Friday, May 04, 2007

လွမ်းသူ့တမ်းချင်း…



သံသရာကွန်ချာတွင်းမှာလ
စုန်ဆန်ကာ ခုန်ရန်အားမရှိသေးသည်မို့
တားမနိုင်ချစ်စိတ်ယိုဖိတ်မှားမိရယ်နှင့်
ကြိတ်လျက်သာငို…

အပိုမဆို
တိုတိုလိုရင်းကိုတင်စားရလျှင်ဖြင့်
ပျိုမေအလို ငြိုငြင်မှာစိုးသည်လည်းကြောင့်
မျိုသိပ်ကာထားမိလျှင်အမှား
ချစ်သူရယ်
လွမ်းရက်ပိုအား…


No comments: