးပေါင်းပြီး တည်ထောင်လိုက်ကြပါတယ်. ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ.

Monday, March 26, 2007

IELTS Ebook

IELTS Exam ကို ဖြေဖို့ စဉ်းစားနေသူတွေပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို လက်ဆောင်အနေနဲ့ ပေးချင်တာပဲ ဖြစ်ဖြစ် အသုံးဝင်မယ့် စာအုပ်ကောင်းလေး တစ်အုပ်ပါ…





IELTS WorkBook.pdf

Monday, March 12, 2007

How to apply Colleges using Common Application?

ဒီတစ်ခါတော့ ကျောင်းလျှောက်တဲ့ Process ကို အကျယ်ချဲ့ပြီး ပြောပြပါမယ်။ ကျောင်းတစ်ခုစီမှာ သူတို့ရဲ့ Application Form တစ်ခုစီရှိပြီးသားပါ။ ဒါပေမယ့် လျှောက်တဲ့ ကျောင်းသားတွေ အချိန်ကုန်သက်သာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းတော်တော်များများက “Common Application” ဆိုတဲ့ Form ကိုလက်ခံကြပါတယ်။ Form ကိုတစ်ခါပဲဖြည့်လိုက်၊ ပြီးရင် အဲဒီ့ Form ကိုလက်ခံတဲ့ ကျောင်းတွေ အားလုံးကို တစ်ခါတည်း လိုက်လျှောက်လို့ရတယ်။

ဟုတ်ကဲ့။ Online မှာပဲ ဖြည့်ပြီး online မှာပဲ တင်လို့ရပါတယ်။ ဒါပေမယ့် register လုပ်ပြီး Account တစ်ခုဖွင့်ဖို့လိုပါတယ်။ Account က ကြိုက်သလောက်ဖွင့်လို့ရပါတယ်။ Free ပါ။ Account တစ်ခုကို ကျောင်း ၂၀ လျှောက်လို့ရပါတယ်။ ကောင်းတာတစ်ခုက ကိုယ်လျှောက်လိုက်တဲ့ ကျောင်းက ကိုယ့်ရဲ့ Common Application Form ကို Print ထုတ်လိုက်တာနဲ့ ကိုယ့်ရဲ့ Email ကို အကြောင်းကြားပါတယ်။ ဘယ်ကျောင်းကတော့ Print ထုတ်လိုက်ပါပြီပေါ့။ Form ပျောက်မှာတို့၊ မပြည့်မစုံ ဖြစ်မှာတို့ကို မပူရတော့တာ သိပ်ကောင်းတဲ့ အချက်တစ်ခုပါ။

ဒါက မူရင်း Home Page ပါ။
http://www.commonapp.org/

ဒါကတော့ Download လုပ်လို့ရမယ့် Form တွေရဲ့ Link ပါ။
Download Forms Here!


ဒါကတော့ Common Application ကို လက်ခံတဲ့ ကျောင်းတွေရဲ့ List ပါ။ ကိုယ်စိတ်ဝင်စားနေတဲ့ ကျောင်းက Common Application လက်ခံလား၊ လက်မခံဘူးလားဆိုတာကို ဒီနေရာမှာ ၀င်ကြည့်လို့ရပါတယ်။ Find College by Name or by State ဆိုတဲ့ Box လေးထဲမှာ ရိုက်ပြီး ရှာလိုက်ရုံပါပဲ။

Common Application Schools List


EA တို့ ED တို့ အကြောင်းကို ကျွန်တော် ရှင်းပြပြီးခဲ့ပြီနော်။ မသိလိုက်သေးသူများ အရင် Post တွေကို ပြန်လိုက်ဖတ်ပါ။ ဒါမှမဟုတ် “Applying Colleges in USA (All-in-one File to Download)” ဆိုတာမှာ သွားဖတ်ကြည့်ပါ။

Website ထဲမှာ ကိုယ့်ဘာသာကိုယ် explore ထပ်လုပ်ကြည့်ပါဦး။ ဥပမာ. Frequently Asked Questions တို့လို section မျိုးလေးတွေက အစပေါ့.။ Form ကိုတော့ ကိုယ့်ဘာသာကိုယ် အစမ်းအရင်ဖြည့်ကြည့်ပြီးတော့မှ Internet လာသုံးတဲ့နေ့မှာ နည်းနည်းချင်း upload ပြန်လုပ်သွားလိုက်တာ ပိုကောင်းပါတယ်။ ဒါဆိုရင် Internet Hours တွေ သိပ်မကုန်တော့ဘူးပေါ့ဗျာ။ အရင်ဆုံးဖတ်ကြည့်လိုက်ပါဦး။ ဒါမှ ကျွန်တော်နောက်ပိုင်းရေးတဲ့ Post တွေအကြောင်းကို နားလည်လာလိမ့်မယ်။

ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြပြီးရေးသွားပါမယ်။ ကျောင်းလျှောက်တဲ့ Process က ကျောင်းစရိတ်ကိစ္စထက် အများကြီးပိုပြီး ရှုပ်ထွေးပါတယ်။ ဒီတော့ကြိုတင်ပြင်ဆင်ကြပါလို့ ကျွန်တော် ထပ်ပြီးတိုက်တွန်းလိုပါတယ် ခင်ဗျာ…

Saturday, March 10, 2007

Applying Colleges in USA (all-in-one file to download)

လက်ရှိကျွန်တော်ရေးပြီးသမျှ U.S.A ကကျောင်းတွေကို လျှောက်တဲ့အကြောင်းသိကောင်းစရာများကို File တစ်ခုတည်းအနေနဲ့ ထုတ်ပေးထားပါတယ်. အားလုံးအဆင်ပြေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နောက်ထပ် Post အသစ်တင်ရင်လည်း File ကိုပြန်ပြီး Update လုပ်ပေးသွားပါမယ်။

PDF file type ပြောင်းကြည့်တဲ့ အခါမှာ တစ်ချို့ Font တွေကို PDF က recognize မဖြစ်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ Word File အနေနဲ့ပဲ တင်လိုက်ရတယ်ဗျာ…ကျွန်တော်ပြန်ပြီး edit လုပ်နိုင်အောင် ကြိုးစားကြည့်ပါဦးမယ်…

အားလုံးကျန်းမာရွှင်လန်းကြပါစေဗျာ…


Applying Colleges in USA (By Yan Aung)

Public and Private Colleges (U.S.A)

တော်တော်များများက U.S မှာကျောင်းတက်မယ့်ကိစ္စပြောလိုက်တာနဲ့ ကျောင်းစရိတ်ဈေးကြီးတယ်ဆိုပြီး စပြောကြပါတယ်။ ဟုတ်ပါတယ်။ မငြင်းလိုပါဘူး။ ဒါပေမယ့် ကျောင်းစရိတ်ထက် အရေးကြီးတာတွေ အများကြီးရှိပါတယ်။ ကျောင်းစရိတ်ကိစ္စကို ကျွန်တော်သိပ်ပြီးတော့ ခေါင်းထဲမထည့်စေချင်သေးဘူးဗျ။ တစ်ခြားကိစ္စတွေ အများကြီးရှိသေးတယ်။ အဲဒါတွေကိုပြောနေရင်းနဲ့ ကျောင်းစရိတ်ကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ညှပ်ပြောသွားပါမယ်။

ဘာအရေးအကြီးဆုံးလဲ။
အောင်စိတ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုစထားတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှုတစ်ခုဟာ အခက်အခဲပေါင်းများစွာကို သေးငယ်သွားစေနိုင်လောက်တဲ့ စွမ်းအားတစ်ခုပေးပါတယ်။ ငါ U.S ကိုရောက်ရမယ်လို့ အောင်စိတ်စထားလိုက်ပါ။ အဲဒီ့စိတ်မရှိရင်တော့ ရှိအောင် ခုပဲစမွေးလိုက်ပါ။ Ok. U.S ကိုလာတော့မယ့်လူတစ်ယောက်ကို အောင်နိုင်ရေးနည်းလမ်းတွေ ကျွန်တော်စပြောပါမယ်။

ကိုယ်လျှောက်မယ့်ကျောင်းတွေ၊ ကိုယ်စိတ်ဝင်စားတဲ့ ကျောင်းတွေကို List လုပ်ပြီး မှန်မှန် Contact လုပ်ဖို့ ကျွန်တော်ရေးခဲ့ပြီးပါပြီ။ U.S မှာ ကျောင်း အဓိက ၂ မျိုး ရှိပါတယ်။ Private နဲ့ Public ပါ။ Private Colleges တွေက ကိုယ်ပိုင် Fund နဲ့ ကိုယ်ပိုင် Trustee Board အဖွဲ့ရှိပါတယ်။ သူတို့ကို အစိုးရကလည်း နည်းနည်းထောက်ပါတယ်။ Public Colleges တွေကတော့ Government-Funded Schools တွေပါပဲ။ အားသာချက်နဲ့ အားနည်းချက်တွေကို ယှဉ်ရေးပြပါမယ်။

Private

ဈေးကြီးတယ်။ တစ်နှစ်ကို U.S $ 30,000 ပတ်ဝန်းကျင်မှာ ရှိတယ်။ နာမည်ပိုကြီးကြတယ်။ အလုပ်ရှင်တွေကြိုက်တယ်။ ပညာရေး အဆင့်အတန်းမြင့်မားတယ်။ Scholarship Programs တွေရှိတယ်။ ရက်ရက်ရောရောပေးတတ်တယ်။ Full Scholarships အထိ Provide လုပ်တတ်ကြတယ်။ အပြိုင်အဆိုင်များတယ်။ Admission ခက်တယ်။ TOEFL အပြင် SAT Scores တွေပါတောင်းတတ်ကြတယ်။ နောက်ဆုံးတစ်ခုက Counselor နဲ့ Visa Interview မှာ တစ်ပန်းသာတယ်။ (Counselor က Public School သွားမယ့်သူတွေကို နည်းနည်းလေးပိုရစ်တတ်တယ်။ But, it’s not a big deal ပါ။ ဒါပေမယ့် သိသင့်သိထိုက်တာမှန်သမျှ ကျွန်တော် မချန်ထားခဲ့ချင်ဘူးလေ)

Public
ဈေးသက်သာတယ်။ တစ်နှစ်ကို U.S $ 8,000~15,000 ပတ်ဝန်းကျင်မှာပဲရှိတတ်ကြတယ်။ ဈေးသိပ်ကြီးတဲ့ public school တောင် 25,000 ကို မကျော်ဘူး။ public schools တွေ ပိုများတယ်။ ပညာရေး Level မဆိုးကြပါဘူး။ အလုပ်လျှောက်ရင်တော့ နည်းနည်း Challenge ဖြစ်တတ်တယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေက Private ကျောင်းက လာတဲ့သူတွေဆိုရင်ပေါ့။ ကိုယ့်ရဲ့ Grade တွေ၊ Activity တွေ၊ Resume တွေ ကောင်းမယ်ဆိုရင်တော့ အေးဆေးပါ။ Scholarship သိပ်မပေးပါ။ Admission လွယ်ပါတယ်။ TOEFL လောက်ပဲ အဓိက တောင်းတတ်ကြပါတယ်။

ဒီတော့ ဘာလျှောက်မလဲ။ ဘာTest တွေဖြေထားသင့်သလဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ SAT (Scholastic Aptitude Test) က Challenge ဖြစ်တယ်။ အချိန်နည်းနည်းပေးရတယ်။ ကြိုးစားရတယ်။ ဒါပေမယ့် SAT Scores ရှိထားရင် လျှောက်လို့ရတဲ့ ကျောင်း option ပိုများလာမယ်။ ကံကောင်းရင် Scholarship တွေပါ တစ်ခါတည်းရမယ်။ ကျောင်းစရိတ် အရမ်းသက်သာသွားမယ်။ Private/Public ကျောင်းတွေအားလုံးကို လိုက်လျှောက်လို့ရသွားတာ သိပ်ကောင်းတဲ့ အားသာချက်တစ်ခုပါ။ Counselor နဲ့တွေ့ရင် ကိုယ်က Scholarship ရထားတဲ့သူမို့လို့ နည်းနည်း ပြောအားပိုရှိတယ်။ သူကလည်း respect ပေးပါတယ်။ ပြန်ရတာက ကိုယ်ပေးလိုက်ရတာထက်ပိုများပါတယ်။ ကျွန်တော် recommend လုပ်ပါတယ်။

U.S ကို မြန်မြန်ရောက်ချင်တယ်။ ပိုက်ဆံလည်းတတ်နိုင်တယ် ဆိုရင်တော့ ဈေးသက်သာတဲ့ public school တွေထဲက Rank ကောင်းတဲ့ ကျောင်းတွေကိုရွေးလျှောက်ပါ။ TOEFL တစ်ခုပဲ ဖြေစရာလိုပါလိမ့်မယ်။ Admission လည်းရဖို့ ၈၀ % ရှိကြောင်းပါ။ Counselor နဲ့တွေ့ရင်တော့ ပြောတတ်ဖို့လိုပါမယ်။ ဘာကြောင့် Public School ကိုလျှောက်ပါတယ်။ ဘယ်သူတွေက Sponsor ပေးပါမယ်စသည်တွေကိုပေါ့…

ဒီတော့ကာ ကျောင်းတွေနဲ့ ပတ်သက်တဲ့ Overview Idea တစ်ခုရသွားလောက်ပြီထင်ပါတယ်။ ကိုယ်ဘာလုပ်နိုင်မလဲ၊ ကိုယ့်ရဲ့ resource တွေကဘာရှိလဲ ဆိုတာတွေသာမက နည်းနည်းလည်းလိုက်လုပ်ကြည့်လိုက်ပါ။ SAT ဆိုတာနဲ့ “ဟား… ငါတော့ မလုပ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ပိတ်မပြောလိုက်ပါနဲ့”။


လောကကြီးမှာ အခက်အခဲနဲ့ အခွင့်အရေး ဒွန်တွဲနေပါတယ်။ အခက်အခဲကိုရင်မဆိုင်ဘဲ အခွင့်အရေးမရလို့ မြည်တွန်တောက်တီးနေသူဟာ မရင့်ကျက်မပြည့်ဝသေးတဲ့သူတစ်ယောက်ပါပဲ



သင့်ရဲ့သွေးရဲသလား။
ရဲတယ်ဆိုရင် နောက်ထပ်တင်မယ့် ကျွန်တော့် post တွေကို ဆက်ဖတ်ပါ။ ခုကတည်းက ကျောင်းတွေနဲ့ ပတ်သက်တဲ့ information တွေကို organize လုပ်ဖို့ plan စဆွဲပါ။
ကဲ. ဘာလိုသေးလဲ။
ထပ်ပြောမယ်။
အောင်စိတ်ကိုမွေးပါ။
ရေသောက်ရင်တောင် မသောက်ခင် ရေခွက်ကို ငုံ့ကြည့်ပြီး ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြည့်ပြီးဒီလိုပြောပါ။

“ငါ အမေရိကားကို ရောက်ရမယ်”
လို့…

Thursday, March 08, 2007

TOEFL-related Ebooks

TOEFL အကြောင်းသိကောင်းစရာများပါ..

1. TOEFL - Preparing For the CBT.pdf

2. Questions Test-takers Ask About CBT.pdf

3. TOEFL - Tests and Scores Manual.pdf

ဒါကကျွန်တော် Ares File Sharing Software ကို သုံးပြီး ရှာကြည့်ထားလို့ တွေ့သမျှပါ။ ထပ်တွေ့ရင်ထပ်တင်ပေးပါမယ်။

Overview of the Schools and TOEFL

ဒီတော့ iBT, CBT, PBT ဖြစ်ချင်ရာဖြစ်စမ်းပါစေ။ သူတို့ကို Beat လုပ်ဖို့နည်းလမ်းကတော့ သိပ်မကွာပါဘူး။ TOEFL အတွက် Practice လိုပါတယ်။ များများလေ့ကျင့်ရင် တစ်ချို့နေရာတွေမှာ ဘာပြောမှန်းမသိလိုက်တာတောင်မှ အဖြေမှန်ကို ရနိုင်ပါတယ်။ ဘာလို့ ဒီအဖြေမှန်တာလည်းလို့ TOEFL ကပြန်မမေးပါဘူး။ ဒါကိုကအားသာချက်တစ်ခုပါပဲ။ ဒီတော့ သူ့ရဲ့ Trick လေးတွေကို ရှောင်တတ်တိမ်းတတ်၊ အသုံးချတတ်ဖို့ များများလေ့ကျင့်ပါ။ ကျွန်တော် TOEFL ဖြေခဲ့တုန်းက ရင်းနှီးခဲ့ရတဲ့ ကိုယ်တွေ့လေးတွေကို ညှပ်ညှပ်ပြီးပြောသွားပါမယ်။

ကျောင်းလျှောက်တဲ့အခါမှာ ကိုယ်လျှောက်တဲ့ကျောင်းရဲ့ Criteria ကို အရင်စုံစမ်းပါ။ ဘာ Test တွေလိုမလဲ။ ဘယ်လို Recommendation တွေတောင်းလဲ။ International Student တွေရဲ့ အချိုး ဘယ်လောက်လောက်ရှိလဲဆိုတာတွေ အပါအ၀င် အဲဒီ့ကျောင်းရဲ့ Rank ကိုလည်းသိနေပါစေ။ America မှာ ကျောင်းတွေ ၄၀၀၀ နီးပါးလောက်ရှိပါတယ်။ ဒါပေမယ့် အားလုံးမကောင်းပါဘူး။ တစ်ချိုကျောင်းတွေဆို ပိုက်ဆံကိုပဲ ဦးတည်ထားတယ်။ ဘာမေးမေး ပိုက်ဆံပဲ။ အဲဒီ့တော့လည်း Forget it! ပေါ့။ ကျောင်းပေါပါတယ်။ ဒါကြောင့်လည်း အချိန်ယူပြင်ဆင်ဖို့လိုပါတယ်။

ကျောင်းအကြောင်းနဲ့ TOEFL အကြောင်း ယှဉ်ပြောသွားပါမယ်။ ကျောင်းအမျိုးမျိုးရှိတဲ့အထဲက ကိုယ်သဘောကျတဲ့ကျောင်းကို ရွေးပြီးရင် Email Contact မှန်မှန်လုပ်ပါ။ အားမနာတမ်းမေးပါ။ အိမ်မှာ ကျောင်းတွေကို list လုပ်ထားပြီး Data လေးတွေချရေးထားပါ။

ဥပမာပြောရရင်

1. School Name
2. Contact Address, Email, Person, etc...
3. Minimum TOEFL Requirement
4. SAT Required?, If which one? SAT-I or SAT-II or both?
5. Application Deadline, Rolling Admission?, EA?, ED?
6. Annual Tuition Fees
7. Academic Reputation
8. Selectivity

ဒါက ဥပမာပါ။ ကိုယ်ကြိုက်သလိုလုပ်နိုင်ပါတယ်။ EA, ED အကြောင်းထပ်ရှင်းပြပါမယ်။ EA ဆိုတာ Early Admission ပါ။ ဒီကျောင်းကို အရမ်းကြိုက်လို့ တစ်ခြားကျောင်းတွေထက် ဦးစားပေးပြီးတင်လိုက်ပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ Deadline က Regular Deadline ထက်တစ်လလောက် ပိုစောတတ်ပါတယ်. Scholarship Fund တွေဘာတွေရှိရင် ကိုယ့်ကို ဦးစားပေးစဉ်းစားပေးပါတယ်။ Contract မရှိပါဘူး။ ဒီကျောင်းကိုရလည်း တစ်ခြားကျောင်းတွေက Admission ရရင် သွားတက်လို့ရပါတယ်။ No Bond ပါ.

ED ကတော့ Early Decision ပါ. EA နဲ့ တူတူပါပဲ။ ဒါပေမယ့် Sign ထိုးရတယ်။ Admission ရရင် ဒီကျောင်းကိုပဲတက်ပါမယ်ပေါ့။ ဒါက EA နဲ့ ED ပါ။ ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိပါတယ်။ ကောင်းတာက ဦးစားပေးစဉ်းစားတယ်။ Scholarship ရှိရင်လည်း ကိုယ့်အတွက် ဦးစားပေးတယ်။ မကောင်းတာက ဒီကျောင်းရပြီးမှာ ဒီ့ထက်ပိုကောင်းတဲ့ကျောင်းတွေရရင် သွားလို့မရတာပါပဲ။ (မရှင်းရင်ဆက်မေးပါ.)

Rolling Admission ကတော့ Deadline မရှိပါ။ ဒါပေမယ့် အရမ်းကြီးတော့လည်း နောက်ကျပြီးမှ သွားမလျှောက်နဲ့ပေါ့။ တစ်ခုခုလိုရင် လိုက်ဖို့ အချိန်မမှီတာတွေဖြစ်တတ်လို့ အားလုံးကိုစောစောပြီးအောင်သာလုပ်ထား၊ လျှောက်ထားစေချင်ပါတယ်.

အကြမ်းဖျင်း Deadline တွေကတော့ August (Fall Semester) မှာ လာတက်ချင်သူတွေအတွက် December 15, Jan 2, or Jan 15 လောက်ဖြစ်တတ်ကြပါတယ်။ Postmarked Date ပါ။ January (Spring Semester) မှာလာတက်ချင်သူတွေအတွက် June~August ထဲမှာ Deadline တွေရှိပါတယ်။

အကြမ်းဖျင်း TOEFL Requirement ကတော့ PBT (500~550) ပါ. CBT Equivalent ကတော့ (173~213) ပါ။ Scholarship လျှောက်ချင်သူများကတော့ TOEFL ကို 580 လောက် Minimum လိုပါတယ်။ 600 ကျော်ရင် စိတ်ချရပါတယ်။

Score Companion Chart ကို ဒီမှာ Download လုပ်ပါ။
TOEFL Scores Companion Chart.pdf

ဖြည်းဖြည်းချင်းဆက်ရေးသွားပါမယ်။ တစ်ခြားသူတွေရဲ့ Suggestion တွေကိုလည်း ကြိုဆိုပါတယ်။

Applying Colleges in USA

America မှာကျောင်းတက်မယ်ဆိုရင် TOEFL ကိုမဖြေမနေရ ဖြေရပါတယ်။ Scholarship ပါလျှောက်မယ်ဆိုရင် SAT-I, SAT-II စတာတွေကိုဆက်ဖြေရပါမယ်။ ဒီတော့ TOEFL ဆိုတာဘာလဲ၊ ဘယ်လို Beat လုပ်လို့ရနိုင်မလဲ ဆိုတာတွေကို ကျွန်တော်စပြောလိုပါတယ်။

TOEFL ၃ မျိုးရှိပါတယ်.
1. PBT (Paper-Based Test)
2. CBT (Computer-Based Test)
3. iBT (Internet-Based Test) တွေပါ.

iBT ကိုမြန်မာနိုင်ငံမှာ အသုံးပြုနေပြီလို့ ကြားရပါတယ်. (မဟုတ်ရင်လည်း ပြန်ပြောပေးပါ)။ ဒါကတော့ အဲဒီ့ Test တွေ အကြောင်းကို Detail ရှင်းပြပေးထားတာပါ. ဘာသာမပြန်ပေးတော့ပါဘူး။ မရှင်းတာရှိရင် မေးပါ။



Since its introduction in late 2005, the Internet-based test (iBT) has progressively replaced both the computer-based (CBT) and paper-based (PBT) tests. The iBT has been introduced in phases, with the United States, Canada, France, Germany, and Italy in 2005 and the rest of the world in 2006, with test centers added regularly.

The demand for test seats remains very high even after almost a year after the introduction of the test: Candidates have to wait for months since short-term test dates are fully booked. The four-hour test consists of four sections, each measuring mainly one of the basic language skills (although some tasks may require multiple skills) and focusing on language used in an academic, higher-education environment. Note-taking is allowed in the iBT.

1. Reading

After each academic reading passage (out of 3–5), questions are posed about content, intent of the author, and ideas inferred from the passage. New types of questions in the iBT require paraphrasing, filling out tables, or completing summaries. Generally prior knowledge of the subject under discussion is not necessary to come to the correct answer, though a priori knowledge may help.

2. Listening

Questions refer to the content and intent of the phrases, as well as to the speakers' attitude and meaning, either in short conversations or in lectures.

3. Speaking

New to the iBT, this section contains questions relating to personal experiences or preferences, as well as tasks that also involve reading passages and listening to short conversations and lectures. Test takers are expected to convey information, explain ideas, and defend opinions clearly, coherently, and accurately.

4. Writing

One task requires test takers to defend a position relative to a specified general topic. In the other task, a reading passage and a lecture are presented, and test takers must answer a question relating the main points of both the passage and the lecture.

(Detailed descriptions and samples are available at the official website.)

Computer-based

The computer-based test (CBT) was abolished on September 30, 2006. It is divided into four sections, measuring language proficiency in listening, structure (grammar), reading and writing. Note-taking is not allowed.

1. Listening Comprehension (45–70 minutes)
* Type of Questions: Conversations between two or more people in academic environments. Short conversations between students and lectures may be possible conversations. Questions are basically of the who said what type.
2. Structure (grammar) (15–20 minutes)
* Type of Questions: Identify the erroneous word(s) in the sentence. Fill in the blanks using the appropriate word.
3. Reading Comprehension and Vocabulary (70-90 minutes)
* Type of Question: Questions are posed about content, intent of the author, and ideas inferred from each of the 3–4 passages given.
4. Essay Writing (30 minutes)
* Type of Question: To write an essay on a given general topic and take a position toward it, e.g., "Is stem cell research necessary? Explain your stance."

The Listening and Structure sections are computer-adaptive, meaning that the difficulty level of each question depends on the correctness of previous responses.

Three subscores are obtained, each of which is given on a 0–30 scale: Listening, Structure/Writing (combined), and Reading. These subscores are averaged to obtain the final score, which is on a 0–300 scale. The Writing score is reported separately, on a 0–6 scale.

Paper-based

In areas where the iBT and CBT are not available, a paper-based test (PBT) is given. The PBT tests essentially the same skills as the CBT, albeit with some differences, noticeably the number of questions (which is higher in the PBT) and the score scales. The final PBT score ranges between 310 and 677 and is based on three subscores: Listening (31–68 ), Structure (31–68 ), and Reading (31–67 ). Unlike the CBT, the score of the Writing section (referred to as the Test of Written English, TWE) is not part of the final score; instead, it is reported separately on a scale of 0–6.

Wednesday, March 07, 2007

Fulbright Scholarship Application!!!

ကျွန်တော့်ရဲ့ ပထမဆုံး ဦးဦးဖျားဖျား သတင်းကောင်းကတော့ ရန်ကုန်မှာ ရှိတဲ့ American Center, USIS မှ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်အတွက် Fulbright Scholarship Application များကို လက်ခံနေပါပြီဆိုတာပါပဲ.

သူက Master Program အတွက်ပါ။ TOEFL အနည်းဆုံး (550), IELTS (6.5) လိုပါတယ်။ TOEFL မဖြေရသေးသူများ မဖြေလည်းရပါတယ်။ USIS မှာ English Proficiency Exam ကို သွားဖြေရုံပါပဲ။ Thur (March 22) နဲ့ Sat (March 24) မှာ လုပ်ပါမယ်။ March 16 နောက်ဆုံးထားပြီး Sign Up လုပ်ရပါမယ်။

အသေးစိတ်ကို ကျွန်တော့်ရဲ့ PDF File မှာဖတ်ရှုကြည့်ပါခင်ဗျာ...

သြော်. ပြောဖို့မေ့နေတယ်။ Fulbright Scholarship က လုံးဝ Full ပေးတာပါ။ အားလုံးကို Cover ဖြစ်ပါတယ်. ကျွန်တော် လျှောက်ဖို့လုပ်တုန်းက မြန်မာနိုင်ငံကို Ban ထားလို့မရခဲ့ပါဘူး။ ဒါကြောင့် မို့ အခွင့်အရေးကောင်းတစ်ခု အဖြစ် လက်တို့ ပြောကြားလိုက်ရကြောင်းပါ...

Fulbright Scholarship Application.pdf