Monday, May 14, 2007

ပုန်းရှောင်သူသို့ခွင့်ပန်လွှာ




ကြင်ပါနဲ့တော့လား.
ဝေဒနာရင်မှာ ရင့်ကာကျွမ်းပြီးသားမို့
လွမ်းချင်သူသက်သက်ဝမ်းနည်းစေခဲ့တယ်.
ချစ်သူရယ်
ရက်စက်နိုင်အား...

နှင်ပါနဲ့တော့လား.
အစဉ်သာရက်ဆက် စောင့်ခဲ့သူမို့
ပုန်းရှောင်သူငွေလ၀န်းကို မျှော်မိတယ်
ချစ်သူရယ်.
မေ့ဖျောက်နိုင်အား...



ပြင်ပါနဲ့တော့လား
ရှင်မကွာဆုတောင်းအားနည်းသူမို့
ဝေးစေသူကံကြမ္မာကို ငြိုးမိတယ်
ချစ်သူရယ်.
စိမ်းရက်လေအား…

ရှောင်ပါနဲ့တော့လား
မှောင်ကမ္ဘာမှာ ရှည်ကြာနေခဲ့ရသူမို့
လင်းစေသူရှင်နေမင်းကိုမျှော်ကိုးမိတယ်
ချစ်သူရယ်.
တိမ်းရက်လေအား...


7 comments:

Anonymous said...

argh.. sometimes I really wonder.. where you got those great pics for ur post!

Anonymous said...

ကာရံညီတယ်.. =)

pandora said...

ကဗျာလေး ကောင်းတယ်။ ခုတလော မခံစားနိုင်ဘူး ဖြစ်နေပါလား။
ဂရိတ် ပစ် တွေက ကော်ပီရိုက်တော့ လွတ်ပါတယ်နော်.. ဟဲ။

Anonymous said...

မိုက်လှချည်လား ရိုက်တယ်ကွာ ဖုန်း ဒိုင်း ခွပ်။
လကားနောက်တာ :P

Yan said...

ခုလိုမျိုး ကဗျာရေးထားတာကို ကျော်ပြီးတော့ တင်ထားတဲ့ပုံလေးတွေကို ချီးကျူးသွားတဲ့ ဘာညာနဲ့ ပန်ဒိုရာတို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ခင်ဗျာ.

ညလေးရဲ့ရိုက်ချက်ကို ခံရပြီးသကာလ demo ရဲ့ စကားလုံးလေးကြောင့် ဆက်ရိုက်လည်း ရေးမှာပဲလို့ ဆက်ဆုံးဖြတ်လိုက်ပါကြောင်း...

Anonymous said...

လွမ်းလှချည်လား ကိုရန်အောင်ရေ…

Anonymous said...

I like this poem alot !
Carry on bro !
Ur rhyme is so so nice