Saturday, May 19, 2007

EOT လုပ်ချင်သူများအတွက်...


EOT ဆိုတာ ဘလော့ဂါတော်တော်များများ ကြားဖူးနားဝ ရှိနေကြမှာပါ။ ဒါပေမယ့် လုပ်ပုံ လုပ်နည်း အတိအကျကိုတော့ ဘလော့ဂါတိုင်း မသိကြသေးပါဘူး။ အရင်တုန်းက ကိုမောင်လှရဲ့ ဘလော့ဂ်မှာ EOT လုပ်နည်း ပြောပြထားတာကို အားလုံးအသိပဲ ဖြစ်မှာပါ။ ကျွန်တော်လည်း သူ့ပို့စ်ကို ဖတ်ပြီးစမ်းကြည့်တာပါပဲ။ သူ့ပို့စ်ထဲမှာ တော်တော်ပြည့်စုံပြီး သားပါ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ကိုမောင်လှက ဘလော့ဂ်ရေးတာ နားလိုက် တာကို တွေ့ရပါတယ်။ ဒါကြောင့် EOT လုပ်ချင်တဲ့ ဘလော့ဂါညီအစ်ကို မောင်နှမများ အတွက် ဒီပို့စ်လေးကို ရေးဖြစ်သွားခဲ့ပါတယ်လို့ စကားပလ္လင်ခံလိုပါတယ် ခင်ဗျာ…

EOT ဆိုတာကတော့ Embedded Open Type ရဲ့ Acronym အတိုကောက်စကားလုံးပါ။ သူ့ရဲ့ Definition ကို ဒီလိုဖွင့်ဆိုပါတယ်။

Font embedding has been a feature of Microsoft applications, such as Word and PowerPoint®, for several years. It allows the fonts used in the creation of a document to travel with that document, ensuring that a user sees documents exactly as the designer intended them. Font embedding technology is built into Microsoft Internet Explorer (version 4 and above), bringing embedded fonts to the Web.

အသေးစိတ်ကို ဒီမှာ ဖတ်ပါ။

မူရင်းရည်ရွယ်ချက်ကတော့ ကိုယ်တင်ပြထားတဲ့ ဒီဇိုင်းဖွန့်ပုံစံတွေကို ကြည့်ရှုသူရဲ့ စက်ထဲမှာ Download လုပ်ထားစရာမလိုဘဲ ဒီတိုင်းဖတ်ရှုနိုင်အောင် လုပ်ထားတဲ့ နည်းပညာပါပဲ။ ဒီနေရာမှာ Sample Font လေးတွေကို ကြည့်ကြည့်ပါ။ အဲဒီ့ Font တွေ ကျွန်တော်တို့စက်ထဲမှာ ထည့်မထားပေမယ့် စာရေးသူမြင်စေချင်တဲ့အတိုင်း ကျွန်တော်တို့ မြင်နေရပါတယ်။ အဲဒါ EOT ပါပဲ။

ဥပမာဖွန့်လေးတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျွန်တော်တို့ ဘလော့ဂ်တွေရေးတော့ ဇော်ဂျီဖွန့်ကို သုံးကြတယ်။ ရေးသူအတွက် ဘာမှပြဿနာမရှိပေမယ့် ဖတ်သူမှာ ဖွန့်မရှိရင် ကူးယူနေရတာ သူ့အတွက် အချိန် ကုန်ပါတယ်။ ကရိကထများပါတယ်။ ပြီးတော့ စက်နောက်တစ်လုံး ပြောင်းသုံး တာပဲဖြစ်ဖြစ်၊ နောက်တစ်နေရာရာကို သွားလို့ အဲဒီ့နေရာက စက်ကို သုံးတာပဲဖြစ်ဖြစ် ဖွန့်ကို တစ်ခါထပ်ပြီး Download လုပ်ရပြန်ရော။ တစ်ချို့ Network တွေက စက်တွေ (ကျောင်း၊ရုံး) မှာ ဆိုရင် Download လုပ်ရတာ အဆင်မပြေတာ လေးတွေပါ ရှိတတ် ပါတယ်။ ဘာကိုမှ Download ပေးမလုပ်အောင် လုပ်ထားတာမျိုး လေးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဘာဖြစ်လို့ EOT လုပ်သင့်သလဲ ဆိုရင် ဖတ်ရှုသူအဆင်ပြေ စေလိုတဲ့ စေတနာကြောင့်ပါပဲလို့ ဖြေရပါမယ်။

ကဲ.စလိုက်ကြရအောင်လားဗျာ.

ပထမဦးဆုံး Microsoft က ထုတ်လုပ်ထားတဲ့ WEFT ဆိုတဲ့ Software ကို Download လုပ်ရပါမယ်။ ဒီနေရာမှာ Download လုပ်ပါ။ .EXE File ကို Run ပြီး Install လုပ်ပါ။

Program ကို စပြီးတော့ မ run ခင်မှာ EOT အတွက် Web Page လေး တစ်ခု အကြမ်း ဖျင်း တည်ဆောက်ပါမယ်။ နာမည်ကိုလည်း လွယ်ကူစွာပဲ eot.htm လို့ပေးပါမယ်။ ဒီအောက်မှာ ရေးထားတဲ့ Coding လေးတွေကို Notepad ထဲမှာ ရိုက်ပြီး Save လုပ်လိုက် ပါ။ Notepad ဘယ်မှာ ရှိလဲဆိုတာ မသိသေးရင်လည်း ပြောပြပါဦးမယ်။

Start > Programs > Accessories ထဲမှာ ရှာကြည့်ပါ။ Notepad ရော Wordpad ရော တွေ့ပါလိမ့်မယ်။

အဲဒီ့ Notepad ထဲမှာ အောက်ပါအတိုင်း webpage လေးတစ်ခုကို အစမ်းတစ်ခု တည်ဆောက်ပါမယ်။


<HTML>
<BODY>
<FONT FACE=Zawgyi-One SIZE=10> a b c d e f g </FONT>
<FONT FACE=Zawgyi-One SIZE=10><i> a b c d e f g </i></FONT>
<FONT FACE=Zawgyi-One SIZE=10><b> a b c d e f g </b></FONT>
<FONT FACE=Zawgyi-One SIZE=10><b><i> a b c d e f g </b></i></FONT>

</BODY>
</HTML>


စာကြောင်းလေးကြောင်း ရိုက်ထားတာက Normal, Italic, Bold, Bold Italic Style လေးခုအတွက်ပါ။ ဒါကြောင့်လည်း EOT အတွက် WEFT Program ကို Run ရင် ဖိုင် ၄ ဖိုင် ရလာပါလိမ့်မယ်။ ဇော်ဂျီဖွန့်ကို ထည့်မှာဖြစ်လို့ ဇော်ဂျီဖွန့်ကို ကြေငြာပြီး စာရိုက်ထား တာ သတိထားမိမှာပါ။ ဥာဏ်ရှိသလိုသုံးလို့ရပါတယ်။ တစ်ခြား ကိုယ့်ဘာသာကိုယ် ရှာတွေ့ထားတဲ့ ဖွန့်ပုံစံလေးတွေ လုပ်ချင်တယ် ဆိုရင်လည်း ဒီတိုင်းပဲ ကြေငြာပြီး လုပ်လို့ရပါတယ်။ ကိုယ့်စက်ထဲမှာတော့ ဇော်ဂျီဖွန့်ကို ပထမဦးဆုံး သွင်းထားဖို့လိုပါတယ်။

(Font သွင်းနည်း စကားချပ်)
လိုချင်တဲ့ Font ကို Download လုပ်ပါ။ My Computer>C: Drive ထဲက Windows ထဲကို သွားပါ။ အဲဒီ့ထဲကမှ Fonts ဆိုတဲ့ Folder ထဲမှာ မိမိ Download လုပ်ထားတဲ့ Font ကို Save လုပ်လိုက်ရုံပါပဲ။)

ကဲ. ပြီးသွားရင်တော့ ခုနက တည်ဆောက်ထားတဲ့ Web Page လေးကို Save လုပ်လိုက် ပါ။ eot.html လို့ပဲ လွယ်လွယ်ပဲ နာမည်ပေးလိုက်ရအောင်။

ပထမအဆင့် webpage တည်ဆောက်ခြင်းပြီးသွားပါပြီ။ ဒါကို ယူသုံးပါတော့မယ်။

Download လုပ်ထားခဲ့တဲ့ WEFT Program ကို Run ပါ။ နာမည်နဲ့ Email Address တစ်ခု ရိုက်ထည့်ပေးလိုက်ပါ။ Register လုပ်တဲ့ ပုံစံလေးပါပဲ။ ဘာမှ မဟုတ်ပါဘူး။

ရှေ့ဆက်ပြီး ဘာမှမလုပ်ခင် WEFT Program ကို ကိုယ့်စက်ထဲက Font တွေအကြောင်း Update လုပ်ပေးဖို့လိုပါတယ်။ ပထမဦးဆုံးအကြိမ် Run ရင်ပြောတာပါ။ ကျွန်တော့်တုန်း က အကြိမ်ကြိမ် Run ပေမယ့် Font မပေါ်လာတဲ့ ပြဿနာ ကြုံခဲ့ရပါတယ်။ ကျွန်တော် မြေစမ်းခရမ်းပျိုး ခဲ့ရတဲ့ အရင်းအနှီးတစ်ခုပါပဲဗျာ။ ဘယ်လို update လုပ်ရလဲ ဆိုတော့ Menu Bar ထဲက Tools ကို သွားပါ။ ပြီးတော့ Update Font DB ဆိုတာကို ရွေးလိုက်ပါ။ ပုံမှာ ပြထားတာကို ကြည့်ပါခင်ဗျာ။



Font Update လုပ်ပြီးသွားရင်တော့ စလို့ရပါပြီ။ New ကို ရွေးပါ။ ဒီပုံစံလေး ပေါ်လာပါ လိမ့်မယ်။



နောက်တစ်ဆင့်အနေနဲ့ EOT လုပ်မယ့် File ကို Add လုပ်ပါမယ်။ Connection မြန်တဲ့ နေရာတွေကဆိုရင်တော့ ကိုယ့်ရဲ့ Website URL ကို တစ်ခါတည်း ကောက်ထည့်လိုက်ရုံ ပါပဲ။ ကျွန်တော် အဲဒီ့အတိုင်းလည်း စမ်းကြည့်ဖူးပါတယ်။ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် အချိန်အရမ်းကြာပါတယ်။ သူက နောက်ဆုံးတင်ထားတဲ့ ဘလော့ဂ်ပို့စ်အထိပဲ update လုပ်ပေးသွားပါတယ်။ နောက်ထပ်တင်တဲ့ ပို့စ်တွေအတွက် ပြန် run ပေးနေရတာမျိုး ဖြစ်နေပါတယ်။ Website ဆိုတာမျိုးကတော့ Static Page ဖြစ်လို့ သိပ်ပြီးတော့ အပြောင်း အလဲ မလုပ်တတ်ကြဘူး။ ခုလိုမျိုး တိုက်ရိုက် URL ထည့်ပြီး ညွှန်းလိုက်တာ ပြဿနာမရှိပါဘူး။ ဘလော့ဂ်တွေကျတော့ Dynamic Page ပါ။ အမြဲတမ်း ရှင်သန် ပြောင်းလဲနေတာပါ။ ဒါကြောင့် Address ကို တိုက်ရိုက်ညွှန်းတာထက် မိမိစက် ထဲမှာ အစမ်းတည်ဆောက်ထားတဲ့ Web Page လေးကို ညွှန်းပြီးမှ လိုချင်တဲ့ Site တွေကို ထပ်ပြီး Add လုပ်သွားတာ ပိုအဆင်ပြေပါတယ်ခင်ဗျာ။

ဒီနေရာမှာလည်း File တင်တာမှာ Trick လေးတွေ ရှိပါသေးတယ်။ သတိထားမိရင် မြင်မှာပါ။ ဘေးနားက Dropdown Menu လေးထဲမှာ http://, https://, file://, ftp:// ဆိုပြီး ရှိပါတယ်။ ကျွန်တော်တို့က စက်ထဲက File ကို တင်မှာဖြစ်လို့ file:// ကိုရွေးပါမယ်။ မဟုတ်ရင်တော့ ဘယ်တွေရောက်လို့ ရောက်ကုန်မှန်း မသိဖြစ်ကုန်ပါလိမ့်မယ်။

Desktop ပေါ်မှာ Save လုပ်ထားတဲ့ eot.html လေးကို ရွေးလိုက်ပါ။ ဒီလိုမြင်ရပါလိမ့်မယ် ခင်ဗျာ။



Next ကို ဆက်နှိပ်ပါ။ နောက်တစ်ဆင့်ဆက်နှိပ်ပါ။ ဒီပုံစံ မြင်ရပါလိမ့်မယ်။



အပေါ်ဆုံးက subsetting ထဲမှာ No. 7 No. Subsetting ကို ရွေးလိုက်ပါ။ Next ကို ဆက်နှိပ်ပါ။ ဒီပုံစံမြင်ရပါလိမ့်မယ်။



ဒီအဆင့်မှာ ကိုယ်ထည့်ချင်တဲ့ Site တွေရဲ့ URL Address တွေကို ထည့်ဖို့ပါပဲ။ Edit ကိုနှိပ်လိုက်ပါ။ အဲဒီ့မှာ ကျွန်တော် EOT လုပ်ပေး ထားတဲ့ Site တွေရဲ့ Address တွေကို တွေ့ရပါလိမ့်မယ်။ ဒီပုံမှာ လေ့လာနိုင်ပါတယ်။



လိပ်စာကို ရိုက်ထည့်ရင် http://yourblog.blogspot.com လို့လည်းရိုက်ပါ။ http://www.yourblog.blogspot.com လို့လည်း ရိုက်ပေးပါ။ ဘာလို့လဲဆိုတော့ User တစ်ချို့က www ဆိုတာနဲ့ရိုက်ဝင်သလို တစ်ချို့ကတော့ http:// နဲ့ ရိုက်ဝင်တတ်တာမို့လို့ ၂ မျိုးလုံးရအောင်လို့ပါ။

ဒီထဲမှာပဲ သူငယ်ချင်းတွေရဲ့ ဘလော့ဂ် Address တွေကို ထည့်ပြီး EOT လုပ်ပေးမယ် ဆိုလည်း ရပါတယ်။ ဒီလောက်ဆို မြင်လောက်ပြီထင်ပါတယ်။

လိပ်စာတွေကို ထည့်ပြီးတော့ နောက်တစ်ဆင့် မသွားခင်မှာ Show CSS @font-family declarations ဆိုတဲ့ Box လေးကို Tick လုပ်ပေးခဲ့ပါ။



ပြီးရင်တော့ Next ကိုနှိပ်ပါတော့။ ခဏစောင့်နေပါ။ ပြီးရင်ဒီလိုလေး မြင်ရပါလိမ့်မယ်။



အဲဒီ့ထဲက မြင်ရတဲ့ CSS Code လေးတွေကို ကူးယူပြီး Word ထဲမှာ Save လုပ်ထားလိုက်ပါ။ WEFT Program ကို Next တွေ ဆက်နှိပ်သွားလိုက်ပါ။ Finish ဆိုတာကို ရောက်သွားရင် အားလုံး ပြီးတဲ့ အဆင့်ပါပဲ။

ပြီးသွားရင်တော့ Desktop ပေါ်မှာ လှမ်းကြည့်လိုက်ပါဦး။ EOT အတွက် ဖိုင် ၄ ဖိုင် ရောက်နေတာကို ဒီလိုတွေ့ရပါလိမ့်မယ်။



နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ ရထားတဲ့ EOT Files တွေကို File Hosting Site တစ်ခုခုမှာ တင်ပေးဖို့လိုပါတယ်ခင်ဗျာ။ File Hosting Site ဆိုတာကတော့ မိမိလိုချင်တဲ့ ဖိုင်ကိုတင်ပြီး URL ထုတ်ပေးသော Site ကို ဆိုလိုပါတယ်။ အများစုကတော့ www.fileden.com , www.ripway.com တို့ကို အသုံးများပေမယ့် မြန်မာနိုင်ငံက လူငယ်အများစုအတွက် Googlepages ကို သုံးဖို့ တိုက်တွန်းပါတယ်။

ဖိုင် ၄ ဖိုင်လုံးကို File Hosting Site မှာ တင်ပြီး URL Address ကို ယူပါ။ ရလာတဲ့ URL Address တွေကို ခုနက Save လုပ်ထားတဲ့ File ထဲက ZawgyiOne File အသီးသီး နေရာမှာ ပြန်အစားသွင်းပေးပါ။

ဥပမာ src: url(ZAWGYIO3.eot);

ဆိုတဲ့နေရာမှာ

Src: url(http://h1.ripway.com/yanaung/ZAWGYIO3.eot);

လို့ပြင်ရိုက်ပေးပါ။ လိပ်စာကတော့ File Hosting Site ကထုတ်ပေးတဲ့ URL ပါခင်ဗျာ။ အဲဒါတွေကို တစ်ခုချင်း ပြန်အစားသွင်းပြီးရင် ကိုယ့်ရဲ့ ဘလော့ဂ်ထဲက Template ထဲမှာ သွားထည့်ပေးရပါမယ်။

နောင်ကိုလည်း ပြင်ရလွယ်အောင်၊ ရှာရတာလည်း လွယ်အောင်၊ စုစုစည်းစည်းလေးလည်း ဖြစ်အောင် Variable Definitions ဆိုတဲ့ Code တွေရဲ့ အောက်မှာ ကပ်လျက် EOT CSS Code တွေကို ကူးထည့်ပေးလိုက်ပါမယ်။

ကျွန်တော်လုပ်ထားတဲ့ ဥပမာလေးကို ကြည့်ပါခင်ဗျာ။

.
.
.
<Variable name="postTitleFont" description="Post Title Font" type="font"
default="normal bold 135% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">
*/

/* EOT
------------------------------ */

<STYLE TYPE="text/css">
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://h1.ripway.com/yanaung/ZAWGYIO4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://h1.ripway.com/yanaung/ZAWGYIO3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://h1.ripway.com/yanaung/ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://h1.ripway.com/yanaung/ZAWGYIO1.eot);
}
.
.
.


Template ကို Save လုပ်လိုက်ပါ။

ဒါဆို EOT လုပ်နည်းပြီးပါပြီ။

မှတ်ချက်

၁. EOT သည် IE Browser အတွက်သာ ဖြစ်သည်။ Firefox အတွက်ဆိုလျှင် Font Download လုပ်ရန် လိုမြဲလိုနေပါသေးသည်။

၂. EOT လုပ်ရာတွင် နောက်ထပ်ဖြည့်စွက်သော Blog Address များအတွက် လိပ်စာရိုက်ထည့်ပေးရုံဖြင့် EOT ဖြစ်မသွားပါ။ အသစ်ထွက်လာသော Zawgyi Font File များကို Hosting Site သို့ ပြန်တင်ခါ URL နေရာတွင် ယခင်နည်းအတိုင်း ပြန်လည် အစားသွင်းရမည့် အဆင့်ကို လုပ်ရန်လိုမြဲလိုပါသေးသည်။


8 comments:

(တေးမွန်) said...

ဟီး..ကျွန်တော် က ဒီလို ပဲ။ လို ချင်တာရပြီဆိုရင် ကျေးဇူးတတင်ဖို့ မေ့နေတက်တယ်.. ။ ahmei က Comment ပေးဦးဆိုမှ သတိရတယ်.. ကျေးဇူးအများကြီတင်ပါတယ်..
:D
တေးမွန်

Unknown said...

ခုလို EOT အကြောင်းကို အကျယ်တ၀င့်ရှင်းပြသွား ကိုရန်အောင် ကို ahmei တို့သူငယ်ချင်းတစ်စု ကျေးဇူးအများကြီးတင်သွားပါပီ..

သန့်ဇော်မင်း said...

ကိုရန်အောင်ရေ.. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ...

s0wha1 said...

အကိုရေ...EOT လုပ်တာ Tempalte မှာ errror ဖြစ်နေတယ်...Invalid variable declaration in page skin: Variable is used but not defined. Input: WEFT ...အဲ့ဒီလိုမျိုး ပေါ်တယ်...ကော်ပီ၊ ပေ့စ်လုပ်တဲ့နေရာမှားလို့လား ဒါမှမဟုတ် ဘာမှားလို့လဲ မသိဘူး...အကို သိရင် ပြောပြပေးပါဦး...ကျေးဇူးတင်ပါတယ်ရှင်...

s0wha1 said...

အကိုရေ...ရပြီဗျို့...ကျေးဇူး အရမ်းတင်ပါတယ်...

ရွှေမင်းသား said...

ko yan aung yae..!!!
I do my EOT look like sOwha1,template error.How can I do this correctly?I try thr best ,but is show me ERROR.Please help me,if u can solve my error.I wait your reply.
Thank..!!

ကောန်မန် said...

အကိုရေ ကျွန်တော်လဲ လုပ်လို့ မရ ဘူးဗျာ tempalte မှာ save လို့ တော့ ရ တယ် ဒါပေမဲ့
view blog မှာပြန်ကြည့် လိုက်ရင် template ထဲက စာတွေ blog ရဲ့အပေါ်မှာရှိနေတယ် ပြီးမှ
blog ကို မြင်ရ တယ် ကူညီပါဉီးအကို ရေ
မျှော်နေမယ် အကိုကြီးကို

မှူးယဉ် said...

အကိုရေ ကျွန်တော်က template ထဲမှာ ကို save လို့မရလို့ပါ၊ ကူညီပါဦးနော် အကိုပြောတဲ့ အတိုင်းလုပ်တာပါပဲဗျာ အဲလို error ပဲ တက်တက် လာတယ်ခင်ဗျ..."Invalid variable declaration in page skin: Variable is used but not defined. Input: WEFT"