Thursday, July 26, 2007

သမ္မာစရိယလင်္ကာတော် (၁)


ပညာမာန်ရစ်၊ တုစစ်မကွဲ
ထင်တလွဲနှင့်၊ စွဲမြဲအတ္တ
မာန်ကိုပြကာ၊ ငါသာအမှန်
အာမခံနဲ့၊ ကြံစည်စိတ်ကူး
ဥာဏ်ကွန့်မြူးလည်း၊ စူးဝင်ဒေါသ
ခွာမရက၊ မှားစွအယူ
သူငြူစူရှင့်၊ ကြည်ဖြူသန္တိ
သမာဓိထား၊ မေတ္တာအားဖြင့်
မှားမှန်သုံးသပ်၊ ချောက်ချက်ပြောဆို
သူနာလိုစေ၊ မျှဝေပညာ
ရှေးရှုပါလော့…


ပျော့ညံ့စိတ်စဉ်၊ မှားပြင်ဆင်လျက်
မရပ်မနား၊ ဗဟုပွားဆောင်
ကြံတိုင်းအောင်ချေ၊ တွေဝေမောဟ
ခ၀ါချလော့၊ မေ့လျော့သတိ
ဆင်ခြင်ရှိလော့၊ ပေါ့ဆန်းတွေးမြင်
သင်ပြင်ဆင်လော့၊ ရင်ဝယ်ခိုင်ကျည်၊
မေတ္တာတည်လော့၊ ချည်နှောင်လောဘ
မာနဖြတ်လော့…

ရက်ရှည်မကြာ၊ သင်သေမှာကား
မှန်တရားမို့၊ လွဲမှားအယူ
ဥာဏ်မကူက၊ ပူလောင်ဆက်ခါ
သံသရာဝယ်၊ ကျိုးငယ်မည်အား
သင်မှတ်သား၍၊ ကြားနာသုတ
ကြောင့်မကြဘဲ၊ စွဲမြဲသီလ
ယူဝါဒမှန်၊ ထားတတ်တန်ဖိုး
များအကျိုးကို၊ သယ်ပိုးစဉ်ဆက်
သင်ထမ်းရွက်လော့….

~ မင်းရန်အောင် ~

1 comment:

hnin said...

ရက်ရှည်မကြာ သင်သေမှာကား မှန်တရားမို့.... တဲ့...။ လန့်လိုက်တာ... အခုပဲ သေတော့မလားလို့တောင် တွေးမိသွားတယ်။ တကယ်ကောင်းတဲ့ ကဗျာပါ။ သမ္မာစရိယလင်္ကာတော် ဆိုတော့ ကိုရန် ရေးတာ မဟုတ်ဘူးလား။ အောက်ကလည်း မင်းရန်အောင် ဆိုတော့ ဘာမှန်းကို မသိဘူး။ ဗဟုသုတ နည်းတယ်လေ။ မသိဘူး။ ဒါပေမဲ့ ဒီကဗျာကို ဖတ်ရတာတော့ တကယ်နှစ်သက်ပါတယ်။ မမမယ်လိုဒီဆီမှာ ဆဒ္ဒန်ဆင်နဲ့ မိဖုရားတွေနဲ့ (ကဗျာခေါင်းစဉ်မေ့သွားလို့) အကြောင်းမှာတုန်းက ကွန်မန့်မှာ ၀င်ရေးထားတဲ့ ကဗျာလေးလည်း ကောင်းတယ်။ have a nice day.