Thursday, April 19, 2007

ဘလော့ဂါတစ်ယောက်၏ ချက်ပွဲ


ညကပေါ့ဗျာ…

ဘလော့ဂ်မှာ ပြုံးချင်စရာလေးများ စီးရီးကို အပြီးသတ်ပြီးသကာလ Gtalk ထဲ ၀င်လိုက်တယ်.
အဲဒီ့မှာ ကျွန်တော့်ရဲ့ ဘော်ဘော်တွေကို တန်းစီပြီး တွေ့လိုက်တာနဲ့ တွေ့သမျှ ဘော်ဘော်တွေကို chatting ထိုင်ပစ်လိုက်တယ်. ကျွန်တော့်ရဲ့ Chatting တစ်ညတာလေးကို ခံစားကြည့်လိုက်ပါဦး

ကိုစိုးဇေယျက ဘယ်တောင်ပံအထက်မှာပေါ့ဗျာ. လိမ့်ကာလိမ့်ကာနဲ့ပဲ ဘလော့ဂါ Directory လေးကို ကြိုးစားပမ်းစား ပြုစုနေတယ်ဗျ. အလယ်မှာတော့ ဘာညာကိုတွေ့ရပါတယ်. ချက်နေစဉ်အတွင်းမှာလည်း ဘာညာတစ်ယောက် တစ်ကွိကွိနဲ့ တုပ်ကွေး Symptom တွေကို ပြသနေပါတယ်. ပွဲစပြီး ၁၀ မိနစ်အကြာမှာပဲ ဘာညာဆက်မချက်နိုင်တော့ပါဘူး. ၀ိတ်လျှော့နေတာမို့ ထမင်းသွားစားဦးမယ်ပြောပြီး အိပ်မက်တွေပေးကာပေးကာနဲ့ ထွက်သွားပါတယ်. ညာတောင်ပံမှာတော့ ရိုနယ်လ်ဒိုဆံပင်သွင်သွင်ကျိုးသွားလို့ အစားဝင်လာတဲ့ ကိုမျိုးကျော်ထွန်းကြီးက သူ့ဆံပင်တွေကို ကော်စမက်တစ်တွေပွတ်ပြီး ၀င်လာတယ်ခင်ဗျ



ဘယ်တောင်ပံအောက်ဘက် Start Menu ပွဲကြည့်စင်ဘက်မှာတော့ ကိုနေဘုန်းလတ်တစ်ယောက် ဖယောင်းတိုင်လေးထွန်းပြီး ဘလော့ဂင်းလုပ်နေလေရဲ့. သူတို့မြို့နယ်ဘက်မှာ မီးတွေ မလာလို့ညစ်နေတယ်ဆိုတာကိုလည်း ပြုံးစိစိနဲ့ ငြီးနေလေရဲ့ဗျာ.

ညာတောင်ပံက ကိုမျိုးကျော်ထွန်းကြီးရဲ့အောက်မှာတော့ (ဟာ မဟုတ်သေးပါဘူး) ညာတောင်ပံက Language Bar လေးနားမှာတော့ ကိုရဲဇေယျရှိန်ပေါ့ဗျာ. ၁၉ နှစ်သားလေးပါ ခင်ဗျ. ဘလော့ဂါ နယူးဘီလေးအဖြစ် အမြဲတမ်းပြောပြီး ကုဒ်ဒင်းတွေကို အားရပါးရ မေးတတ်သူလေးတစ်ယောက်ပေါ့ဗျာ….

ကဲ..ဒီလောက်ပါပဲ. စိတ်ဝင်စားသူများရှိရင်လည်း စာရင်းပေးပါ. အားလို့ကတော့ အကုန်လုံးကို Desktop ပေါ်မှာကို ဆွဲတင်ပြီး ချက်ပစ်ဦးမှာ…


3 comments:

Nay Nay Naing said...

တော်တော် ချက်နိုင်တာပဲ.. ဟင်းချက်လိုက် အွန်လိုင်းချက်လိုက်နဲ့ .. ချက်ဆရာကြီးလို့  ခေါ်ရမလား.. ချက်ဂုရုလို့ ပဲခေါ်ရမလား.. :P

Yan said...

မနေနေနိုင်ကိုပါ ဆွဲချက်ပစ်လိုက်တော့မယ်နော်. သတိထား

BarNyar said...

သတိရတယ်အေ့



ဘာညာ