Saturday, August 18, 2007

Blogger တို့အတွက် Helpdesk လာပြီ...


အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ. ဒီတစ်ခါကတော့ ဘလော့ဂ်မိတ်ဆက်ပွဲလေးပါ. ဒီဘလော့ဂ်လေးကို လုပ်မယ်လုပ်မယ်နဲ့ အားခဲထားခဲ့တာ အတော်ကြာခဲ့ပါပြီ. ကျွန်တော်နည်းနည်း အားတိုင်း ရသလောက် အချိန်လေးထဲမှာ စုဆောင်းထားခဲ့တဲ့ ကောင်းနိုးရာရာ ပို့စ်လေးတွေကို စုစည်းဖြော်ပပေးလိုက်ပါတယ်.

http://www.mmbloggershelpdesk.blogspot.com

တတ်နိုင်သလောက်တော့ ပို့စ်ရေးသားတဲ့ ဘလော့ဂါတွေကို အသိပေးပြီးမှ သူတို့ရဲ့ ပို့စ်လေးတွေကို ယူသုံးပါတယ်. ဘလော့ဂါတွေ တစ်ဦးချင်းဆီကို ခွင့်မတောင်းဖြစ်ခဲ့တာကိုတော့ ခွင့်လွှတ်နားလည်ပေးကြပါလို့လည်း တစ်ခါတည်း မေတ္တာရပ်ခံလိုက်ပါတယ်. နောက်နောင်မှာလည်း ညီအစ်ကိုတို့ရဲ့ ပို့စ်လေးတွေကို ယူသုံးခွင့်ပြုပါလို့ တစ်ပါတည်း တောင်းဆိုလိုပါတယ်ခင်ဗျာ.

ပါဝင်ရေးသားလိုသူများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်. ဖော်ပြသင့်တယ် လို့ ယူဆတဲ့ ပို့စ်လေးများကိုလည်း cbox ထဲမှာ link လေးများ ထားခဲ့၍သော်လည်းကောင်း၊ mmbloggershelpdesk@gmail.com သို့ ပေးပို့၍သော်လည်းကောင်း contribute လုပ်နိုင်ကြပါတယ် ခင်ဗျာ..

အားလုံးပဲ ချစ်ခင်ရင်းနှီးစွာ၊ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ…

No comments: