Showing posts with label My Politics. Show all posts
Showing posts with label My Politics. Show all posts

Monday, April 28, 2008

မျောက်နှင့်အုန်းသီး


တစ်ညတွင် ဒိသာပါမောက္ခဆရာကြီးသည် သူ့ထံတွင် ပညာသင်ကြားနေသော မင်းညီမင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို စမ်းသပ်လိုသဖြင့် အားလုံးကို စုဝေးခေါ်လိုက်လေသည်။

ထိုညက ကောင်းကင်တွင် လမင်းကြီးက ထိန်ထိန်သာနေခဲ့လေသည်။

တပည့်မင်းညီမင်းသားများမှာလည်း ဆရာကြီးပြောပြမည့် သင်ခန်းစာပုံပြင်လေးအကြောင်းကို စိတ်ဝင်တစားဖြင့် စောင့်မျှော်နားထောင်နေခဲ့ကြလေသည်။

“တစ်ခါတုန်းကပေါ့ကွယ်…”

ဆရာကြီးက ထိုသို့ အစချီလိုက်သည်နှင့် တီးတိုးတီးတိုး စကားပြောနေကြသော မင်းသားငယ်များအားလုံး မီးကိုရေနှင့်ဖြန်းလိုက်သကဲ့သို့ ငြိမ်ကျသွားကြလေသည်။

ဆရာကြီးက ချောင်းတစ်ချက်ဟန့်ရင်း သူ၏ အသံဝါကြီးဖြင့် ပုံပြင်လေးကို ဆက်ပြောပြလေသည်။

“တစ်ခါတုန်းကပေါ့ကွယ်…

မျောက်ဖမ်းရင်း အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ မုဆိုးတစ်ယောက် ရှိသတဲ့…

မျောက်ဆိုတာ အင်မတန်မှ လျင်မြန်ဖျတ်လတ်တဲ့ သတ္တ၀ါမို့ ဖမ်းရတာလည်း အတော်ခက်ခဲသပေါ့ကွယ်…

အဲဒီ့မျောက်ဖမ်းသမားဟာ ဘယ်လောက်တော်သလဲ ဆိုရင် သူများမျောက်ဖမ်းမုဆိုးတွေ မျောက်တစ်ကောင်မှ မမိခဲ့ရင်တောင် သူက အနည်းဆုံးတစ်ကောင်တော့ အမြဲမိနေတာပဲတဲ့…”

ဆရာကြီးက ပြောလည်းပြော၊ ပရိသတ်ကိုလည်း တစ်ချက်ဝေ့ကြည့်ရင်း အကဲခတ်လိုက်သည်။

မင်းသားငယ်များမှာ ဆရာကြီးဆက်ပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်နေကြသည်ကို တွေ့ရသည်နှင့်…

“အေး… အဲဒီလိုမျိုး မျောက်ဖမ်းတော်တဲ့ မုဆိုးအကြောင်းကို ရွာနီးချုပ်စပ်က လူတွေကပါ ကြားသိလာရတော့ သူ့ရဲ့မျောက်ဖမ်းနည်းကို စိတ်ဝင်တစား လာမေးကြတော့တာပေါ့…

မျောက်ဖမ်းမုဆိုးကလည်း သူ့ရဲ့ အသက်မွေးဝမ်းကျောင်းပညာ လျှို့ဝှက်ချက်မို့ ဘယ်သူ့ကိုမှ မပြောပြဘဲ လာမေးတဲ့သူတွေကို တမင်တကာ လှီးလွှဲပြောဆိုနေခဲ့တော့တာပေါ့…

ဒါနဲ့ လူတွေကလည်း အဲဒီ့မျောက်ဖမ်းမုဆိုး မျောက်သွားဖမ်းတာကို လိုက်ချောင်းကြည့်မှပဲ သူ့နည်းကို သိတော့မယ်ဆိုပြီး မုဆိုး တောထဲကို နောက်တစ်ခေါက် မျောက်ဖမ်းသွားမယ့်အချိန်ကို စောင့်ကြည့်နေကြတော့တာပေါ့ကွယ်...

“ဟန်နီ… ကိုယ်မောပြီကွယ်… ရေချမ်းချမ်းလေး တစ်ခွက်ဆက်ပါဦး…”

ဆရာကြီး၏ ကတော်က သူမ၏ နှုတ်ခမ်းကို တစ်ချက်စူလျက် ဆရာကြီးဘေးနားမှ ထသွားခဲ့လေသည်။

မင်းသားငယ်များမှာတော့ ခေါင်းကိုငုံ့လျက်၊ အချင်းချင်းလက်တို့ကာ ပြုံးစိစိဖြစ်နေကြလေသည်။

“ဂလု… ဂလွတ်.. ဂလု… ဂွပ်….”

ဆရာကြီးလည်း သူ၏ဟန်နီ ကမ်းလာပေးသော ရေချမ်းချမ်းလေးတစ်ခွက်ကို တဂွပ်ဂွပ်မြည်အောင် သောက်သုံးပြီးသကာလ သူ၏ပုံပြင်ကို ဆက်လေသည်…



“အဲ… ဒီလိုနဲ့ တစ်နေ့မှာပေါ့…. မျောက်ဖမ်းမုဆိုးလည်း တောထဲကို နံနက်ခင်း လင်းအားကြီးအချိန်မှာ ထွက်ခွာသွားတာကို သူ့အိမ်ရှေ့က ချုံပုတ်ထဲမှာ ကင်းပုန်းဝပ်နေတဲ့ စွမ်းအားရှင် ဘလော့ဂါ နှစ်ယောက် (အဲ. ဟုတ်ပါဘူး..) လူနှစ်ယောက်က လှမ်းမြင်လိုက်သတဲ့…

မျောက်ဖမ်းမုဆိုးသမား နာမည်က ဆွမ်ကျဲအို တဲ့… သူက ချင်းလူမျိုးလေ… မြူဆွမ်တွေကို ခပ်ကျဲကျဲ ဖျော်သောက်ရင်းက အိုသွားလို့ ဆွမ်ကျဲအို လို့ နာမည်တွင်လာခဲ့တာပေါ့…

ဆွမ်ကျဲအိုကို လိုက်လံချောင်းမြောင်းပြီး ခဲလက်သီးစာကျွေး (အဲ… ဆောရီး မှားပြန်ပြီကွယ်) လျှို့ဝှက်ချက်ကို ဖော်ထုတ်မယ့် ပုဂ္ဂိုလ်လေးနှစ်ယောက်နာမည်ကတော့ ယူအာဆွိနဲ့ ယူအာကွိတဲ့…

ယူအာဆွိလို့ နာမည်တွင်ရတာက သူက အမြဲပြုံးပြုံးပြုံးပြုံးနေတတ်ပြီးတော့ ဆွိဖြစ်လို့တဲ့လေ…

ယူအာကွိကတော့ ပြောလိုက်ရင် သောက်တလွဲဖြစ်ပြီး အမြဲအပြစ်တင်ခံရလို့၊ ဘန်းစကားနဲ့ ခပ်လန်းလန်းလေးပြောရရင်တော့ ခဏခဏ ကွိတတ်လွန်းလို့ ယူအာကွိလို့ နာမည်ပေးထားကြတာပေါ့…

ကဲ… ဆက်မယ်ကွယ်…”

မင်းသားငယ်လေးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဆရာကြီးပြောသည့် နာမည်ဆန်းများကို ပါးစပ်မှ လိုက်လံရွတ်ဆိုနေခဲ့ကြလေသည်။

အက္ခရာနတ္ထိ မင်းသားက အားလုံးကြားအောင် အော်ပြောသည်…

“ရှီးဘောဒိသာပါမောက္ခကြီးရဲ့ ဇာတ်ကောင်နာမည်တွေက ၀မ်ချောင် မာဟန် ကျန်းလုံ ကျောက်ဟူ နာမည်တွေထက် အပုံကြီးသာတယ်…”

“၀ါးးးးး ဟားဟားဟားဟား… သွပ်သွပ်သွပ်… အက်အက်အက်… ဟတ်ဟတ်..”

ဆရာကြီးလည်း နှစ်ခြိုက်အားရစွာ ပြုံးလိုက်ရင်းက အသံကို မြှင့်လျက် ဆက်ပွားလေတော့သည်…

….

“ဆွမ်ကျဲအိုမုဆိုးလေးနောက်ကို လူမသိသူမသိ လိုက်လံချောင်းမြောင်းရတာကလည်း စွမ်းအားရှင်တွေလို ရဲက ဘက်ကပ်နောက်ခံ မပေးထားတော့ အခက်တွေ့ရတာပေါ့ကွယ်…”

ရှားလားလားနန္ဒမင်းသားက ထိုင်ရာမှ ထမေးသည်…

“ရှီးဘောကလည်း… ခက်တာလိုက်လို့… ကဒ်ထူပြားပေါ်မှာ ဆော့ဖ်ပင်နဲ့ စာလုံးကြီးတွေ ရေးပြီးလိုက်ရင် ဘယ်သူမှ မထိရဲတော့ဘူးလေ…”

“ဟေ… လုပ်ပါဦး… ဘာရေးရမှာလဲ…”

ဒိသာပါမောက္ခဆရာကြီးလည်း စဉ်းစားတွေးခေါ်မှု အိုင်ကွီ (အိုင်ကျူထက်မြင့်သော အိုင်ကွီ) မြင့်သော ရှားလားလား မင်းသား၏ စကားကို စိတ်ဝင်တစားဖြင့် ပြန်မေးလိုက်လေသည်…

ရှားလားလား မင်းသားက…

“ဩော်… ရှီးဘောကလည်း… စီးပွားရေးပိတ်ဆို့တာကို ဆန့်ကျင်သည်… မဲရုံသို့ သွားကြပါစို့… ရှားလားလားလား…လို့ ရေးလိုက်ပေါ့…. ရှီးဘောကလည်း… ဟာပဲ… ဟာပဲ… ဟာကို…”

ပြောရင်းဆိုရင်းက ရှားလားလားမင်းသား နွဲ့သွားပါတော့သည်…

“မင်းမလဲကွာ… အရေးထဲ နွဲ့နေရသေး… Brokeback Bloggers ဖြစ်ချင်နေလို့လား… အားလုံး ကျားကြီးပဲ. သိလား… ဆရာကတော်နဲ့ သူ့သမီးလေး ပျံလန်ရှင်ဂွမ်းဂွိကလွဲ လို့…”

ပြောလည်းပြော. ဆရာကြီးကတော်ကို တစ်ချက်လှမ်းရှိုးလိုက်သည်မှာကား ပလေယာမင်းသားပင် ဖြစ်တော့၏…

ဆရာကြီးကတော် ဟန်နီကြည့်မြင်တိုင်ထိပ်မှောင်ဝင် မှာလည်း ရှက်ကိုးရှက်ကန်းဖြင့် ပဲကြီးလှော်ကိုသာ ငုံ့စားနေခဲ့ရင်းက…

“ဘူ…..”

“အဲတော့်… ထွက်ကုန်ပြီ… အဟင့်… ၀ါး…”

ဆရာကတော်ငိုတော့ ဆရာကြီးလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခါ သူ၏ ရွှေဥာဏ်တော်ကို ကွန့်မြူးရပါလေတော့သည်…

“အို… ဘယ်ဘယ့်. အိုဘယ့် နှမတော်… ထွက်တော်မူပြီလား..”
“အို…ဘယ်ဘယ့်.. အိုဘယ့် နှမတော်… လျက်တော်မူပါလား.. (လျက်ဆား)”
“အို..ဘယ်ဘယ့်.. အိုဘယ့် နှမတော်.. ကွက်တော်မူနဲ့လား…” (စိတ်ကွက်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏… စကားချပ်)

ဆရာကတော်လည်း ဆရာကြီး၏ အချော့တော်တေးဖြင့် မှေးမပျော်နိုင်ရှိနေသည်နှင့် မင်းသားငယ်များဖက်သို့ လှည့်ကာ အကူအညီတောင်းရလေတော့သည်…

ရက်ပ်ပါဟစ်ဟော့ပ်ဖလစ်ဖလော့ပ် မင်းသားက သူ၏ ပုဆိုးကို ခါးတောင်းကျိုက်လျက် ဆရာကတော်ဆီသို့ ဂျစ်ကန်ကန်ဖြင့် မထီတရီလှမ်းကြည့်လိုက်လေသည်။ (ဂျစ်ကန်ကန် မထီတရီ ကြည့်နည်းမသိလျှင် ရက်ပါများ၏ စီးရီးခွေများပေါ်တွင် ပို့စ်ပေးနေသော ဓာတ်ပုံများကို ကြည့်ပါလေ…)

“ရိုး.. ရိုး.. အို့… အိုး… ဟန်နီ… ငိုပါနဲ့ကွာ… အပိုတကယ်မပြော…
လိုတာထည့်စား… ပျိုတကယ်မမော
ဒီနေ့ပဲကြီးလှော်က မနေ့ကထက် ပေါက်တယ်.
မနက်ဖြန် ပဲလှော် ဒီနေ့ပဲထက်ပေါက်မယ်..
ရောက်လေရာ သယ်သွား. ၀ယ်စား. တကယ်မများ.. ဆယ်ပြား… အုအား…”

ဖလစ်ဖလော့ပ်၏ ခပ်မိုက်မိုက် ဟစ်ပ်ဟော့ပ် သံစဉ်များကြားတွင် ဆရာကတော်လည်း မျောသွားခဲ့လေတော့သည်…

….

“ဆက်ပါဗျို့…. ”

“ဟုတ်တယ်. ဆက်ပါဗျို့…”

“စောင့်နေရတာ ၁၉၉၀ ထဲကပဲ.. ဆက်ရွှီးပါဦးဗျို့…”

ပရိသတ်က ထိုသို့ပွဲတောင်းတော့ ဆရာရှီးဘောလည်း မနေနိုင်တော့ချေ…

“ဆန္ဒမစောကြပါနဲ့လေ… ဖြည်းဖြည်းပေါ့… လာ… မဲလေးထည့်သွား… ထောက်ခံမဲထည့်လည်း ထောက်ခံမဲပဲ. ကန့်ကွက်မဲထည့်လည်း ထောက်ခံမဲပဲထွက်တယ်. သိလား…”

“မတရားဘူး… အူး… ဟူးဟူး…. လုံးဝ… လုံးဝ…. လုံးးးးးဝ…”

ထိုကဲ့သို့ ထဖောက်သည်မှာကား ရော့ကာမက်တဲလ်သာကေတ မင်းသားပင်ဖြစ်တော့၏…

“ဘာကြောင့်လဲ… ဘာအတွက်လဲ…. ရှားလားလားလားလား..”

ရှားလားလား မင်းသားလည်း ထနွဲ့ပြန်ပါ၏…

“တော်စမ်းပါကွာ…. မင်းတို့က ဘာသိလို့လဲ… ဒီမဲပုံးက မိတ်အင်ချိုင်းနားကွ… လိုချင်တာပြောလိုက်… ပေါက်ဖော်ကြီးက တသွေမတိမ်းလုပ်ပေးတယ်ကွ… ကြားတယ်နော်. ထောက်လည်း ထောက်ပဲ. ကန့်လည်းထောက်ပဲ… ဒါကြောင့် မဲပုံးနာမည်ကိုတောင် တီလုတ်ကြီးကပေးထားသေးတယ်… ထောက်ကန့်ထောက် တဲ့…. ငှဲဟင်းငှဲညောင်း…”

ဆရာကြီးရှီးဘောက ငါးသလဲထိုးပြုံးကာ ပြန်ပြောခြင်းဖြစ်ပါသည်..

“ဟေ့ကောင်တွေ… တော်တန်တိတ်ကွာ… မင်းတို့ ပတ်စပို့်တွေ သိမ်းပစ်လိုက်လို့ နေပြည်တော် မပြန်နိုင်ဖြစ်သွားမယ်.. ဟွန်း…”

ထိုကဲ့သို့ ဘလိုင်းကြီးထကောသည်မှာကား ဆရာကြီးအားရ ကျွန်ပါးဝလုပ်နေသော အင်တာနေရှင်နယ်ဖွတ်ကြားပင် ဖြစ်တော့၏… အပေါ်အဖြူ အောက်အစိမ်းဖြင့် တိုက်ပုန်းအင်္ကျီကို အကျအန၀တ်ထားသော အင်တာဖွတ်ကားခန့်ညားလှပါဘိတောင်း…

မင်းသားငယ်များမှာလည်း နေပြည်တော်ပြန်ကာ ရှင်ဘုရင်လုပ်စားမည့်သူများ ဖြစ်သဖြင့် ပတ်စပို့ အသိမ်းခံရမည် ဆိုသည်နှင့် ၀ပ်သွားလေတော့သည်…

ထိုအခါ ဖွတ်ကြားလည်း စင်ပေါ်တက်ကာ ကမ္ဘာကျော် ဖွတ်ပုတတ်ဘုန်းတော်ဘွဲ့သီချင်းကို နားမခံသာအောင် သီဆိုရင်း ဖွတ်ကကပြပါလေတော့သည်….

….

“ကဲ… အားလုံးဇာတ်ကြောင်းရှင်းရင် ငါ့ဇာတ်လမ်းဆက်မယ်… ဘယ်သူမှ မကန့်ကွက်တာ ထောက်ခံတာပေါ့နော်… အက်အက်အက်”

ရှီးဘောဆရာကြီးလည်း ရော့စတီးဝပ်အသံဖြင့် ခပ်ကွဲကွဲရှတတ ရယ်ကာ သူ၏ မျောက်ဖမ်းခြင်းအကြောင်းကို ဆက်ပြောလေတော့သည်…

ပရိသတ်ကြီးကား အပ်ကျသံကြားအောင် ငြိမ်နေလေတော့သည်…..

“ယူအာဆွိ နဲ့ ယူအာကွိတို့နှစ်ယောက်သား ဆွန်ကျဲအိုနောက်ကို လိုက်တယ်ဆိုတာ ငါပြောနေတာနော်. ဟုတ်တယ်မလား..”

“ဟုတ်ပါတယ် ဆရာကြီး… အဲဒါ. ၁၉၇၄ ကတည်းကပါ… ကြာပေါ့… ဆရာကြီးပဲ ဆက်မပြောဘဲ မေ့ချင်ယောင်ဆောင်ထားတာ.. ၁၉၉၀ တုန်းကလည်း ဒီအတိုင်းပဲ.. အဲဟဲဟဲ… ဗြဲ…”

ဝေါ်စွတ်မင်းလောင်းမင်းသား၏ ရဲရဲတောက် အသံပင်ဖြစ်တော့၏…

အင်တာနေရှင်နယ် ဖွတ်ကြား၏ ဦးခေါင်း ဆတ်ခနဲ လည်ထွက်သွားကာ ဝေါ်စွတ်မင်းလောင်းမင်းသား၏ မျက်ဝန်းများကို စိုက်ကြည့်ပစ်လိုက်သည်…

“ရော့… အင့်… ခွပ်… ဖုန်း… ဖုန်း… ဖုန်း…”

ဝေါ်စွတ်မင်းလောင်း မင်းသားတစ်ယောက် သွေ့ပုကျိကွိကွိ ဖြစ်သွားခဲ့လေတော့သည်…

….

အင်တာနေရှင်နယ်ဖွတ်ကြား၏ လက်သံပြောင်လေလေ၊ ရှီးဘောဆရာကြီး၏ အသံဝါကြီးက ပိုပြီး ၀ါလာလေလေပင် ဖြစ်တော့၏…

“ငြိမ်ငြိမ်နေကြလေကွာ… ဒီမှာ အာရုံစိုက်လို့မရတော့ဘူး... အကုန်ဆွဲစိပစ်လိုက်တော့မယ်… ဟွန်း..”

“တောက်….”

တက်ခေါက်သံမဟုတ်ပါ…. ငြိမ်သက်လွန်း၍ ရေကျသံကိုပင် ကြားနေရခြင်းပင် ဖြစ်တော့၏… ရေကြည်အိုင် အပန်းဖြေစခန်းမှ ရေကျသံထက်ပင် ပြင်းမည်ထင်ပါသည်… မင်းသားအားလုံးကား နပ်၏… ချက်ဆိုလျှင် နားခွက်က မီးတောက်… တောက်ဆိုလျှင် ရေကြည်အိုင်ရောက်မည် လူပါအပျောက် ဟူ၍ပင်…

“အဲဒီလိုနဲ့ပေါ့ကွယ်…. ဆွန်ကျဲအိုတစ်ယောက် မျောက်ဖမ်းမလို့ ပြင်ဆင်နေတာကို ယူအာဆွိနဲ့ ယူအာကွိတို့ နှစ်ယောက် သစ်ပင်နောက်ကနေ ချောင်းမြောင်းကြည့်ရှုနေကြသတဲ့…

ဆွန်ကျဲအိုဟာ သူ့ရဲ့ North Face ကျောပိုးအိတ်ထဲကနေ အဆင်သင့်ယူလာခဲ့တဲ့ အုန်းသီးတစ်လုံးကို ထုတ်လိုက်သတဲ့…

အုန်းသီးမှာ အပေါက်သေးသေးလေးဖောက်ထားတာကိုလည်း ဆွိနဲ့ကွိတို့ တွေ့လိုက်ရတယ်..

ပြီးတော့ ဆွန်ကျဲအိုဟာ အုန်းသီးလေးထဲကို မုန့်လေးတစ်ခုနှစ်ခု ထည့်လိုက်တာကိုတွေ့လိုက်ရတယ်.

အဲဒီ့နောက်မှာတော့ ဆွန်ကျဲအိုဟာ အုန်းသီးလေးကို ကြိုးနဲ့ချည်ပြီး ကျန်တဲ့ ကြိုးတစ်စကိုတော့ ငုတ်တိုင်လေးတစ်တိုင်မှာ ချည်လိုက်တယ်.

ငုတ်တိုင်လေးကို မြေကြီးမှာ စွဲနေအောင် ရိုက်လိုက်တယ်.

ဆွိနဲ့ကွိတို့လည်း ဆွန်ကျဲအိုလုပ်သမျှကို စိတ်ဝင်တစားလိုက်ကြည့်နေခဲ့တာပေါ့…

ဆွန်ကျဲအိုလည်း မျောက်အတွက် ထောင်ချောင်လုပ်ပြီးတဲ့နောက် သူလုပ်ထားတဲ့ လင့်စင်ပေါ်သွားတက်အိပ်ဖို့ ပြင်ဆင်နေတော့တာပေါ့ကွယ်…

ဆွိနဲ့ကွိတို့လည်း နီးစပ်ရာ ညောင်နှစ်ပင်ပေါ် အသီးသီးတက်အိပ်ကြတော့တာပေါ့…

အဲဒီ့ညက မိုးတွေရွာတယ်… ပြီးတော့ ညောင်နှစ်ပင်ကိုလည်း မိုးကြိုးပစ်သတဲ့…

ဩော်… ဆွိနဲ့ကွိတို့ အိပ်တဲ့ ညောင်နှစ်ပင်တော့ မဟုတ်ပါဘူး…

မင်းတို့သိပါတယ်…

သိပါတယ်ကွာ… ဟဲဟဲဟဲ…”

ဆရာကြီးလည်း ပြောလည်းပြော ရယ်လည်းရယ်နေတော့ မင်းညီမင်းသားတွေလည်း စိတ်လက်ပေါ့ပါးပြီး လိုက်ရယ်ကြတော့တာပေါ့…


“ဒီတိုင်းကျတော့လည်း တို့ ရှီးဘောက မဆိုးပါဘူး… နောက်လကျရင် လခတွေတောင် တိုးပေးဦးမယ် ဆိုပဲ… အက်အက်အက်…”

….

ဆရာကြီးလည်း ပုံပြင်ကိုအလွတ်မပြောနိုင်တော့သဖြင့် ဘုတ်အုတ်ကိုကိုင်ကာ အသံကျယ်လောင်စွာဖြင့် ဖတ်ပြနေတော့၏…

နံနက်မိုးသောက် အရုဏ်ရောက်သော်…….

“ကွိ… ကွိ… ခွီး… ခွီး… ၀ုအို့. ၀ုအို့…. ဖုတ်.. ဖုတ်..ဖတ်… ဖတ်… ”

အသံဗလံမျိုးစုံကြောင့် ဆွိနှင့်ကွိတို့လည်း ညောင်နှစ်ပင် ပျက်ပြီအထင်ဖြင့် လန့်နိုးလာခဲ့လေသည်..

အထင်နှင့်အမြင်ကား တက်တက်စင်အောင်လွဲတော့သည်..

ညောင်နှစ်ပင်မပျက်သည့်အပြင် မဲပင်ထည့်ခိုင်းနေတော့၏… (ဟတ်. ဆောရီး.. လွဲပြန်ပြီ..)

မျောက်တစ်ကောင် အုန်းသီးတစ်လုံးနှင့် နပန်းလုံးနေသည်ကို တွေ့လိုက်ရသည်…

ကွိကွိမှာ မျောက်အော်သံဖြစ်ပြီး ခွီးခွီးမှာ မျောက်စိတ်တိုသဖြင့် အုန်းသီးကို ထုရိုက်ခြစ်ကုတ်နေခြင်း ဖြစ်ကာ ၀ုအို့ မှာ မျောက်ဝမ်းနည်းသဖြင့် အော်သံဖြစ်သည်… ဖုတ်.. ဖုတ်မှာကား မျောက်၏ အမြီး မြေကြီးပေါ်သို့ ရိုက်နေခြင်းနှင့် ဖတ်.. ဖတ် မှာမူ အုန်းသီး မြေကြီးပေါ် ပြုတ်ကျအောင် ရိုက်ထုတ်နေသော အသံပင်ဖြစ်တော့၏…

ဆွိနှင့်ကွိတို့လည်း မျောက်၏ ဖြစ်အင်ကို နားမလည်နိုင်အောင်ဖြစ်နေစဉ် မုဆိုးကျော် ဆွန်ကျဲအို လင့်စင်ပေါ်မှ နိုးထလာသည်ကို တွေ့လိုက်ရသည်…

ဆွန်ကျဲအိုလည်း ဆွိနှင့်ကွိတို့ကို မြင်သွားပြီး…

“What’s up, men? What’s going on here?”

ဆွိနှင့်ကွိတို့လည်း..

“Not much, bro… Just hanging out here and saw a monkey was busted…”

ဆွန်ကျဲအို၊ ဆွိနှင့်ကွိတို့သည် ဘရစ်တစ်ရှ်ကောင်ဆဲလ်၊ ယူအက်စ်အိုင်အက်စ်၊ ဆရာကြီးဦးဝင်းနိုင်၊ ဘ၀သစ်ဦးအောင်ကျော်၊ လှည်းတန်းဦးမြကြိုင်၊ YES၊ IELTS၊ TOEFL၊ SATI, SATII, SATIII, IV… စသည့် အနှီအင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်းမျိုးစုံတွင် တက်ရောက်သင်ကြားခဲ့ကြသော သင်တန်းဂျပိုးများဖြစ်သည့်အားလျော်စွာ တွေ့လျှင် ဘိုလိုသာ နှုတ်ဆက်တတ်ကြလေသည်…

ရှေ့လျှောက် မြန်မာလိုသာ ဆက်ရေးပါမည်. (စာရေးသူ၏ စကားချပ်… ဟတ်ဟတ်ဟတ်)

ဆွန်ကျဲအိုလည်း ငါးခူပြုံးပြုံးကာ (ငါးသလဲထိုးက ရှီးဘောကပြုံးတာ. ဒါက ငါးခူပြုံး) ဆွိနှင့်ကွိတို့ကို ခေါင်းတစ်ချက်ဆတ်ပြလိုက်လေသည်…

“ငါသိနေပါတယ်ကွာ” ဆိုသည့်သဘောပင်ဖြစ်တော့၏…

ဆွိနှင့်ကွိတို့လည်း အောင့်မထားနိုင်တော့သဖြင့် ပေါက်ချ (အဲ.. ဆောရီး) ဖွင့်မေးလိုက်တော့လေသည်…

“ဆွန်ဆွန်ရယ်… နင်သိပ်တော်တာပဲ… မျောက်ကို အုန်းသီးနဲ့ဖမ်းသွားတာ ရေလည် လေးစားတယ်. တို့ကို ပြောပြ. ဘယ်လိုလုပ်လဲ..”

ယူအာဆွိ၏ ချိုအီမွှေးစိမ့်သော စကားချီးကို ကြားလိုက်ရသည်နှင့် ဆွန်ကျဲအိုလည်း ဖင်တွန့်သွားကာ ကျွတ်ကြဲစွာ ပြန်ပြောလေသည်…

“ဟဲ့ကောင်မ … အဲ.. ကောင်ထီး… အာ… ဆွိ… စကားကောင်းကောင်းကို မပြောဘူး. ဂျော်ရကီးကျနေတာပဲ. နင်ဘာသိချင်တာလဲ ရှင်းအောင်ပြော”

ကွိလည်း မနေနိုင်တော့သဖြင့် ၀င်ရလေတော့သည်…

“ဩော်.. ဆွန်ရယ်. သူသိချင်တာကလေ.. ဟိုဟာပေါ့နော်.. ဆွန်က ပေါ့နော်. ဟိုလေ. မျောက်ကလေးကိုပေါ့နော်.. ဘယ်လိုမျိုးပေါ့နော်. ဖမ်းလဲဆိုတာကိုပေါ့နော်. အဲတာလေ… သိချင်တာတဲ့… ပြောပြနိုင်ရင်ပေါ့နော်… တဆိတ်လောက်… နော်”

တက်သစ်စ မော်ဒယ်လ်ပေါက်စန ပဲများများရန်ကုန်သူလေသံဖြင့် ညုတုတုပြန်ပြောသည်မှာကား ကွိပင်ဖြစ်တော့၏…

ဆွန်ကျဲအို ပေါက်ကွဲလေပြီ..

ဘူ….

“ညကတစ်ညလုံး လင့်စင်ပေါ်မှာ အောင့်ထားရသမျှ ခုမှပဲ ပေါက်ကွဲနိုင်တော့တယ်. သွပ်သွပ်သွပ်….”

“ဆွန်…. ညာကစ်ပါကတ်.. ဟွန့်…”

ဆွန်ကျဲအို တင်းသွားသည်…

“ဆွိ… မင်းဘာပြောတာလဲ… မင်း ငါ့ကို ရန်စတာလား… ညာကစ်ပြီး ပါကတ်ရအောင် ငါက ဘာကောင်ဖြစ်နေလို့လဲ… မင်းကွာ… မင်းကွာ… မင်းးးးးးးးး”

ကွိလည်း ၀င်ရပြန်လေသည်…

“ဆွန်ရယ်. အဲဒါက ဂျော်ရကီးတွေ ကကြီးသုံးပြီးပြောတာပါ… ညာကစ် ဆိုတာ ညစ်တဲ့. ပါကတ်ဆိုတာ ပတ်တဲ့… ဆွန်လေလည်တာကို ညစ်ပတ်လို့ ပြောတာ. သိပြီလား. မဆိုးပါနဲ့ကွာ. အချင်းချင်းတွေပဲ. ဖောင်ကြီးသင်တန်းတောင် အတူတူတက်ခဲ့ကြသေးတယ်လေ. မှတ်မိတယ်ဟုတ်…”

ထိုသို့ပြောတော့လည်း ဆွန်တစ်ယောက် လျှော့ချလိုက်ရပြန်လေသည်… (စိတ်)

….

“ကဲ.. ပြော.. ဆွန်.. ဘယ်လိုမျောက်ဖမ်းတာလဲ… ”

ဆွန်ကျဲအိုလည်း ဆွိနှင့်ကွိတို့အမေးကို ဖြေရန် ချောင်းတစ်ချက်ဟန့်လိုက်သည်…

“အိမ်း… အမေးနွားကျောင်းသား အဖြေဘုရားလောင်း ဆိုသလိုပေါ့… ပညာရှိဆိုတာ မတီးမမြည်. တီးမှမြည်တဲ့ ဆည်ကြီး… အဲ.. စည်ကြီးဆိုသလိုပေါ့… မင်းတို့က မေးလည်းမေး တီးလည်းတီးတော့ ငါလည်း ဖြေပြီး မြည်ရတော့မပေါ့ကွယ်…”

ဆွိနှင့်ကွိတို့လည်း ဆွန်ကျဲအို၏ မြောက်ကြွကြွ မျက်နှာပေးကို အံကြိတ်ကာကြည့်ရင်း…

“မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ… တူဖြစ်တုန်းနှံထားဦးပေါ့… ပေဖြစ်မှ အင်တာနေရှယ်နယ် ခုံရုံးကို ပို့ပစ်ဦးမယ်… ”

ပါးစပ်က ထုတ်မပြောပါ. စိတ်ထဲတွင်ကြိမ်းဝါးနေခြင်းသာ ဖြစ်တော့၏…

“ဒီလိုကွ… ငါက တော်ရုံတန်ရုံလူကို ပြောတာမဟုတ်ဘူး.. မင်းတို့နဲ့ငါနဲ့က ဖောင်ကြီးမွန်းမံသင်တန်းတက်ပြီး ဖောင်ကြီးဆင်း ဖင်ကြီးစောင်းလာသူတွေအချင်းချင်းမို့ ပြောပြတာ…”

“ဟုတ်ပါပြီ. လိုရင်းပြော. မျောက်ကို ဘယ်လိုကိုင်ထည့်ပစ်လိုက်တာလဲ.”

ဒီတစ်ခါစိတ်မရှည်သူကတော့ ဆွိပင်ဖြစ်တော့သည်….

ဆွန်ကျဲအိုပင် အံ့အားသင့်ကာ နည်းနည်းဖြုံသွားလေသည်…

လူဆိုသည်ကလည်း ငြိမ်နေလျှင်ပိုဖိတတ်ကြပြီး အမြဲငြိမ်နေသူများ ကြွတက်လာလျှင် ဖြုံတတ်ကြသည်မှာ သဘာဝပင်ဖြစ်လေသည်…

သို့သော် ဆွန်က ဟိတ်ဟန်ကောင်းသည်… မုဆိုးလည်းဖြစ်သည့်အားလျော်စွာ အရာရာကို စစ်ရေးအမြင်ဖြင့်သာ ကြည့်ရှုရင်ဆိုင်တတ်သည်… ထို့ကြောင့်လည်း နိုင်ငံတော်အကြီးအကဲ… (အဲ… မဟုတ်ပါဘူး.. ဖတ်လက်စ အခြေခံဥပဒေကြီးဖယ်ထားဦးမှပဲ. စာဆက်ရေးလို့တောင်မရတော့ဘူး. အဟွတ်ဟွတ်)

ထို့ကြောင့် ဆွန်ကျဲအိုတစ်ယောက် သွေးအေးလူသတ်သမား သွားလေသူ စိုးဝင်းအကြည့်မျိုးဖြင့် တစ်ချက်ကြည့်ကာ …

“အေးဆေးပေါ့ ကိုယ့်လူ… ကိုယ့်လူက တောင်းတဲ့သူ… ကျုပ်ကပေးရမယ့်သူ… အေးဆေးပေါ့… ဟင်းဟင်းဟင်း…”

ငါးမြွေထိုးအကြည့်မျိုးဖြင့် ဟင်းဟင်းဟင်းဟု အံခဲကာ ရယ်လိုက်တော့ ကွိပင် ကွိချင်စိတ်ပေါက်သွားတော့၏…

….

“ဒီလိုရှိတယ် ဆွိနဲ့ကွိ…”

ဆွိနှင့်ကွိလည်း ခေါင်းရှေ့စိုက်ကာ သေသေချာချာ နားထောင်နေကြလေသည်…

“မျောက်ကိုအုန်းသီးနဲ့ ထောင်မဖမ်းခင် အရင်ဆုံး အုန်းသီးကို အပေါက်ဖောက်ရတယ်. လက်ဝင်သာရုံလေးပေါ့… မကျယ်မကျဉ်းပေါ့ကွာ..”

ဆွိနှင့်ကွိတို့ အပီအပြင်ပင် လိုက်မှတ်နေကြပါသည်…

ဆွန်ကျဲအိုက အသံကိုနည်းနည်းနှိမ့်လျက် ဆက်ပြောသည်…

“မင်းတို့သိလား… လူတွေတောင် ကိုယ်ရပြီးရင် ပြန်ပြီး လက်လွှတ်ချင်တာမဟုတ်ဘူး. မျောက်ဆိုမှတော့ ဝေလာဝေးပေါ့ကွာ…”

“နင်ပြောတာ ငါပြန်ပြောလိုက်ရင် သူကြီးက သူ့ကိုစောင်းပြောတယ်ဆိုပြီး နင့်ကို ဆွဲစိလိုက်လို့ နင်ငုတ်တုတ်မေ့သွားမယ်နော်. ချယ်လ်ဆီး မန်ယူကိုနိုင်လို့ ငိုနေတဲ့သူတွေထက် ပိုဆိုးသွားမယ်. ဟွန့်…”

ဆွိ၏ ပျော့စိစိခြိမ်းခြောက်သံကြောင့် ဆွန်ကျဲအိုတစ်ယောက် ဒီတစ်ခါ တကယ်ဖြုံသွားတော့၏။

“မလုပ်ပါနဲ့ကွာ. မျောက်ဖမ်းနည်းအကြောင်း ဆရာစားမချန်ပြောပြပါမယ်.. ခါကွင့်လာကွတ် ပါနော်…”

“အံမယ်. သူတောင် ခွင့်လွှတ်ဆိုတာကို ကကြီးနဲ့ ပြောတတ်နေပြီ. သိပ်တော်တာပဲ. အာဘွား…”

ဆွိ၏ စကားများကို ဆွန်တစ်ယောက် ဒီတစ်ကြိမ်တွင်မတော့ ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိတော့ပါ. မလွန်ခင်က ကျွံခဲ့မိပြီကိုး…. သွပ်သွပ်သွပ်…. (အိမ်မြှောင်စုတ်ထိုးခြင်းဖြစ်၏.)

“အုန်းသီးကို အပေါက်ဖောက်ပြီး အထဲမှာ မျောက်တွေကြိုက်တတ်မယ် ထင်တဲ့ မုန့်ချိုချိုလေးတစ်ခုနှစ်ခုလောက် ထည့်ထားလိုက်တယ်ကွာ…”

ဆွန်ကျဲအိုက ဆက်ပြောသည်…

“မျောက်က မုန့်နံ့ရတော့ အုန်းသီးထဲကို လက်နှိုက်ပြီးယူတယ်. ပြီးတော့ လက်ကို ပြန်ထုတ်တော့ ထုတ်မရတော့ဘူး.. အုန်းသီးအပေါက်ဝမှာ တစ်နေတယ်…

မျောက်က စိတ်ပူပြီး အားနဲ့ရုန်းတယ်. မရဘူး. အုန်းသီးအပေါက်ဝမှာ မျောက်ရဲ့လက်က တစ်နေဆဲပဲ..

ဘာလို့လဲဆိုတော့ အုန်းသီးအပေါက်ဝက လက်ဖြန့်ပြီး အ၀င်အထွက်ပဲ လုပ်လို့ရတာလေ. လက်သီးဆုပ်ပြီး အသွင်းအထုတ်လုပ်လို့မရဘူး…

မျောက်က မုန့်ကို လက်မလွှတ်နိုင်တော့ လက်သီးဆုပ်နဲ့ပဲ ရုန်းထွက်တယ်. အဲဒီ့မှာ သူ ဒုက္ခရောက်တာပဲ… မုန့်ကိုလွှတ်ချလိုက်ရင် လွတ်နိုင်မယ်ဆိုတာကို သူမသိဘူး. ”

ဆွန်ကျဲအို၏ မျောက်ဖမ်းနည်းအကြောင်းကို ဆွိနှင့်ကွိတို့ စိတ်ဝင်တစားဖြင့် ရေးမှတ်နေကြလေသည်…

ဆွန်ကျဲအိုက ဘလော့ဂါရန်အောင်၏ လေသံဖမ်းကာ…

“ကဲ. Conclusion ဆွဲမယ်… အဟမ်းအဟမ်း…

ငါဆိုလိုတာက… မျောက်ထောင်ချောက်ကနေ မျောက်ရုန်းထွက်နည်းက လွယ်ပါတယ်. သူဆုပ်ကိုင်ထားတဲ့ မုန့်ကို လွှတ်ချလိုက်ပြီး လက်ဝါးကို ပြန်ဖြန့်ပြီး အသာလေး လျှိုထုတ်လိုက်ရုံပဲ…

ဒါပေမယ့် မျောက်က သူ့မုန့်ကို လက်မလွှတ်နိုင်ခဲ့ဘူးလေ…

ဒါကြောင့် သူပျက်စီးရတယ်…

အဲဒါ ငါ့ရဲ့ မျောက်ဖမ်းနည်း နိဿရည်းပဲ… ”

….

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်…

ဆရာကြီး ရှီးဘောဒိသာပါမောက္ခ၏ ခန့်ညားထည်ဝါသော အသံဝါကြီးအောက်တွင် အိပ်ငိုက်နေကြသော မင်းညီမင်းသားများ လန့်နိုးလာကြလေတော့သည်…

“ညီလာခံပြီးသွားပြီလား…”

“၂၅ % ဟုတ်လား…”

“ကန့်ကွက်မဲပေးရင် ၃ နှစ်၊ မဲလုံးဝလာမပေးရင် ၁၄ နှစ် ဟုတ်လား”

“စစ်ရေးအမြင်ရှိရမယ်ဆိုပါလား… ကောင်းသားပဲ. Star Wars ဆော့မယ်. Red Alert ပစ်မယ်.”

တစ်ယောက်တစ်ပေါက်ဖြင့် မေးမြန်းပြောဆိုနေကြသော မင်းသားငယ်များ၏ အသံများကို ဖုံးလွှမ်းလျက် ဆရာကြီးက သူ၏ ဩ၀ါဒကထာကို မြွက်ကြားလေသည်…

“တပည့်တို့… မင်းတို့သာ မျောက်နေရာမှာဆိုရင် ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် ကြံဆောင်ကြမလဲ…”

အိုင်ကွီမြင့်သော ရှားလားလားမင်းသားက စပြောသည်…

“အဓိကပြဿနာက မျောက်က အုန်းသီးကိုပဲ အာရုံစိုက်နေလို့… အုန်းသီးကို ချည်ထားတဲ့ ငုတ်တိုင်ကို ကျန်တဲ့လက်တစ်ဖက်နဲ့ ဆွဲနှုတ်ပြီး တောထဲဝင်ပြီး. ပြီးတော့ တောထဲရောက်မှ ပြန်ပြီး Figure out လုပ်ရင် အနည်းဆုံးတော့ မုဆိုးရန်က လွတ်နိုင်တယ်…”

“ဖျောင်းဖျောင်းဖျောင်းဖျောင်း…”

လက်ခုပ်သံများမဟုတ်ပါ… ရှားလားလားမင်းသားကို ၀ိုင်းပြီး နပန်ကျင်းကြခြင်းပင် ဖြစ်တော့၏…

“တော်တော်တုံးတဲ့ကောင်… ငုတ်တိုင်ကို ပေါက်ဖော်အင်ဂျင်နီယာကြီးတွေကိုယ်တိုင် ကချင်ပြည်နယ် ကျွန်းသစ်တောတွေကို ခုတ်ထစ်ပြီး ယူလာတာကွ. မင်းက ဘာသိလို့လဲ… ဘယ်တော့မှ မကျွတ်ဘူး…”

“မျောက်က ကြိုးကို ကိုက်ဖြတ်လိုက်ရင်ရော… ဆရာကြီး”

အူကြောင်ကြားမင်းသား၏ အကြံပြုချက်ပင်ဖြစ်သည်…

“မရဘူး.. အူကြောင်ကြား… အဲဒီ့ကြိုးက ဆက်ဒမ်ဟူစိန်ကို ဆွဲကြိုးချဖို့ လုပ်ပေးထားတဲ့ ကြိုးထဲက ကျန်တာကို အော်ဒါမှာထားတာ. မလွတ်ဘူးကိုယ့်လူ… မရဘူး.. အူး..ဟူး…ဟူး…”

ရော့ကာမက်တဲလ်သာကေတမင်းသားက ၀င်ထောက်ခြင်း ဖြစ်ပါသည်…

“Yo. မင်းတို့ဖောက်တွေးတတ်ရမယ်ကွ … you know. အများအတွက် အနည်းတော့ရင်းရမယ်… မြွေမသေတုတ်မကျိုးလုပ်လို့တော့ မရဘူး… you know what I am saying?”

ဖလစ်ဖလော့ပ် ရက်ပါမင်းသား ၀င်လာခြင်းဖြစ်ပါသည်…

ဆရာကြီးလည်း အိုင်ကွီမြင့်သော သူ၏ ချစ်တပည့်များ၏ ဆွေးနွေးခန်းကို နှစ်ခြိုက်အားရစွာ ပြုံးကြည့်နေခဲ့လေသည်…

“ဒါဆိုဘာလုပ်သင့်သလဲ ချစ်တပည့်…”

“မုဆိုးလာဖမ်းရင် လိုက်သွားလိုက်… သူထားရာမှာ လိမ်လိမ်မာမာနေလိုက်… မုဆိုးစိတ်ထဲမှာ ဒီမျောက်လေး လိမ္မာတယ်ဆိုပြီး အခွင့်ထူးတွေပေးလာတော့မှ တစ်နေ့မှာ ရုန်းထွက်ပြေးပေါ့… ဒါကို ပူးချတယ်လို့ ခေါ်တယ်.. you know what I mean, guys?”

“လခွီးထဲမှပဲ… တို့ဗမာအစည်းအရုံးလည်း ဒိုင်အာခီနဲ့ ဒီလိုကွဲခဲ့ဖူးပြီ. မင်းက သမိုင်းကိုမလေ့လာဘဲ ပူးချဖို့ ကြိုးစားချင်သေးတယ်. မင်းကိုပဲ ဟိုကပူးချသွားလိမ့်မယ်… ဖွတ်ကျားရဲ့…”

“ဘာကွ. ငါ့နာမည်ယူသုံးရအောင် မင်းက ဘာကောင်မို့လဲ… ဖျောင်း. ခွပ်. ဒိုင်း..”

အခြေအနေအနည်းငယ်ရှုပ်ထွေးသွားပါသည်… ဖလစ်ဖလော့ပ်ရက်ပါမင်းသား၏ အကြံပြုချက်အား ဝေါ်စွတ်မင်းလောင်းမင်းသားမှ ၀င်ထောက်စဉ် အင်တာဖွတ်ကြား၏ လက်ဝါးစာ မိသွားခြင်းပင် ဖြစ်သည်…

“တကယ်ဆို မျောက်က ပဓာနနဲ့ သာမညမခွဲနိုင်လို့…”

ဆရာကြီး၏ မျက်ခုံးများပင် အနည်းငယ်ပင့်တက်သွားခဲ့ရသည်…

ကျန်းစန်းဖုန်းစတိုင်ဖြင့် ဆရာကြီးလည်း မုတ်ဆိတ်မရှိသော သူ၏ မေးစေ့ကို စတိုင်ကျကျ ပွတ်သပ်နေခဲ့ရင်းက…

“ပြောပါဦး ပလေယာလျှောက်ရွှီးမင်းသားလေးရဲ့… မျောက်ဘာလုပ်သင့်သလဲ…”

“သူ့ကိုဖမ်းမိထားတဲ့လက်ကြောင့် ဒုက္ခရောက်ရတာ. အဲဒီ့လက်က သူ့အသက်လောက် အရေးမပါဘူး…”

“ဒီတော့…”

အားလုံးက တစ်ပြိုင်တည်းဝိုင်းမေးကြခြင်းဖြစ်လေသည်…

“ဒီတော့ လက်ကိုဖြတ်ပစ်ရမယ်…”

“ဟာ……….”

အားလုံးက တစ်ပြိုင်တည်း ၀ိုင်းဟာကြခြင်း ဖြစ်လေသည်…

“မင်းရဲ့အတွေးအခေါ်က terrorist ဆန်တယ်… ဒီတိုင်းတွေးနိုင်မယ်သာ မှန်ရင် အဲဒီ့မျောက်က မျောက်မဖြစ်နိုင်တော့ဘူး… အိုင်ကျူမြင့်လွန်းသွားပြီ… မဖြစ်နိုင်ပါဘူးကွာ..တော်ကြာ ဘင်လာဒင်က လာပြီး recruit လုပ်သွားရင် ငါတို့လူတွေဒုက္ခ…”

ဆရာကြီးရှီးဘော၏ မကျေမချမ်း ညည်းတွားသံကို ကြားတော့ အင်တာနေရှင်နယ် ဖွတ်ကြား၏ လက်ဝါးက မြောက်တက်သွားသည်…

ပလေယာလျှောက်ရွှီးမင်းသားလည်း အခြေအနေမကောင်းသည်ကို အကဲခတ်မိသည်နှင့်..

“ကိုကြီးဖွတ်… ဒီမှာလေ ကိုကြီိးဖွတ်ကတော် ဖွတ်မဒမ်အတွက် စိန်တစ်ရံစာ… အာဖရိကစိန်နော်. ဘာမှတ်လဲ…”

အင်တာဖွတ်၏ မြောက်တက်သွားသော လက်ဝါးသည် အပြားလိုက်ဖြစ်သွားကာ တစ်စုံတစ်ရာကို ခံယူဖို့ အသင့်ဖြစ်နေလေတော့သည်…

အားလုံးတစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြသည်ကို စိတ်မရှည်နိုင်တော့သည်နှင့် ဆရာကြီးရှီးဘော သတင်းစာရှင်းလင်းပွဲလုပ်ရပါတော့သည်…

သို့သော် ကြိုပိတ်ထားရသေး၏… သူဖြေနိုင်သည်များကိုသာမေးရန်နှင့် မဖြေနိုင်သည်များကို ဘောင်ကျော်မေးသော ဂျာနယ်လစ်များကို နာမည်မှတ်ထားရန် အင်တာဖွတ်ကျားကို ကြိုတင်မှာထားရသေး၏…

“ကဲ… အားလုံးပဲ ရှုပ်ကုန်ကြပြီပေါ့…

အဓိကအချက်ကတော့ ရှင်းပါတယ်…

ကျွန်တော်တို့မျောက်ဟာ နောက်ဆုံးမှာ အဖမ်းမခံရပါဘူး…

အုန်းသီးထဲကနေလည်း လွတ်ထွက်မသွားပါဘူး...

ဒါပေမယ့် သူ တောထဲမှာ အုန်းသီးပိုက်ပြီး သူ့ဘ၀ကို ကုန်ဆုံးသည်ထိ နေထိုင်သွားခဲ့တယ်…

မျောက်အုန်းသီးရသလို ဆိုတဲ့စကားပုံဆိုတာ ကျွန်တော်တို့ရဲ့ မျောက်ကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ စကားပုံပေါ့ဗျာ…”

“ဖြည်းဖြည်းဖြည်းဖြည်းပြော… နားနားပြီးပြောမောမယ်… တိုးတိုးတိုးတိုးလေးပြော.. အားလုံးလည်းကြားပါတယ်..”

ဂျာနယ်လစ်တစ်ယောက် အင်းစိန်သို့ အထူးစပါယ်ရှယ် ကားပြာကြီးဖြင့် ကြွမြန်းသွားရပါတော့သည်…

ဆရာရှီးဘော ဆက်ပြီး သတင်းစာတွေ ရှင်းပါသည်… မြန်မာတိုင်းမ်၊ ဗွိုက်စ် စသည့် ခွင့်မပြုသော သတင်းများကို ဖော်ပြသည့် သတင်းစာများကို စရှင်းပါသည်…

ဆက်လက်ပြီး ရှင်းပါသည်…

ဆရာရှီးဘောကို ဘက်ကပ်လုပ်ထားပေးသော ဂျာနယ်လစ် စွယ်စုံသုတမှ စာတည်းမှူး ရင်ချွန်းမူး ထမေးပါသည်…

“ဒါဆို ဆရာကြီး… မျောက် ဘယ်လိုလွတ်မြောက်သွားခဲ့တာလဲ ဆိုတာကို အခြေခံလွတ်မြောက်လိုခြင်း သီအိုရီ (၀ါ) Bare Necessity ရှုထောင့်ကနေ ပြောပြပေးပါလား ဆရာကြီး…”

ရှီးဘောဆရာကြီးလည်း အားလုံးသော ပရိသတ်ကို ခြုံငုံကြည့်ရှုသုံးသပ်ပြီးသကာလ သူ၏ ကွန်ကလူးရှင်းကို ပြောချလိုက်လေတော့သတည်း…

“မျောက်လက်ထဲမှာ သေနတ်ရှိနေခဲ့တယ်…”

Monday, February 11, 2008

မိမိကိုယ်ကို သစ္စာရှိခြင်း...

အားလုံးပဲ မင်္ဂလာပါ.

ဟိုတစ်လောက ကျွန်တော်နဲ့ ဘလော့ဂါတစ်ချို့ အငြင်းပွားဖွယ်ရာ ကိစ္စလေးတစ်ခုဖြစ်ပြီး ကျွန်တော်အားလုံးကို ပြန်လည်တောင်းပန်ခဲ့တာ အသိပဲ ဖြစ်မှာပါ. ပြီးတော့ ကျွန်တော်တင်ထားခဲ့တဲ့ ပို့စ်တစ်ခုကိုလည်း ပြန်ဖြုတ်ခဲ့ပါတယ်.

အမှန်တော့ ကျွန်တော်ရေးခဲ့တဲ့ ပို့စ်ထဲမှာ အကုန်မမှန်သလို အကုန်လည်း မမှားခဲ့ပါဘူး. ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ နည်းနည်းဆန်သွားတဲ့ ချေပပြောဆိုချက်တွေမှာတော့ စကားလုံးအသုံးအနှုန်း ရင့်သီးသွားတာတွေ ပါကောင်းပါနေနိုင်ပါတယ်. ကျွန်တော်လည်း အဲဒီ့ကိစ္စဖြစ်ပြီး နောက်ပိုင်းကတည်းက စာရေးနည်းနည်းကျဲသွားခဲ့တယ်. အလုပ်တွေများတာလည်း ပါပါတယ်. ကျွန်တော်ကိုယ်တိုင်လည်း စာရေုးဖို့ မုဒ်ပျောက်နေတာလည်း ပါပါတယ်.

ကျွန်တော့်မိတ်ဆွေတစ်ချို့ကတော့ အဲဒီ့ပို့စ်ကို ပြန်တင်သင့်တယ်လို့ အကြံပြုပါတယ်. ကျွန်တော်လည်း စဉ်းစားနေခဲ့တာ ကြာပါပြီ. တစ်ခါတစ်လေတော့လည်း အတ္တတိုက်ပွဲမှာ ကိုယ့်ဖက်က မလျှော့ချင်ဘဲ လျှော့လိုက်ရရင် ရှေ့ဆက်လုပ်မယ့် ကိစ္စတွေမှာ အင်အားသိပ်မရှိတော့သလို ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်.

ကျွန်တော် အဲဒီ့ပို့စ်ကို ရေးတုန်းက အင်နဲ့အားနဲ့ မခံချင်စိတ်နဲ့ ရေးခဲ့တာပါ.

အဲဒီ့ပို့စ်ကို ဖြုတ်လိုက်ပြီးနောက်ပိုင်း ကျွန်တော့်မှာ ရင်တွင်းဖြစ်ခံစားချက်တွေ လျော့ကျသွားသလို စာရေးရတာလည်း စိတ်သိပ်မပါတော့သလို ခံစားလာရတယ်.

ဒီမနက် ကိုရန်သူ ဆိုတဲ့ စာဖတ်သူတစ်ယောက်က ကော်မန့်ရေးသွားပါတယ်.

ကိုရန်အောင်...
ကျွန်တော်ဘလော့ဂါတယောက်မဟုတ်တဲ့ စာဖတ်သူသက်သက်တဦးပါ။ ကိုရန်အောင်နဲ့အခြားဘလော့ဂါတဦး ဆွေးနွေးစရာ ဖြစ်ပေါ်စေခဲ့တဲ့စာကို ဖတ်ရတယ်။ ကိုရန်အောင့်စာကိုရော အခြားဘလော့ဂါရဲ့စာကိုရောပေါ့။ နောက်ကိုရန်အောင်က စာတစောင်ပြန်ရေးတယ်။ ပထမဆုံးကိုရန်အောင်ရေးခဲ့တဲ့စာကို ပြန်ဖြုတ်လိုက်တယ်။ ကျွန်တော်စာဖတ်သူအနေနဲ့ ဒီတင်ပြီးပြီထင်ခဲ့တယ်။ သို့သော်ကိုရန်အောင်က ဒီစာကိုထပ်ရေးခဲ့တယ်။ ဆက်ရန်ရှိသေးသည်ပေါ့....

ကျွန်တော်အရင်ဆုံး အကြံပြုချင်ပါတယ်။ ကိုရန်အောင်တင်ထားပြီး ပြန်ဖြုတ်ပစ်လိုက်တဲ့ ပထမပို့စ်ကို ပြန်တင်ထားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုရန်အောင်ဒေါသဖြစ်လို့ရေးမိတာကလွဲပြီး စာပါ ယုံကြည်ချက်တွေက မှန်ကန်နေဆဲပဲလို့ ဒီစာအရသိရလို့ပါ။နို့မဟုတ်ရင် ကိုရန်အောင်ဘာတွေကို ယုံကြည်ခဲ့တယ် ဘာတွေကိုမယုံကြည်ခဲ့ဘူးဆိုတာ ပထမပို့စ်ကိုမဖတ်မိလိုက်သူတွေ ဆက်စပ်ရခက်သွားနိုင်မယ်ထင်လို့ပါဗျာ။

ကိုရန်အောင့်စာကိုလည်း စောင့်ဖတ်ပါ့မယ်။
စာတွေဆက်ရေးပါ ကိုရန်အောင်။

ကျွန်တော်နာမည် ရန်သူပါ။
အွန်လိုင်းစာဖတ်သူတဦးပေါ့ခင်ဗျာ။
yanthusitsit

သူပြောတာတွေ မှန်ပါတယ်.

ကျွန်တော်မှားခဲ့တာ ရှိမယ်. မှန်ခဲ့တာတွေလည်း ရှိမယ်.

ဒါပေမယ့် စာဖတ်ပရိသတ်ကို သစ္စာရှိသောအားဖြင့် ကျွန်တော်ရေးခဲ့ပြီးတဲ့ ပို့စ်ကို မဖြုတ်သင့်ဘူး. ဒီကိစ္စကို ထောင့်ပေါင်းစုံက မြင်တဲ့သူတွေ ရှိနိုင်တယ်. ဘာကြောင့်ပဲ ဖြစ်ဖြစ် ပြန်တင်သင့်တယ်လို့ ကျွန်တော်ဆုံးဖြတ်တယ်.

ဒါကြောင့် ကျွန်တော်ပြန်တင်လိုက်ပါတယ်.

ရှေ့လျှောက် ကျွန်တော်လုပ်စရာရှိတာတွေကို ဘယ်လောက်ပဲ အခက်အခဲ ဆန့်ကျင်မှုတွေ ရှိနေပါစေ. ကျွန်တော်ယုံကြည်စွာ၊ မည်သူ့ကိုမျှ မထိခိုက်ဘဲ ပြတ်သားစွာ လုပ်ဆောင်သွားပါမယ်.

စဉ်ဆက်မပြတ် အားပေးဖတ်ရှုနေကြတဲ့ မိတ်ဆွေ စာဖတ်သူ ပရိတ်သတ်အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်…

မီးလျှံငှက်တစ်ကောင်အကြောင်း…



အားလုံးပဲ မင်္ဂလာပါ.

ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် ကိုယ့်စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းနေခဲ့တယ်. ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ခင်ဗျားတို့သိမှာပါ…

ကျွန်တော့်ကို ဒီလောက်ထိ ပြောဖို့ သူတို့တွေမှာ အင်အားရှိနေပေမယ့် ကျွန်တော်ကတော့ ခွန်းတုံ့မပြန်လိုပါဘူး.

ဒါဟာ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်လေးစားတယ်. သူတို့ကို ကျွန်တော် မပုတ်ချလိုဘူး. ကျွန်တော့်မှာ ကျွန်တော်ကိုယ်တိုင်ချမှတ်ထားတဲ့ Life Philosophy ရှိတယ်.

ဒါကို ကျွန်တော်လိုက်နာတယ်.

ရန်အောင်ဆိုတာ လွယ်လွယ်နဲ့ အရှုံးပေး လက်မြှောက်တတ်တဲ့သူ မဟုတ်ဘူး

ရန်အောင်ဆိုတာ ခြောက်တိုင်းကြောက်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး

ခင်ဗျားတို့ ပြောထွက်ရက်ပေမယ့် ကျွန်တော်ကတော့ ပြောမထွက်ဘူး….

ဒီလိုပြောလိုက်ရလို့ ခင်ဗျားတို့ ကျေနပ်လား. အားရသွားလား. Ego တစ်ခု ပြည့်ဝသွားလား.

အိုကေ. That’s fine. If you think it’s good for whoever concerned, go for it!

ကျွန်တော်ကိုယ့်ကိုယ်ကို ခံယူထားတာ တစ်ခုရှိတယ်.

ကျွန်တော်ဟာ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်သလို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်သူလည်း ဖြစ်တယ်.

ကျွန်တော့်ကို မလိုလားသူတွေရဲ့ မျက်နှာတွေထက် မြန်မာပြည်တွင်းမှာ၊ မြန်မာပြည်ပြင်ပမှာ ရှိနေတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ကျွန်တော်ကြည့်တယ်.

ကျွန်တော် ဒီဘလော့ဂ်ကို ရေးတာဟာ ကျွန်တော်ကိုယ်တိုင်ရဲ့ ခံစားချက်အတ္တတွေ ပြည့်ဝဖို့ထက် အများစုရဲ့ အခက်အခဲကို ကြိုးစားဖြေရှင်းပေးဖို့ ရေးနေတယ်ဆိုတာ ကျွန်တော်ရေးခဲ့ဖူးတဲ့ ပို့စ်တွေကို ပြန်ကြည့်လိုက်.

ခင်ဗျားတို့တွေ့လိမ့်မယ်..

ပြောလိုက်စမ်းပါ..

ရန်အောင်ဆိုတာ အခွင့်အရေးသမား.

ရန်အောင်ဆိုတာ နိုင်ငံရေးလုပ်စားသူ.

ရန်အောင်ဆိုတာ ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ရသမျှအခွင့်အရေးကို မျှော်ကိုးပြီး လက်တစ်လုံးခြား လိမ်လည်လှည့်ဖျားတတ်တဲ့သူ…

ပြောလိုက်စမ်းပါ…

ဒါတွေကိုကြားရလို့ ကျွန်တော်ဝမ်းနည်းတယ်. စိတ်ပျက်တယ်.

ဒါပေမယ့် အားမငယ်ဘူး. စိတ်ဓာတ်မကျဘူး…

ကျွန်တော်ကိုယ်တိုင် ကြိုးစားတည်ဆောက်ထားတဲ့ ဘ၀မာန်မှာ ဘယ်သူမှ ရိုက်ချိုးဖျက်ဆီးလို့ မရတဲ့၊ တွန်းလှန်ပယ်ဖျက်လို့ မရတဲ့ အကြွင်းမဲ့ ယုံကြည်မှု တစ်ခုရှိတယ်.

ကျွန်တော့်ဘ၀မှာ အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးတယ်.

ကျရှုံးတိုင်း ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်.

ဒီနေ့ဒီအချိန်ထိ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေအတွက် လိပ်ပြာသန့်စွာ ဂုဏ်ယူတယ်.

ဘလော့ဂ်ရေးဖို့ ကိစ္စလေးတစ်ခုလောက်နဲ့၊ အခွင့်အရေးလေး တစ်ခုရဖို့အတွက်နဲ့ ရန်အောင်ဆိုတဲ့ ဘလော့ဂါမွေးဖွားလာခဲ့တယ်လို့ ထင်ရင် ခင်ဗျားတို့ သိပ်မှားသွားမယ်.

ခင်ဗျားတို့ရဲ့ စွပ်စွဲချက်တွေ တစ်ခုချင်းကို ပြန်လည်ဖြေရှင်းနေဖို့ စိတ်မ၀င်စားဘူး.

အချိန်လည်း မရှိဘူး….

ခင်ဗျားတို့ရဲ့ စကားလုံးတွေကို စွပ်စွဲချက်တွေကို ပြန်လည်ဖြေရှင်းနိုင်ဖို့ ကြိုးစားအားထုတ်နေရတဲ့ အချိန်တွေမှာ အကျိုးရှိတဲ့ ဘလော့ဂ်ပို့စ်များစွာ ကျွန်တော်ရေးလို့ရတယ်.

ခင်ဗျားတို့ဆီက အထင်ကြီးမှု၊ လေးစားမှုတွေကို မျှော်ကိုးပြီးတော့လည်း ကျွန်တော် ဘလော့ဂ်ရေးခဲ့တာမဟုတ်ဘူး.

ပြောသင့်ရင်ပြောတယ်.

လုပ်သင့်ရင်လုပ်တယ်.

ခင်ဗျားတို့ ဆုတောင်းပေးနေရုံနဲ့လည်း ကျွန်တော့်ရဲ့ ဘ၀ဟာ အလိုလို အောင်မြင်လာမှာမဟုတ်ဘူး…

စေတနာမပါတဲ့ ဆုတောင်းတွေနဲ့ ကျွန်တော့်ကို လာပြီး မလှည့်စားပါနဲ့.

မေတ္တာမပါတဲ့ ခပ်ထေ့ထေ့ အပြုံးတွေနဲ့ ကျွန်တော့်ကို လာပြီး သနားယောင်မပြပါနဲ့.

အိုးမလုံအုံပွင့်ပြီး ကိုယ်လုပ်ထားတာကို မလုပ်သယောင် နာမည်ပြန်ပြီး လာမယူပါနဲ့.

မေတ္တာရပ်ခံပါတယ်.

ကိုယ့်အလုပ်ကိုယ်လုပ်ပါ.

ကိုယ်လုပ်နိုင်တယ်ထင်ရင် လုပ်ပါ.

လုပ်နေတဲ့သူတွေကို မစော်ကားပါနဲ့

ဒီနေ့ခေတ်ဟာ IT ခေတ်ပါ.

ကလောင်လက်နက်နဲ့ တိုက်ပွဲဝင်တာဟာလည်း တော်လှန်ရေးတစ်ခုပါပဲ.

ဒါကို မယုံကြည်ဘူးဆိုရင် ခင်ဗျားမှာ အသိအမြင်ဘယ်လောက်ခေါင်းပါးလဲ ဆိုတာ ပြသနေတာနဲ့ အတူတူပါပဲ.

DVB သွားတော့. ခေတ်ပြိုင်လည်း နားတော့. VOA လည်း ဂျောင်းတော့.

မီဒီယာတွေမှန်သမျှ လေပေါကြီးတွေပဲ.

ဟုတ်လား.

လက်နက်ကိုင်တိုက်တိုင်း တော်လှန်ရေး အောင်မြင်မယ်ဆိုရင် စက်တင်ဘာအရေးအခင်းတုန်းက တောတွင်းလက်နက်ကိုင်အဖွဲ့တွေ ဘာလုပ်နေကြလဲ.

ခေါင်းဆောင်တွေ စည်းလုံးစွာ တိုက်ပွဲဝင်ကြပါတော့လား

နအဖအခက်၊ တို့တွေအချက်ဆိုပြီး ထချကြပါတော့လား

Nada!

ဘယ်သူမှ ဦးမဆောင်နိုင်ခဲ့ကြဘူး.

ရှေ့မထွက်နိုင်ခဲ့ကြဘူး.

ပြည်တွင်းမှာ နအဖက စိန်ပြေနပြေနဲ့ သတ်နေတာကိုပဲ ဒေါပွလိုက်၊ ၀ူးဝါးဝူးဝါး ကြေငြာချက်တွေ ထထုတ်လိုက်၊ အပုတ်ချ ရှုတ်ချလိုက်နဲ့ပဲ လုပ်နေခဲ့ကြတယ်.

စုစည်းပြီး ၀င်တိုက်ပါတော့လား

ကိုယ့်ကိုယ်ကို လက်နက်ကိုင်တိုက်ဖူးတိုင်း တော်လှန်ရေး လုပ်နေတဲ့ အပြင်းစား တော်လှန်ရေးသမား (Democracy Hardcore) တွေလို့ ယူဆရင် ခင်ဗျားတို့ရဲ့ ဒီမိုကရေစီ ယုံကြည်ချက်ကို ကျွန်တော် အော့နှလုံးနာတယ်.

တစ်တိုင်းပြည်လုံး လက်နက်ကိုင် တိုက်ကြပေတော့.

အသိအမြင်ရှိတဲ့ ပညာရှင်တွေကို နောက်ချန်ထားခဲ့တော့

ဒီမိုကရေစီ၊ ဒီမိုကရေစီ ဆိုပြီး ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေဟာ အာဏာရှင်ဆန်နေတယ်ဆိုတာ ခင်ဗျားတို့ မသိဘဲ ကိုယ့်ကိုယ်ကို လိမ်ညာနေကြတယ်.

နအဖ ဘာမှ မလုပ်ရဘဲ ကျွန်တော်တို့ ဘလော့ဂါတွေ သွေးကွဲတယ်.

ရင်နာတယ်.

ကိုယ်ယုံကြည်ရာကို ဆက်လုပ်ပါ.

ဖြစ်မြောက်အောင်လုပ်ပါ.

ရန်အောင် ဘာတွေလုပ်နေတယ် ဆိုတာကို အလုပ်နဲ့ပဲ သက်သေပြမယ်.

ခင်ဗျားတို့ သိနေဖို့ မလိုဘူး

ကြော်လည်း မကြော်ငြာဘူး.

ရှေ့လျှောက် နည်းပညာပို့စ်တွေ များများဆက်ရေးမယ်.

ဆီဘောက်စ်ဖြုတ်မယ်.

ကော်မန့်တွေ၊ အမြင်တွေလည်း မလိုချင်တော့ဘူး…

သိချင်ရင် အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းပါ.

အသားအရောင်၊ ယုံကြည်ချက်၊ လူမျိုးမခွဲခြားဘူး..

တိုင်းပြည်ရဲ့ အနာဂတ်လူငယ်မျိုးဆက်သစ်တွေအတွက် ရန်အောင်ဆိုတဲ့ ဘလော့ဂါ ဆက်ရှိနေမယ်…

တစ်နေ့ ကျွန်တော်ထွက်ခွာသွားမယ်.

ဒါပေမယ့် ကျွန်တော့်တာဝန်တွေ ပြီးဆုံးတဲ့အထိ ဘာကိုမှ မကြောက်ဘဲ၊ နောက်မတွန့်ဘဲ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ လုပ်သွားမယ်.

ဒါတွေအတွက် တစ်နေ့ လာမချီးမွမ်းပါနဲ့.

မလိုအပ်ဘူး…

နေရာအနှံ့မှာ လိုက်ကြည့်ပါ.

အခွင့်အရေးသမားတွေ တွေ့လိမ့်မယ်.

တိုက်ပွဲဝင်နေတဲ့ မျိုးချစ်သူရဲကောင်းတွေကိုလည်း တွေ့လိမ့်မယ်.

သူတို့လုပ်နေတာတွေကို ရန်အောင် မလုပ်နိုင်တဲ့အတွက် သူတို့နဲ့ယှဉ်ပြီး ရန်အောင့်ကို ပုတ်ခတ်ပါ. မကောင်းကြောင်းတွေ ဖြန့်ဝေပေးပါ.

အဲ.

တစ်ခုတော့ရှိတယ်နော်.

သူတို့မလုပ်နိုင်တာတွေကို ရန်အောင်လုပ်နေတယ် ဆိုတာကိုလည်း မကြည်ဖြူရင်တောင်၊ အသိအမှတ်မပြုနိုင်ရင်တောင် ခင်ဗျားတို့ စိတ်ထဲမှာ သိမ်းထားပေးပါ.

ကျွန်တော့်ကို မုန်းတီးသူတွေ ရှိသလို ချစ်ခင်သူတွေလည်းရှိတယ်.

လူဆိုတာ အသက်ကြီးတိုင်း ရင့်ကျက်ပြည့်ဝလာတတ်တာမျိုးမဟုတ်ဘူး...

ကိုယ်ကိုယ်တိုင်က ကိုယ့်စိတ်ကို သတိထားကြိုးစာပြုပြင်မှ တိုးတက်ကောင်းမွန်ပြည့်ဝတဲ့ စိတ်ထားတစ်ခုကို ပိုင်ဆိုင်လာနိုင်တာပါ.

ဒါဆိုရင် သက်ဆိုင်သူတွေ သဘောပေါက်. သူများမကောင်းကြောင်းပြောပြီး ကိုယ့်သိက္ခာကို မြှင့်တင်ဖို့ ကြိုးစားနေတာဆိုရင်တော့လည်း ဆက်လုပ်ပါ. ဘာလို့လဲဆိုတော့ ခင်ဗျားတို့မှာ တစ်ခြားအဖိုးတန်တဲ့ လုပ်စရာတွေ မရှိလို့နေမှာပေါ့.



ဘာပဲဖြစ်ဖြစ် ကျွန်တော်ချစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပညာအလင်းရောင်ကို ဆက်လက်ထွန်းညှိသွားမယ်…

ကျွန်တော့်ရဲ့ ပညာအရည်အချင်းကိုလည်း ဆက်လက်မြှင့်တင်သွားမယ်.

ရန်အောင် ဘာကောင်လဲဆိုတာ တစ်နေ့ ခင်ဗျားတို့ ကောင်းကောင်းကြီးသိလာမှာပါ.

ဒါပဲ…

Conclusion ဆွဲမယ်.

လက်နက်ကိုင်တိုက်လို့ လွတ်လပ်ရေး ရကောင်းရနိုင်မယ်. အကြွင်းမဲ့ နိုင်ငံရေးလို့တော့ မယူဆနဲ့. လုံးဝမဟုတ်ဘူး.

နိုင်ငံတစ်နိုင်ငံ တိုးတက်ထွန်းကားဖို့ အသိအမြင်ပြည့်စုံ ကြွယ်ဝတဲ့ ပညာရှင်တွေ အများကြီးလိုတယ်.

ကလောင်စွမ်းထက်တဲ့ မျိုးချစ်နိုင်ငံသားတွေ၊ စာပေပညာရှင်တွေ အများကြီးလိုတယ်.

လက်နက်ကိုင်တိုက်လို့ ဒီမိုကရေစီရပါပြီတဲ့.

ခင်ဗျားတို့ ဘာဆက်လုပ်ကြမလဲ.

ပြောပါဦး…

နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း အစီအစဉ်တွေဆွဲဖို့ ခင်ဗျားတို့ရဲ့ AK-47 ကြီးကို စားပွဲပေါ်တင်ပြီး ဆွေးနွေးကြ၊ ငြင်းခုန်ကြ.

ဟုတ်ပြီလား.

တိုင်းပြည်တစ်ခုစည်ပင်သာယာဖို့ လူတိုင်းလူတိုင်းမှာ တာဝန်ကိုယ်စီရှိတယ်.

လူတိုင်းလူတိုင်းမှာ လုပ်နိုင်တဲ့၊ ပါဝင်ပံ့ပိုးပေးနိုင်တဲ့ အတိုင်းအတာတွေ ရှိတယ်.

အဲလိုပဲ လူတိုင်းလူတိုင်းမှာ မတတ်နိုင်တဲ့ အပိုင်းတွေ၊ ချို့ယွင်းချက်တွေလည်း အများကြီးရှိတယ်.

ခေါင်းဆောင်လုပ်မယ့်သူဆိုတာ အရာရာကို သိမြင်တွက်ဆနားလည်ပြီးတော့ ကိုယ်လုပ်သင့်တာ၊ လုပ်နိုင်တာနဲ့ တာဝန်ခွဲဝေပေးသင့်တာတွေကို ဆုံးဖြတ်ရတယ်.

သေနတ်တကားကားနဲ့ ဒီမိုကရေစီအကြောင်း ခင်ဗျားလာမပြောနဲ့.

တိုက်နိုင်ရင် ရအောင်တိုက်..

ကျုပ်ကတော့ ရှင်းတယ်. ကျုပ်နားလည်တဲ့ အချက် ကျုပ်မှာရှိတယ်.

ကျုပ်ဟာ တိုက်ခိုက်ရေးသမားမဟုတ်ဘူး. ကျုပ်ဟာ Strategist တစ်ယောက်ဖြစ်တယ်. Sector ပေါင်းစုံကို စုစည်းနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်သူဖြစ်တယ်. အသိပညာရှင်၊ အတတ်ပညာရှင်လိုင်းကို ရွေးချယ်ထားသူတစ်ယောက်ဖြစ်တယ်.

ကျုပ်ကို အခွင့်အရေးသမားပဲ ဖြစ်ဖြစ်၊ ငကြောက်ကြီးလို့ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကြိုက်သလိုခေါ်.

ကျုပ်တတ်နိုင်တာနဲ့ မတတ်နိုင်တာကို ပီပြင်ပြတ်သားစွာ ရွေးချယ်ပြီး တာဝန်ထမ်းဆောင်တယ်.

အေး. ခင်ဗျားတို့ လုပ်နိုင်တဲ့ အပိုင်းကိုလည်း ပီပြင်အောင်လုပ်.

တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်ပြောဆိုနေချိန်မှာ နအဖက စနစ်တကျနဲ့ အင်အားတွေ တိုးချဲ့တည်ဆောက်နေတယ် ဆိုတာကိုလည်း မမေ့နဲ့…

ကျုပ်သာ အခွင့်အရေးသမားဆိုရင် ကျုပ်ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ဒီအွန်လိုင်းလောကအတွက် ဖဲ့ပေးမနေဘူး.

အဲဒါ ခင်ဗျားတို့ စိတ်ထဲမြဲမြဲမှတ်ထားပါ.

ထပ်ပြောမယ်.

သူများကိုလက်ညှိုးထိုး ပြောဆိုနေတဲ့ ခင်ဗျားတို့ရဲ့ လက်ငါးချောင်းမှာ လက်ညှိုးကလွဲလို့ ကျန်တဲ့လက်လေးချောင်းလုံး ဘယ်သူ့ကို ပြန်ထိုးနေလဲဆိုတာ ခင်ဗျားတို့ သိပါ.

ကိုယ်လုပ်နိုင်တာကိုလုပ်.

အလကားနေရင်း သူများအတင်းတွေ၊ အဖျင်းတွေ ထိုင်တုပ်မနေနဲ့.

ဒါပဲ ကျွန်တော်ပြောချင်တယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

The Pen is Mightier than the Sword!!!

Thursday, November 29, 2007

Pakistan, Burma and Beyond....


Last night, I was browsing CNN news and suddenly the news about Pakistan President, Pervez Musharraf, came up as breaking news. He stepped down as the country’s military leader Wednesday, the day before he was to be sworn in for a third presidential term—as a civilian.

CNN says, ‘his retirement as general caps a 46-year career in the nation’s armed forces and ends eight years of military rule.’

Well, this was not actually shocking news but it made me think beyond our country’s politics.

In recent years, there were three military coups in Southeast Asia; Burma, Pakistan and Thailand. Speaking backward, Thailand is moving toward a peaceful political reconciliation. It’s not that bad. Pakistan came second. At least, Musharraf is no more military general. And he also vowed to bring political change for the better living of Pakistanis.

How about Burma? When? How?

It’s needless to answer my question. Never ever will political change in Burma happen as long as General Than Shwe and his followers are trying to make their chairs firm!

I, sometimes, wonder why our country has been in such kind of abysmal situation for decades. It’s so sad to learn that our Country is still undeveloped and so worn-out under military rule while other nations are stepping forward with full momentum. China became powerful in both global economics and military affairs after 1989 uprising. It’s only 18 years from now. Today’s China is completely different from China in 1989.

Burma?

Today’s Burma is much worse than Burma in 1988. Both countries encountered the similar political turmoil! Both of them cracked down the mayhem using military forces killing thousands of innocent activists. Both of them ruled the country applying the similar restrictions upon the citizens. But different judgment and different vision made China reach so far ahead of Burma! That’s the line Burma and China became apart from each other. That’s the point why educated leaders are needed for the country.

In deed, We, Burmese, are not ordinary.

Yes! We are not just ordinary citizens. We regained our independence against the great British Empire. We fought back the Fascist Japan to get our real freedom. Our capital, Rangoon, had been looked upon by Singapore and other Southeast Asia countries. We had been great! We had been powerful in the region! We had been legend for a certain period.

Speaking of recent feats, U Thant became a secretary general of United Nations. Our beloved leader, Daw Aung San Suu Kyi, won the Nobel Prize. The famous poet, Tha Journal Kyaw, won the international poet prize though he couldn’t attend the awarding ceremony in person. Moreover, Dr. Cynthia Maung from Mae Tao clinic won uncountable international awards for her great humanitarian works. The political activist, Nan Chan Taung, from WOMB met George W. Bush to discuss the Burma Junta’s cruel actions upon Ethnic groups.

We, Burmese Citizens, are courageous and united!
We, Burmese Citizens, are sentimental and reasonable!
We, Burmese Citizens, are success-oriented and optimistic!

Knowing those facts, Than Shwe and his followers have been consistently suppressing any political movements in Burma. They won’t even let the Buddhist monks escape from the torture when it jeopardizes their interest and power.

They are the most ferocious killers in the world!
They are the most reckless lawmakers in the history!
They are the most messed-up rulers ever in Burma history and Buddha Sasana as well.

The words are not enough to talk about their cruelness toward the ordinary citizens. While the Junta’s families abuse the country’s interests at their will, the ordinary citizens cannot even afford to buy the broken rice.

It is ….. so……………. R.I.D.I.C.U.L.O.U.S! O.U.T.R.A.G.E.O.U.S! A.B.S.U.R.D!

What should we do then?

Keep in mind that our media war upon SPDC is not over yet.

From now on, I will blog in both Burmese and English to get the international involvement in our media war.

As I stated before, we will organize a media-campaign panel which will mostly include patriotic Burmese political activists.

We will not be subsidized by any political organizations. We are our own people. We do as we believe. We do politics not for our living but for others’ brighter future. Hearing that, some people might snort at us because many other people have already stated that.

We won’t care at all. We are different.

Why?

We are bloggers. We are freelance writers. We are literate youths.

We are young. We are energetic. We are united!

We have hope. We have courage. We have can-do attitude.

This is IT age and we, bloggers, are running at the top of the game. We will combine our effort together for the sole reason; topple the Junta down!

By this date, we declare an absolute media war upon S.P.D.C of Burma!!!

We, Burmese Bloggers, will keep on carrying out our historical tasks, come hell or high water!!!


…justice reigns when everyone gets what they deserve, whether good things or bad things, and things are unjust when people do not get what they deserve, whether good things or bad things….

(Republic, Plato)

Truly Yours,

Yan Aung.