Friday, February 29, 2008

Playtagger လေးအကြောင်း သိကောင်းစရာ

ဆီဘောက်စ်ထဲမှာ ဘလော့ဂါ ၀ိမုတ္ထိက မေးထားတာတွေ့လို့ အကြောင်းပြန်ကြားရင်းနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်. အရင်ကလည်း မိတ်ဆွေတစ်ချို့ကို ရှင်းပြခဲ့ဖူးပါတယ်. အားလုံးသိအောင် ပြန်လည်ဝေမျှလိုက်ပါတယ်.

ကျွန်တော်တို့ သီချင်းလေးတွေ တင်တဲ့အခါမှာ Music Player အမျိုးမျိုး သုံးပြီး တင်တတ်ကြပါတယ်. ပေါ့ပေါ့ပါးပါးလေးနဲ့ သုံးလို့ကောင်းတဲ့ ပလေယာလေးတစ်ခုကို ပြောချင်လို့ပါ.

ဥပမာ သိချင်ရင် ကျွန်တော့်ဘလော့ဂ်ဘေးနားက တင်ထားတဲ့ သီချင်းလေးတွေကို ကြည့်ပါ. Play Button လေးကို နှိပ်လိုက်တာနဲ့ သီချင်းလေးတွေ နားဆင်နိုင်သလို Right Click ခေါက်ပြီးတော့လည်း Save လုပ်နိုင်ပါသေးတယ်.

ဘယ်လိုလုပ်ရမလဲဆိုတော့ အောက်ပါစာကြောင်းလေးကို ကူးယူပြီး </head> Tag လေး မဆုံးခင်နားမှာ ထည့်ပေးလိုက်ပါ.

<script src='http://del.icio.us/js/playtagger' type='text/javascript'></script>

ဒါပါပဲ.

ပို့စ်ထဲမှာ သီချင်းတင်တော့မယ်ဆိုရင်တော့ အောက်ပါပုံစံလေးကို အသုံးပြုပါ.

<a href= “your songs URL”>My Song</a>

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ခင်မင်လေးစားလျက်

ရန်အောင်

3 comments:

သားကြီး said...

အဆင်ပြေတယ်
အဆင်ပြေတယ် ကိုရန်အောင်ရေ...
ကျေးဇူးအထူးပါ

သားကြီး said...

u r the best Lol

Unknown said...

ကိုရန်အောင်....

အခု ဒီ playtagger က အလုပ်မလုပ်တော့ဘူးနော်...
ကျနော်အခုသုံးချင်လို့လေ အဲဒါဒုက္ခရောက်နေတယ်...
ဒေါင်းလုပ်တခုပဲရတော့တာ play icon မရတော့ဘူး... မပါဘူး.... ကူညီပါအုံး...

ပြည့်စုံ (ဝေါသားလေး)