လေပြည်တွေ ညှင်းရက်လို့
ပင်ယံမှာ ပန်းလေးတစ်ချို့
လွင့်ပျက်ရင်း လွင့်ကျလို့နေ
လေစေရာမျောလွင့်လို့
ကြွေလာရာ လမ်းပျက်လို့
သူတစ်နေရာ ကိုယ်တစ်နေရာစီ

သူဘယ်ကိုလွင့်သွားမလဲ လိုက်လွင့်လို့ သွားချင်လည်း
သူဘယ်မှာ ခိုနားမလဲ လိုက်လွင့်လို့ နားချင်လည်း
မရောက်နိုင်မှန်း သိနေခဲ့
လေပြည်ကို မဆန်နိုင်သူပဲ…
1 comment:
လေပြည်တွေက မရောက်နိုင်အောင်တောင် ပြင်းထန်လို့လား ကိုကိုရန်ရဲ့
Post a Comment