Wednesday, July 18, 2007

သမိုင်းထဲက ရက်စွဲများ...


ဘလော့ဂါညီအစ်ကို မောင်နှမတို့ရေ…

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ. သတင်းတစ်ခု ကြေငြာစရာ ရှိပါတယ်. ဘာလဲဆိုတော့ `သမိုင်းထဲက ရက်စွဲများ´ ဆိုတဲ့ ဘလော့ဂ်လေးတစ်ခု လုပ်လိုက်ပါတယ်. အဲဒီ့ဘလော့ဂ်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းထဲက နေ့ထူးနေ့မြတ်များမှာ အမှတ်တရ ပို့စ်လေးများတင်ပြီး မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းသွားနိုင်ရေးနဲ့ ပြတ်ကျသွားတဲ့ မျိုးဆက်ကို အပြစ်ဖို့နေမယ့်အစား လက်တွဲခေါ်ယူနိုင်ရေးပဲ ဖြစ်ပါတယ်.

လောလောဆယ်မှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေ စတင်နေပါတယ်. နောက်ပိုင်းကျရောက်လာမယ့် နေ့ထူးနေ့မြတ်လေးများမှာလည်း သက်ဆိုင်ရာ ပို့စ်လေးတွေ တင်သွားပါမယ်.

ဒီဘလော့ဂ်လေးမှာ သင်ဘယ်လိုဝင်ရေးနိုင်မလဲ ဆိုရင်…

ရည်ရွယ်ချက်ဆိုတဲ့ ပို့စ်လေးရဲ့အောက်မှာ မိမိရဲ့ Gmail (သို့) Other mail တစ်ခုခု ရိုက်ထည့်ပေးခဲ့ပါ. အဲဒါကို Adminstrator က Blog Author List ထဲကို ထည့်သွင်းပေးပါမယ်. မကြာခင်မှာပဲ မိမိတို့ပေးခဲ့တဲ့ Email မှာ ဒီဘလော့ဂ်ကနေ Invite လုပ်ထားတဲ့ စာတစ်စောင် ရပါလိမ့်မယ်. အဲဒီ့ Link လေးအတိုင်း ဆက်လိုက်သွားပြီး Accept လုပ်လိုက်ပါ. မိမိရဲ့ Profile မှာ ဒီဘလော့ဂ်လိပ်စာ ၀င်သွားပါလိမ့်မယ်.

ရေးချင်ရင် New Post ကို ယူရေးရုံပါပဲ. ပို့စ်လေးတွေရဲ့ အောက်ခြေမှာတော့ Posted by မိမိနာမည် ဆိုပြီး ပေါ်နေပါလိမ့်မယ်. ဒီလိုလုပ်ထားခြင်းအားဖြင့် Admin အနေနဲ့ တစ်ယောက်ချင်းစီရဲ့ ပို့စ်တွေကို လိုက်တင်ပေးစရာ မလိုတော့တဲ့အတွက် အများကြီး အချိန်ကုန်သက်သာနိုင်သလို ပိုပြီးတော့လည်း ဆက်သွယ်မှုကောင်းလာစေပါတယ်.

ဒီဘလော့ဂ်ကို ရန်ကုန်၊ စင်ကာပူနဲ့ အမေရိကမှ မြန်မာဘလော့ဂါများက ကြီးကြပ်သွားမှာ ဖြစ်ပါတယ်. Admin များအနေနဲ့ Coding ပိုင်းဆိုင်ရာ မှန်မမှန်ကိုသာ ကြည့်ပေးမှာ ဖြစ်ပါတယ်. သတ်ပုံများကိုတော့ မိမိဖာသာ စစ်ဆေးစေလိုပါတယ် ခင်ဗျာ.

စည်းမျဉ်းများ

(၁) ပို့စ်များအားလုံး တစ်ပြေးညီဖြစ်နေစေရန်အတွက် မိမိတို့တင်သော ပို့စ်များကို အရောင်မသုံးဘဲတင်ပေးပါ

(၂) Label ကို တစ်မျိုးတည်းပေးပါ (ဥပမာ အာဇာနည်နေ့.)

(၃) Communication အတွက် ပို့စ်အောက်ဆုံးတွင် မိမိနာမည်နှင့် ဘလော့ဂ်လိပ်စာ ထည့်ပေးနိုင်က ထည့်ပေးပါ

(၄) မိမိရေးသားသော စာကို မိမိကိုယ်တိုင် တာဝန်ယူပါ. တစ်ဦးနှင့်တစ်ဦး ရှုတ်ချပြောဆို ရေးသားမှုများအား လက်ခံမည် မဟုတ်ပါ.

(၅) ကော်မန့်များတွင် ၀င်ရေးသောအခါ တစ်ဦးနှင့်တစ်ဦး လေးစားမှုကို ပြသစေလိုပါသည်. ငြင်းခုန်လျှင်လည်း ချက်ကျလက်ကျ ပညာတတ်ပီသစွာ ငြင်းခုန်စေလိုပါသည်.

အားလုံးကို ကျေးဇူးတင်လျက်..

အာဇာနည်မျိုး သေရိုးမရှိ….

No comments: