Monday, February 11, 2008

ရှင်သန်နေတဲ့ မော်ကွန်းများ (သို့) သမိုင်းထဲက ရက်စွဲများ...

မင်္ဂလာပါ…

အကြောင်းကြောင်းကြောင့် ဂရုမစိုက်နိုင်ဘဲ ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ သမိုင်းထဲက ရက်စွဲများ ဘလော့ဂ်လေးကို ပြန်လည် အသက်သွင်းပါမယ်.

ရှေ့ဆက်ပြီးတော့လည်း အဲဒီ့ဘလော့ဂ်လေးကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းသွားပါမယ်.

ပါဝင်ရေးသားလိုသူ မည်သူမဆို လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါတယ်.

aungyan@gmail.com ကို ဖြစ်စေ၊ သမိုင်းထဲက ရက်စွဲများရဲ့ ဆီဘောက်စ်လေးထဲမှာပဲ ဖြစ်စေ မက်ဆေ့ခ်ျ (သို့) အီးမေးလ် လိပ်စာလေး ချန်ထားခဲ့ပေးနိုင်ပါတယ် ခင်ဗျာ…

အဲဒီ့ဘလော့ဂ်လေးရဲ့ ရည်ရွယ်ချက်ကို သိချင်ရင်တော့ ဒီနေရာမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်.

နိုင်ငံတော်အတွက် ကျရာတာဝန်ကို ထမ်းရွက်လိုသူ မည်သူမဆို မိမိတို့ရဲ့ ဥာဏ်စွမ်း၊ ပညာစွမ်း၊ ကလောင်စွမ်းဖြင့် မေ့လျော့တိမ်မြုပ်လုဖြစ်နေတဲ့ မြန်မာ့သမိုင်းထဲက ရက်စွဲလေးများ အကြောင်းကို ထုတ်ဖော်ထိန်းသိမ်း နှိုးဆော်လိုက်ကြရအောင်လားဗျာ…

မကြာခင်မှာ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ ကျရောက်တော့မှာ ဖြစ်ပါတယ်. ဒါ့ကြောင့် ပို့စ်အသစ်လေးတွေကို ကြိုဆိုပါတယ် ခင်ဗျာ.

အထူးပဲ ကျေးဇူးတင်ရှိပါတယ်.

ရန်အောင်

1 comment:

MELODYMAUNG said...

ရန်ရန်ရေ သမိုင်းထဲကရက်စွဲများမှာ ဗိုလ်ချုပ်မွေးနေ့အတွက် တင်ထားတဲ့ ပို့စ် သွားထည့်ထားလိုက်တယ်နော် လေဘယ်လ်အဆင်မပြေရင် ပြင်လိုက်ပါဦးကွာ