Thursday, July 12, 2007

ထပ်တူညီမျှစေခဲ့တဲ့ ကိုသားကြီး…


ကိုသားကြီး သီဆိုခဲ့တဲ့ သီချင်းလေးတွေထဲက အမှတ်တရ ရင်ထဲမှာ ကျန်ရစ်နေခဲ့တဲ့ အားမာန်တက်ကြွစေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ကိုသားကြီး ကွယ်လွန်ခြင်း အမှတ်တရ အနေနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ.

Download လုပ်ချင်သူများ Rt Click လုပ်ပြီး လုပ်နိုင်ပါတယ်.

ကိုသားကြီး ကောင်းရာသုဂတိလားပါစေဗျာ…


ထပ်တူညီမျှခြင်း…

ငါနဲ့ ငါ့နေ့များ ကြည်လင်ပြီး နေပါစေ
ငါနဲ့ ငါ့အိပ်မက် ထပ်တူရင်း စိတ်ကျေနပ်မိ…

ငါ့စိတ်ငါ့ရဲ့အတွေး ညီမျှခြင်း တူညီပါစေ
သေချာလား တွက်ဆရင်း ခိုင်မာမှုရဲ့ အဖြေကိုလေ

မျှော်လင့် တောင့်တခြင်းဝေးနေလည်း ငါရှာမှာပါ
မယုံဘူး ကြားလူခံ ငါ့ရဲ့ တွေးခေါ်မှုများ
လက်တွေ့မှာ ယုံတမ်းလို့ သေချာမှ အဖြေရှာမယ်
သေချာလား တွက်ဆရင်း ခိုင်မာမှုရဲ့ အဖြေကိုယူမယ်

အချိန်တိုင်း စဉ်းစားပြီး ငါ့ရဲ့လမ်းငါရှာမယ်
ငါနဲ့ ငါ့ရဲ့ ခရီး လှပအောင် စိုက်ပျိုးသွား
အိပ်မက်ဆိုး အတွေးပျက်များ
ငါ့ရင်ထဲ ထွက်စမ်းအဝေး

သေချာလား တွက်ဆရင်း
ခိုင်မာမှုရဲ့အဖြေကိုလေ

သေချာတာ တွက်ဆရင်း
ခိုင်မာမှု ငါ့အဖြေကိုလေ…

ငါ့နဲ့ ငါ့ဘ၀ ငါ့ရဲ့ဇာတ်များကို တွက်ဆနေရင်း
အကောင်းဆုံး ဆုံးဖြတ်သွားရင်း ရှေ့ဆက်လျှောက်နေဆဲ
တွက်ဆမှုတွေ ငါ့ရဲ့ဘ၀…





တကယ်လို့ ဒီဓာတ်ပုံကို မတင်သင့်ဘူးလို့ ယူဆရင်လည်း ပြောပါခင်ဗျာ. ကိုသားကြီးရဲ့ နောက်ဆုံးခရီးကို ကျွန်တော်တို့ ကိုယ်တိုင်လိုက်ပို့ လိုက်ရတယ် ဆိုတဲ့ ခံစားချက်မျိုးကို ခံစားကြည့်လို့ ရနိုင်အောင် တင်ပေးထားတာပါ. လူမှုရေးရှုထောင့်ကနေ မသင့်တော်ဘူး ထင်ရင်လည်း ပြန်ဖြုတ်ပေးပါမယ်...

သီချင်းကို ကိုမင်းကျော် ရဲ့ ဘလော့ဂ်ကနေ ရယူပါတယ်. ကျေးဇူးတင်ပါတယ် ကိုမင်းကျော်...

No comments: