Thursday, July 12, 2007

R.I.P, ကိုသားကြီးရေ....


မနက်ခင်း ကွန်ပြူတာကို ဖွင့်ကြည့်ရင်း ထုံးစံအတိုင်း သူငယ်ချင်းများရဲ့ ဘလော့ဂ်ကို သွားလည်မိတယ်.

အိုး….

ဒွေးကွယ်လွန်သွားရှာပြီတဲ့..

ဘယ်လိုဖြစ်ရတာလဲ..



ရင်ထဲမှာ မယုံကြည်နိုင်ခြင်း၊ နှမြောတသခြင်း၊ လွမ်းဆွတ်ကြေကွဲခြင်း၊ ထိတ်လန့်တုန်လှုပ်ြခင်း၊ သတိသံဝေဂရခြင်း များကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခံစားလိုက်ရတယ်…

ကျွန်တော်တကယ်ကို ဘာမှ ဆက်မလုပ်နိုင်ဘဲ ခေတ္တတွေဝေသွားခဲ့ရပါတယ်. ကျွန်တော့်ဘလော့ဂ်မှာ သီချင်းတောင်းထားတဲ့ ပို့စ်လေးကို ဖွင့်ကြည့်မိတော့ သီချင်းလေးရဲ့ လင့်ခ်လေးတွေ ပေးထားတာတွေ့တယ်. Email ကို ဖွင့်စစ်ကြည့်တော့ ကိုအဉ္ဇလီက ကျွန်တော်တောင်းဆိုထားတဲ့ ထူးအိမ်သင်ရဲ့ မဇ္ဈိမ သီချင်းလေးကို ပို့ပေးထားတယ်. ချက်ချင်းပဲ Download လုပ်ပြီး နားထောင်လိုက်မိတယ်. တကယ်တော့ ဒီသီချင်းလေးကို ကျွန်တော်ကြိုးစား ရေးသားနေတဲ့ အတွေးအခေါ်ပို့စ်လေးတစ်ခု အတွက် တောင်းဆိုထားတာပါ. ခုတော့ မမျှော်လင့်ဘဲ ကိုသားကြီးအတွက် ဖြစ်သွားခဲ့ရပြီထင်တယ်.

မဇ္ဈိမသီချင်းကို ဖွင့်နားထောင်နေတဲ့ အချိန်မှာ ကြွေလွင့်သွားရှာပြီဖြစ်ကြတဲ့ ကိုငှက်နဲ့ ကိုသားကြီးတို့ရဲ့ ရှင်သန်စဉ်က လှုပ်ရှားနေခဲ့တဲ့ ပုံရိပ်တွေကို မြင်ယောင်လာတယ်. စိတ်မကောင်းဘူးဗျာ.

တစ်ဆက်တည်း ဆက်မေးမိတာကတော့

ငါ့အလှည့်ဘယ်တော့ ရောက်မှာလဲ..

ခုငါဘာတွေ လုပ်နေလဲ..

ငါဘာတွေ ဖြစ်လာမှာလဲ..

ငါဘာတွေ လိုချင်နေခဲ့တာလဲ…

ငါသေရင် ငါ့ကို လူတွေက ဘယ်လိုသတိတရ ရှိနေကြမှာလဲ..

ငါကရော ရှင်သန်စဉ်အတွင်းမှာ ဘာတွေကို ဦးစားပေးလုပ်သွားသင့်သလဲ..

ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ…



..

ဖတ်လက်စ စာအုပ်ကိုပိတ်၊ သူငယ်ချင်းတစ်ချို့နဲ့ Gtalk မှာ ချက်နေတာကနေ ထွက်၊ လက်နှစ်ဖက်ကို စားပွဲပေါ်တင်ယှက်ထားပြီး မျက်စိအစုံကို ခဏမှိတ် နေခဲ့လိုက်တယ်. ကျွန်တော့်ရဲ့ Headphone ထဲမှာတော့ ကိုငှက်ကြီးရဲ့ မဇ္ဈိမ သီချင်းက Looping ပတ်နေလေရဲ့..

…..

သတင်းနှင့် ဓာတ်ပုံ အ သေးစိတ် သိလိုလျှင် ဒီပို့စ်များမှာ သွားဖတ်ပါ.

မေဓာဝီစိုးဇေယျ

No comments: