ဘရာဇီးမှာ မိုးတွေအရမ်းရွာပြီး ရေတွေကြီးနေတယ်. အကျိုးဆက်အဖြစ် မြေပြိုတာတွေလည်း ဖြစ်ပြီး ခုချိန်ထိ လူပေါင်း ၆၅၅ ယောက် သေသွားပြီလို့ သတင်းတွေထဲမှာ ဖော်ပြနေကြတယ်. အဲဒီ့ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်တဲ့ Cristina Maria Cesario Santana ကတော့ သူမသေသွားပေမယ့်လည်း သူမဘေးမှာ ခြေတစ်ဖ၀ါးမှ မရွေ့ဘဲ နေပူမိုးရွာ အဖော် လုပ်ပေးနေတဲ့ သက်ရှိ တစ်ယောက် ရှိနေတယ်.